Tuesday, February 18, 2025

မပြုပြင်ခင် ကလေးနှင့်ရင်းနှီးချစ်ခင်စွာဆက်သွယ်ပါ Food for Thought 700 ဒေါက်တာသိန်းလွင်

 No photo description available. 


ဒီနေ့ ကလေးများကို “မပြုပြင်ခင် ကလေးနှင့်ရင်းနှီးချစ်ခင်စွာဆက်သွယ်ပါ”ဆိုတဲ့မူကို အပြုသ ဘော ဆောင်တဲ့လေ့ကျင့်ပျိုးထောင်ရေးနည်းလမ်းတစ်ခုအဖြစ် Food for Thought 700 အဖြစ် မျှဝေချင်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။


မပြုပြင်ခင် ကလေးနှင့်ရင်းနှီးချစ်ခင်စွာဆက်သွယ်ပါ

ကလေးများနှင့်ရင်းနှီးစွာ ထိတွေ့မှုကိုမဖန်တီးထားဘဲ ကလေးများအပေါ်လွှမ်းမိုးနိုင်မှုမရှိကြောင်း သုတေသနအများက ထောက်ပြနေပါသည်။ ဦးနှောက်သုသေသနများအရ ကလေးများနှင့် ရင်းနှီး စွာထိတွေ့ဆက်သွယ်မှုရှိသောအခါ ကလေးများသည် အကောင်းဆုံးလေ့လာသင်ယူ နိုင် ကြပါ သည်။ ပိုင်ဆိုင်မှုရှိသည်ဟူသောစိတ်ခံစားမှုနှင့် အရေးပါမှုရှိသည်ဟူသောစိတ်ခံစားမှုတို့သည် အဓိကကျသောအချက်များဖြစ်ပါသည်။ ထိုအချက်သည်ဦးနှောက်ရော နှလုံးသား နှင့်ဆိုင်သော အချက်ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် မသင့်သော အပြုအမူကိုပြုပြင်ရန် ကိစ္စကို ခဏရပ်ထားပြီး ကလေးနှင့်အပြန်အလှန် ထိတွေ့ဆက်သွယ်မှု ကောင်းအောင် အရင်တည်ဆောက်ရသည် များရှိ ပါသည်။ အပြန်အလှန်ဆက်ဆံရေးကိုအရင်ဆုံးဖန်တီးတည်ဆောက်ယူရပါသည်။

ထိတွေ့ဆက်သွယ်မှုကောင်းသည့်အခါ ဘေးကင်းလုံခြုံမှု၊ အပြစ်တင်ကင်းမှုနှင့် ပွင့်လင်းမှုများ ဖြစ်လာစေပါသည်။အရေးယူအပြစ်ပေးခြင်း၊ အကြာကြီးဟောပြောနေခြင်း၊ ဝေဖန်ခြင်း၊ အကြာ ကြီး နားပူနာဆာပြုလုပ်ခြင်း၊ သို့မဟုတ်အရှက်ရအောင်ပြုလုပ်ခြင်းတို့သည် ခိုက်ရန်ဖြစ်စေမှု သို့မဟုတ် ကြောက်လန့်ထွက်ပြေးစေမှု သို့မဟုတ် ဘာမှမလုပ်တတ်တော့သည့်အခြေအနေမျိုးကို ရောက် စေတတ်ပါသည်။

မပြုပြင်ခင် ကလေးနှင့်ရင်းနှီးချစ်ခင်စွာဆက်သွယ်ပါဆိုသောအချက်နှင့်ပတ်သက်ပြီးအကောင်းဆုံး နမူနာမှာ “သားသမီးကိုတော့ချစ်ပါတယ်။ ဒါပေမဲ့ အဲဒါကိုတော့ မလိုက်လျောနိုင်ပါဘူး” ဆိုသော ပြောဆိုချက်ဖြစ်ပါသည်။ ထိုဥပမာမှာ ကြင်ကြင်နာနာခိုင်ခိုင်မာမာ ပြောဆိုဆက်ဆံသည့် နမူနာ ကောင်းဖြစ်ပါသည်။

ကလေးများနှင့် ဆက်သွယ်မှုရှိအောင် တည်ဆောက်နိုင်သောနည်းလမ်းများကိုမတင်ပြမီ ကလေး များ လိုအပ်သည့်အရာတိုင်းကို ပေးခြင်းမှာ ထိရောက်သည်ဟုထင်မြင်ယူဆနေခြင်းမှာ မမှန်ကန် ကြောင်းအရင်ဆုံးတင်ပြလိုပါသည်။ ကလေးကိုကယ်တင်နေခြင်း၊ သူ့ဘာသာလုပ်ဆောင်ရမည့် ကိစ္စများကို မိဘက လိုက်လုပ်ဆောင်ပေးနေခြင်းနှင့် လိုအပ်သည်ထက်လွန်ကဲစွာ အကာ အကွယ်ပေးနေခြင်းတို့သည် ကလေးနှင့် အဆက်အသွယ်ကောင်းအောင် ဖန်တီးရာမှာ ကောင်း မွန်မှန်ကန်သောနည်းလမ်းများမဟုတ်ပါ။ ကလေးနှင့်လူကြီးကြားတွင် ချစ်ခင်ရင်းနှီးစွာ ဆက်သွယ် မှုရှိသောအခါမှသာလျှင် အပြန်အလှန်ဆက်သွယ်ရေးမှာ ထိရောက်ပါသည်။ အပြုသဘောဆောင် သောကလေးများလေ့ကျင့်ပျိုးထောင်ပေးမှုဆိုင်ရာနည်းလမ်းများသည် ထိုဆက်သွယ်မှုကောင်း လာအောင် လိုအပ်သောကျွမ်းကျင်မှုများကို ပေးပါသည်။

ကလေးများနှင့်အတူရှိနိုင်အောင်အချိန်ယူပါ။ ထိုသို့အချိန်ယူနေသောအခါ အောက်ပါတို့ကိုဆောင် ရွက်ပေးပါ။
• နားထောင်ပေးပါ။ အသေအချာနားထောင်ပေးပါ။ သင်လုပ်နေသောကိစ္စကို အသာဘေး ဖယ်ထားပြီး သင့်ကလေးအတွက် လုံးဝအချိန်ပေးပါ။

• ကလေးမှာဖြစ်နေသောစိတ်ခံစားချက်မှာဖြစ်တတ်သောစိတ်ခံစားချက်ဖြစ်ကြောင်းထောက် ခံပြောပေးပါ။ မိမိကိုကောင်းစွာနားလည်သည်ဟု ခံစားရသောအခါ ကလေးနှင့်လူကြီး ကြား ကောင်းစွာဆက်သွယ်မှုဖြစ်လာပြီး လူကြီးတွေပြောသည်ကိုလည်းကောင်းစွာ နား ထောင်လာပါ တော့သည်။

• သင့်တော်သောအချိန်များတွင်သင့်ခံစားမှုများနှင့် အတွေးစိတ်ကူးများကိုမျှဝေပြောပြပါ။ ကလေးတွေဆိုသည်မှာ သူတို့ပြောသည်ကိုကောင်းစွာနားထောင်သောအခါ လူကြီးတွေ ပြောသည် ကိုလည်းကောင်းစွာနားထောင်တတ်ပါသည်။ လူကြီးကအရင်ကောင်းစွာနား ထောင်ပြရန်လိုအပ်ပါ သည်။ သင်ကပြောပြချင်သောအကြောင်းအရာတစ်ခုကို ကလေး အားချစ်ချစ်ခင်ခင်လေးလေး စားစားပြောပြသောအခါ လူကြီးနှင့် ဆက်သွယ်မှုရှိနေသည်ဟု နားလည်ခံစားရပါသည်။

• ဖြေရှင်းနိုင်မှုကိုသာအလေးထားပါ။ စိတ်အေးသွားသောအခါ ကလေးများနှင့်အတူ ဖြစ်နေ သောပြဿနာအဖြေရှာရေးကိုသာအလေးထားပါ။ ထိုသို့ဆောင်ရွက်ခြင်းသည် ကောင်း သော အပြန်အလှန်ဆက်သွယ်မှုရရှိရေးအတွက် အားကောင်းသောတံတားခင်းလိုက်ခြင်း ပင် ဖြစ်ပါ သည်။

• စူးစမ်းလိုမှုကိုနှိုးဆွပေးသောမေးခွန်းများမေးပေးပါ။ သို့မှသာ ကလေးများအနေဖြင့် သူတို့ ရွေးချယ်လိုက်မှုများကြောင့် ဖြစ်လာမည့်နောက်ဆက်တွဲအကျိုးဆက်များကို စဉ်းစား တတ်လာ မှာဖြစ်ပါသည်။ လူကြီးကနေပြီးနောက်ဆက်တွဲအကျိုးဆက်များကို ဖန်တီးပေး တာမျိုးမ လုပ်ပါနှင့်။ ရိုးသားမှန်ကန်စွာမေးသောမေးခွန်းများသည် ကျိုးကြောင်းဆက်စပ် သော စဉ်းစားမှု အသိနှင့်စိတ်ခံစားမှုတို့ကိုလည်းဆက်သွယ်မိစေပါသည်။

• ကလေးကိုနွေးထွေးချစ်ခင်စွာဖက်လိုက်ပါ။ လူတွေမှာအခြားမလို တစ်ယောက်နှင့်တစ် ယောက်နွေးထွေးစွာဖက်လိုက်မှုမျိုးသာလိုအပ်သည့်အချိန်တွေရှိပါသည်။

ဆက်သွယ်မှုရရှိခံစားရသောအခါ ကလေးများသည် လေးစားသောစိတ်ဖြင့် ပြုပြင်ပေးမှုများကိူ လက်ခံလာပါတော့သည်။ အပြုသဘောဆောင်သောလေ့ကျင့်ပျိုးထောင်ပေးမှုတွင် ပြုပြင်ပေးခြင်း သည် အစဉ်အလာအရ ပြုလုပ်သောပြုပြင်ပေးခြင်းနှင့် အလွန်ကွာခြားပါသည်။ အစဉ်အလာ အရပြုပြင်ပေးခြင်းတွင် အရေးယူအပြစ်ပေးခြင်းပြုလုပ်တတ်ပါသည်။ အပြစ်ပေးခြင်း၊ ဒဏ်ပေး ခြင်း၊ ဘယ်မှထွက်ခွင့်မပေးတော့ခြင်း၊ ပေးထားသောအခွင့်အရေးတွေကိုပြန်လည်ရုတ်သိမ်းခြင်းစ သည် တို့ပါဝင်ပါသည်။ တနည်းပြောရပါက အစဉ်အလာအရပြုပြင်ပေးခြင်းဖြစ်စဉ်တွင် လူကြီးက ကလေးကို တစ်ခုခုချုပ်ကိုင်ပြုလုပ်ပါသည်။ သို့သော်လည်းအပြုသဘောဆောင်သည့် လေးစားစွာ လေ့ကျင့်ပျိုးထောင်ပေးမှုတွင်ဖြစ်နိုင်သည့်အခါတိုင်းကလေးကိုပါဝင်ခွင့်ပေးပြီး အဖြေရအောင် ကလေးနှင့်အတူရှာပါသည်။

အဖြေထွက်လာအောင်ရှာသည့်နည်းလမ်းများမှာ မိသားစု (သို့) အတန်းတွင်းတွေ့ဆုံဆွေးနွေးပွဲ များဖြစ်ပါသည်။ပူးပေါင်းပြီးဖြေရှင်းချက်ကိုရှာပါသည်။ထိုနည်းလမ်းများသည် ကလေးများကိုလေး စားပြီး သူတို့ပါဝင်အကျိုးပြုနိုင်သောစွမ်းအားကောင်းသည့် နည်း လမ်းများဖြစ်ပါသည်။ ကလေး တွေအတွက် သူယူနိုင်ခွင့်များလည်းရပါသည်။ ပြုပြင်ပေးသည့် လုပ်ငန်းကို လုပ်ငန်းဖြစ်စဉ်တွင် တစ်စိတ်တစ်ပိုင်းပါဝင်စေပါသည်။
ကလေးတို့သည် လူကြီးနှင့်နွေးထွေးစွာဆက်သွယ်မှုရှိသည်ကိုခံစားရသောအခါ သူတို့စိတ်တွင် ပိုင်ဆိုင်မှုရှိပြီးတန်ဖိုးရှိသည်ဟုခံစားရစေပါသည်။ ထိုသို့စိတ်ခံစားမှုဖြစ်လာခြင်းသည်ပင် မသင့် သောအပြုအမူများရပ်စေပါတော့သည်။ ကလေးများကို ပြုပြင်ပေးသည့်အခါ လုပ်ဆောင် ရသည့် ဖြစ်စဉ်ပြပုံကိုအောက်တွင်ဖော်ပြထားပါသည်။

မိတ်ဆွေများကလေးများနှင့်အရင်ကောင်းတဲ့ဆက်သွယ်မှုရှီအောင် ပြုလုပ်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...