ဒီနေ့မှာ
ကလေးတွေကို လေ့ကျင့်ပျိုးထောင်ပေးတဲ့အခါ အားပေးခြင်းနှင့် ဖိ အား
ပေးခြင်းတို့ဘာကွာခြားတယ်ဆိုတာကို Food for Thought 694 အဖြစ်မျှဝေ လိုက်ပါ
တယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
အားပေးခြင်းနှင့်ဖိအားပေးခြင်း ဘာကွာခြားသလဲ
အားပေးခြင်းနှင့်ဖိအားပေးခြင်းတို့မှာအရေးအသားအားဖြင့်
“ဖိ” ဆိုတဲ့စကားလုံးတစ်လုံး တည်းသာကွာခြားပေမဲ့ အကျိုးသက်ရောက်မှုတွေမှာ
ဆန့်ကျင့်ဘက်တွေများစွာဖြစ်စေ ပါတယ်။
မိဘအနေဖြင့်
ကလေးများကိုလေ့ကျင့်ပျိုးထောင်ပေးရတဲ့လုပ်ငန်းဟာစိန်ခေါ်မှုတွေများ
တဲ့လုပ်ငန်းဖြစ်ပါတယ်။ မိဘတိုင်းဟာသူတို့သားသမီးတွေအတွက်အကောင်းဆုံး ဖြစ်
စေလိုကြပါတယ်။ တစ်ချိန်တည်းမှာပင်ဖိအးပေးတာမျိုးလည်း မပြုလုပ်ချင်ကြပါဘူး။
မိဘကကောင်းစေတဲ့စိတ်ဖြင့်
လုပ်ဆောင်ရင်းအားပေးတဲ့အနေအထားမှဖိအားပေးတဲ့ အ နေအထားမျိုးသို့
ကူးပြောင်းသွားတတ်ကြပါတယ်။ ဖိအားပေးတဲ့အလေ့အကျင့်က က
လေးတွေအပေါ်မှာအနှုတ်လက္ခဏာဆောင်တဲ့အကျိုးသက်ရောက်မှုများဖြစ်စေကြောင်းArizona
State University ကသုတေသနပြုလုပ်မှုတစ်ခုမှာဖော်ပြထားပါတယ်။ ကလေး
တွေပိုအဆင့်ကောင်းအောင်၊ ရလဒ်ကောင်းအောင်ဖိအားပေးမှုကြောင့် ကလေးများတွင်
စိတ်ဖိစီးမှု သို့မ ဟုတ် စိတ်ဓာတ်ကျဆင်းမှုများဖြစ်ကြောင်းဖော်ပြထားပါတယ်။
ကလေးများကို ကောင်းစေလိုတဲ့အတွက် အားပေးခြင်းနဲ့ဖိအားပေးခြင်းတို့မှာ ဘာတွေ ကွာခြားမှုများရှိကြပါသလဲ။
အားပေးခြင်းဆိုတာ
ကလေးကိုလိုအပ်တဲ့အထောက်အကူပေးခြင်း၊ စိတ်အားတက်စရာ
မျှော်လင့်ချက်ပေးခြင်း၊ စိတ်တွင်းမှာ တက်ကြွလာအော်
လှုပ်ရှားတွန်းအားပေးခြင်း၊ မိမိ
ကိုယ်မိမိယုံကြည်မှုရှိလာအောင်အားပေးတိုက်တွန်းခြင်းတို့ဖြစ်ပါတယ်။
အဲဒီလိုအားပေး မှုတွေကိုမိဘတွေက ကလေးများသင်ယူမှုတွင်အဆင့်
ပိုကောင်းလာစေရေး၊ ပိုကောင်း စွာသင်ယူလေ့လာရေးတို့အတွက်
ဦးတည်ပြုလုပ်တတ်ကြပါတယ်။
ဖိအားပေးတဲ့အလုပ်မှာကလေးမနိုင်ဝန်ထမ်းဆောင်တာမျိုးဖြစ်အောင်အတင်းဖိခိုင်းခြင်း၊
ကလေးမှာ စိတ်လှုပ်ရှားခံစားမှုမကောင်းတဲ့အထိ လုပ်ခိုင်းတာမျိုးဖြစ်ပါတယ်။
လုပ်ရပ် ကဖိ အားဖြစ်ပေမဲ့ မိဘတွေကတော့
ကလေးကိုပိုကောင်းစေလိုတဲ့ရည်ရွယ်ချက်နဲ့ လုပ် ဆောင် တာဖြစ်ပါတယ်။
အဲဒီလိုဖိအားပေးလွန်းတဲ့အခါ ကလေးကမလိုက်နိုင်ရင် အပြစ် တင်တဲ့
စကားအမျိုးမျိုးပြောလာတတ်ကြပါတယ်။ ကလေးကိုချိုးနှိမ်တဲ့စကားတွေ ပြောလာ
တတ်ကြပါတယ်။ မိမိကလေးမစွမ်းဆောင်နိုင်မှုနဲ့အခြားကလေးစွမ်းဆောင်
နိုင်မှုတို့ကို နှိုင်းယှဥ်ပြောရင်း
ကလေးကိုချိုးနှိမ်သလိုပြောလာတတ်ကြပါတယ်။ အဲဒီ တော့ကလေး မှာ
မိမိကိုယ်မိမိတန်ဖိုးမရှိတဲ့သူ၊ အသုံးမကျသူ၊ မစွမ်းဆောင်နိုင်သူအဖြစ်
စိတ်မှာ ပြင်းစွာထိခိုက်ခံစားလာရပါတယ်။
ဖိအားတွေပေးနေမှန်းကလေးမှာသိသာစွာမြင်တွေ့နိုင်တဲ့လက္ခဏာများ
တစ်ခါတစ်ရံမှာဆိုရင်မိဘတွေကကလေးကိုကောင်းစေချင်လွန်းပြီးဖိအားပေးနေမှန်းမသိ
အောင်ဖိအားအားတွေပေးနေမိတတ်ကြပါတယ်။ အဲဒီအချိန်မျိုးမှာဆိုရင် ပေါ့စေ
လိုလို့ ကြောင်ရုပ်ထိုးဆေးအတွက်ကြောင့်လေးဆိုတာမျိုးတွေဖြစ်လာတတ်ပါတယ်။
မိဘတွေအနေဖြင့် ကလေးအပေါ်ဖိအားတွေပေးတာများလွန်းနေပြီလားဆိုတာကို သိနိုင်
စေတဲ့လက္ခဏာများကတော့အောက်ပါတို့ဖြစ်တတ်ပါတယ်။
• မိဘကသာကလေးအတွက်ဆုံးဖြတ်တာတွေအားလုံးပြုလုပ်ပြီးဘာကိုမှခွင့်မပြုပါ
• မိမိကလေးကိုပိုအောင်မြင်တဲ့ကလေးနဲ့နှိုင်းယှဥ်ပါတယ်။ (ပညာရေး၊ အခြားစွမ်း ဆောင်နိုင်မှုများ)
• နေ့စဥ်နေ့တိုင်း အလွန်အမင်းအော်ဟောက်ကျိန်းမောင်းနေပါတယ်။
• ကလေးရဲ့အားနည်းတဲ့လုပ်ဆောင်မှုအတွက်ထစ်နခနဲဆိုစိတ်တိုပြီး ကလေးကို နာ ကျင်အောင်ရိုက်နှက်တတ်ပါတယ်။
မိဘကကလေးအပေါ်ပေးနေတဲ့ဖိအား
တွေကို တိုက်ရိုက်ပေးတဲ့ဖိအားနဲ့သွယ်ဝှုက်ပေးတဲ့ ဖိအားဆိုပြီး
နှစ်မျိုးခွဲခြားနိုင်ပါတယ်။ တိုက်ရိုက်ပေးတဲ့ဖိအားတွေကတော့အော်ခြင်း၊
ဆူခြင်း၊ မကျေမနပ်ပြောဆိုခြင်းနှင့်
အသားနာကျင်အောင်ရိုက်ခြင်းတို့ပါဝင်ပါတယ်။ သွယ်ဝိုက်ပေးတဲ့ဖိအားတွေကတော့
ကလေးရဲ့အားနည်းချက်များကိုသာထောက်ပြပြီး ကလေးစိတ်မှာ
အပြစ်ရှိတယ်လို့ခံစားနေရအောင် ပွစိပွစီပြောဆိုခြင်းများပါဝင်ပါတယ်။
ဖိအားပေးတာများလွန်းရင်ဘယ်လို အကျိုးသက်ရောက်မှုများဖြစ်စေတတ်ပါသလဲ။
ဖိအားပေးတာများလွန်းရင်ကလေးမှာ
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်လာ နိုင်ပါ တယ်။
အလွန်အမင်းဖိအားများလွန်းပါက ကလေမှာ
စိတ်ဖိစီးမှုများလွန်းပြီးမိမိကိုယ်မိမိ သတ်သေတဲ့အထိ ဖြစ်လာစေနိုင်ပါတယ်။
ဖိအားပေးတာများတဲ့အခါ ကလေးတို့မှာ
အောက်ပါအကျိုးသက်ရောက်မှုများဖြစ်လာစေတတ်ပါတယ်။
• စိတ်ဖိစီးမှုကြောင့်အစဥ်သဖြင့်စိတ်ပူပင်သောကရောက်နေရတတ်ပါတယ်။
• ရမှတ်ကောင်းအောင်ဖိအားပေးခံရလွန်းရင်စာမေးပွဲမှာခိုးချလာတတ်ပါ တယ်။
• အခြားကလေးတွေနှင့်ဆက်ဆံခြင်းမရှိတော့ဘဲ တစ်ယောက်တည်းနေနေတတ် လာ ပါတယ်။
• မိမိကိုယ်ကိုမိမိနိမ့်ကျတယ်။ သုံးမရဘူးဆိုဆိုတဲ့ မိမိကိုယ်မိမိနိမ့်ကျတဲ့အမြင်များ ဖြစ် လာတတ်ပါတယ်။
• ညဘက်မှာကောင်းကောင်းအိပ်မပျော်ဘဲ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ပြဿနာ များဖြစ်လာတတ်ပါတယ်။
• ထစ်ခနဲဆို စိတ်တိုစိတ်ဆိုးခြင်းများဖြစ်လာတတ်ပါတယ်။ စိတ်ကို မထိန်းနိုင် တာမျိုးတွေဖြစ်လာတတ်ပါတယ်။
• ပညာရေးနှင် အခြားအလုပ်တွေမှာစိတ်ဝင်စားမှုများလျော့ကျလာပါတယ်။
• အိပ်စက်ရင်းကြောက်လန့်စရာများအိပ်မက်ထဲမှာမြင်မက်လာတတ်ပါတယ်။
ဖော်ပြပါလက္ခဏာတွေဖြစ်မှုမှာကလေးတစ်ယောက်နှင့်တစ်ယောက်မတူကြပါ။
တစ်ချို့ ကလေးတွေမှာဆိုရင် တစ်ယောက်တည်းဖြစ်နေတဲ့အချိန်မှာ ခံစားရတာ တွေက
ပိုဆိုး တတ်ပါတယ်။ ဒါကြောင့် ကလေးမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သိနားလည်အောင်
လေ့ လာနေရန် လိုအပ်ပါတယ်။ ကလေးကိုအနှာက်အယှက် ဖြစ်တာတွေ့ရင် ဝိုင်းကူ ညီ
ဖြေရှင်းပေးရန် လိုအပ်ပါတယ်။
ဖိအားပေးနေတာမျိုးမဟုတ်ဘဲအားပေးနိုင်အောင် မိဘတွေဘာလုပ်သင့်သလဲ။
မိဘများကသားသမီးအပေါ်ကောင်းစေလိုတဲ့စိတ်ဖြင့်
ပြောဆိုတဲ့အခါ ဖိအားပေးတာမျိုး မဖြစ်အောင် အမှန်တကယ်ချစ်ခင်ကြောင်း
ပြသနိုင်ရန် အောက်ပါအချက်များကို သတိ ထားရန် လိုအပ်ပါတယ်။
၁။ ဝေဖန်ပြစ်တင်အကဲဖြတ်တာမျိုးမဟုတ်တဲ့မေးခွန်းများသာမေးပါ။
ကလေးကမှားတာတစ်ခုခု
လုပ်ထားတယ်လို့သံသယဖြစ်နေရင် ကလေးကိုမေးခွန်းမေး ပြီး
ပြန်လည်ဖြေနိုင်အောင် ထိုက်သင့်တဲ့အချိန်ပေးပါ။ ကလေးပြောပြတာကိုကောင်းစွာ
နားထောင်ပြီးလိုအပ်တဲ့အကြံဥာဏ်သာပေးပါ။ ကလေးပြောတာကိုနားမထောင်ဘဲ က လေး
စိတ်မှာဘာဖြစ်နေကြောင်းမသိနိုင်ပါ။ အကြောင်းတစ်ခုခုကြောင့် ကလေးစိတ် မှာ
ပျင်းနေတာမျိုးဖြစ်နိုင်ပါတယ်။
၂။ အပြုသဘောစိတ်ထားမွေးပါ။
ကလေးတွေမှာလူကြီးနဲ့မတူတဲ့စိတ်ဝင်စားမှုတွေရှိတတ်ကြပါတယ်။
ဒါကြောင့် လူကြီး စိတ်ဝင်စားတာကို လုပ်ရန်
ကလေးတွေကိုအတင်းဖိအားပေးလုပ်ခိုင်းလို့မရပါဘူး။ ဥပမာ
သင့်ကလေးဆယ်ကျော်သက်နီးနေတဲ့ကလေးမှာ ကျောင်းစာမှာအားမကောင်းပါ။ ဒါပေမဲ့
အခြားလုပ်ငန်းတွေမှာတော့ သူက တော်ပါတယ်။ ကျောင်းစားမှာအားမကောင်းတဲ့အ တွက်
စိတ်မထိန်းနိုင်ဘဲအော်ခြင်းဟောက်ခြင်းအပြစ်တင်ခြင်းတွေလုပ်မဲ့အစား အခြား
လုပ်ငန်းတွေမှာ အားကောင်းတာတွေကို မြင်အောင်ကြည့်ပြီး စိတ်ကို တည်ငြိမ်
အောင် ထားပြီးစာကိုလည်းအခြားလုပ်ငန်းတွေမှာလိုအားကောင်းလာအောင်အားပေးပါ။
လိုအပ် တဲ့အကူအညီပေးပါ။ အခြားလုပ်ငန်းတွေမှာအားကောင်းသလို ကြိုးစားရင်စာမှာ
လည်း တော်လာမှာဖြစ်ကြောင်း အားပေးတိုက်တွန်းကူညီပါ။
၃။ ကလေးရဲ့စိတ်အခြေအနေကို ကြည့်ရှုလေ့လာပါ။
ကလေးတွေဟာဆယ်ကျော်သက်နားနီးလာတဲ့အချိန်ဆိုရင်မိဘကပြောချင်တိုင်း
သွား ပြော တာမျိုးမပြုလုပ်သင့်ပါဘူး။ အဲဒီလို မိဘကပြောတာကို ကလေးအနေဖြင့်
လက်ခံ လာအောင် စိတ်ပိုင်းအရပြင်ဆင်ပေးရန် လိုအပ်ပါတယ်။
အဲဒီလိုကလေးစိတ်ကိုပြင်ဆင် ပေးသလို မိဘအနေဖြင့် ပြောတဲ့အခါ
ချိုချိုသာသာပြောပေးခြင်းဖြင့် မိဘနှင့် ကလေး အပြန်အလှန်ဆက်သွယ်ရေး
ပိုမိုအားကောင်းလာစေနိုင်ပါတယ်။
၄။ ကလေးရဲ့အားထုတ်မှုကိုအသိအမှတ်ပြုပါ။
ကလေးရဲ့အားနည်းချက်များကိုသာအလေးပေးပြောနေတာမျိုးမပြုလုပ်ပါနဲ့။
ကလေး
စွမ်းဆောင်အားကောင်းမှုနဲ့အားထုတ်မှုများကိုလည်းဖော်ထုတ်အသိအမှတ်ပြပါ။ အား
ကောင်းတာကိုမြင်အောင်ကြည့်ပြီးအသိအမှတ်ပြုပေးခြင်းမှာအရးကြီးပါတယ်။ အား
ကောင်းတာကို အားပေးရင် အားနည်းနေတဲ့အပိုင်းကိုလည်း အလားတူကြိုးစားအား
ထုတ်ရင် အားပိုကောင်းလာမှာဖြစ်ကြောင်း အားပေးတာမျိုးပြုလုပ်သင့်ပါတယ်။
၅။ အကူအညီတောင်းခံပါ။
မိဘအနေဖြင့်
ကိုယ်တိုင် ပြုပြင်ပေးရန်အမှန်ခက်ခဲလာပါက တတ်ကျွမ်းသူများထံချဥ်း ကပ်ပြီး
အကူအညီတောင်းခံသင့်ပါတယ်။ ကလေးအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာ
ရေးထိခိုက်နေတယ်ဆိုရင်စိတ်ကျန်းမားရေပိုင်းကျွမ်းကျင်သူထံအကူအညီတောင်းခံသင့်ပါတယ်။
နိဂုံးချုပ်
တကယ်လို့
သင်တို့အနေဖြင့် ကလေးကိုကောင်းစေချင်လို့ အားပေးနေတာဖိအားပေး
နေသလိုမျိုးဖြစ်နေတာကို သိနားလည်လာပြီးဆိုရင်အခြေအနေကိုပြုပြင်ရန်နောက်ကျ
တယ်ဆိုတာမရှိပါဘူး။ ကိုယ်တိုင်စံနမူကြောင်းဖြစ်အောင်နေထိုင်ပါ။
တတ်ကျွမ်းသူများ ထံမှ အကူအညီရယူပါ။
မိတ်ဆွေများ ကလေးများကိုဖိအားမပေးဘဲ အားပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
No comments:
Post a Comment