Wednesday, February 26, 2025

မြတ်ဗုဒ္ဓရဲ့ ခွင့်လွှတ်သည်းခံနိုင်မှု Food for Thought 695

No photo description available.
ဒီနေ့မြတ်ဗုဒ္ဓရဲ့ ခွင့်လွှတ်သည်းခံနိုင်မှုကို အလွန်ထင်ရှားစွာဖေါ်ပြတဲ့ဖြစ်ရပ်တစ်ခုကို Food for Thought 695 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။

 

မိမိကိုယ်ကိုမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုခံယူတဲ့ဗုဒ္ဓရဲ့ လမ်းညွှန်ချက်နှင့်အညီ နေထိုင်သူအဖြစ် လက်ခံထားသူ များအနေဖြင့် မိမိကိုတံထွေးဖြင့် လာထွေးသူအပေါ်မှာ စဥ်းစားတဲ့ပုံကို စံနမူနာယူပြီး သည်းခံခွင့် လွှတ် တတ်အောင်လေ့ကျင့်နိုင်အောင် မိမိကိုယ်မိမိ လေ့ကျင့်ရန် လိုမှာဖြစ်ပါ တယ်။

အရင်ဆုံးမိမိကဒေါသကြီးတတ်သူဖြစ်နေပါက ‌ဒေါသကို ထိန်းနိုင်အောင်လေ့ကျင့်ရပါမယ်။ မြတ် ဗုဒ္ဓ ကတွေ့ကြုံလာတဲ့အ‌ခြေအနေကိုစဥ်းစားတဲ့အခါ သည်းခံခွင့် လွှတ်နိုင်အောင်ဘယ်လိုစဥ်းစား သလဲ ဆို တာကို အတုယူပြီး တတ်နိုင်သမျှမိမိစိတ်ကိုမိမိလေ့ကျင့် ယူရန်လိုအပ်ပါတယ်။ ဒီဖြစ်ရပ်မှာ မြတ်ဗုဒ္ဓက ဒီပုဂ္ဂိုလ်က ... ငါ့ကို တံတွေးထွေးခြင်းမဟုတ်သူ့အထင်အမြင်ပေါ်ကိုသာတံတွေး ထွေးနေခြင်းဖြစ်တယ် " လို့စဥ်းစားခြင်းမှာ ခွင့်လွှတ်သည်းခံနိုင်ရန်မှန်ကန်စွာစဥ်းစားခြင်းပြင်ဖြစ်ပါတယ်။
သင်ကမနေ့ကလူမှမဟုတ်တာ

တစ်ခါက မြတ်စွာဘုရား ..တရားဟောနေစဉ်ဘာသာခြားတစ်ယောက်က..လာပြီးတံတွေးထွေး တော့ မြတ်စွာဘုရားက.. တံတွေးကိုသုတ်လိုက်ပြီး သင် ဘာများပြောချင်လို့ပါလဲလို့မေးလိုက်တယ်။

အရှင်အာနန္ဒာကတော့ ..ကိုယ့်ဆရာသမားကို တော်တော်ကိုစော်ကားနေပါလား။ဒီလိုလူမျိုးကို အပြစ် ပေး သင့်တယ်။မဟုတ်ရင်တခြားလူတွေပါလုပ်လိမ့်မယ်ဆိုပြီးဒေါသအကြီးအကျယ်ထွက်လာတယ်။

မြတ်ဗုဒ္ဓက အရှင်အာနန္ဒာကိုဘာပြောလည်းဆိုတော့ ....."ဒီပုဂ္ဂိုလ်ကတော့ ငါ့အကြောင်း ကောင်းကောင်း မသိလို့ပါ၊သူများပြောတာတွေနားယောင်ပြီးဒီလိုပြု မူပြောဆိုခြင်းသာ ဖြစ်တယ်၊

အာနန္ဒာကတော့ ငါ့အကြောင်းကောင်းကောင်းသိရက်နဲ့ ဒီပုဂ္ဂိုလ်အပေါ် ဒေါသထွက်နေမယ်ဆိုရင် ငါ့ကို စော်ကားတာနဲ့တူနေတယ်။

နောက် ဒီပုဂ္ဂိုလ်က..ငါ့အကြောင်းလည်းမသိတဲ့ သူစိမ်းတစ်ယောက်ဖြစ်တယ်။ အဲ့တော့ဘယ်လိုလုပ် ငါ့ကို တံတွေးထွေးလို့ရမှာလဲ။ ဒီပုဂ္ဂိုလ်က ... ငါ့ကို တံတွေးထွေးခြင်းမဟုတ်သူ့အထင်အမြင်ပေါ်ကိုသာတံတွေး ထွေးနေခြင်းဖြစ်တယ် " လို့.... ပြောဆို ဆုံးမပြီးနောက် ထိုဘာသာခြားပုဂ္ဂိုလ်ကိုသင်ဘာများပြောစရာရှိလဲ လို့မေးပါတယ်။ဘာကြောင့်လည်းဆိုတော့တံတွေးထွေးတယ်ဆိုတာလည်းစကားပြောနည်းတစ်မျိုးပဲကိုး။

တစ်ခုခုပြောချင်နေပုံရတယ်၊ဘာများလဲလို့ မေးလိုက်တယ်။

ထိုပုဂ္ဂိုလ်ကလည်း ...မြတ်ဗုဒ္ဓရဲ့ မေတ္တာရှေံထားပြီး ပြောဆို ပြု မူပုံကို မြင်တော့"ဪ ဒီနေရာမှာ ...တခြား သူဆိုရင်ငါ့ကို ပြစ်ပြစ်ခါခါပြန်ပြောမှာ၊ ပြန်ရန်လိုမှာ၊ အကြောင်းမကောင်းရင် ကိုယ်ထိလက်ရောက် တုန့် ပြန်ခြင်းကိုပင်ခံရနိုင်တယ်" လို့ တွေးရင်းနဲ့ ဘာဆက်ပြောရမှန်းမသိဖြစ်ပြီး ပြန်သွားတယ်။

အိမ်ပြန်ရောက်တော့လည်း ဒါကိုပဲ စဉ်းစားပြီး အိပ်မရတော့ဘူးပေါ့။ဒါနဲ့....နောက်ဆုံး မြတ်စွာဘုရားကိုတောင်းပန်ဖို့လာတယ်။

"အင်မတန်မှ မေတ္တာ ဂရုဏာကြီးမားတော်မူသော မြတ်စွာဘုရားကျွန်တော်မျိုးအားခွင့်လွှတ်တော်မူပါ" ဆိုပြီး တောင်းပန် လျှောက်ထားတော့၊

မြတ်ဗုဒ္ဓက ..."သင်ဟာ မနေ့က လာတဲ့ ပုဂ္ဂိုလ်မှ မဟုတ်တာ၊ မနေ့ကလာတဲ့ ပုဂ္ဂိုလ်က အမြင်မှားပြီး ဒေါသတွေနဲ့ ငါ့အားရန်လို၍ လာခဲ့တဲ့သူ။ယနေ့ သင်ဟာ အမြင်မှန်ရပြီး ငါ့အား ရန်လိုမှု မရှိပဲလာတဲ့ ပုဂ္ဂိုလ်၊ သင်ဟာ လူအသစ်ပဲ၊ နောက်လူသား အားလုံးဟာ စီးဆင်းနေတဲ့ မြစ်လိုပါပဲ။ ဒီ ၂၄နာရီ အတွင်း အများကြီးဖြစ်ပျက်ခဲ့ပြီးပါပြီ။မနေ့က သင်ဆဲဆိုခဲ့တဲ့ ပုဂ္ဂိုလ်ဟာလည်း အခု....ငါမဟုတ်တော့ဘူး၊ ဒါကြောင့်ဘာပြဿ နာ အငြိုးအတေးမှမရှိတဲ့သင် လူအသစ်အား ...ခွင့်လွှတ်စရာ၊ခွင့်မလွှတ်စရာ ...အကြောင်းကို မရှိပါဘူး ..."လို့ ပြောဆိုမိန့်ကြားလိုက်ပါတယ်။

မိတ်ဆွေများလည်း ကြုံလာတဲ့ပြဿနာများကိုစဥ်းစားတဲ့အခါ သည်းခံခွင့်လွှတ်နိုင်ဖို့အတွက် မြတ်ဗုဒ္ဓရဲ့ လမ်းပြမှုကိုအတတ်နိုင်ဆုံးလိုက်နာနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။



No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...