ဒီနေ့
ဗဒုတ်ရေလှောင်ကန်ကြီးပတ်လည်မှာ လမ်းလျောက် လိုက်ရလို့ခံစားရတာကို
မိတ်ဆွေများအတွက် Food for Thought 890 အဖြစ်မျှဝေလိုက်ပါတယ်။
ဟင်းကောင်းစားရတဲ့အခါ ချစ်ခင်သူတွေကိုသတိရတဲ့သဘောဖြစ်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
• ဗဒုတ်ရေလှောင်ကန်ကြီးဟာ၊
• ရေစက်ငယ်လေးပေါင်းသန်းပေါင်းများစွာ
• စုစည်းလို့သာဖြစ်ပေါ်လာ။
• ရေစက်လေးတစ်ပေါက်တိုင်းဟာ လူတစ်ယောက်လိုပါ။
• ကျယ်ဝန်းလှတဲ့လူမှုအသိုင်းအဝိုင်းပမာ။
• လိုအပ်သလိုသန့်စင်ပြီးတဲ့အခါ
• ဒိုအိမ်အထိရောက်လို့လာမှာ ဒီရေတွေပါ။
• ဒီရေတွေကို ကောင်းစွာသုံးနိုင်ဖို့ရာ၊
• လူတိုင်းမှာတာဝန်ရှိတာ။
• ရေကန်ကြီးသန့်ရှင်းအောင်ကွယ်
• လူတိုင်း ကြိုးစားတာဝန်ယူကြမယ်။
• ရေကန်ဘေးတစ်လျောက် စိုက်ထားတာ၊
• သစ်ပင်ကြီးပေါင်းမြောက်များစွာ၊
• တစ်ချို့ကငယ်ငယ် တချို့ကကြီးကြီး၊
• တချို့နေရာမှာသစ်ပင်တန်းက သုံးထပ်ပါ၊
• တစ်ပင်နှင့်တပင်ဟာ ခြေလှမ်း (၂၀)ခန့်ကွာ။
• ကန်ရေပြင်နဲ့သစ်ပင်တွေကြားမှာ မြက်ခင်းစိမ်းများစိုက်ထားတာ။
• စိမ်းလန်းနေတောကြည့်ရတာ၊ မျက်စိအေးလှတာ။
• တချို့က ဖြေးဖြေးမှန်မှန် လမ်းလျောက်တာ။
• တစ်ချို့ကတော့ သွက်သွက်ကလေးလျောက်ကြတာ။
• တချို့ကတော့ မှန်မှန်လေး ပြေးနေကြတာ။
• လမ်းဘေးမြက်ခင်းစပ်မှာ အပန်းဖြေနားထိုင်ဖို့ရာ၊
• ထိုင်ခုံလေးများစီစဥ်ပေးတာ၊ သစ်ပင်ကြီးတချို့အောက်ဘက်မှာ။
• အများအတွက်စဥ်းစားပေးတဲ့ စိတ်ထားရင်းခံကောင်းလိုက်တာ။
• သစ်ရိပ်လေးတစ်လျောက် လမ်းလျောက်ရတာ၊
• စိတ်အေးကြည်သာချမ်းမြေ့တာ။
• လျောက်လမ်းတလျောက်ခင်းထားတာ၊
• ကျောက်ဖြူငယ်ငယ်လေးတွေနဲ့သဲဖြူလေးတွေရောလို့ပါ။
• လေတိုက်တဲ့အခါ ဖုန်မထပါ။
• လေနုအေးကို တဝကြီးခံစားနိုင်ကြတာ။
• ငှက်ကလေးများ အော်တဲ့အသံသာ တစ်ခါတစ်ခါ ကြားရတာ။
• လမ်းမတန်းမှာကားကြီးကားငယ်ပြေးနေတာ။
• ဘာဟွန်းသံမှမကြားရပါ။
• ဝန်းကျင်တခွင်လုံးတိတ်ဆိပ်ငြိမ်သက်တာ။
• ကြည်လင်တဲ့ရေမှာကွယ်သစ်ပင်ရိပ်များ ထင်နေတယ်။
• တိမ်တိုက်များကလည်း ကန်ရေပြင်မှာ သူတို့အလှကို ကြည့်ရင်းပြုံးနေကြတယ်။
• လှိုင်းရိပ်လေးများနဲ့အတူသာကွယ်၊သစ်ရိပ်များ သက်ဝင်လှုပ်ရှားယိမ်းကနေကြတာ။
• ငြိမ့်ငြိမ့်သာသာညင်သာမှုကအပြည့်ပါ။
• လမ်းလျောက်သူများကို လက်များဝှေ့ကာ ကြည်ကြည်သာသာ နှုတ်ဆက်နေသလိုပါ။
• နောက်တစ်ခါလာလှည့်ပါ။ လမ်းလျောက်ပါ။ ဝန်းကျင်အလှကိုခံစား လှည့်ပါ။
• မိတ်ဆွေများကိုဖိတ်ခေါ်တဲ့ပမာ၊
• ကြည်နူးချစ်စရာ။
• တခါကြုံဘူးရင် တစ်သက်မမေ့စရာ။
• ဗဒုတ်ရေကန်ဘေးလမ်းလျောက်ရတာ။
မိတ်ဆွေများ ကြည်နူးတဲ့ခံစားမှုများ ခံစားနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Tuesday, February 18, 2025
ဗဒုတ်ရေလှောင်ကန်ကြီးပတ်လည်မှာ လမ်းလျောက် လိုက်ရလို့ခံစားရတာကို မိတ်ဆွေများအတွက် Food for Thought 890 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment