
ဒီနေ့ “ဖျက်စရာမလိုသော မျဉ်းကြောင်းများ” အကြောင်းကို Food for Thought 698 အဖြစ်မျှဝေလိုက်ပါ တယ်။ ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
ဖျက်စရာမလိုသော မျဉ်းကြောင်းများ
လူတိုင်းဟာမိမိအကောင်းဆုံးဖြစ်အောင်
အားထုတ်ရာမှာ ဘယ်သူ့ကိုမှမထိခိုက်စေဘဲ ကြိုးစားပိုင် ခွင့် ရှိပါတယ်။
မိမိတိုးတက်ဖို့အတွက်အခြားသူတွေကို ထိခိုက်အောင်လုပ်တဲ့အကျင့်ဟာ
ဆိုးယုတ်မာတဲ့ အကျင့်ဆိုသာဖြစ်ပါတယ်။ အကျင့်ဆိုးဆိုတာ ပဲ့တင်သံလိုပင်
မိမိထံပြန်ရောက်လာတတ်တဲ့အတွက် အ ကျင့်ဆိုးကိုရှောင်နိုင်စေဖို့
မျှဝေခြင်းဖြစ်ပါတယ်။
ဖျက်စရာမလိုသော မျဉ်းကြောင်းများ
တစ်ရက်မှာ ဆရာဖြစ်သူက စာသင်ခန်းထဲဝင်လာပြီး အတန်းသားတွေကို...
"
သားတို့ သမီးတို့...သားတို့သမီးတို့ကို ဒီနေ့ ဘဝအတွက်အလွန်
အရေးကြီးတဲ့သင်ခန်းစာတခု သင်ပေး မယ်။ အားလုံးငြိမ်ပြီး နားထောင်ပေးကြပါ
"လို့ပြောပြီး ----------
ကျောက်သင်ပုန်းပေါ်မှာ
-မြေဖြူနဲ့ မျဉ်းဖြောင့်တစ်ကြောင်းကိုခပ်ရှည်ရှည်လေး ဆွဲ လိုက်ပါတယ်။ပြီး
တော့ ...သားတို့သမီးတို့ ..." ဒီမျဉ်းကို တိုသွားအောင်ဘယ်သူ
လုပ်နိုင်မလဲကွယ် "လို့ မေးလိုက်ပါတယ်။
ချက်ချင်းဆိုသလိုပဲ...ကျောင်းသားတစ်ယောက်ကကျောက်သင်ပုန်းရှေ့ ထွက်လာပြီးမျဉ်းကို အလယ်ကနေ တဝက်လောက်ဖျက်လိုက်ပါတော့တယ်... ။
ပြီးတော့ ကျောင်းသားက ဆက်ပြီး ပြောလိုက်တယ် !" ဆရာ ------အခု ဆရာဆွဲထားတဲ့မျဉ်းကြောင်း -
တိုသွားပါပြီ ခင်ဗျာ " လို့ ပြောလိုက်ပါတယ်... ။
ဆရာက ခေါင်းကို ခါရမ်းလိုက်ပြီးနဂိုမူလ အရှည်လောက် မျဉ်းကိုပြန်ပြီး ရေးဆွဲလိုက်ပါတယ် ... ။
" ဒီလိုတော့ မလုပ်ပါနဲ့သားရယ်...မျဉ်းကို တိုသွားအောင် လုပ်တဲ့နေရာမှာမူလ မျဉ်းကို မထိခိုက်စေချင်ဘူး "
တစ်တန်းလုံးလည်း
တော်တော်ကြာကြာအောင်ငြိမ်နေကြပြီးနောက် ~~~ကျောင်းသားတယောက် ထွက် လာပြီး
-မူလမျဉ်းနဲ့ ယှဉ်လျှက် -ပိုပြီး ရှည်တဲ့မျဉ်းတစ်ကြောင်းကို ရေးဆွဲ
ပြလိုက်ပြီး... ၊
" ဆရာ ...အခု ဆရာ့မျဉ်း တိုသွားပါပြီ ခင်ဗျာ "
အဲဒီတော့မှဆရာကပြုံးပြီး... အားလုံးကို
" သားတို့သမီးတို့...ဒီမျဉ်းကြောင်း ၂ ခု အကြောင်းဆရာ သင်ကြားပေးတာလေးကိုတစ်သက်လုံး မှတ်သား ထားကြပါ "
" မျဉ်းရှည်တကြောင်းကို ဖျက်သလိုကိုယ်ထက် သာနေတဲ့ သူတယောက်ကို -ဖျက်စီးတာမျိုး သားတို့ဘဝ မှာ မလုပ်မိကြပါစေနဲ့ "
ကိုယ်က
အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်မျိုးကိုသာ မွေးမြူကြပါ။
မနေ့ကငါထက် ဒီနေ့ ငါက
ပိုတော်သူဖြစ်စေရမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားအားထုတ်ကြပါ။ မိမိကိုယ်တိုင်
ပိုတော်အောင် ကြိုးစား နေတာက ယယ်သူကိုမှ
သွားတိုက်ခိုက်နေတာမဟုတ်ပါဘူး။ဒါမှသာ သားတို့သမီးတို့ ဟာ လူ့ဘဝမှာ ယဉ်
ကျေးလိမ္မာတဲ့စိတ်ချမ်းမြေ့ရတဲ့ လူသားတွေဖြစ်လာမှာပေါ့ !!
သူများကို
ဖျက်စီးမဲ့လမ်းကိုရွေးမယ်ဆိုရင်ထိုသူဟာ သမ္မတကြီးဖြစ်ဖြစ်
၊ဝန်ကြီးချုပ်ကြီးဖြစ်ဖြစ်၊ သန်း ပေါင်းများစွာကြွယ်ဝတဲ့ သူဌေးကြီး
ဖြစ်ဖြစ် ၊ ဘာသာရေးဆရာကြီးဖြစ်ဖြစ် ၊ဘာကြီးပဲဖြစ်နေ ဖြစ်နေ စိတ် ဓာတ်အောက်
တန်းကျသူသာဖြစ်ပါတယ်။ သူများကိုချိုးနှိမ်ပြီးမှမိမိကောင်းအောင်လုပ်သူဟာ
မိမိရဲ့သိမ် ဖျင်းအောက်တန်းကျတဲ့လုပ်ရပ်ကြောင့်
မိမိရဲ့ယုတ်ညံ့တဲ့လုပ်ရပ်ဟာမိမိဆီသို့သာ ပြန်ရောက်လာမှာဖြစ် ပါတယ်။ အဲဒီလို
စိတ်ထားရှိကြတဲ့ အာဏာရှင်ကြီးတွေဟာ နောက်ဆုံးမှာတော့
သူတို့ပြုတဲ့မကောင်းကံက သူတို့ထံပြန်ရောက်လာပြီး
အလွန်အယုတ်ဆိုးအကြည့်တန်တဲ့ဘဝနိဂုံးချုပ်သွားကြရပါတယ်။
စိတ်ဓာတ်အောက်တန်းကျသူဘဝမှာ
ပျော်ရွှင်မှုတွေ ဆိတ်သုန်းရသူ ဖြစ်ပြီး ၊တမလွန်မှာရောလက်ငင်းဘဝ
မှာပါမိမိပြုသည့်ကံ မိမိ ပြန်ခံစားရသူများဖြစ်ကြမှာ စိုးရိမ်မိပါတယ်...
။မှတ်ထားကြနော် ...။
မိတ်ဆွေများ သူတစ်ပါးကိုထိခိုက်စေတဲ့အကျင့်ဆိုးများကင်းအောင်ရှောင်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
No comments:
Post a Comment