Monday, February 24, 2025

မတားမြစ်ဘဲမေတ္တာရပ်ခံနည်း Food for Thought 797

 No photo description available.

ဒီနေ့ မတားမြစ်ဘဲမေတ္တာရပ်ခံတဲ့နည်းဖြင့် ပြောဆိုတဲ့နည်းလမ်းကို Food for Thought 797 အဖြစ်မျှဝေ လိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

မတားမြစ်ဘဲမေတ္တာရပ်ခံနည်း

တားမြစ်ပိတ်ပင်တဲ့စကားမပါဘဲ ကာယကံရှင်များကိုယ်တိုင်လိုက်နာလာအောင် ပြောဆိုနည်း။

တခါကတရားစခန်းတစ်ခုမှာတရားလာဝင်ကြသူတွေက လက်ကိုင်ဖုန်းတွေလူတိုင်းလိုလိုမှာပါလာကြပါတယ်။ တရားစခန်းကသတ်မှတ်ထားတဲ့စည်းကမ်းတွေမှာ တရားစခန်းကာလအတွင်း လက်ကိုင်ဖုန်းများကို အသုံးမပြု ရန်တားမြစ်ထားချက်ပါဝင်ပါတယ်။ အဲဒီလို လက်ကမ်းစာစောင်မှာဖော်ပြထားပေမဲ့ လက်ကိုင်ဖုန်းကိုင်သုံးတဲ့ အလေ့အကျင့်က ပါနေတဲ့အတွက် တရာစခန်းထဲမှာလည်း တရားလာဝင်သူတွေက လက်ကိုင်ဖုန်းတကိုင်ကိုင် ဖြစ် နေကြပါတယ်။ အဲဒါကိုတရားစခန်းတာဝန်ကိုယူရသူက မြင်တွေ့နေပါတယ်။

ဒါကြောင့် တရားစခန်းအဖွင့်အမှာစကားပြောတဲ့အခါမှာ တရားစခန်းတာဝန်ရှိသူက အောက်ပါအတိုင်း ပြော လိုက် ပါတယ်။ သူပြောလိုက်ပုံမှာ တားဆီးပိတ်ပင်တဲ့စကားတစ်ခွန်းမှမပါဘဲ တရားစခန်းဝင်လာသူများအားလုံး ပြုံပြီး သူတို့လက်ကိုင်ဖုန်းတွေကို ‌ခြောက် ခြောက်ဆိုပြီးပိတ်သွားအောင် ပြောလိုက်နိုင်ပါတယ်။ သူပြောလိုက်တဲ့ ပုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

“တရားစခန်းဝင်လာတဲ့ရောဂီအပေါင်းတို့ ခင်ဗျား၊ အခုတရားစခန်းက (၁၀) ရက်ကြာတရားစခန်းဖြစ်ပါတယ်။ တရားစခန်းဝင်နေတဲ့အချိန်အတောအတွင်းမှာ ယောဂီတို့ထံအရေးကြီးတဲ့သတင်းစကားတွေ၊ အချက်အလက် တွေဝင်လာနိုင်ပါတယ်။ အဲဒီသတင်းအချက်အလက်တွေကို အမြန်ဆုံးသိနိုင်အောင် ယောဂီတို့တဲ့လက်ကိုင်ဖုန်း တွေကိုတရားစခန်းပြီးတဲ့နောက်ဆုံးနေ့ ညနေ (၄) နာရီမှာ ဖွင့်ကြဖို့မမေ့ရန် အထူးသတိပေးမေတ္တာရပ်ပါတယ် ခင်ဗျား” လို့ပြောလိုက်ပါတယ်။ အဲဒီတော့ ကြားရတဲ့တရားစခန်းဝင်လာသူတိုင်း သဘောကျပြီးပြုံးလျက် သူတို့ လက်ကိုင်ဖုန်းတွေကို‌ခြောက်ခြောက်ဆိုပြီးပိတ်လိုက်ကြပါတယ်။

အဲဒီပြောနည်းလေးက ပိတ်ပင်ထိန်းချုပ်မှုမသုံးဘဲ ပြောချင်တာဖြစ်လာအောင် ပြောဆိုတဲ့နည်းလမ်းလေးဖြစ်တာ ကြောင့် မိတ်ဆွေများ ပြောချင်တာကိုတားဆီးပိတ်ပင်တဲ့စကားမပါဘဲပြောချင်ရင် ပြောနိုင်အောင်နမူနာအဖြစ်မျှ ဝေ လိုက်ခြင်းဖြစ်ပါတယ်။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...