Monday, February 24, 2025

မြင့်မြတ်သောနေထိုင်ခြင်း Food for Thought 798

 No photo description available.

ဒီနေ့မြင့်မြတ်စွာနေထိုင်ခြင်းအကြောင်းကို Food for Thought 798 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


"မြင့်မြတ်သောနေထိုင်ခြင်း"

လူ့ဘဝရောက်လာတာအရင်တုန်းကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကြောင့်ပါ။ဒါကိုအလေးမထားတဲ့လူတွေကပေါ့ပေါ့နေတယ် ပေါ့ပေါ့လုပ်ကြတယ်။ကြုံတဲ့ဘဝမှာပျော်သလိုနေကြပြီးဘဝတစ်ခုကုန်ဆုံးသွားတာများပါတယ်။

ကောင်းတဲ့လူတွေကျတော့ မိမိ သူတပါးကောင်းကျိုးကိုလုပ်ကြတယ်။ရှင်သန်နေသမျှ မိမိနဲ့ကမ္ဘာကြီးကို စွမ်း သမျှ ကောင်းအောင်လုပ်ကြတယ်။လူတော်တိုင်းလူကောင်းမဖြစ်နိုင်တာကိုသတိပြုစေလိုပါတယ်။

မြင့်မြတ်တဲ့ နေခြင်းဆိုတာကတော့သတိနဲ့အစဥ်နေထိုင်ခြင်းပါပဲ။သတိကိုမိမိရဲ့ခန္ဓာထဲကမထွက်အောင်ထား နိုင်မှမြင့်မြတ်သောနေထိုင်ခြင်းလို့ဘုရားရှင်ကမိန့်ခဲ့ပါတယ်။

• ဥပမာအားဖြင့်...ဘုရားရှင်လက်ထက်မှာသံဃာတစ်ပါးကလျောက်ထားပါတယ်။သူဟာသူ့ရဲ့စိတ်ကိုဒီကျောင်းဝင်းအပြင်မထွက်အောင်သတိနဲ့ထိမ်းသိမ်းစောင့်ရှောက်ပါတယ်တဲ့ (ဘုရားကသာဓုမခေါ်ပါဘူး)။

• နောက်တပါးက လျောက်ပြန်တယ်သူဟာသူ့ရဲ့စိတ်ကိုဒီကျောင်းဆောင်ထဲကမထွက်အောင်သတိနဲ့ထိမ်း သိမ်းစောင့်ရှောက်ပါတယ်တဲ့ (ဘုရားကသာဓုမခေါ်ပါဘူး)၊

• နောက်တပါးကတော့ သူဟာသူ့ရဲ့စိတ်ကိုသူ့ခန္ဓာအပြင်မရောက်စေအောင်သတိနဲ့ ထိမ်း သိမ်းစောင့် ရှောက် ပါတယ်တဲ့ (ဒီကျမှ ဘုရားကသာဓုခေါ်ပါတယ်)။

စိတ်ကိုခန္ဓာအပြင်မထွက်အောင်သတိနဲ့ဘယ်လိုစောင့်ရှောက်မလဲ။

အချက်သိရင်တကယ်လွယ်ပါတယ်။ကျွန်တော်တို့စိတ်တွေဘာလို့အပြင်ထွက်နေလဲ။ အာရုံနောက် လိုက်နေလို့ပါ။

မျက်စိက ကားကိုမြင်တယ်...စိတ်(မနော)မှာကားလို့သိတယ်။ဘာပြဿနာမှမရှိဘူး(no problems) ခန္ဓာငါးပါးမှာ ပါ တဲ့သညာမှတ်ထားတဲ့အတိုင်းပြန်ပေါ်တာ၊သဘာဝပဲ။ လာပါပြီနောက်တစ်စိတ်...ဆက်တွေးတယ် ကားလေး ကလှလိုက်တာ နောက်ဆုံးမော်ဒယ်လေးထင် တယ်။(အဲတာမှ စိတ်ကခန္ဓာအပြင်ထွက်သွားပါပြီ။ ပြဿနာပါပဲ)

ဆိုလိုချင်တာကမြင်၊ကြား၊နံ၊စား၊ထိတဲ့အာရုံငါးပါး...သဘာဝတရားပါပဲ။မနောကသိလိုက်တယ်၊ဘာမှမဖြစ်သေးဘူး။အဲဒီအာရုံဆီကိုစိတ်ထွက်သွားတယ် (တဏှာ ဥပါဒါန်ကပ်သွားပြီ)ခုနက ကားကိုမြင်ရင်မြင် တဲ့စိတ်မှာမရပ်နိုင် တော့ဘူး။ဆက်တွေးတယ်ကိလေသာဖြစ်တယ်။ပိုဆိုးလာရင်ကံမြောက်တော့မယ်။ အဲလိုကားမျိုးမရမနေဝယ်နိုင်ဖို့ အားထုတ်တော့မယ်။ကံတွေကြောင့် ဘဝတွေဆက်ဖြစ်ပြီ (စာလိုပြော ရင် ပဋိစ္စသမုပါဒ်လည်တာပေါ့)။ အဲတာ စိတ်ကခန္ဓာအပြင်ထွက်လို့ပါ။စိတ်အပြင်မထွက်မအာင်သတိရှိ လိုက်တာနဲ့ မြင်ရင်မြင်တာနဲ့ရပ်သွားပြီ (ကားကို မြင် တယ်ပေါ့ ဆက်မတွေးနဲ့)၊ဒါဟာ ဒိဌေဒိဌမတ္တံ ကျင့် စဥ် ပါပဲ။

ဒီလိုသတိနဲ့နေထိုင်ခြင်းကိုပဲ ဘုရားရှင်က "မြင့်မြတ်သောနေခြင်း"လို့ဟောခဲ့တာပါ။

ဓမ္မမိတ်ဆွေတို့လည်း မြင့်မြတ်စွာနေထိုင်ခြင်းမျိုးဖြစ်ကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...