ဒီနေ့မိခင်တစ်ယောက်ရဲ့အခြေခံလုပ်ငန်း (၅)ရပ်အကြောင်းကို Food for Thought 692 အဖြစ် မျှဝေလိုပါတယ်။ ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
မိခင်တစ်ယောက်၏အခြေခံ လုပ်ငန်း (၅) ရပ်
ငယ်ရွယ်သောကလေးများသည်
သူတို့မိဘများကသူတို့ကိုယုံကြည်စေလိုကြပါသည်။ သို့သော် လည်း
မိဘများကသားသမီးများကိုယုံကြည်မှုသည် မိဘများလုပ်ဆောင်ရမည့် မူလတာဝန်
မဟုတ်ပါ။ မူလတာဝန်မှာ ကလေးများကိုနားလည်အောင်လေ့လာဖို့ဖြစ်ပါသည်။ မိဘများ
အနေ ဖြင့် သူတို့သားသမီးများကိုနားလည်လေလေ ကလေးများကလည်းမိဘများအပေါ်ယုံ
ကြည် လေ လေ ဖြစ်ပါသည်။
မိခင်များသည် အောက်ပါအခြေခံ လုပ်ငန်း (၅) ရပ်ရှိပါသည်။
၁။ မိခင်များသည်မိသားစုအိမ်၏ နှလုံးသားဖြစ်ပါသည်။
၂။ မိခင်များသည် သင်ယူမှုအတွက် မီးရှုးတန်ဆောင်အလင်းရောင်ဖြစ်ပါသည်။
၃။ မိခင်များသည် သင်ယူနေသောဆရာများဖြစ်ပါသည်။
၄။ မိခင်များသည် ဆန်းသစ်တီထွင်ဉာဏ်ဖြင့် မှတ်တမ်းတင်သူများဖြစ်ပါသည်။
၅။ မိခင်သည် တာဝန်များကိုညှိနှိုင်းပေါင်းစပ်ပေးသူ။
သားတွေသမီးတွေကိုနားလည်ကြောင်းပြဖို့
မိခင်များအနေဖြင့် နားထောင်တတ်သောနှစ်လုံး သား နှင့် နားထောင်ခြင်းဖြင့်
သက်သေပြရန်လိုအပ်ပါသည်။ ဟီဗရူးဘာသာစကားမှာ နားထောင် ခြင်းကို shamaz
လို့ခေါ်ပါသည်။ အဓိပါယ်မှာ အသိဉာဏ်ယှဉ်လျက်ကြားခြင်း လို့အဓိပါယ်ရ ပါသည်။
မိခင်သည်တစ်နေ့တာအတွင်း သားသမီးများပြောဆိုသည်များကို နားထောင်ရန် အခွင့်
သာသူများ ဖြစ်ပါသည်။
၁။ မိခင်များသည်မိသားစုအိမ်၏ နှလုံးသားဖြစ်ပါသည်။
မှတ်တမ်းများတွင်ဖခင်များကိုမိသာစု၏ဦးခေါင်း
(ဦးဆောင်သူ) အဖြစ်သတ်မှတ်သလို မိခင်များ ကိုလည်း
မိသားစု၏နှလုံးသားအဖြစ်သတ်မှတ်နိုင်ပါသည်။ ဦးခေါင်းနှင့်နှလုံးသားတို့သည်
လူ့ကိုယ် ခန္တာကောင်းစွာလည်ပတ်ရေးအတွက်
အလွန်အရေးပါသောအစိတ်အပိုင်းများဖြစ်ပါသည်။ မိသား စု
တစ်စုလုံးအောင်မြင်စွာလည်ပတ်ရေးအတွက်အလွန်အရေးပါကြပါသည်။
ဦးခေါင်းတစ်ခုတည်းကသာစဉ်းစားလုပ်ကိုင်သည့်
စိတ်ကူးမှာ ယခုအခါမှာ မပြည့်စုံသည့်သဘော တရားအယူအဆတစ်ခုဖြစ်လာပါသည်။
မှတ်မိမှုများကိုထိန်းသိမ်းထားသော နူရုန်းများသည် ဦးနှောက်ထဲမှာသာမက
နှလုံးသားထဲတွင်လည်းရှိကြောင်းသုသေသီများကရှာဖွေတွေ့ ရှိထားကြပါ သည်။
စာပေမှတ်တမ်းများတွင် နှလုံးသားမှစဉ်းစားခြင်း ဟူသောအသုံးအနှုန်းကို
တွေ့ရှိနိုင်ပါ သည်။ နှလုံးသားမှာစဉ်းစားသည့်အတိုင်း
လူတွေမှာဖြစ်လာပါသည်ဟုဖော်ပြထားပါသည်။ (Proverbs 23:7)
နှလုံးသားမှဦးခေါင်းသို့
အဆက်မပြတ်သောအချက်ပေးသင်္ကေတများပေးပို့နေသလိုပင် မိခင် တစ်ယောက်သည်
သူတွေ့မြင်၊ ကြားထိတွေ့နေသည်များကို ခင်ပွန်းဖြစ်သူထံ ပြောပြနေရန်လိုအပ်
ပါသည်။ ထိုသို့နှစ်ယောက်လုံးအခြေအနေတွေကိုသိနားလည်နေမှသာ
အမျှော်အမြင်ရှိသော ဆုံး
ဖြတ်ချက်များကိုမိသားစုအတွက်လုပ်ဆောင်နိုင်မှာဖြစ်ပါသည်။
ထိုကဲ့သို့မိဘနှစ်ဦးကြား တွင်
အဓိပ္ပါယ်ရှိသောအပြန်အလှန်ပြောဆိုဆွေးနွေးနိုင်ရန်
အချိန်သီးသန့်ရှိနေအောင်စီစဉ်ထားရန် လို အပ်ပါသည်။ ထိုဆွေးနွေးပွဲတွင်
မိသားစု ပညာရေးလုပ်ငန်းအစီအစဉ်များနှင့် ကလေးများ လေ့ ကျင့်
ပျိုးထောင်ရေးအစီအစဉ်များကို ကိုဆွေးနွေးနိုင်ရန်ဖြစ်ပါသည်။
၂။ မိခင်များသည် သင်ယူမှုအတွက် မီးရှုးတန်ဆောင်အလင်းရောင်ဖြစ်ပါသည်။
နားထောင်တတ်သောနှလုံးသားရှိသည့်အတွက်
သူ့ကလေးတွေမှာ ဘယ်လိုအကျင့်စာရိတ္တဆိုင်ရာ အရည်အသွေးများ၊
ပညာသင်ကြားရေးဆိုင်ရာစွမ်းရည်များ နှင့် လက်တွေ့ဘဝမှာရပ်တည်နိုင်ရေး
ဆိုင်ရာ
ဘဝတွက်တာကျွမ်းကျင်မှုများလေ့ကျင့်သင်ကြားပေးရန်လိုအပ်သည်ကိုသိပါသည်။
ထိုစဉ်း စားထားမှုများကိုစိတ်မှာစွဲမှတ်ထားရင်း မိခင်များသည်
မိသားစုအနေဖြင့်သားသမီးအတွက် လုပ်
ဆောင်ပေးသင့်သည်အကြံပြုချက်စာရင်းကိုဖခင်အားပြောပြနိုင်ကြပါသည်။
လက်တွေလေ့ကျင့်
ပေးသည် လုပ်ငန်းကိုတော့ မိဘနှစ်ပါးတို့အပြန်အလှန်အထောက်အကူ ပေး နိုင်ရန်
ပူးပေါင်းညှိနှိုင်းလက်တွဲဆောင်ရွက်ပေးရန်လိုပါသည်။ မိခင်၏အခန်းကဏ္ဍသည်
အလင်း ပေးသည် မီးအိမ်နှင့်တူကြောင်းကျမ်းစာမှာအောက်ပါ
အတိုင်းဖော်ပြထားပါသည်။ “သား၊ သားအဖေရဲ့ပြောဆိုဆုံးမမှုများကိုနာယူပါ။
မိခင်ကသတ်မှတ် ပေးသောစည်းကမ်းဘောင်တွေကို လည်းလိုက်နာပါ။
ဘာကြောင့်လဲဆိုတော့ မိဘကပြောဆိုဆုံးမ ချက်များသည် မီးအိမ်ဖြစ်ပြီး
သတ်မှတ်ပေးသော စည်းကမ်းဘောင်တွေမှာ လမ်းပြသည့် အလင်း ဖြစ်သောကြောင့်
ဖြစ်ပါသည်။ ပေးသောညွှန်ကြားချက်များကို မှန်ကန်ကြောင်းပြန်လည်
သက်သေပြဖို့မှာ ဘဝမှာ လုပ် ဆောင် ရမည့်လုပ်ငန်းဖြစ်ပါသည်။”
ဟုဖော်ပြထားပါသည်။ (Proverbs 6:20, 23).
၃။ မိခင်များသည် သင်ယူနေသောဆရာများဖြစ်ပါသည်။
မိခင်များသည်
သူတို့ကလေးများအထက်တန်းကျောင်းနှင့်ကောလိပ်သို့ဆက်လက်တက်သောအခါ သူတို့ကို
ပညာပေးရန် စိတ်ထဲတွင် မပြည့်စုံသလိုမျိုးခံစားရတတ်ပါသည်။
ထိုမိခင်များသတိထား ရန် လိုအပ်သည့်အချက်မှာ
သင်ယူလိုစိတ်အခြေခံနှင့်တိုးတက်ရေးရှိအောင် ပြုလုပ်လိုစိတ်မွေး
တတ်အောင်လေ့ကျင့်ပေးခံထားရသောကလေးများသည်သင်ယူမှုလုပ်ငန်းများတွင်
သူတို့မိဘများ ထက်ပင် ကောင်းစွာသင်ယူနိုင်စွမ်းရှိကြပါသည်။
ထိုအချက်ကိုမိခင်များမမေ့သင့်ပါ။
မိဘများကို ဆရာများအဖြစ်မကြည့်သင့်ပါ။ သူတို့သားသမီးများနှင့်အတူသင်ယူနေသော
စိတ် အားထက်သန်တက်ကြွသည့်သင်ယူသူများအဖြစ်သာမြင်သင့်ပါသည်။ မိဘများ၏အတွေ့အ
ကြုံ နှင့်နားလည်မှုကိုကျော်လွန်နေသောအကြောင်းအရာများနှင့် ပတ်သက်လာပါက
ထိုအကြောင်း
အရာများကိုတတ်သိနားလည်သူများကိုရှာပြီးသင်ယူမှုမှာအထောက်အကူပေးရန်
လိုအပ်ကြောင်း တိုက်တွန်းအား ပေးထားပါသည်။
မိခင်များအနေဖြင့်
သူတို့သားသမီးအကြီးများကို ငယ်သောကလေးများ၊ မိသားစုဝင်များကိုအချင်း ချင်း
ပြန်လည်သင်ပေးနိုင်ရန်လေ့ကျင့်ပေးရန်လိုအပ်ကြောင်း
မိခင်များကိုတိုက်တွန်းအားပေး ထားပါသည်။ ထိုသို့လေ့ကျင့်ပေးသောအခါ
အသက်ကြီးသောကလေးများသည် သင်ပေးသော အကြောင်းအရာမှာသာမက သင်ပေးသည့်
အတတ်ပညာပိုင်းတွင် ကျွမ်းကျင်လာကြပါသည်။ ထိုကျွမ်းကျင်မှုသည်
သူတို့ကိုယ်တိုင်မိဘဖြစ်လာသောအခါ သားသမီးများကို လေ့ကျင့်သင်ပေးရန် အတွက်
အသင့်ပြင်ဆင်ထားသလိုဖြစ်လာစေပါသည်။
၄။ မိခင်များသည် ဆန်းသစ်တည်ထွင်ဉာဏ်ဖြင့် မှတ်တမ်းတင်သူများဖြစ်ပါသည်။
ကလေးများသင်ယူတတ်မြောက်မှုဖြစ်ကြောင်းအထောက်အထားရှိရန်
တတ်သွားသည်ကိုမှတ်တမ်း တင်ရန်လိုပါသည်။
ကလေးတစ်ယောက်ခြင်းသင်ယူတတ်မြောက်မှုများကို မှတ်တမ်းတင်နိုင် သော
နည်းလမ်းအမျိုးမျိုးရှိပါသည်။အကောင်းဆုံးနှင့်အများဆုံးသုံးသည့်နည်းလမ်းမှာ
မှတ်စုစာအုပ် ငယ်လေးမျာထားပြီးမှတ်တမ်းတင်သောနည်းဖြစ်ပါသည်။
ကလေးတွေသင်ယူတတ်မြောက် သွား သည်များကို မှတ်စုစာအုပ်ငယ်လေးတစ်ခုတွင်
မှတ်တမ်းဝင်နေအောင် မှတ်တမ်းတင်ထားရန် လို ပါသည်။
ကလေးများပိုတိုးတက်သင်ယူချင်စိတ်ဖြစ်လာအောင်အဓိပ္ပါယ်ရှိသော
ကားချပ်များ၊ ဂရပ်များ၊ မှတ်တမ်းမှတ်ရာများသုံးရန်လည်းလိုအပ်ပါသည်။
ယင်းစနစ်ကိုမိခင်ကအရင်အစပျိုးပေးလိုက်ပြီး နောက်ပိုင်းတွင်
ကလေးကြီးများကိုတာဝန်လွှဲပြောင်းပေးရန်လိုအပ်ပါသည်။ ထိုသို့ လုပ်ဆောင် ပါက
ကလေးများတွင် ရေးသားမှတ်တမ်းတင်စွမ်းရည်၊ သေသပ်မှု၊ တိကျမှု၊ အချက်အလက်
မှန်ကန်မှု၊ ဆန်းသစ်သောပုံများဖြင့် ဖော်ပြမှုစွမ်းရည် စသည့်
အရေးကြီးသောစွမ်းရည်များ တိုးတက်လာစေပါသည်။
၅။ မိခင်သည် တာဝန်များကိုညှိနှိုင်းပေါင်းစပ်ပေးသူ။
မိခင်တစ်ယောက်အနေဖြင့်
ကလေးများကို လေ့ကျင့်ပညာသင်ပေးရန်စတင်စဉ်းစားသောအခါ
ကလေးတွေလည်းပညာတတ်လာပြီးအိမ်မှုအလုပ်တွေလည်းအချိန်မှီပြီးအောင် ဘယ်လို
လုပ်မလဲ လို့စတင်စဉ်းစားတတ်ကြပါသည်။ မိသားစုတွင်းမှာကလေးတွေကိုသင်ပေးရာတွင်
အရေးကြီး သော လျို့ဝှက်ချက်ရှိပါသည်။ ထိုလျို့ဝှက်ချက်မှာ
အိမ်မှုအလုပ်များကို ချစ်မြတ်နိုးစွာလုပ်ကိုင် တတ် အောင်
ဆန်းသစ်သောစိတ်ကူးဖြင့် သင်ပေးခြင်းဖြစ်ပါသည်။
ဥပမာသုံးပြီးသောပုဂံများဆေးသောအလုပ်ကို
လုပ်ခြင်းမှာ စားစရာများကို ချက်ပြုတ်ပေးသူကို ကျေးဇူးတင်သည့်အနေဖြင့်
လုပ်ဆောင်ပေးသည့် လုပ်ငန်းအဖြစ်ပြောင်းလဲပေးနိုင်ပါသည်။ သို့မ ဟုတ်
စေ့စပ်သေချာမှုရှိအောင်သန့်ရှင်းအောင်ကူညီဆောင်ရွက်ပေးသောလုပ်ငန်းအဖြစ်လည်း
ပြောင်းပေးနိုင်ပါသည်။ သို့မဟုတ် ပစ္စည်းများကို စင်အောင် ဆေးပြီး
သူ့နေရာမှာသူပြန်ထားသည့်
စနစ်တကျထားသိုမှုလုပ်ငန်းအဖြစ်လည်းပြောင်းပေးနိုင်ပါသည်။
အမျှော်အမြင်ကြီးသောမိခင်များသည်
သူ့ဘဝတွင်အချိန်ရာသီများရှိကြောင်းသဘော ပေါက်နား လည်ပါသည်။
ကလေးများတိုးတက်ရေးအတွက် ရင်းနှီးမြှပ်နှံသည့်ရာသီပြီးသွားသည့်အချိန်တွင်
သီးနှံများကို ရိတ်သိမ်းစားသောက်ရသည့်အချိန်ရောက်လာမည်ကို
ကောင်းစွားနားလည်သဘော ပေါက်ပါသည်။ မိမိ၏ အမျှော်အမြင်ရှိမှုနှင့်
ကောင်းသောအကျင့်စာရိတ္တများလေ့ကျင့်ပေးမှု၏ အသီးအပွင့်များကို
ရိတ်သိမ်းစားသောက်ရမည်ကို ကောင်းစွာနားလည်ထားပါသည်။
မိတ်ဆွေများအနေဖြင့်ကျေးဇူးကြီးလှတဲ့မိခင်များကို စိတ်ချမ်းသာအောင် ထားဖို့ကြိုးစားကြပါ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
No comments:
Post a Comment