ဒီနေ့စိတ်လိုက်မာန်ပါဆောင်ရွက်တာ မပြုသင့်ကြောင်းကို Food for Thought 699 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
စိတ်လိုက်မာန်ပါဆောင်ရွက်တာ
စိတ်ကို ယဉ်ကျေးအောင် သတိထားပြီး နှိမ်နင်းဆုံးမလေ့မရှိကြဘဲ အလွတ်လွှတ်ထားတာတွေ က များတယ်၊
ဒီလို
သူ့အလိုအတိုင်း လွှတ်ထားခဲ့တာကြာတော့ သူက ရိုင်းချင်တိုင်းရိုင်းနေတာ၊
မကောင်းမှန်းသိလျက် လည်း သူကလုပ်ချင်တတ်တယ်၊ သူပြုလုပ်ချင်တဲ့အလုပ်ကို
တားလို့,နှိမ်နင်းလို့ အင်မတန်ရခဲတာပဲ။
သူ့
အသက်သတ်တာကို မကောင်းမှန်းသိလျက်လည်း သူသတ်ချင်သတ်တာပဲ၊
သူတစ်ပါးပစ္စည်းကို ခိုးယူ တာတို့၊သူ့သားအိမ်ယာကို
ကျူးလွန်တာတို့၊မမှန်မကန် လိမ်လည်ပြောကြားတာတို့၊သေအရက် သောက်စား
မူးယစ်တာတို့စသည်ဒီလိုမကောင်းမှုတွေဟာမကောင်းပါဘူးလို့တဖွဖွပြောနေပါလျက်လည်းမရဘူး၊
ဒီအထဲ ကနေပြုလုပ်ကြတာပဲ၊
ဒီလို မကောင်းမှန်း သိလျက်နဲ့ ပြုလုပ်တာတွေဟာ စိတ်ကိုနိုင်နင်းအောင် မဆုံးမနိုင်တာ အင်မတန် ထင် ရှားတယ်။
ကိုယ်တိုင်နားမလည်လို့
မသိရင်တောင် သိကြား လိမ္မာတဲ့လူတွေက ဒါ မကောင်းဘူးလို့ပြောလဲ သူက ရချင်
မှရတယ်၊အတင်းဇွတ်တိုးပြီးလုပ်ချင်လုပ်တာပဲ။
ကောင်းတဲ့လူတွေနဲ့
မကောင်းတဲ့လူတွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် မကောင်းတဲ့လူတွေက များနေတာဟာ
ဒီစိတ်ကိုမနိုင်နင်းနိုင်ဘဲဖြစ်နေသူတွေကများနေလို့ပေါ့။
စစ်ဖြစ်ရတယ်ဆိုတာ
မကောင်းဘူးလို့နိုင်ငံတိုင်းက သိနေကြတယ်။သိတဲ့အတိုင်းလည်း သတင်းစာ၊
ရေဒီယို၊
ရုပ်မြင်သံကြားတွေကနေပြီးကြေညာနေကြတာပဲမဟုတ်လား၊မကောင်းမှန်းသူတို့သိပါတယ်၊
စစ်ဖြစ်ရတာကို
ဒီလို မကောင်းမှန်းသိလျက်လည်း လောဘ,ဒေါသဆိုတဲ့စိတ်ရိုင်းတွေကို
မနှိမ်နင်းနိုင်လို့
အဲဒီမကောင်းဘူးလို့ကြေညာနေတဲ့ပုဂ္ဂိုလ်တွေကိုယ်တိုင်အချင်းချင်းတိုက်ခိုက်နေကြတာပါပဲ။
စစ်ဖြစ်တယ်ဆိုရင်
သူတို့မျက်မှောက်တွင် လူတွေသေ၊ ပစ္စည်းတွေ ပျက်စီးနေတာကို မြင်တွေ့နေတာပဲ၊
ဒါတွေမကောင်းဘူးဆိုတာ သူတို့မသိဘဲရှိပါ့မလား၊ သိပါတယ်၊ဒါပေမယ့်လည်းပဲ
စစ်တွေတိုက်ခိုက်နေကြတာပဲ၊ စိတ်ဆိုတာ ဒီလောက်ထိအောင်ရိုင်းတယ်၊
မယဉ်ကျေးဘူး၊ ဒုန္နိဂ္ဂဟဿ စိတ္တဿ-စိတ်ဆိုတာ
ရိုင်းတယ်၊နှိမ်နင်းလို့ရနိုင်ခဲတယ်တဲ့။
အင်မတန်လည်း လျင်မြန်တယ်
စိတ်တွေဟာ
အင်မတန်လည်းမြန်တယ်၊ “လက်ဖျစ်တစ်တွက် လျှပ်တစ်ပြက်အတွင်း ကုဋေတစ်သိန်း
လောက်ဖြစ်နိုင်တယ်”လို့တောင် အဆိုရှိတယ်၊ အဲဒီလောက်ထိအောင်
အဖြစ်အပျက်ကမြန်တာ၊ဒါကြောင့်
လည်းစိတ်ကိုနှိမ်နင်းနိုင်ခဲတာပဲ။ထိန်းလို့သိမ်းလို့လည်းအင်မတန်ခက်တယ်။
စိတ်သွားတိုင်း စိတ်ဖြစ်တိုင်း ကိုယ်ကမပါလို့သာဘဲ၊ ကိုယ်က မန္တလေးမှာထိုင်နေပေမယ့်လည်း စိတ်က ရန်ကုန်ရောက်ချင်ရောက်နေတာ၊
ဒီလို ရောက်ဖူးတဲ့နေရာကိုမပြောနဲ့တစ်ခါမှ ကိုယ်က မရောက်ဘူးလို့မသိဖူးတဲ့ အရပ်ဌာနတွေကိုတောင် မှန်းပြီးရောက်ချင်ရောက်နေတတ်သေးတယ်
ပြောသံကြားနဲ့လည်း
အာရှကနေ ဥရောပတို့၊ အာဖရိကတို့ ဒီလို နေရာတွေကိုလည်း ရောက်ချင်
ရောက်သွားတာပဲ၊ဘယ်လောက်ဝေးဝေးတစ်ခါတည်းရောက်သွားတာပဲ
“လဟုနော
စိတ္တဿ-အင်မတန် လျင်မြန်တဲ့စိတ်တဲ့၊ လက်ဖျစ် တစ်တွက် လျှပ်တစ်ပြက်အတွင်း
ကုဋေ
တစ်သိန်းလောက်တောင်ဖြစ်နိုင်ပျက်နိုင်တဲ့စိတ်တဲ့၊ဒီလိုအဖြစ်မြန်တာကြောင့်စိတ်ကိုထိန်းသိမ်းမလွယ်ဘဲ
ဖြစ်နေတာပေါ့။
အာရုံပြု တော့လည်း ပေါက်တက်ကရအာရုံကျတော့လည်း ကြုံရာအာရုံကို အာရုံပြုလိုက်တာပဲ၊
အဆင်းနဲ့ကြုံရင်
အဆင်းကို အာရုံပြုလိုက်တာပဲ၊ အသံနဲ့ကြုံရင် အသံကို၊အနံ့နဲ့ကြုံရင်
အနံ့ကို၊အရသာ နဲ့ကြုံရင်အရသာကိုအတွေ့အထိနဲ့ကြုံရင်အတွေ့အထိကို၊ သဘောနဲ့
ကြုံရင်သဘော ကို အာရုံပြုလိုက်
တာပဲ၊ဒီလိုကြုံရာကြုံရာတွေ့ရာပေါ်ရာအာရုံတွေကိုစိတ်ကအာရုံပြုတတ်တယ်၊။
ဒါကြောင့် “ယတ္ထ ကာမနိပါတိနော”ကြုံရာများပြား အကြင်အာရုံတရား၌ အလိုအတိုင်း ကျရောက် တတ်တဲ့စိတ်တဲ့၊
ဒီလို ဆက်ပြီး ဟောကြားထားတယ်၊ကြုံရာအာရုံတွေကို စိတ်ကအာရုံပြုတယ်၊သူအလိုရှိရာ အာရုံတွေကို အာရုံပြုတယ်၊
ပြီးတော့
အဲဒီ အာရုံတွေပေါ်မှာလောဘ, ဒေါသ, မောဟ, မာနစတဲ့ ကိလေသာတွေဖြစ်တယ်၊
ရိုင်းစိုင်းတယ် မယဉ်ကျေးဘူးဆိုတာအဲဒီကိလေသာတွေကရိုင်းစိုင်းနေတာပဲ။
အဲဒီလို
ထိန်းသိမ်းရခက်တဲ့စိတ်ကို စိတ်အလိုအတိုင်းလိုက်တဲ့အပြင်
ထောင်လွှားမောက်မာတဲ့မာန်မာနပါ အခြေခံလိုက်တော့ အရိုင်းတကာ့ထိပ်ခေါင်
အရိုင်းတကာတို့ရဲ့ဗိုလ်မင်း အယုတ်ညံ့ဆုံး၊အသိမ်ဖျင်းဆုံး
အပြုအမူတွေဖြစ်လာပါတော့တယ်။ မျက်မှောက်ကာလ စစ်တွေဖြစ်နေတဲ့နေရာတွေကိုကြည့်
လိုက်ရင် အဲဒီလို စိတ်လိုက်မာန်ပါ လုပ်ဆောင်နေကြသူတွေကြီးစိုးနေတဲ့အတွက်
လူသားတွေအမျိုးမျိုး ဒုက္ခရောက် နေရတာဖြစ်ကြပါတယ်။
အဲဒီတော့စိတ်လိုက်မာန်ပါ လုပ်ဆောင်နေကြသူတွေအသိတရားရကြပြီး အမှန်တကယ် လူသားတွေအကျိုး ကိုပြုနိုင်ကြပါစေလို့သာဆုတောင်းနေမိပါတော့တယ်။
သတ္တဝါဟူသရွေ့ တရားတွေ့ချမ်းမြေ့သာယာရှိကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
No comments:
Post a Comment