
ဒီနေ့ Adversity Quotient or Adaptable Quotient(AQ) အကြောင်းကို Food for Thought 917 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
IQ + EQ + AQ = SUCCESS
AQ ဆိုတာ Adversity Quotient or Adaptable Quotient
ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေဒုက္ခတွေကို
ဘယ်လောက်ထိခံနိုင်ရည်ရှိပြီးတော့ ရင်ဆိုင်ကျော်လွှားနိုင်တဲ့
အရည်အချင်းရှိလဲ၊လိုက်လျောညီထွေပြောင်းလဲတုံ့ ပြန်နိုင်စွမ်း
ရှိလဲဆိုတာကိုတိုင်းတာတဲ့စံညွှန်းဖြစ်ပါတယ်။
IQ နဲ့ EQ ကိုတော့ လူတော်တော်များများက သိနေပြီးသားဖြစ်လို့ အများကြီးမပြော တော့ပါဘူး။
ယေဘုယျအားဖြင့်ပြောရရင်
IQ က လူတစ်ယောက်ရဲ့ဉာဏ်ရည် ဉာဏ်သွေးကိုတိုင်း တာခြင်းဖြစ်ပြီး EQ ကတော့
လူမှုဆက်ဆံရေး အရည်အချင်းကိုတိုင်းတာ ခြင်းဖြစ် ပါ တယ်။
AQ
ဆိုတာ Adversity Quotient or Adaptable Quotient ဖြစ်ပါတယ်။ လူတစ်ယောက် က
ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေဒုက္ခတွေကို ဘယ် လောက်ထိခံနိုင်ရည်ရှိပြီးတော့
ရင်ဆိုင်ကျော်လွှားနိုင်တဲ့ အရည်အချင်းရှိလဲ၊လိုက်လျောညီထွေပြောင်းလဲတုံ့
ပြန်နိုင်စွမ်း ရှိလဲဆိုတာကိုတိုင်းတာတဲ့စံညွှန်းတစ်ခုဖြစ်ပါတယ်။
Dr
Paul Stoltz(Founder and CEO at PEAK Learning) ပြောထားတာက ဘဝမှာဘယ်
လောက်ထိ အောင်မြင်လဲဆိုတာကို တိုင်း တာရာမှာ IQ နဲ့ EQ ထက် AQ ကပိုကောင်း
တယ်လို့ပြောခဲ့ပါတယ်။
AQမြင့်တဲ့သူတွေဟာဘဝမှာကြုံတွေ့ရတဲ့အခက်အခဲ(Obstacles)
တွေကို အခွင့်အလမ်း (Opportunities) တွေအဖြစ် အသွင်ပြောင်းလိုက်
နိုင်တဲ့သူတွေဖြစ်ပါတယ်။
လူတွေရဲ့နေ့စဉ်
Personal and Professional lives တွေမှာ အခက်အခဲတွေ တစ်ခုပြီး
တစ်ခုအမြဲတမ်းကြုံတွေ့ရပါတယ်။ ဒီအခက်အခဲ အများစုကို လူတွေက ထိန်းချုပ်မှု မ
လုပ်နိုင်ပါဘူး။
လုံးဝ ထိန်းချုပ်မှု လုပ်နိုင်တဲ့အရာတွေကတော့ ...
• ဘယ်လိုပြန်တုံ့ပြန်ကြမလဲ။
• ဘယ်လိုလိုက်ညှိကြမလဲ ဆိုတာဘဲဖြစ်ပါတယ်။
အချို့သော
Research Psychologists ပြောတာက လူတစ်ယောက်အနေနဲ့ ဘဝတ လျှောက်လုံးမှာ
အောင်မြင်မှုရဖို့ဆိုရင် IQ 20%၊ EQ 40% နဲ့ AQ 40% ပေါ်မှာမူတည်
နေတယ်လို့ပြောကြပါတယ်။
IQ နဲ့ EQ
တို့ရဲ့အခန်းကဏ္ဍကိုသိနေကြပြီးသားဖြစ်ကြလို့ ဒီနေရာမှာ AQ ကို အသားပေး
ပြီးပြောမှာ ဖြစ်ပါတယ်။AQ မြင့်ရင်လောကဓံတွေ ဘယ်လိုကြုံရကြုံရ
ဘဝကိုစွန့်လွှတ် ဖို့ဆုံးဖြတ်တာမျိုး မလုပ်ဖြစ်တော့ပါဘူး။ ဒီနေ့ခေတ်
ကာလအခြေအနေအရ AQ မြင့်ဖို့၊ ဘဝအခက် အခဲတွေကို တောင့်ခံနိုင်ဖို့
အလွန်လိုအပ်နေပါတယ်။
ဒါဆို
ကြုံလာသမျှအခက်အခဲတွေကို
အလိုက်သင့်ရင်ဆိုင်ဖြေရှင်းနိုင်တဲ့စိတ်နဲ့ကိုယ်ကို မွေးမြူနိုင်ဖို့၊
တစ်နည်းအားဖြင့် AQ မြင့်ဖို့အတွက် ဘယ်လိုပျိုးထောင်ကြမလဲဆိုရင်
အောက်ပါတို့ကိုပြုလုပ်ရန် လိုအပ်ပါတယ်။
AQ မြင့်မားလာအောင် ကျင့်သုံးနိုင်တဲ့နည်းဗျူဟာများ
• ဖွံ့ဖြိုးတိုးတက်မှုကိုဦးတည်တဲ့စိတ်နေစိတ်ထားမွေးပါ။
စွမ်းဆောင်ရည်တွေဆိုတာ
လေ့ကျင့်ရင်တိုးတက်နိုင်တာကို ကောင်းစွာယုံကြည် ပါ။
ဘဝမှာတွေ့ကြုံရတဲ့စိန်ခေါ်မှုအခက်အခဲတွေဆိုတာ ဖွံ့ဖြိုးတိုးတက်ရေးအ
တွက်အခွင့်အလမ်းများဖြစ်တယ်လို့ ယုံကြည်ပါ။ အဟန့် အတားဆိုတာ ကျော်
ဖြတ်နိုင်အောင် ကြိုးစားလိုက်တာနဲ့မိမိမှာတိုးတက်မှုတစ်ခုဖြစ်လာစေတာကို
လက်ခံယုံကြည်ပါ။ လုပ်နေတဲ့အလုပ်ပေါ်မှာ သေချာအာရုံစိုက်ထားပြီးလုပ်ပါ။
စိတ်နဲ့ကိုယ်ကပ်နေပါစေ။
• စူးစမ်းလေ့လာလိုတဲ့စိတ်ကို မွေးမြူပါ။
သတင်းအချက်အလက်အသစ်များကိုနိုးကြားတက်ကြွစွာစူးစမ်းရှာဖွေပါ။
မတူ တဲ့ရှု့ထောင့်အမြင်များ ကိုရှာဖွေလေ့လာပါ။သိလိုတာတွေအတွက်မေးခွန်း တွေ
မေးပါ။ မတူတဲ့ချဥ်းကပ်နည်းများကိုစူးစမ်းလေ့လာရှာဖွေပါ။အခြေအနေအရပ်
ရပ်ကို အမြဲစူးစမ်းပါ။
• အပြောင်းအလဲကိုပွေ့ဖက်ထားပါ။
အပြောင်းအလဲများကို
ဖွံ့ဖြိုးတိုးတက်ဖို့အတွက်အခွင့်အလမ်းများအဖြစ်မြင်ပြီး
အတွေ့အကြုံအသစ်များကို လိုလိုလားလားတက်ကြွစွာရှာဖွေလေ့လာပါ။ ကိုယ်
လုပ်လိုက်တဲ့အလုပ်တိုင်းအတွက် တာဝန်ခံစိတ်နဲ့လုပ်ပါ။
• စဥ်ဆက်မပြတ်သင်ယူလေ့လာပါ။
ဘဝတစ်သက်တာစဥ်ဆက်မပြတ်လေ့လာသင်ယူပါ။
ကျွမ်းကျင်မှုအသစ်များနှင့် အသိအမြင်အသစ်များကို ရအောင်သင်ယူလေ့လာပါ။
ကြုံလာတဲ့အခြေအနေ တွေမှာ လိုအပ်သလို ပြုပြင်အံဝင်နေနိုင်အောင်မိမိကိုယ်မိမိ
ပြင်ဆင်ထားရန် အ စဥ်လေ့လာသင်ယူနေပါ။
• အခြေအနေနှင့် လိုက်လျောစွာညှိယူရပ်တည်နိုင်ရန်ပြုပြင်ပြောင်းလဲပြီးနေပါ။
သင်ဖော်ဆောင်ထားတဲ့လုပ်ငန်းအစီအစဥ်များနှင့်နည်းဗျူဟာများကို ဖြစ်ပေါ်လာ တဲ့အခြေအနေများနှင့်အဆင်ပြေအောင် ပြောင်းလဲပြုပြင်ညှိုယူပါ။
• ဖိစီးမှုများကို ကောင်းစွာထိန်းသိမ်းပါ။
ဖိစီးမှုများဆိုတာ
ဘဝမှာရှောင်လွှဲလို့မရပါဘူး။ ဖြစ်လာတဲ့ဖိစီးမှုများကို ကောင်း
စွာထိန်းသိမ်းနိုင်ရန်ဖိစီးမှု ထိန်းသိမ်းတဲ့အပြုသဘောဆောင်ပြီး
ကောင်းတဲ့နည်း လမ်းများ ဖြင့် ထိန်းသိမ်း နိုင်အောင်လေ့လာသင်ယူထားပါ။
နှစ်လိုစရာမရှိတဲ့ အရာတွေကို ကြုံလာရင်
လည်းသတ္တိရှိစွာနဲ့လက်ခံနိုင်အောင်ကြိုး စားပါ။
• မိမိလုပ်ချက်များနှင့်ပတ်သက်ပြီးအခြေအနေမှန်ကို သိအောင်ရှာဖွေပါ။
မိမိအခြေအနေနှင့်ပတ်သက်ပြီးအခြေအနေမှန်ကိုသိခါပိုတိုးတက်အောင်
လုပ် ဆောင်နိုင်တဲ့နယ်ပယ်များကို ဖော်ထုတ်လျက် ထိုနယ်ပယ်များတွင် လိုအပ်သ
လိုတိုးတက်ပြောင်းလဲလာအောင်မိတ်ဆွေများအကူအညီရယူအား ထုတ်ပါ။ကိုယ့် ကိုယ်ကို
အမြဲတမ်းပြန်လည်သုံးသပ်မှုပြုပြီး ကိုယ့်အရည်အချင်းကို လိုတာ ထပ်
ဖြည့်နေပါ။
• လက်တွေ့လုပ်ဆောင်ကြည့်ပါ။
အသစ်အဆန်းတွေကို
လက်တွေ့လုပ်ကြည့်ရန်တွန့်ဆုတ်မနေပါနဲ့။ စိတ်မှာသက် သောင့်သက်သာရှိပါ။
အသစ်အဆန်းကို လက်တွေ့လုပ်ကြည့်ရင် အမှားအယွင်း ဆိုတာ ဖြစ်နိုင်တာကို
ချိန်ဆလျက်အ မှားများမှ သင်ယူနိုင်အောင်ကြိုးစားအား ထုတ်ပါ။
• အပြုသဘောဆောင်တဲ့စိတ်နေစိတ်ထားမွေးပါ။
စိန်ခေါ်မှုများကိုရင်ဆိုင်ဖြေရှင်းတဲ့အခါ
အပြုသဘောဆောင်တဲ့စိတ် နေစိတ်ထား မွေးပြီး
အခက်အခဲကိုကျော်လွန်ဖြေရှင်းနိုင်ဖို့ကို အလေး ထားပါ။
• မိမိရဲ့အခြေအနေမှန်ကိုသိပါ။
မိမိရဲ့
အားသာချက်များနှင့် ပြုပြင်ရန် လိုအပ်တဲ့အားနည်းချက်များကိုသိ အောင်ပြု
လုပ်လျက်ကြုံတွေ့လာတဲ့အခြေအနေနှင့် အံဝင်အောင်ပြုပြင် ကျော်လွန်နိုင်အောင်
မိမိကိုယ်မိမိတိုးတက်အောင်ပြုပြင်ပါ။
လုပ်ငန်းခွင်မှာAQ မြင့်မားလာအောင် ကျင့်သုံးနိုင်တဲ့နည်းဗျူဟာများ
လုပ်ငန်းခွင်မှာ အလုပ်လုပ်နေသူတွေ AQ မြင့်မားလာအောင် အောက်ပါနည်းလမ်း များကိုကျင့်သုံးနိုင်ပါတယ်။
•
အားလုံးစဥ်ဆက်မပြတ်လေ့လာသင်ယူတဲ့ယဥ်ကျေးမှုအစဥ်အလာကို ဖန်တီး ထားခြင်း -
အလုပ်လုပ်နေသူအားလုံးကို သူတို့အသိအမြင်နှင့် ကျွမ်းကျင်မှုများကို
အစဥ်အမြဲခေတ်မှီတိုးတက်နေအောင်ပြုလုပ်ထားရန် တိုက်တွန်းအားပေးပါ။
•
ဝန်ထမ်းများအချင်းချင်းပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ပေးခြင်း- မတူတဲ့
ဌာနများအချင်းချင်းအပြန်အလှန်ပူးပေါင်း လုပ်ဆောင်ပြီး တိုးတက် နေအောင်
ဆောင်ရွက်ရန် တိုက်တွန်းအားပေးပါ။
•
လက်တွေ့လုပ်ဆောင်မှုများပြုလုပ်နိုင်စေရန်အခွင့်အလမ်းများပေးခြင်း- ဝန်
ထမ်းများအနေဖြင့် စိတ်ကူးသစ်များကို လက်တွေ့လုပ်ဆောင်ကြည့်နိုင်စေရန်
ဖြစ်နိုင်တဲ့ဘေးကိုတွက်ဆပြီး ဘေးကင်းစွာလက်တွေ့စမ်းသပ်ကြည့်နိုင်တဲ့ အခွင့်
အလမ်းများပေးပါ။
•
ပွင့်လင်းစွာအပြန်အလှန်ဆက်သွယ်နိုင်မှုကိုအားပေးခြင်း-
စိန်ခေါ်မှုများနှင့် အခြေအနေမှန်အတိုင်း
ပြောဆိုခြင်းကိုပွင့်လင်းမြင်သာစွာအပြန်အလှန်ဆက် သွယ်
ပြောဆိုကြရန်တိုက်တွန်းအားပေးပါ။
မိတ်ဆွေများ AQ အားကောင်းအောင်လေ့ကျင့်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Wednesday, February 26, 2025
Adversity Quotient or Adaptable Quotient(AQ) Food for Thought 917 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment