Monday, February 24, 2025

မိမိကိုယ်မိမိဖျက်စီးနေတဲ့အလေ့အကျင့် (၂၁) ခု Food for Thought 791

 No photo description available.


ဒီနေ့ “မိမိကိုယ်မိမိဖျက်စီးနေတဲ့အလေ့အကျင့် (၂၁) ခုအကြောင်းကို Food for Thought 791 အဖြစ်မျှဝေချင်ပါတယ်။ 
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

မိမိကိုယ်မိမိဖျက်စီးနေတဲ့အလေ့အကျင့် (၂၁) ခု

အောက်ဘက်တွင်ဖော်ပြထားတဲ့အလေ့အကျင့် (၂၁)ခုမှာ မိမိကိုယ်မိမိ‌ဖျက်စီးနေတဲ့အလေ့အကျင့်များ ဖြစ်တဲ့အတွက် အဲဒီအလေ့အကျင့်တွေသင့်မှာရှိနေရင် အမြန်ဆုံးဖျောက်ဖျက်ရန် လိုအပ်ပါတယ်။

၁။ ဖန်သားပြင်မှာတွေ့တာတွေကို ဟိုရွှေ့ဒီပြောင်း လုပ်တဲ့အလေ့အကျင့်
လူမှုကွန်ယက်မှာတွေ့တာတွေကို ကြည့်ပြီး ဟိုပြောင်းဒီရွှေ့လုပ်တဲ့အလေ့အကျင့်မှာ လည်း အချိန် တွေ သာ ကုန်ပြီး ဘာမှအကျိုးမရှိတဲ့အလုပ်ဖြစ်တတ်ပါတယ်။ အဲဒီလို လုပ်ဆောင်နေတဲ့အလေ့အကျင့် ကြောင့် လူ အချင်းချင်းအပြန်အလှန် ဆက်ဆံရေးမှာများစွာထိခိုက်စေတတ်ပါတယ်။ ဒါကြောင့် အဲဒီလိုအချိန်တွေကုန် စေတဲ့အလေ့အကျင့် ကိုလည်းပယ်ဖျက်ရန် လိုအပ်ပါတယ်။

၂။ နှိုးစက်မှအချက်ပြတဲ့အသံပေးတဲ့အခါ နှိးစက်ကိုပိတ်တတ်ခြင်း
အိပ်ယာမှထရန်နှိးစက်အချိန်သတ်မှတ်ထားပါက နှိးစက်အသံရပ်သွားတာနှင့် အိပ်ယာမှထရန် လိုအပ် ပါတယ်။ နှိးစက်မှာအသံထွက်လာတာနဲ့ အိပ်ယာမှထတဲ့အလေ့အကျင့် ကို ‌လေ့ကျင့် ယူသင့်ပါတယ်။ နှိးစက်မှာအချက် ပေးရန်အချိန်သတ်မှတ်ထားပြီး အချက်ပေးတဲ့အသံထွက်လာတာနဲ့ နှိးစက်ကို ပိတ်လိုက်ပြီးဆက်အိပ်နေတဲ့အ လေ့ အကျင့် မှာဆိုးတဲ့အလေ့အကျင့် ဖြစ်ပါတယ်။ အဲဒီအလေ့အကျင့်မျိုးသင့်မှာရှီနေရင်ဖျောက်ရန် လိုအပ် ပါတယ်။

၃။ အကျင့်ဆိုးတွေနှင့် အချိန်စွဲနေခြင်း
ကျွန်ုပ်တို့တတွေဟာ မိမိကိုနောက်ပြန်ဆွဲနေတတ်တဲ့လူတွေနဲ့ခပ်ခွါခွါနေဖို့ရန် ခက်ခဲနေတတ်ကြပါတယ်။ တစ်ချို့ သူငယ်ချင်းများနှင့် အဆက်အသွယ်ဖြတ်ရန်စိတ်ထဲမှာ ဝန်လေးနေတတ်ကြပါတယ်။ အဲဒီသူငယ် ချင်းတွေက မိ မိ အတွက် ပိုဆိုးတဲ့လူမျိုးဖြစ်အောင် ပြုလုပ်နေမှန်းသိတာတောင်အဆက်ဖြတ်ရန်ဝန်လေးနေတတ်ကြပါတယ်။ မိတ်ဆွေအပေါင်းအသင်းဆိုတာ အခြေအနေအရဖြစ်လာကြတာပါ။ သူနဲ့ကိုယ်နဲ့တူညီ ချက်တစ်စုံ တစ်ခုရှိတဲ့ အတွက် အဲဒီလူနဲ့အလိုအလျောက်ထာဝရမိတ်ဆွေဖြစ်ရန် မလိုအပ်ပါ။

၄။ မိမိကိုယ်မိမိလိမ်ညာနေခြင်း
မိမိကိုယ်မိမိမလိမ်ညာပါနှင့်။ သင့်အနေဖြင့် လုပ်ချင်တာကို လုပ်ပါ။ ပြောချင်တာကိုပြောပါ။ နေချင်တဲ့ပုံစံ မျိုး နေထိုင်ပါ။ တစ်စုံတစ်ခုကိုသဘောမတူဘူးဆိုရင်သဘောမတူကြောင်း ပြောပြပါ။ သို့မဟုတ် ဘာမှမပြော ဘဲ သာသာနေပါ။ အဆိုးဆုံးမှာမိမိကိုယ်မိမိလိမ်ညာနေခင်းဖြစ်ပါတယ်။

၅။အိပ်ယာထတာနဲ့တယ်လီဖုန်းကိုစစ်ဆေးတဲ့အလေ့အကျင့်
အဲဒီလိုအလေ့အကျင့်သင့်မှာရှိနေပြီဆိုရင် သင်ဟာသင့်အတွက်အရေးမကြီးတဲ့ကိစ္စတွေအတွက်အချိန်တွေကုန် နေမှာဖြစ်ပါတယ်။ ပြီးတော့ သင်အနေဖြင့် တယ်လီဖုန်းကို တစ်နေ့လုံးစစ်ဆေးနေတာမျိုးဖြစ်လာပါလိမ့်မယ်။ သင့်အနေနှင့် ဘယ်ရောက်နေတယ်၊ ဘာတွေလုပ်နေတယ်ဆိုတာကို တလောကလုံးကို ဘာကြောင့် အသိပေးရန် လိုအပ်ပါသလဲ။အိပ်ယာမှနိုးတဲ့အချိန်မှ ပထမ (၁) နာရီကို တယ်လီဖုန်းကို စစ်ဆေးခြင်းမရှိဘဲ နေတဲ့အလေ့အ ကျင့် ကို လေ့ကျင့် ကြည်ပါ။ အဲဒီလိုအလေ့အကျင့် လုပ်နိုင်ပြီဆိုရင် သင့်အတွက်အများကြီးအေးချမ်းမှုရှိမှာဖြစ် ပါတယ်။

၅။ အိမ်တွင်းမှာသွားတဲ့အခန်းတိုင်းသို့ တယ်လီဖုန်းကိုယူသွားခြင့် အလေ့အကျင့်
သင်သွားတဲ့နေရာတိုင်းသို့တယ်လီဖုန်းကို ယူးသွားရန်မလိုအပ်ပါဘူး။ သင်ဟာအိမ်သာတက်ရင် တယ်လီဖုန်းကို ကြည့်နေတတ်ပါသလား။ ဘာမှမယ်မယ်ရရမရှိတဲ့တယ်လီဖုန်းမှလာနေတဲ့သတင်းတွေပုံတွေကိုကြည့်နေရင်း အချိန်တွေကုန်သွားတာကိုတွေ့လာရမှာဖြစ်ပါတယ်။ အဲဒီလိုဖြစ်ရတာက တယ်လီဖုန်းကို တစ်နေကုန်လက်ထဲ ကိုင် ထားတဲ့အကျင့် ကြောင့် ဖြစ်ပါတယ်။ အဲဒီအလေ့အကျင့် ကိုလည်းပယ်ဖျောက်ရန် လိုအပ်ပါတယ်။

၆။သကြားတွေများများစားတဲ့အကျင့်
သကြားများများစားတာလူအတော်များများမှာဖြစ်နေပါတယ်။ သကြားများများစားခြင်းမှာ ကျန်းမာရေးအတွက် မ ကောင်းပါ။ ရာနှုန်းပြည့်နီးပါက သကြားများများစားခြင်းကိုမစွန့်လွှတ်လိုကြပါဘူး။ ဒါပေမဲ့သိထားသင့်တဲ့အ ချက်မှာ “သကြားများများစားခြင်းက စားသူကိုသတ်နေခြင်းပင်ဖြစ်နေကြောင်း”သိထားသင့်ပါတယ်။

၇။ နောက်ကျတဲ့အလေ့အကျင့်
နောက်ကျတတ်တဲ့အလေ့အကျင့်မှာ မကောင်းပါ။ အဲဒီအတွက် ဘာမှဖြေရှင်းချက်ပေးနေစရာမလိုပါဘူး။ နောက်မကျအောင် ကြိုတင်ပြင်ဆင်တဲ့အလေ့အကျင့် ပြုလုပ်ခြင်းဖြင့် နောက်ကျမှုမရှိအောင် ပြုပြင် ရ မှာဖြစ်ပါတယ်။

၈။ အဆိုးဆုံးဖြစ်လာမယ်လို့ မှန်းဆထားတဲ့အလေ့အကျင့်
အဲဒီလို အဆိုးဆုံးဖြစ်လာလိမ့်မယ်လို့ မှန်းဆထားတတ်တဲ့အလေ့အကျင့်မှာ မိမိကိုယ်မိမိဖျက်စီးနေတဲ့အလေ့ အကျင့် တစ်မျိုးပင်ဖြစ်ပါတယ်။ ဒါကြောင့်အဲဒီလို အပျက်သဘောဆောင်တဲ့စိတ်မျိုး၊ မိမိကိုယ်မိမိပြန်ပြော နေမှုမျိုးဖြစ်လာပါက ထိုအခြေအနေကိုပြုပြင်လိုက်ပါ။ အကောင်းဆုံးပြင်ဆင်ထားရင် အဆိုးဆုံအနေအထား ဖြစ်လာဖို့အလားအလာနည်းသွားပါတယ်။ကောင်းစွာပြင်ဆင်မထားရင်တော့ ပြင်ဆင်မထားတဲ့အတိုင်း အ‌ ခြေအနေတွေဖြစ်လာမှာဖြစ်ပါတယ်။

၁၀။ မတောင်းခံပါဘဲလျက် မခိုင်မာတဲ့အကြံပေးနေတဲ့အလေ့အကျင့်
တစ်ချို့မှာ အကြံမတောင်းခံပါဘဲလျက် အကြံတွေပေးနေတတ်ကြပါတယ်။ ပေးတဲ့အကြံကလည်း ခိုင်မာတဲ့ သဘောမရှိပါ။ တောင်းခံခြင်းမရှိဘဲအကြံပေးတာမျိုးမပြုလုပ်ပါနဲ့။

၁၁။ အချိန်တိုင်း ဟုတ်ကဲ့ခင်ဗျာ့ခေါင်းငြိမ့်ပြတတ်တဲ့အလေ့အကျင့်
တစ်ချို့ လူတွေက သူတို့ပြောတာကို အချိန်တိုင်း ဟုတ်ကဲ့ခင်ဗျာ့ခေါင်းငြိမ့်ပြတတ်မှ သဘောကျသူများလည်း ရှိကြပါတယ်။ အမှန်တကယ်သဘောမကျပါဘဲလျက် ဟုတ်ကဲ့ခင်ဗျာ့ လို့ပြောလိုက်ခြင်းမှာ မိမိကိုယ်မိမိလိမ်ညာ နေရာလည်းရောက်ပါတယ်။ (ဒါနဲ့ပတ်သက်လို့ဖြစ်ရပ်တစ်ခုကိုကြုံဘူးပါတယ်။ အဲဒီလူကြီးက ဘွဲ့တံဆိပ်တစ်ခု ကို ချီးမြှင့်ခံရပါတယ်။ ဒါနဲ့ ဆရာကြီးကဘွဲ့တံဆိပ် ဘာကြောင့်ရတာလဲလို့မေးကြည့်တော့ အဲဒီလူကြီးက ရယ် စရာသဘောမျိုးဖြင့် “ကျွန်တော်က ပြောတိုင်း ဟုတ်ကဲ့ခင်ဗျာ့လို့ပြောတဲ့အပြင် ခေါင်းကိုပါညှိမ့်ပြလို့ ရတာဖြစ် ပါ တယ်”လို့ပြောတာကိုပြန်လည်မှန်မိနေပါသေးတယ်။)

ခေါင်းညှိမ့်ပြမှဖြစ်မယ်ဆိုပြီးစိတ်ထဲမှာခံစားရတဲ့အတွက်ခေါင်းညှိမ့်ပြတာမျိုးမပြုလုပ်ပါနဲ့။ သို့မဟုတ် ခေါင်း ညှိမ့်မပြလိုက်ရင် တစ်ယောက်ယောက်ကို စိတ်ပျက်သွားတာမျိုးဖြစ်မှာစိုးရိမ်တဲ့အတွက် ခေါင်းညှိမ့်ပြတာ မျိုး လည်းမပြုလုပ်ပါနဲ့။ အဲဒီလိုခေါင်းညှိမ့်ပြတဲ့အလေ့အကျင့်ရှိလာရင်အလားတူအ‌ခြေအနေမျိုးတွေဖြစ်လာ စေနိုင် ပါတယ်။

၁၂။ အရာရာတိုင်းကို မလုပ်နိုင်ဘူးလို့ပြောနေတဲ့အလေ့အကျင့်
အရာရာတိုင်းကို မလုပ်နိုင်ဘူးလို့ ပြောနေတဲ့အလေ့အကျင့်ကလည်းမရှိသင့်ပါဘူး။ ဘဝဆိုတာ မျှတပြီးဟန်ချက် မိဖို့ လိုအပ်ပါတယ်။ နေရာတိုင်းမှာ ဟုတ်ကဲ့ခင်ဗျာ့ခေါင်းညှိမ့်ပြတဲ့လူမျိုးမဖြစ်ရန် လိုသလို ဟင့်အင်းဆိုပြီးခေါင်း ခါထုတ်တာမျိုးလည်းအစဥ်မဖြစ်သင့်ပါဘူး။ အဲဒီနှစ်ခုကြားမှာ ဟန်ချက်မိတဲ့အနေအထားရှိအောင်လေ့ကျင့်ပါ။

၁၃။ အကြောင်းအမျိုးမျိုးပြတတ်တဲ့အလေ့အကျင့်
ကျောင်းသာတစ်ယောက်က “ငါ့ခွေးက ငါလုပ်ထားတဲ့အိမ်စာတွေကို စားလိုက်တဲ့အတွက် အိမ်စာတွေကို မပြ နိုင်ပါဘူး” လို့အကြောင်းပြတဲ့အခါ ကြားရသူတိုင်းကအဲဒီလိုအကြောင်းပြတာမျိုးကို ဟားတတ်ကြပါတယ်။ သိပ်ပင်ပန်းနေလို့ အလုပ်တွေမပြီးကြောင်း အကြောင်းပြတာကလည်းအထက်ပါအကြောင်းပြချက်လိုသဘော သာ ဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးပြတတ်တဲ့အလေ့အကျင့်ကို ပယ်ဖျောက်ပါ။

၁၄။ ရုံးမှာရုပ်မြင်သံကြားအစီအစဥ်တွေကြည့်ရလွန်းလို့အချိန်တွေကုန်ပြီးထုတ်လုပ်နိင်စွမ်းတွေကျကုန်ပါတယ် လို့ပြောတဲ့ အလေ့ အကျင့်
တစ်ချို့က မိမိအနေဖြင့် ကောင်းစွာလုပ်ကိုင်နိုင်မှုမရှိတာကို ရုံးမှထားတဲ့ရုပ်မြင်သံကြားအစီအစဥ်တွေကြည့် နေ ရ လို့ ထုတ်လုပ်နိုင်မှုမရှိဘဲအချိန်တွေကုန်နေပါတယ်လို့ မဆိုင်တာကိုလွဲပြီး အကြောင်းပြတတ်ကြပါတယ်။ ရုပ် မြင်သံကြားကို အချိန်ကြာအောင်ကြည့်တာက မျက်စိကိုလည်းနာစေပြီး၊ ဦးနှောက်ကိုလည်း ထိခိုက်စေပါတယ်။ အိပ်ဖို့အတွက်လည်းအခက်အခဲဖြစ်စေပါတယ်။ ပြီးတော့ မဆိုင်တဲ့အကြောင်းကို ပြခြင်းမျိုးလည်းမလုပ်သင့် တဲ့အလေ့အကျင့် ဖြစ်ပါတယ်။ ရုပ်မြင်သံကြားစက်ကိုအချိန်ကုန်အများကြီးခံပြီးကြည့်တာထက် စာအုပ်ဖတ်တာ က ပိုအကျိုးများစေပါတယ်။

၁၅။ မဆိုင်တာကို ဝေဖန်ပြစ်တင်တတ်တဲ့အလေ့အကျင့်
လူတွေက အခြားလူတွေကိုအများကြီးဝေဖန်ပြစ်တင်တတ်ကြပါတယ်။ သူများလုပ်ထားတာကိုအပြစ်တင်ပြီးမိမိ ဆိုရင် အဲဒါထက်ပိုကောင်းအောင်လုပ်နိုင်ကြောင်းပြောတတ်ကြပါတယ်။ အခြားလူတွေလုပ်ထားတာကို ညံ့ဖျင်း ကြောင်း မကောင်းကြောင်း၊ အပြစ်တင်တတ်ကြပါတယ်။ အဲဒီလိုသူများကို လက်ညှိုးထိုးပြီးအပြစ်တင်တတ် သူ တွေဟာမိမိကိုယ်မိမိဖျက်စီးနေတာနဲ့တူပါတယ်ဂ ဘာကြောင့် လဲဆိုတော့ သူများကို လက်ညှိုးတစ်ချောင်းထိုးပြီး အပြစ်ပြောနေတဲ့အချိန်မှာ ကျန် လက်တွေကမိမိဘက်သို့ ညှန်ပြနေတဲ့အတွက် ဖြစ်ပါတယ်။ မိမိ မှာအပြစ်ရှိတာ ကိုဖုံးကွယ်လိုတဲ့သဘောဖြင့် အခြားလူတွေကို အပြစ်တင်တတ်ခြင်းမှာလည်း မပြလုပ်သင့်တဲ့အလေ့အကျင့် ဆိုး ဖြစ်ပါတပါတယ်။ သူတစ်ပါးကို လက်ညှိုးထိုးပြီးအပြစ်တင်တတ်သူတွေဟာ စိတ်ဓာတ်မလုံးခြုံသူတွေဖြစ်ကြ ပါတယ်။ မပြည့်ဝသူတွေသာဖြစ်ကြပါတယ်။

၁၆။ အတွေးတွေလွန်ပြီးအတွေးထဲမှာနစ်နေတဲ့အလေ့အကျင့်
တစ်ချို့လူတွေက သူတို့ဘဝမှာဖြစ်ခဲ့တာတွေကို ခေါင်းထဲမှာ ထည့်ထားပြီးအဲဒီအကြောင်းတွေကိုသာတွေးနေ တတ် ကြပါတယ်။ အဲဒီလိုတွေးနေလွန်းတဲ့အတွက်မိမိမှာသာ ဖိစီးမှုတွေဖြစ်လာစေပါတယ်။ တကယ်တော့ ဘဝမှာ ဖြစ်လာတာတွေကိုနှစ်မျိုးခွဲကြည့်နိုင်ပါတယ်။ မိမိကထိန်းချုပ်နိုင်တာတွေနှင့်မိမိကမထိန်းချုပ်နိုင်တာ တွေဖြစ်ပါတယ်။ ထိန်းချုပ်နိုင်တာကို ထိန်းနိုင်အောင်စဥ်းစားတာကောင်းပေမဲ့မထိန်းချုပ်နိုင်တာကို ထိန်းချုပ် နိုင်အောင် လိုအပ်တာထက် အချိန်တွေပေးပြီးစဥ်းစားနေခြင်းမှာစိတ်ပင်ပန်မှုကိုသာဖြစ်စေမှာဖြစ်ပါတယ်။ မလိုအပ်တာအတွက်အချိန်တွေအကုန်မခံသင့်ပါ။ အဲဒီလိုအလေ့အကျင့် ဖြစ်နေပါက ပယ်ဖျောက်ရန် လိုအပ် ပါတယ်။

၁၇။အိပ်ယာဝင်အလွန်နောက်တတ်တဲ့အလေ့အကျင့်
သင်ဟာညဘက်မှာထွက်ကျက်စားတတ်တဲ့ဇီးကွက်လိုမျိုးဖြစ်ရင်တောင် ထိုက်သင့်တဲ့အချိန်မှာအိပ်ယာဝင် သင့်ပါတယ်။ ညဘက်မှာ သိပ်နောက်ကျမှအိပ်တဲ့အလေ့အကျင့်ရှိတဲ့အတွက် မနက်အိပ်ယာမှထတဲ့အခါ နောက်ကျပါတော့တယ်။ အဲဒီလိုနောက်ကျတဲ့အခါ အခြားလူတွေက ပုံမှန်အားဖြင့်မနက် (၆)နာရီခွဲလောက်မှ စတင်ပြီး လှုပ်ရှားလုပ်ပိုင်နေတာကို လိုက်မှီအောင် ဘယ်လို စီစဥ်နိုင်တော့မှာလဲ။ တစ်လောကလုံကမနက် (၆) နာရီခွဲလောက်ဆိုရင်စတင်လှုပ်ရှားသလို အများနည်းတူ လုပ်ဆောင်နိုင်ရန်မနက်စောစောထတဲ့အလေ့အကျင်ရှိ သင့်ပါတယ်။ မနက်စောစောထ တဲ့အလေ့အကျင့်ရှိစေရန် ညဘက်မှာ အိပ်ယာကို ထိုက်သင့်တဲ့အချိန်မှာ ဝင်မှ အိပ်ရေးဝဝအိပ်နိုင်ပြီးမနက်ရောက်တဲ့အခါ ခေါင်းကြည်ကြည်လင်လင်အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ညဥ့်နက်မှအိပ်ယာဝင့်တဲ့အလေ့အကျင့် ကိုပယ်ဖျောက်ရန် လိုအပ်ပါတယ်။

၁၈။ လူတွေအပေါ် ဝေဖန်ပြောဆိုတဲ့အလေ့အကျင့်
လူတွေကို သူတို့ နေထိုင်လုပ်ကိုင်ပုံနှင့် ပတ်သက်ပြီး တစ်ချို့က အလွန် ဝေဖန်တတ်ကြပါတယ်။ တကယ်တော့ သင့်မှာအဲဒီလိုအခြားလူတွေအပေါ် ဝေဖန်တတ်တဲ့အလေ့အကျင့် ရှိနေတယ်ဆိုရင် ဖျောက်ရန် လိုအပ်ပါတယ်. ဘာကြောင့် လဲဆိုတော့ သင့်မှာအခြားလူတွေကိုပြစ်တင်ဝေဖန်ရန်အခွင့်မရှိတဲ့အတွက်ဖြစ်ပါတယ်။ အများကို ဝေ ဖန်ကဲ့ရဲ့တာများလာရင် ခါးသီးမှုတွေဖြစ်လာပြီး လူတွေကမုန်းတာကိုခံရမှာသာဖြစ်ပါတယ်။

၁၉။ လေများပြီးအလုပ်မလုပ်တဲ့အလေ့အကျင့်
ဒီအလေ့အကျင့်မှာ တကယ်တန်းအလုပ်ကိုမလုပ်ဘဲ စကားတွေများလေပန်းနေတာများတဲ့အလေ့အကျင့် ဆိုး တစ်ခုဖြစ်ပါတယ်။ တကယ်လုပ်ဆောင်တဲ့အပိုင်း အားနည်းတဲ့အတွက် ဖြစ်မြောက်တဲ့အပိုင်း ကလည်း အား နည်းပါတယ်။ ဒီလိုအလေ့အကျင့်ကလည်းမိမိကို အကျိုးပျက်စေတဲ့အလေ့အကျင့် ဆိုးတစ်ခုဖြစ်ပါတယ်။ ဒါ ကြောင့် အပြောတွေရပ်ပြီး စတင်အလုပ်ဖို့ လိုအပ်ပါတယ်။

၂၀။ အသင့်စားနိုင်တဲ့အစာတွေကို စာတတ်တဲ့အလေ့အကျင့်
အသင့်စားနိုင်တဲ့အစားတွေကိုသာစားခြင်းမှာမကောင်းကြောင်း လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ လူတွေက အဲဒီအစာတွေကို စားနေတတ်ကြပါတယ်။ တစ်ခါတစ်ရံစားတာမျိုးကတော့ အခြေအနေအရ စားပါ။ ဒါပေ မဲ့အသင့် စားနိုင်အောင်လုပ်ထားတဲ့အစာတွေကို ခဏခဏစားခြင်းမှာ မိမိကိုယ်မိမိ မကျန်းမာအောင် ပြု လုပ်နေခြင်းနှင့် အတူတူပ်ဖြစ်ပါတယ်။ ဒါကြောင် အဲဒီလိုအလေ့အကျင့်ရှိရင်ပယ်ဖျောက်သင့်ပါတယ်။

၂၁။ မိမိကထိုက်တန်တယ်လို့ ယူဆထားတဲ့အလေ့အကျင့်
လူတွေက သူတို့အတွက် ထိုက်တန်တာတွေရှိတယ်လို ထင်မြင်နေတတ်ကြပါတယ်။ ပျော်ရွှင်မှကိုခံစားပိုင် ခွင့်ရှိတယ်။ အောင်မြင်မှုရခွင့်ရှိတယ်လို့ ထင်မြင်နေတတ်ကြပါတယ်။ သူငယ်ချင်းအပေါင်းအသင်းမှာလည်း ရပိုင်ခွင်ရှိတယ်လို့ မြင်နေတတ်ကြပါတယ်။ ကြယ်တွေအားလုံးက မိမိတို့အတွက် တောက်ပလင်းလက်လာဖို့ ထိုက်တန်တယ်လို အထင်ရောက်နေတာမျိုးတွေရှိတတ်ကြပါတယ်။ တကယ်တော့ အရာရာက မိမိတို့ကြိုတင် ပြင်ဆင်ထားမှုအတိုင်းသာဖြစ်လာကြတာပါ။ ဘယ်လိုလူပင်ဖြစ်ပါစေ ငါက ရပိုင်ခွင့်ရှိတယ်လို့ ယူဆနေရင် စိတ်ပျက်စရာများကိုသာဆက်လက်တွေ့လာရမှာဖြစ်ပါတယ်။ လူတိုင်း ကိုယ်တိုင်ပြင်ဆင်လုပ်ကိုင်မှုအရသာ အခွင့်အလမ်းတွေရလာတာဖြစ်ကြပါတယ်။ အရာရာမှာ အားထုတ်လုပ်ကိုင်မှသာရလာတာဖြစ်ပါတယ်။

မိတ်ဆွေများ မိမိတို့မှာ ဖော်ပြပါအလေ့အကျင့် ဆိုးများရှိနေပါက အမြန်ပယ်ထုတ်နိုင်ကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်



No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...