ဒီနေ့ ဘဝမှာ ဘယ်လိုနေထိုင်ကြမလဲဆိုတာကို Food for Thought 891 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိန်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
ဘယ်လိုနေကြမလဲ
•
ဖြစ်သလိုနေရင် နေသလို ဖြစ်လာကြမှာဖြစ်ပါတယ်။ ကောင်းကောင်းနေရင်
ကောင်းတာတွေဖြစ်လာမှာ ဖြစ်ပြီး ဆိုးအောင်နေရင်ဆိုးတာတွေဖြစ်လာမှာဖြစ်ပါတယ်။
ကောင်းအောင်နေရတာက ထိန်းသိမ်း စောင့် ရှောက်မှုသည်းခံမှု့ဖြင့်နေရတဲ့အတွက်
ခက်ခဲပါတယ်။ ခက်ခဲပေမဲ့စောင့်ဆည်းထိန်းသိမ်းစောင့် ရှောက်မှုကြောင့်
ကောင်းတဲ့အကျိုးဆက်များဖြစ်လာစေပါတယ်။
ထိန်းသိမ်းစောင့်ဆည်းမှုမရှိဘဲနေခြင်း ကတော့ လွယ်ကူပါတယ်။
လွယ်ကူပေမဲ့ဆိုးတဲ့အကျိုးဆက်များက လိုက်လာမှာဖြစ်ပါတယ်။ ဒါကြောင့်
အလွယ်လိုက်ရင်အခက်ကြုံတတ်တယ်လို့ ပြောကြတာဖြစ်ပါတယ်။ အနေကောင်းရင်အသေကောင်း
မှာဖြစ်ပြီး အနေဆိုးရင်အသေဆိုးနဲ့ကြုံရမှာဖြစ်ပါတယ်။ အနေကောင်းရင်သေတဲ့အခါ
စိတ်မှာပူပင် သောကရောက်တာမျိုး၊
ကြောက်လန့်နေတာမျိုးတွေကင်းကင်းနဲ့သေနိုင်မှာဖြစ်ပါတယ်။ အနေဆိုးနဲ့နေ
ခဲ့ရင်တော့ သေခါနီးရင် စိတ်မှာပူပန်မှုတွေ။ သောကရောက်မှုတွေ၊
ထိပ်လန့်ကြောက်ရွံ့မှုတွေနှင့် သေရ မှာဖြစ်ပါတယ်။
အနာတပိန်ရဲ့သမီးအငယ်ဆုံးမှာရောဂါပြင်းထန်စွာခံစားနေရတဲ့အခါ အနာတပိန်သူဌေး
ကသမီးကိုသွားကြည့်ပါတယ်။ သမီးက ဖခင်ကိုတွေ့တဲ့အခါ “ပြုံးပြီး “ငါ့မောင်”
ဆိုတဲ့စကားကိုသုံးပြီး ဖခင်ကိုနောက်ဆုံးစကားပြောသွားခဲ့ပါတယ်။ အနာတပိန်က
သူ့သမီးဟာ နေထိုင်မကောင်းလို့ ကယောင်
ကတမ်းစကားတွေပြောတယ်လို့ထင်နေခဲ့ပါတယ်။ ဘုရားကိုမေးလျောက်ကြည့်တော့မှာ
ကယောင်က တမ်း ပြောခြင်းမဟုတ်၊ ဖခင်က တရားအဆင့် အားဖြင့်
သောတာပန်သာဖြစ်နေတဲ့အတွက် သူ့ထက်နိမ့် နေသေးလို ဆုံးမတဲ့အနေနဲ့ “ငါ့မောင်”
ဆိုတဲ့စကားသုံးပြီးသေခါနီးဆုံးမတာဖြစ်ကြောင်း မြတ်စွာဘုရား ကရှင်းပြတော့မှ
အနာတပိန်ကနားလည်သွားခဲ့ရပါတယ်။ ဆိုလိုတာက မြတ်သောနေထိုင်မှုဖြင့်နေခဲ့သူ
ဟာသေခါနီးမှာကြောက်တဲ့စိတ်၊ စိုးရိမ်စိတ်ကင်းကင်းနဲ့ပြုံးပြီးဖခင်ကိုပင်
တရားသဘောဖြင့် ဆုံးမနိုင် ပါတယ်။
•
ပေးကမ်းစွန့်လွှတ်ခြင်းနဲ့နေခြင်းက
မိမိအတွက်သာလိုချင်နေတဲ့လောဘစိတ်နဲ့နေခြင်းထက် မြတ်ပါ တယ်။
ပေးကမ်းစွန့်ကျဲခြင်းက မိမိအတွက်ရယူခြင်းထက် ခက်ခဲပါတယ်။ ပေးကမ်းတဲ့အခါ
ကောင်း တာကိုပေးမယ်စိတ်ကူးထားပေမဲ့တကယ်ပေးကမ်းတဲ့အခါ
မကောင်းတာကိုပေးတတ်ကြပါတယ်။ အစ ကများများပေးမယ်လို့စိတ်ကူးထားတာ
တကယ်ပေးတော့ နည်းနည်းသာပေးတတ် ကြပါတယ်။
ပေးကမ်းမယ်လို့စိတ်ကူးထားပြီးမပေးတော့တာမျိုးလည်းဖြစ်တတ်ပြန်ပါတယ်။
ပေးကမ်းပြီးမှနှမျော နေတဲ့စိတ်မျိုးလည်းဖြစ်နေတတ်ပါတယ်။
မပေးမိရင်အကောင်းသားဆိုပြီးစိတ်မှာ နောင်တရနေတာ မျိုးလည်းဖြစ်နေတတ်ပါတယ်။
ပစ္စည်းဥစ္စာတွေအများကြီးပိုင်ဆိုင်မှုက မိမိသေတဲ့အခါ ထိုပစ္စည်းတွေ
အားလုံးကိုချန်ထားခဲ့ရမှာသာဖြစ်ပါတယ်။
လိုအပ်သူတွေအဆင်ပြေအောင်ပေးကမ်းစွန့်ကျဲခြင်း က တော့ မိမိပိုင်ပစ္စည်းဖြင့်
သူတစ်ပါးသက်သာအောင် ကူညီတာဖြစ်လို့ ကောင်းမြတ်ပါတယ်။
•
မိမိကိုယ်မိမိစောင့်ထိန်းတဲ့နေခြင်းက
မစောင့်ထိန်းဘဲနေချင်သလိုနေခြင်းထက်မြတ်ပါတယ်။ မစောင့် စည်းဘဲနေချင်သလိုနေ၊
ပြောချင်သလိုပြောနေရင်မိမိသူတစ်ပါးနှစ်ဦးသားအတွက် မကောင်းတာတွေ၊
အကျိုးပျက်တာတွေသာဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့မိမိကိုယ်ကို စောင့်
ထိန်းပြီးသည်းခံနေထိုင်ခြင်းက တော့ မိမိသူတစ်ပါးအကျိုးမပျက်စီးအောင်
စောင့်ရှောက်ခြင်း ဖြစ်စေပါတယ်။ ဥပမာ မနက်အစောကြီး မှာ သီချင်းတွေကို
စပီကာကြီးနဲ့ အကျယ်ကြီးဖွင့်ပြီးနားထောင်ခြင်းကမိမိလိုချင်တာကို
လုပ်ခြင်းသာဖြစ် ပါတယ်။ အဲဒီလိုလုပ်လိုက်ရင်အခြားသူတွေအတွက် ဘယ်လို
ထိခိုက်နိုင်မယ်ဆိုတာကိုမစဥ်းစားဘဲ လုပ် ဆောင်ခြင်းသာဖြစ်ပါတယ်။
အဲဒီလိုလုပ်ဆောင်ခြင်းမှာမစောင့် ထိန်းဘဲလုပ်ဆောင်ခြင်းသာဖြစ်ပါ တယ်။
နောက်ဥပမာတစ်ခုကလည်းမိမိခြံမှထွက်လာတဲ့အမှိုက်တွေကို
အမှိုက်ပစ်တဲ့နေရာသွားမပစ်ဘဲ
ခြံနောက်ဘက်အိမ်နီးချင်းခြံထဲညဘက်မှာစွန့်ပစ်တာကလည်း
မစောင့်ထိန်းတဲ့သဘောပင်ဖြစါပါတယ်။ မိမိခြံတော့သန့်ရှင်းစေ။ သူတစ်ပါးခြံတော့
ဖြစ်ချင်သလို အမှိုက်တွေရှိစေဆိုတဲ့မကောင်းစိတ်နဲ့ပြု
လုပ်ခြင်းပင်ဖြစ်ပါတယ်။
•
မိမိခန္ဓာမှာဖြစ်ပျက်နေတာကို ဖြစ်နေတဲ့အတိုင်း သိနေအောင်သတိဖြင့်
နေထိုင်ခြင်းက သတိမရှိဘဲ အာရုံတွေနောက် တကောက်ကောက်လိုက်လျက်
သတိလက်လွတ်နေခြင်းထက်မြတ်ပါတယ်။ မိမိ ခန္ဓမှာဖြစ်ပျက်နေတာတွေကို
ဖြစ်ပျက်နေတဲ့အတိုင်း သိနေအောင် နေထိုင်ခြင်းကိုသတိဖြင့်နေထိုင်ခြင်း လို့
သတ်မှတ်ပါတယ်။ သတိဖြင့် နေထိုင်ခြင်းကဘယ်လိုအကျိုးပြုသလဲဆိုတော့
“ကြည်လင်ရုပ်ဆင်း၊ သည်းခံခြင်း၊ ကျိုးရင်းနှစ်တန်၊ သတိပဌာန်” လို့
သတိဖြင့်နေထိုင်ခြင်းရဲ့အကျိုးများကို လမ်းညွှန်ပြကြပါ တယ်။
သတိလက်လွတ်နေထိုင်ခြင်းကို ဥပမာအားဖြင့် ချိုးကြာငှက်ကြီးအသက်ကြီးလို့
အတောင်တွေ ကျိုးပြီးဟိုပျံဒီပျံမပျံနိုင်တော့တဲ့အချိန်မှာ
သူကျက်စားတဲ့ရေအိုင်မှာလည်း ရေကခန်းခြောက်ပြီးငါး လည်း မရှိတော့တဲ့အတွက်
နောင်ဆုံးသေပွဲဝင်ရတာ့တူကြောင်းဥပမာပေးကြပါတယ်။ စားစရာမရှိ၊
အတောင်ကျိုးနေတဲ့အတွက်အခြားရေအိုင်ရှိတဲ့နေရာကိုလည်း မပျံသန်းနိုင်၊
ဗိုက်ကလည်းအလွန်ဆာ လောင် နေတဲ့ချိုးကြာငှက်ကြီးဟာ
ဘယ်လိုစိတ်ခံစားမှုများရှိမလဲဆိုတာ စာဖတ်သူများစဥ်းစားကြည့်နိုင် ကြပါတယ်။
• ဒါကြောင့် ပေးကမ်းခြင်းနှင့်နေကြမှာလား။ မိမိအတွက်ရယူခြင်းနဲ့သာနေကြမှာလား။
• စောင့်ထိန်းခြင်းနှင့်နေကြမှာလား။ ဖြစ်သလိုနေချင်သလိုနေကြမှာလား။
• တရားဘာဝနာအားထုတ်ပြီး သတိဖြင့်နေကြမှာလား။ ချိုးကြာငှက်ကြီးလိုနေကြမှာလား။
မိတ်ဆွေများ မြတ်တဲ့နေထိုင်နည်းဖြင့် နေထိုင်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိန်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Tuesday, February 18, 2025
ဘဝမှာ ဘယ်လိုနေထိုင်ကြမလဲ Food for Thought 891
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment