
အစားထိုးလို့မရတဲ့သင်
သင်မှာစွမ်းဆောင်နိုင်တာတွေများစွာရှိပါတယ်။
စွမ်းဆောင်နိုင်တာတွေကို အကောင်းဆုံးအသုံးချမယ်ဆိုရင် သင်ဟာ
ပတ်ဝန်းကျင်လောကအတွကို ကောင်းကျိုးများစွာပြုနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့်အစားထိုးလို့ မရတဲ့သင်ဆိုတာကို Food for Thought
691အဖြစ်မျှဝေလိုက်ပါတယ်။
၁။ အရိပ်လေးလို အေးမြပါ၊ မှိခိုသူတိုင်းစိတ်ချမ်းသာ။
၂။ ငှက်ကလေးတွေလိုတေးဆိုပါ၊ ကြားရသူတိုင်းကြည်နူးမှာ။
၃။ ကလေးတွေလိုရယ်မောပါ၊ ပေါ့ပေါ့ပါးပါး ရွှင်ကြည်စွာ။
၄။ လေပြေလေးညှင်း လေးလိုသာ၊ညင်ညင်သာ၊ ထိတွေ့သူတိုင်း အေးမြမှာ။
၅။ မိမိကစတင်လို့သာ၊ တွေ့မြင်သူများကို ပြုံးပြတော့၊ တွေ့မြင်သူတိုင်းကြည်နူးပေါ့။
၆။ ကြယ်ကလေးတွေလိုလင်းလက်ပါ၊ အမှောင်ခွင်းလို့ အလင်းဆောင်တာ။
၇။ မိုးရေလေးလိုအေးမြပါ၊ ထိတွေ့သူတိုင်း စိတ်ချမ်းသာ။
၈။ နေရောင်လေးလို၊ လင်းလက်ခါ၊ အနွေးဓာတ်ကိုပေးပါ၊ အားလုံးလင်းလက်နွေးနေမှာ။
၉။ ကလေးတစ်ယောက်ရဲ့ပွေ့ဖက်မှုလိုချစ်စရာကောင်းပါ၊ ထိတွေ့သူတိုင်း လွန်ဝမ်းသာ။
၁၀။ ချိုချိုသာသာအပြန်အလှန်ဆက်ဆံပါ၊ ဆက်ဆံသူတိုင်းစိတ်ချမ်းသာ။
၁၁။ နေ့သစ်တိုင်းအတွက်ကျေးဇူးတင်ပါ၊ ရှင်သန်နေရမှုအတွက် ကျေးဇူးတင်ပါ။
မိတ်ဆွေများ ပတ်ဝန်းကျင်လောကကိုအကောင်းဆုံအကျိုးပြုနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Wednesday, February 26, 2025
အစားထိုးလို့မရတဲ့သင် Food for thought 691
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment