Monday, February 24, 2025

မြင်နိုင်စွမ်းအား မြင်နိုင်စွမ်းအား Food for Thought 796

No photo description available.

ဒီနေ့လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ကိလေသာတရားတွေဖုံးလွှမ်းရင် ဥာဏ်မြင်နိုင်စွမ်းပါကမ်းကုန်တတ်ကြောင်းကို Food for Thought 796 အဖြစ်မျှဝေလိုက်ပါတယ်။


 ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


မြင်နိုင်စွမ်းအား

အဖိုးအိုတစ်ယောက်ဟာ တုတ်တစ်ချောင်းအကူအညီဖြင့် လမ်းလျောက်လာနေပါတယ်။ အချိန်မှာ နေဝင်ပြီး မှောင်ရိပ်သမ်းလာတဲ့အချိန်ဖြစ်ပါတယ်။ စိတ်ကောင်းရှိတဲ့လူငယ်တစ်ယောက်က အဖိုးအို လမ်းလျောက်လာ တာကိုမြင်ပါတယ်။ ဒါကြောင့် သူက “အဖိုး မှောင်လာပြီ၊ ဒီညဒီမှာ တစ်ညနားပါလား၊ သားတို့အိမ်မှာ တစ်ည နားလို့ရပါတယ်”လို့ကမ်းလှမ်းလိုက်ပါတယ်။ လူငယ်ရဲ့စိတ်စေတနာကိုကြားရတဲ့အဖိုးဟာ ဝမ်းသာပြီး” ကျေးဇူး တင်ပါတယ်။ ဒါပေမဲ့ အဖိုးဆက်ပြီးခရီးသွားဖို့ လိုနေတဲ့အတွက် မနားတော့ပါဘူး” လို့ပြန်‌ဖြေလိုက်ပါတယ်။

အဲဒီတော့စိတ်ကောင်းရှိတဲ့လူငယ်က အဖိုးဆက်လျောက်မယ်ဆိုရင်လည်းခဏလေးစောင့်ပါဦး။ ကျွန်တော်အဖိုး အတွက် မီးအိမ်လေးတစ်ခု ပေးလိုက်ချင်ပါတယ်။ ဒါမှအမှောင်ထဲသွားတဲ့အခါ အဆင်ပြေအောင်လို့ပါလို့ ပြော ပါတယ်။ ဒီတော့အဖိုးအိုက သားကမီးအိမ်လေးပေးချင်တာကျေးဇူးတင်ပါတယ်။ မီးအိမ်ပါလည်းအဖိုးကမျက်စိ မမြင်တော့ မထူးခြားပါဘူးလို့ ပြန်ပြောပါတယ်။ ဒီတော့ လူငယ်က မီးအိမ်ကိုအဖိုးကကိုင်ထားရင်အမှောင်ထဲမှာ လမ်းလျောက်လာသူတွေကအဖိုးကိုမြင်ရပြီးလူချင်းမတိုက်မိအောင် ရှောင်နိုင်တာပေါ့ လို့ ပြောတဲအခါ အဖိုးက သားပြောတာမှန်တယ် လို့ပြောပြီးလူငယ်လေးပြင်ပေးတဲ့မီးအိမ်ကိုစောင့် ယူသွားပါတယ်။

ဒီလိုနဲ့အဖိုးအိုက လူငယ်လေးစီစဥ်ပေးလိုက်တဲ့မီးအိမ်လေးကို လက်တစ်ဘက်မှာ ကိုင်ပြီး အမှောင်ထဲမှာ ဆက် လက်လျောက်လာပါတယ်။ ညဘက်အေးလာတာနဲ့အမျှ လေအေးတွေကလည်းပိုတိုက်လာပါတယ်။ တစ်နေရာ အရောက်မှာတော့ တိုက်လာတဲ့လေကပြင်းတဲ့အတွက်အဖိုးအိုကိုင်ထားတဲ့မီးအိမ်မှ ဖယောင်းတိုင်မှာမီးသေ သွား ပါတယ်။ မီးအိမ်က မီးသေသွားပေမဲ့မျက်စိမမြင်ရတဲ့အဖိုးအိုကမသိပါဘူး။ မျက်စိမမြင်ရတော့ မီးလင်း နေသလား၊ မလင်းတော့ ဘူးလားဆိုတာ ကိုမသိပါဘူး။ မီးသေသွားတဲ့မီးအိမ်ကို ကိုင်ပြီးအဖိုးအိုက ဆက်လက် လမ်းလျောက်သွားပါတယ်။

တစ်နေရာအရောက်မှာ ဆန့်ကျင့်ဘက်မှ လမ်းလျောက်လာသူတစ်ယောက်ကအဖိုးအိုကိုတည့်တည့်ဝင်တိုက်မိ ပါတော့တယ်။ အဲဒီတော့အဖိုးအိုက မီးအိမ်ကိုင်ထားပါလျက် သူ့ကိုတည့်တည့်ဝင်တိုင်ရကောင်းလားဆိုပြီးစိတ် ဆိုးပါတယ်။ ပြီးတော့ ဒီမှမီးအိမ်ကိုင်ထားတာမမြင်ဘူးလားလို့ ဝင်တိုင်သူကိုအဖိုးအိုကမေးလိုက်ပါတယ်။ ဒီ တော့ ဝင်တိုင်သူကလည်း မီးအိမ်ကိုမမြင်တဲ့အတွက် ဘယ်မှာလည်းမီးအိမ်။ မတွေ့ပါဘူးလို့ပြန်ဖြေလိုက်ပါ တယ်။ ဒီတော့မှ သူကိုင်ထားတဲ့မီးအိမ်မှာမီးသေနေတာကို မျက်စီမမြင်တဲ့အဖိုးအိုက သိသွားပြီး မိမိမှာမျက်စိ မမြင်တဲ့အတွက်မီးအိမ်မီးသေနေတာကိုလည်းမသိကြောင်း၊ ဒါကြောင့် ပြောမိကြောင်း ရှင်းပြတော့ ဝင်တိုက်မိ သူကလည်း အခြေအနေမှန်ကိုနားလည်သွားပါတယ်။ ဝင်တိုက်မိသူကလည်း သူ့မှာ အရေးကြီးတဲ့ကိစ္စတစ်ခု ကြောင့် အလျင်လိုပြီးမြန်မြန်လျောက်လာမိလို့ တည့်တည့်ဝင်တိုက်မိကြောင်း၊ ခွင့်လွှတ်ရန်တောင်းပန်တဲ့ အ တွက် တစ်ယောက်ကိုတစ်ယောက်ခွင့်လွှတ်ကြပြီးဆက်လက်ခရီးနှင်ကြပါတယ်။

ခရီးဆက်လက်နှင်ရင်းအဖိုးအိုက ဖြစ်ခဲ့တဲ့ဖြစ်ရပ်အပေါ် ဆက်လက်တွေးပါတယ်။ မျက်စိမမြင်တဲ့အခါ နေအ လင်း ရှိပေမဲ့ဘာကိုမှမမြင်နိုင်ဘူး။ မီးအိမ်မှာမီးရှိနေသလား။ မီးသေနေသလားဆိုတာ ကိုလည်းမမြင်နိုင်ဘူး။ အ လင်းရောင်မဲ့တဲ့အခါ မျက်စိကောင်းသူလည်း မမြင်နိုင်ကြောင်း။ အဲဒီအချိန်မျိုးမှာ မျက်စိမြင်သူနှင့်မျက်စိမမြင် သူတို့မှာ အတူတူပင်ဖြစ်ကြောင်း၊ အလျင်စလိုဖြစ်နေပြီး စိတ်မှာ လောဘစိတ်၊ ဒေါသစိတ်၊ မောဟာစိတ်များ လွှမ်းနေတဲ့အခါမှာတော့ လူတွေဆိုတာ အားလုံးကန်းနေတတ်ကြောင်း၊ အကောင်းအဆိုး၊ ဟုတ် မဟုတ်မဝေခွဲ နိုင်မှုဆိုတဲ့မောဟကြောင့် မမက်မောသင့်တာကိုမက်မောစရာလို့ထင်ပြီးလိုချင်တတ်မက်မှုများဖြစ်ကြကြောင်း။ မောဟစိတ်ကြောင့် လိုချင်တာမရတဲ့အခါ စိတ်တိုစိတ်ဆိုးမှုတွေဖြစ်ကြကြောင်း၊ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ စိတ်ကို ဆိုးတဲ့အရောင်တွေဆိုးပေးတဲ့တရားတွေဖုံးလာတဲ့အခါ မျက်စိမြင်သူရောမျက်စီမမြင်သူပါ အားလုံးအ မှောင် ဖုံးပြီး လုံးဝကန်းကုန်ကြပါလား၊ လောဘ၊ ဒေါသ၊ မောဟာဆိုတဲ့ကိလေသာတရားတွေ ဖုန်းလွှမ်းတဲ့ အခါမှာတော့ အသိဥာဏ်ပါတုံးပြီး အားလုံးကမ်းကုန်ကြပါလား၊ မျက်စိအမြင်လည်းကမ်းသွားသလို ဥာဏ် အမြင်လည်းကမ်းသွားပါလား စုံလုံးကန်း သွားပါလားလို့ အဖိုးအိုက ဆက်လက်စဥ်းစားနေမိပါတော့တယ်။

ဒါကြောင့်မိတ်ဆွေများလည်း လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ကိလေသာတရားတွေဖုံးပြီးမိမိအသိဥာဏ်စွမ်း အားများကမ်း ကုန်စေတာမျိုး မဖြစ်ရအောင်အထူးသတိရှိကြရန် လိုအပ်လှပါတယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...