Wednesday, February 26, 2025

ကလေးတွေစိတ်ထဲမှာပြောနေတဲ့စကားများ နားထောင်ကြည့်ကြပါ Food for Thought 693 ဒေါက်တာသိန်းလွင်

 No photo description available.


ဒီနေ့ ကလေးတွေစိတ်ထဲမှာ ပြောနေတဲ့စကားတွေကိုနားထောင်ကြည့်ကြပါ ဆိုတာကို Food for Thought 693 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။


ကလေးတွေစိတ်ထဲမှာပြောနေတဲ့စကားများ နားထောင်ကြည့်ကြပါ

ကလေးတွေကိုလေ့ကျင့်ပျိုးထောင်ပေးရတာလွယ်တဲ့အလုပ်တော့မဟုတ်ပါ။ ဒါပေမဲ့ ကောင်းစွာ လေ့ ကျင့်ပျိုး ထောင်ပေးနိုင်ရင်တော့ မိသားစုအတွက်သာမက လူမှုအဖွဲ့အစည်းအတွက် အလွန် ကြီး မားပြီးအပြုသဘော ဆောင်တဲ့အကျိုးသက်ရောက်မှုများဖြစ်စေပါတယ်။ ကလေးတွေက မိဘ တွေ အနေဖြင့် သူတို့ကိုလေ့ကျင့်ပျိုး ထောင်ပေးတဲ့အခါမှာ ဘယ်လိုလေ့ကျင့်ပေးစေချင် ကြောင်း ကလေး တွေစိတ်ထဲမှာရှိနေတာကို ဝင်ကြည့်ပြီး မိဘတွေများ သိစေရန် မျှဝေပေးလိုက် ပါတယ်။ ကလေး တွေကတော့ အခုတင်ပြထားသလို ပြောပြတတ်ကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့သူတို့လေးတွေရဲ့စိတ်မှာ ဘယ်လိုခံစားနေနိုင်တယ်ဆိုတာကို ဝင်ကြည့်ပြီးတင်ပြဆွေး‌နွေးထားခြင်းသာြဖစ်ပါတယ်။

၁။ မေမေဖေဖေတို့ဟာ သားသားမီးမီးတို့အတွက်စံနမူနာပြသူများဖြစ်ကြပါတယ်။

သားတို့သမီးတို့က မေမေဖေဖေတို့ကိုစောင့်ကြည့်လေ့လာရင်းသင်ယူပါတယ်။ ပါးစပ်ကပြောနေတာ ထက် လက်တွေ့နမူ နာ ကောင်းတွေလုပ်ဆောင်ပြတာက သားသားမီးမီးတို့အတွက် ပိုမြင်သာထင်သာ ရှိပြီး စိတ်ထဲမှာ စွဲ မြဲစေပါတယ်။
မိဘတွေဆိုတာ ကလေးတွေကိုလေ့ကျင့်ပျိုးထောင်ပေးရာမှာ အလွန်အရေးပါပါတယ်။ ဒါကြောင့် သား သား မီးမီးတို့အတွက် နမူနာကောင်းတွေပြပေးပါ။ မေမေဖေဖေတို့က သားတို့သမီးတို့ကိုစကား ချိုချို သာသာပြောရင် သာသားသမီးတို့က သိပ်သဘောကျပါတယ်။စကားကြမ်းကြမ်းအော်ဟောက် ပြောရင် တော့ မကြိုက်ပါဘူး။ ကြောက်ပါတယ်။ မေမေဖေဖေတို့နားလာမကပ်ရဲ့တော့ပါဘူး။သားတို့သမီးတို့မှာ အားကိုးရတာဆိုလိုမေမေဖေဖေတို့သာရှိတာ။ အနားမကပ်ရဲအောင် ဆူပူအော်‌ဟောက်နေတော့ သား သားမီးမီးတို့မှာ ဘယ်သူကိုချဥ်းကပ်ရမှန်းမသိတော့ပါဘူး။

စိတ်ဆိုးစိတ်တိုပြီး မျက်နှာကြီးက ဆူအောင့်သုန်မှုန်နေရင် သားသားမီးမီးတို့ကသိပ်ကြောက်ပါတယ်။ ဒါပေမဲ့မျက်နှာကပြုံးပြုံးလေးရယ်တဲ့အခါ ဆိုရင်တော့ သားသားမီးမီးတို့ သိပ်ပျော်ပါတယ်။ အဲဒီလို ဆိုရင် မေမေဖေ ဖေတို့ကိုလည်းသိပ်ချစ်ပါတယ်။

၂။ သားသားမီးမီးတို့ကို ချစ်ချစ်ခင်ခင်ပွေ့ဖက်ပါ။

မေမေဖေဖေတို့ကသားသားမီးမီးတို့ကို ချစ်ခင်ခင်ပွေ့ဖက်တဲ့အခါဆိုရင် သားသားမီးမီးတို့ရင်ထဲမှာ ခံစားရတာသိပ်ကောင်းတာပဲ။ မေမေဖေဖေတို့က တို့ကိုသိပ်ချစ်တာပဲလို့စိတ်ထဲမှာ နင့်နေအောင် ခံစားရပြီးကြည်နူးရပါတယ်။ မေမေဖေဖေတို့က သားသားမီးမီးတို့ကိုပွေ့ဖက်ထားတဲ့အခါမှာဆိုရင် သားသားမီးမီးတို့ကို သိပ်ချစ်ကြောင်းခံစားရပြီးစိတ်ထဲမှာ ဘေးကင်းလုံခြုံစေပါတယ်။ မိဘတွေဆို တာသားသမီးတွေအပေါ် အဲဒီလိုချစ်ချစ်ခင်ခင်ပွေ့ဖက်တာမျိုးကို မကြာခဏပြုလုပ်ပေးသင့်ကြောင်း နမူနာကောင်းကိုလက်တွေ့ပြနေတာလည်းဖြစ်ပါတယ်။
• မေမေဖေဖေတို့က သားသားမီးမီးတို့ကို ပွေ့ဖက်နမ်းတဲ့အခါ၊
• သားသားမီးမီးတို့ကိုအချိန်ပေးပြီး သားသားမီးမီးတို့နှင့်အတူတူပျော်ပျော်ရွှင်ရွှင်ကစားတဲ့အခါ၊
• သားသားမီးမီးတို့ကို ပုံပြင်လေးတွေပြောပြတဲ့အခါ၊
• သားသားမီးမီးတို့ပြောတာကို ကောင်းကောင်းနားထောင်ပေးတဲ့အခါ၊
• သားသားမီးမီးတို့ လုပ်နိုင်တာလေးတွေကို မြင်အောင်ကြည့်ပြီး အသိအမှတ်ပြုတဲ့အခါ၊
• သားသားမီးမီးတို့ လုပ်ကိုင်ရုန်းကန်နေရတဲ့အခါ လိုအပ်တဲ့အကူအညီပေးတဲ့အခါမှာ သားသား မီးမီးတို့ အလွန် အားရကျေနပ်ပါတယ်။

၃။ မေမေဖေဖေတို့က စိတ်ရှည်သည်းခံပြီး‌ဖြေးဖြေးခြင်းသင်ပေးပါ။

သားသားမီးမီးတို့ရဲံဦးနှောက်က ဖွံ့ဖြိုးနေဆဲသာရှိပါသေးတယ်။ သင်ယူတဲ့အလုပ်ကိုလည်း‌ဖြေးဖြေး သာလုပ်နိုင်ပါသေးတယ်။ အဲဒီအချိန်မှာ မေမေဖေဖေတို့က စိတ်ရှည်ရှည်းထားပြီး‌ဖြေးဖြေးသာသာ သင်ပေးတော့ သားသားမီးမီးတို့ပိုနားလည်မှတ်မိပါတယ်။ စိတ်မရှည်ဘဲအတင်းဖိအားပေး လုပ်ခိုင်းတဲ့ အခါမျိုးဆိုရင်တော့ သာသားမီးမီးတို့ သိပ်စိတ်ညစ်ဖိစီးမှုတွေဖြစ်ရပါတယ်။ အလုပ်ကိုလည်း ဆက်မ လုပ် ချင်တော့ပါဘူး။ သားသားမီးမီးတို့သင်ယူလုပ်ကိုင်နေရင်းမှားသွားတဲ့အခါ ဒါလေးတောင်မလုပ် တတ်ဘူးဆိုပြီးချိုးနှိမ်ပြောလိုက်ရင် သားသားမီးမီးတို့ဟာ ဘာမှသုံးလို့မရတဲ့ကလေးတွေလို့မိမိကိုယ် မိမိစိတ်အားတွေသိပ်ငယ်သွားစေပါတယ်။ တကယ်လို့မေမေဖေဖေတို့က သားသားမီးမီးတို့မှားသွား တဲ့အခါ ဘာကြောင့်မှားသွားတာလဲ၊ ဘယ်လို လုပ်ရင် အမှန်ဖြစ်နိုင်မလဲ လို့ မေးပြီး အမှန်ရအောင် နည်းလမ်းပြပေးတဲ့အခါဆိုရင်တော့ သားသားမီးမီးတို့ မေမေဖေဖေတို့ကိုသိပ်ကျေးဇူးတင်မိပါတယ်။

၄။ မေမေဖေဖေတို့ကသားသားမီးမီးတို့အတွက်အားထားနိုင်သူတွေဖြစ်ပေးပါ။

မေမေဖေဖေတို့က အားထားနိုင်ပြီး ဘေးကင်းနွေးထွေးစွာ ဆက်ဆံတဲ့အခါ သားသားမီးမီးတို့စိတ်ထဲမှာ ဘေးကင်းလုံခြုံပြီး နေလို့ထိုင်လို့ကောင်းပါတယ်။ မေမေဖေဖေတို့အနီးအနားမှာရှိနေတာကပင် သား သားမီးမီးတို့စိတ်ထဲမှာ လုံခြုံတယ်ဘေးကင်းတယ်လို့ခံစားနေရပါတယ်။ ပြောရဲဆိုရဲ လုပ်ဆောင်ရဲလာ စေပါတယ်။ အဲဒီလို လုပ်ဆောင်တာတွေကိုမေမေဖေဖေတို့ကအသိအမှတ်ပြုလိုက်တဲ့အခါ နောက်ထပ် အဲဒီလိုကောင်းတဲ့အပြုအမူတွေကိုဆက်လက်ပြုလုပ်ချင်စိတ်တွေတဖွားဖွားဖြစ်လာပါတယ်။ဒါကြောင့် အဲဒီလို အပြုအမူတွေ၊ လုပ်ဆောင်မှုတွေကို သားသားမီးမီးတို့က ကြိုးစားလုပ်ဆောင်လာပါတယ်။ အိပ်မက်ထဲမှာတောင် မေမေဖေဖေတို့နဲ့အတူတူ ပြောဆိုနေထိုင်ကစားနေရတာမျိုးတွေမက်လာ ပါ တယ်။ အိပ်မက်ထဲမှာ လည်းမေမေဖေဖေတို့က အပြင်မှာအတိုင်း နွေးထွေးချစ်ခင်ပြီး အစစအားထား နိုင်သူတွေဖြစ်တော့ သားသားမီးမီးတို့စိတ်ထဲမှာ ဘယ်လို အားရကျေနပ်မှန်းမပြောပြနိုင်လောက်အောင် ဝမ်းသာရပါတယ်။

၅။ မေမေဖေဖေတို့ကသားသားမီးမီးတို့ပြောတာကိုလည်းကောင်းကောင်းနားထောင်ပေးပါ။

မေမေဖေဖေတို့ကသားသားမီးမီးတို့နဲ့စကားပြောတဲ့အခါ သားသားမီးမီးတို့ပြောတာကို ကောင်းကောင်း နားထောင်ပေးလို့ကျေးဇူးတင်ပါတယ်။ မေမေဖေဖေတို့ကသားသားမီးမီးတို့အတွက်အရေးကြီးတာတွေ ကို အချိန်ပေးအလေးထားနားထောင်ပေးတဲ့အတွက် သားသားမီးမီးတို့ဘာဖြစ်ချင်တယ်ဆိုတာကိုသိပြီး ကူညီလုပ်ဆောင်ပေးနိုင်ကြပါတယ်။ အဲဒီလိုနားထောင်ပေးတတ်တဲ့အတွက် သားသားမီးမီးတို့ကလည်း မေမေဖေဖေတို့ကို လာပြောရဲကြပါတယ်။

၆။ မဝေဖန်ဘဲ သာနားထောင်ပေးကြပါ။

မေမေဖေဖေတို့အနေနဲ့သားသားမီးမီးတို့ပြောပြချင်တာကို ဘာမှမဝေဖန်ဘဲ၊ နားထောင်ပေးစေချင်ပါ တယ်။ သားသားမီးမီးတို့စိတ်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို သားသားမီးမီးတို့နေရာမှ ဝင်ကြည့် မြင်ခံစားသလိုစိတ်နဲ့နားထောင်ပေးစေချင်ပါတယ်။ အဲဒီလို မဟုတ်ဘဲ သားသားမီးမီးပြောတာက နည်း နည်း ရှိသေးတယ် မေမေဖေဖေတို့က ပြန်ပြီး ပြောဆိုဆုံးမနေတာတွေကသိပ်များတဲ့အခါဆိုရင် ငါတို့မ ပြောမိရင်အကောင်းသား။ သွားပြောမိတဲ့အတွက် ဆုံးမနေတာမပြီးနိုင်တော့ဘူးဆိုတဲ့စိတ်မျိုးခံစားလာ ရပါတယ်။

၇။ သားသားမီးမီးတို့ကိုအရှိအတိုင်း လက်ခံပေးပါ။

မေမေဖေဖေတို့အနေနဲ့သားသားမီးမီးတို့ကိုအရှိအတိုင်း လက်ခံပေးကြပါ။ သားသားမီးမီးတို့ကို အခြား လူတွေနှင့် နှိုင်းယှဥ်တာမျိုးတွေမလုပ်စေချင်ပါဘူး။ အခြား ကလေးတွေလည်း သူတို့အရှိအတိုင်း လက် ခံသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဟို လူနှင့်နှိုင်းယှဥ်၊ ဒီလူနဲ့နှိုင်းယှဥ် လုပ်နေတာကတော့ မတူတူတဲ့ လူ တွေကို လိုက်နှိုင်းယှဥ်တာမျိုးမလုပ်သင့်ပါဘူး။ အခြားကလေးတွေနဲ့နှိုင်း ယှဥ်တဲ့အခါ သာသားမီးမီး တို့က အခြားကလေးတွေလောက်မစွမ်းဆောင်နိုင်ဘူးဆိုတာ သာဖြစ်နေပါတယ်။ သားသားမီးမီးတို့မှာ လည်း အခြားကလေးတွေထက် စွမ်းဆောင်နိုင်တာတွေရှိကြပါတယ်။

၈။ အပြင်ဘက်မှာ များများကစားခွင့်ပေးပါ။

သားသားမီးမီးတို့အတွက် ကစားရတာက သိပ်ပျော်စရာကောင်းပါတယ်။
သူငယ်ချင်းတွေနဲ့အတူတူ ကစားရတာပျော်စရာကောင်းသလို တစ်ယောက်နဲ့တစ်ယောက် ပို ချစ်ခင်မှုတွေဖြစ်လာစေပါတယ်။ အထူးသဖြင့် အပြင်ဘက်မှာကစားရတာလွတ်လပ်ပါတယ်။ လေကောင်းလေသန့်ရပါတယ်။ အိမ်ထဲမှာ ရှိနေတဲ့အကန့်အသတ်တွေကင်းနေတဲ့အတွက်အပြင်ဘက်မှာများများကစားချင်ပါတယ်။အချိန်များများ အိမ်ထဲမှာသာကစားနေရရင် အပြင်ဘက်မှာ လောက် လွတ်လပ်မှုမရှိပါဘူး။

၉။ သားသားမီးမီးတို့ကိုနှစ်သက်အရသာရှိပြီးအားရှိတဲ့အစာတွေကျွေးပါ။

သားသားမီးမီးတို့ကို အစာကျွေးတဲ့အခါမှာ သားသားမီးမီးတို့ကြိုက်နှစ်သက်ပြီး အားရှိစေတဲ့အစာတွေ ကိုရွေးကျွေးပါ။

၁၀။ သားသားမီးမီးတို့အပေါ်မှာယုံကြည်ပါ။

စမ်းသပ်လုပ်ဆောင်ကြည့်ရင်းမှားတဲ့အခါတွေဆိုတာရှိပေမဲ့ သားသားမီးမီးတို့ ကိုယ်တိုင်စမ်းသပ် လုပ်ကိုင်ရင်းအမှန်ရအောင် လေ့လာလုပ်ခွင့်များများပေးပါ။ ကိုယ်တိုင်ဝေဖန်ပိုင်းခြားစဥ်းစားပြီး အကောင်းဆုံးရွေးချယ်လုပ်တတ်အောင် ဘယ်လိုစဥ်းစားရကြောင်း လေ့ကျင့် သင်ပေးပါ။ အဲဒီလို လေ့ကျင့်ပေးရင်သားသားမီးမီးတို့ကိုယ်တိုင်အကောင်းဆုံးစဥ်းစားပြီး အကောင်းဆုံးရွေးချယ်မှုတွေ လုပ်ဆောင်နိုင်မယ်ဆိုတာကိုယုံကြည်ပါ။

၁၁။မေမေဖေဖေတို့ရဲ့အသိအမှတ်ပြုအားပေးခြင်းကိုသားသားမီးမီးတို့လိုချင်ပါတယ်။

သားသားမီးမီးတို့ရဲ့ကြိုးစားအားထုတ်မှုအတွက် မေမေဖေဖေတို့ကအသိအမှတ်ပြုအားပေးရင် သား သားမီးမီးတို့က ပို ကြိုးစားလုပ်ဆောင်ချင်စိတ်တွေဖြစ်လာပါတယ်။ သားသားမီးမီးတို့ ကောင်းကောင်း ကြိုးစားလုပ်ဆောင်နေတာကိုအမိဖမ်းပြီးအသိအမှတ်ပြုပေးတဲ့အခါသားသားမီးမီးတို့စိတ်ထဲမှာအလွန် ကျေနပ်အားရမှုဖြစ်စေပါတယ်။ အဲဒီလိုအသိအမှတ်ပြုအားပေးရင်သားသားမီးမီတို့မှာ မိမိကိုယ်မိမိပို လေးစားပြီးမိမိကိုယ်မိမိလည်းပိုယုံကြည်မှုများဖြစ်လာစေပါတယ်။

မိတ်ဆွေများသားသားမီးမီးတို့စိတ်ထဲမှာပြောနေတဲ့စကားတွေကိုကြားပြီး သားသမီးများကို အကောင်း ဆုံး လေ့ကျင့် ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။



No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...