
ဒီနေ့ ကလေးတွေဆိုတာစဥ်းစားတတ်ပါတယ်ဆိုတဲ့ဖြစ်ရပ်လေး (၃) ခုကို Food for Thought 793 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
ကလေးတွေဆိုတာစဥ်းစားတတ်ပါတယ်။
၁။ပန်းသီးစားချင်တဲ့ကလေး
လက်ဆောင်ရလာတဲ့ပန်းသီးတစ်လုံးကိုတွေ့တဲ့အခါ
သမီးငယ်လေးက ပန်သီးစားချင် ကြောင်းမိခင်အားပြောပါတယ်။
အဲဒီတော့မိခင်ကသမီးလေးအား ပန်းသီးစားချင်ရင် ဓားဖြင့်
တစ်ခြမ်းခွဲစားနိုင်ကြောင်း၊ ကျန်တဲ့အခြမ်းကို ကိုကို ကျောင်းကအပြန်မှာ စား
ဖို့ချန်ထားရန်ပြောလိုက်ပါတယ်။ ဒီတော့သမီးလေးက တော်တော်ပျော်သွားပါတယ်။
သူစားချင်တဲ့ပန်းသီးအခုစားရတော့မယ်ဆိုပြီး ပန်းသီးခွဲဖို့ ဓားကို
ယူလာပါတယ်။
အဲဒီအချိန်မှာ မိခင်က
သမီးကို အောက်ပါအတိုင်းလှမ်းပြောလိုက်ပါတယ်။ ပန်းသီးခွဲတဲ့ အချိန်မှာ
ကိုကို ကကျောင်းတက်နေပါတယ်။ သမီးကပန်းသီးကိုခွဲရမှာဖြစ်ပါတယ်။ ပန်း
သီးကိုခွဲတဲ့အခါ အခြားမျှဝေစားရမဲ့သူက အနီးအနားမှာမရှိသေးတဲ့အတွက်
ခွဲတဲ့လူက ပန်းသီးခွဲတာမညီမညာဖြစ်နေရင် ငယ်တဲ့အပိုင်းကိုခွဲတဲ့လူက စားရမယ်။
ကြီးတဲ့အပိုင်း ကိုတော့ ကျန်တဲ့လူအတွက် ချန်ထားဖို့လိုပါတယ်လို့
ပြောလိုက်ပါတယ်။
မိခင်ပြောလိုက်တဲ့စကားကိုကြားလိုက်တဲ့အခါ
သမီးလေးမှာပန်းသီးကို မခွဲတော့ဘဲ “မေမေရေ။ ပန်းသီးကိုသမီးမခွဲတော့ဘူး။
ကိုကိုပြန်ရောက်မှ ကိုကို့ကိုပန်းသီးခွဲခိုင်းမယ်။
ကိုကိုကပန်းသီးခွဲသူဆိုတော့ သူက ငယ်တဲ့အပိုင်းယူပြီးသမီးကကြီးတဲ့အပိုင်း
ယူမယ်” လို့ ပြောလိုက်ပါသတဲ့။
ဆာလှပါတယ်ဆိုတဲ့သမီးက
ပန်းသီးကြီးတဲ့အပိုင်းစားချင်တဲ့အတွက် ကိုကိုပြန်ရောက်မှ
ပန်သီးခွဲခိုင်းမယ်ဆိုတာ၊ ကြီးတဲ့အပိုင်းကိုရချင်တာက ကလေးတွေဟာစဥ်းစားတတ်
ကြောင်း ပြတာဖြစ်ပါတယ်။ ချက်ခြင်းစားချင်တာကိုတောင်အောင့်ထားပြီး ကြီးတဲ့
အပိုင်းကိုစားချင်တဲ့ကလေးစိတ်မှာ သူစဥ်းစားတတ်ကြောင်းပြနေတာဖြစ်ပါတယ်။
၂။ ဆံပင်တွေဘာကြာင့် ဖြူနေတာလဲ၊
တစ်ခါက
သမီးငယ်လေးတစ်ယောက်ကစားနေရင်းသူ့မေမေ့ခေါင်းမှာ ဆံပင်တစ်ချို့က ဖြူ
နေတာကိုတွေ့တော့ “မေမေ- မေမေ့ခေါင်းကဆံပင်တစ်ချို့က ဘာကြောင့် ဖြူနေ တာလဲ”
လို့မေးလိုက်ပါတယ်။ အဲဒီတော့ မိခင်ဖြစ်သူက သမီးမေးလိုက်တာ ကို အခွင့်
ကောင်းလို့ ယူဆပြီး သမီးက ပြောမရဆိုမရဂျီကျတဲ့အခါ မေမေက စိတ်တွေညစ် ပြီး
ခေါင်းတွေက ပူလာပါတယ်။ အဲဒီလိုစိတ်တွေညစ်ပြီး ခေါင်းတွေပူလာတဲ့အတွက် မေမေ့
ဆံပင်တွေကဖြူလာတာဖြစ်ပါတယ်လို့ဖြေလိုက်ပါတယ်။
အဲဒီလိုမိခင်ကဖြေလိုက်တဲ့အခါမှာသမီးလေးက
ခဏလောက်ဘာမှမပြောဘဲငြိမ်သွား ပါတယ်။ ခဏအကြာမှာတော့
မေမေရေသမီးသိတာတစ်ခုရှိတယ်လိုပြောလာပါတယ်။ သမီးကဘာကိုသိလာတာလဲလို့
မိခင်ကမေးလိုက်တဲ့အခါမှာတော့ “ဖွားဖွားတစ်ခေါင်းလုံး ဆံပင်တွေ ဘာကြောင့်
ဖြူကုန်တယ်ဆိုတာကိုသမီးသိပြီ”လို့ ပြောလိုက်ပါတယ်။
၃။ ကျောက်တုံးကြီးထဲမှ သမတကြီးရှိမှန်း ဖိုးဖိုးက ဘယ်လိုသိတာလဲ။
သမ္မတကြီးလင်ကွန်းကျောက်ရုပ်ထုကို
ပန်းပုဆရာကြီးတစ်ဦးက အလုပ်ရုံထဲမှာထုဆစ် နေပါတယ်။ ထုဆစ်နေတာ သမ္မတကြီးရဲ့
မျက်နှာမှာ ကောင်းစွာတွေ့မြင်နေတဲ့အနေ အထားဖြစ်လာပါတယ်။ အဲဒီအချိန်မှာ
ကလေးမလေးတစ်ယောက်က ပန်းပုဆရာကြီး အလုပ်လုပ်နေတဲ့အလုပ်ရုံထဲ
ကစားရင်းပြေးဝင်လာပါတယ်။ အထဲရောက်တော့ သမ္မ
တကြီးလင်ကွန်းမျက်နှာကိုကြည့်ပြီးအလွန်အံ့အားသင့်နေပါတယ်။ အဲဒီတော့ ကလေးမ
လေးက ပန်းပုထုဆစ်နေတဲ့အဖိုးကြီးကို လှမ်းမေးလိုက်ပါတယ်။ “ဖိုးဖိုး
သမ္မတကြီးက အဲဒီကျောက်တုံးကြီးထဲမှာရှိနေတာကိုဖိုးဖိုးက ဘယ်လိုသိတာလဲ”
လို့မေးလိုက်ပါသတဲ့။
ဒီတော့ပန်းပုဆရာကြီးက
သဘောကျပြီးပြုံးပါသတဲ့။ သူ့လက်ရာက ကလေးမျက်စေ့ကို
တောင်လှည့်စားနိုင်စွမ်းရှိတယ်၊
သူထုဆစ်ထားတဲ့ရုပ်ထုကိုတကယ့်သမ္မကြီးလင်ကွန်းလို့ ကလေးကထင်သွားတယ်
ဆိုပြီးသဘောကျလို့ပြုံးတာဖြစ်ပါတယ်။
မိတ်ဆွေများ ကလေးတွေက စဥ်းစားတာသိပ်တော်တယ်နှော်။ချစစရာလေးတွေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
ကလေးတွေဆိုတာစဥ်းစားတတ်ပါတယ်ဆိုတဲ့ဖြစ်ရပ်လေး (၃) ခု Food for Thought 793
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment