Monday, February 24, 2025

ဘဝမှာစောစောသိရင် အကျိုးများစေတဲ့သင်ခန်းစာများ Food for Thought 795

No photo description available.

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ် 

ဒီနေ့” ဘဝမှာစောစောသိရင် အကျိုးများစေတဲ့သင်ခန်းစာများ” အကြောင်းကို Food for Thought 795 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


ဘဝမှာစောစောသိရင် အကျိုးများစေတဲ့သင်ခန်းစာများ

၁။ သင်ဟာ လူသားတစ်ယောက်အနေဖြင့် ဒီနေ့ဖြစ်နေတဲ့ အနေအထားဟာ သင်ဖတ်ခဲ့တဲ့စာအုပ်များ၊ သင် ဆက်ဆံခဲ့သော လူများ၊ သင်စားသောက်ခဲ့တဲ့အစားအစာများ၊ သင့် လုပ်ဆောင်လိုက်နာခဲ့တဲ့ အလေ့ အကျင့် များပေါ်မှာတည်နေပါတယ်။

၂။ ဘယ်နယ်ပယ်မှာမဆိုသင့်အနေဖြင့် တိုးတက်ချင်တယ်ဆိုရင် သင့် တိုးတက်မှုကို စစ်ဆေးကြည့်နေရန် လို အပ်ပါတယ်။

၃။ သင့်အနေနဲ့တစ်ခုခုကိုအမှန်တကယ်လိုချင်တယ်ဆိုရင် အနိမ့်ဆုံးအားဖြင့် သင်လုပ်နိုင်တဲ့အလုပ်မှာတောင်း ခံရန် ဖြစ်ပါတယ်။ တောင်းခံလိုက်တဲ့အခါ ရချင်လည်းရပါလိမ့်မယ်။ ရရင်တော့ လိုချင်တာရတဲ့အတွက် အောင် မြင်တာပေါ့ ။ တောင်းခံလိုက်တဲ့အခါမရတာလည်းဖြစ်နိုင်ပါတယ်။ အဲဒီအခါမှာ ကြံ့ခိုင်မှု ပိုကောင်းလာတာပေါ့။

၄။ အစဥ်သဖြင့် မှန်းထားတာနှင့် ဖြစ်လာတာကွာဟနေမှုထက်နှင့် အောင်မြင်နေမှုများအပေါ် ပြန်လည်ထင်ဟပ် သုံးသပ်ကြည့်ပါ။

၅။ နေ့စဥ်ကြုံတွေ့နေရတဲ့အခက်အခဲပြဿာနာများရဲ့ ၈၀ % ကို အားထုတ်လုပ်ကိုင်ခြင်းဖြင့် ပြေလည်အောင် ဖြေရှင်းနိုင်ပါတယ်။ ဒါကြောင့် နေသာတဲ့အချိန်မှာ လမ်းလျောက်ပါ၊ ညဘက်မှာ ကောင်းကောင်းအိပ်စက်ပါ။ စိတ်တွေသိပ်ပူပန်မနေပါနှင့်။

၆။ သင့်အနေဖြင့် အခြားသူရဲ့ခွက်ထဲကိုပြည့်အောင်ဖြည့်ချင်တယ်ဆိုရင်အရင်ဆုံးမိမိခွက်ကိုပြည့်အောင် ဖြည့် ထားဖို့အစဥ် လိုအပ်ပါတယ်။ မိမိမှာမရှိဘဲ အခြားလူတွေကိုမျှဝေမပေးနိုင်ပါဘူး။ ဝမရှိဘဲဝိမလုပ်နိုင်ပါ။

၇။ သဘာဝကျတဲ့ဦးတည်မှော်မှန်းချက်ကိုချမှတ်ထားမှုကအလွန်အရေးကြီးပါတယ်။ အဲဒီလိုအပြုသဘော ဆောင်တဲ့ဦးတည်ရည်မှန်းချက်က စိန်ခေါ်တဲ့အခက်အခဲတွေကိုတွေ့တဲ့အခါ အထောက်အကူပြုပါတယ်။ မိမိကိုယ်တိုင်ဦးတည်ချက်ကို အခိုင်အမာအသေအချာဖြစ်ကြောင်း ပြန်လည်အတည်ပြုပေးဖို့လည်းလို အပ် ပါတယ်။

၈။ နေ့တိုင်းအပိုင်းလေးပိုင်းစည်းမျဥ်း (မနက်ပိုင်း၊ မွန်းလွဲပိုင်း၊ ညနေပိုင်းနှင့် ညပိုင်း)ကိုလိုက်နာကျင့်သံးပါ။ မနက်ပိုင်းမကောင်းတာက သင့်တစ်နေ့တာလုံးကိုမပျက်စီးပါစေနဲ့။ နေ့တိုင်းမှာအပိုင်းလေးပိုင်းပါတာကိုအစဥ် သတိရပါ။

၉။ သင့်အနေဖြင့်မိမိကိုယ်တိုင်ချမှတ်ထားတဲ့ကြီးမားတဲ့ဦးတည်ရည်မှန်းချက်ကို ဖျက်ချင်လာရင် (၁)အချိုး (၉၀) (၉၀) နည်းလမ်းကိုသုံးပါ။ ဆိုလိုတာကတော့ တစ်နေ့တာရဲ့ပထမ မိနစ် (၉၀) ကို အဓိကအလေးထားရမှာအမှတ် (၁) အတွက် ရက်ပေါင်း (၉၀)အသုံးပြုပါ။ အဲဒီလို လုပ်ဆောင်တဲ့အခါမှာ အကြောင်းပြချက်ပေးနေတာမျိုး မပြု လုပ်ရပါ။ အနှောက်အယှက်ဖြစ်ပြီးကြားဟာသွားတာမျိုးလည်းမဖြစ်စေရပါ။ အလေးထားရမဲ့အမှတ် (၁) လုပ် ငန်းကို မပျက်မကွက် လုပ်ဆောင်ရန်လိုအပ်ပါတယ်။

၁၀။ သင်ချမှတ်ထားတဲ့ဦးစားပေးအစီအစဥ်မှာမပါတဲ့ကိစ္စတွေအတွက် လုံးဝလိုက်လျောလုပ်ဆောင်ခြင်းမပြု ပါနဲ့။ သင့်မိသားစု။ သင့် သူငယ်ချင်း၊ စီးပွားလုပ်ဖော်များပင်ဖြစ်ပါစေ သင့်ဦးစားပေးအစီအစဥ်ကို ချိုးဖောက် ရမယ်ဆိုရင် ဟင့်အင်းလို့ပြောဆိုပါ။

၁၁။ ရိုရှင်းပြီးအားကောင်းတဲ့မနက်ပိုင်းပုံမှန် လုပ်ဆောင်မှုတစ်ခုကို ဖန်တီးထားပါ။ အိပ်ယာထတဲ့အချိန်မှာ လက်ကိုင်ဖုန်းကိုစကိုင်စစ်ဆေးတာမျိုးမပြုလုပ်ပါနဲ့။ လေကောင်းလေသန့်ရတဲ့မနက်ပိုင်းနေရောင်မှာကိုယ် လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပြုလုပ်ပါ။ ရေအေးတစ်ခွက်ကို သောက်ပါ။

၁၂။ အရာရာတိုင်းမှာဟန်ချက်မိနေအောင်လုပ်ဖို့ စိတ်ပူပန်မနေပါနဲ့။ ဘဝဆိုတာ သူ့သဘာဝအရ ဟန်ချက် မမိတာမျိုးတွေရှိတတ်တာကို လက်ခံပါ။ ဟန်ချက်မမိတာတွေရှိတာအိုကေပါတယ်။

၁၃။ ငွေကြေးချမ်းသာမှုက အဆုံးစွန်သောဦးတည်ရည်မှန်းချက်မဖြစ်သင့်ပါ။ ရေရှည်တည်တံ့ပြီးစဥ်ဆက် မပြတ် ကျန်းမာတိုးတက်ရေးကိုဦးတည်ချက်အဖြစ်ထားပါ။

၁၄။ အတတ်ပညာနည်းပညာဆိုင်ရာပစ္စည်းတွေနှင့်အဆက်ဖြတ်ပြီး သဘာဝနေရောင်၊ လေတို့နှင့်ထိတွေ့ရန် မနက်ပိုင်းမှာ လက်ကိုင်ဖုန်းမပါဘဲ လမ်းလျောက်တဲ့အလေ့အကျင့် ပြုလုပ်ပါ။

၁၅။ ကောင်းစွာအိပ်ပျော်ဖို့အတွက် ၃-၂-၁ စည်းကမ်းကို လိုက်နာပါ။
• မအိပ်ခင် (၃) နာရီအတွင်းအစာမစားပါနှင့်။
• မအိပ်ခင် (၂)နာရီအတွင်း ဘာဖျော်ရည်မှမသောက်ပါနှင့်။
• မအိပ်ခင် (၁)နာရီအတွင်း ရုပ်မြင်သံကြားမကြည့်ပါနှင့်။

၁၆။ ကောင်းစွာလုပ်ဆောင်အားကောင်းလာစေဖို့ (၂)မိနစ်စည်းကမ်းကို လိုက်နာပါ။ လုပ်စရာလုပ်ငန်းတစ်ခုက အချိန် (၂)မိနစ်အတွင်းပြီးနိုင်မယ်ဆိုရင် အခုချက်ခြင်း ထလုပ်ဆောင်လိုက်ပါ။

၁၇။ အကျင့်ဆိုးတွေ၊လုပ်ဆောင်မှုတွေနှင့် လုပ်ဆောင်မှုမှာဆန့်ကျင့်အကျိုးသက်ရောက်တာမျိုးတွေမဖြစ်အောင် မလုပ်ဆောင်မဲ့ အရာများကိုစဥ်းစားပြီးစာရင်းပြုစုထားပါ။

၁၈။ ဘဝနှင့် အလုပ်ခွင်မှာ ၂၀ အချိုး ၈၀ စည်းကမ်းကို လိုက်နာပါ။ ဆိုလိုတဲ့သဘောကတော့ သင်လုပ်ဆောင် တာ ၂၀ ရာခိုင်နှုန်းက သင့် အလုပ် ၈၀ ရာခိုင်နှုန်းမှာ လာပြီးအကျိုးထင်တယ်ဆိုတဲ့မူကိုလိုက်နာကျင့်သုံးပါ။

၁၉။ မိမိလုပ်ဆောင်မှုများအပေါ်တွင် သဘောထားမှတ်ချက်များကိုရယူပါ။ အစဥ်တိုးတက်နေမှုရှိအောင် ထိုသဘောထားမှတ်ချက်များကို ပုံမှန်အသုံးပြုပါ။ အဲဒီလိုအသုံးပြုရင်တိုးတက်မှုက လျင်မြန်စွာဖြစ်ထွန်း လာပါလိမ့်မယ်။

၂၀။ ၅/၂၅ စည်းမျဥ်းကို လိုက်နာပါ။ ဦးတည်ရည်မှန်းချက် (၂၅) ခုကိုရေးပါ။ အဲဒီအထဲမှာ အရေးအကြီး ဆုံးဦးတည်ရည်မှန်းချက် (၅) ခုကို ဝိုင်းလိုက်ပါ။ ထို (၅)ခုအတွက်အလေးထားလုပ်ဆောင်ပါ။ အခြား (၂၀) တို့မှာအနှောက်အယှက်များဖြစ်နိုင်ပါတယ်။

၂၁။ လုပ်စရာအလုပ်တွေကို သဘာဝတူရာတွေကို စုစည်းထားပြီး တစ်ချိန်တည်းမှာ ထိုအလုပ်တွေကို ပြီးအောင် ပြုလုပ်ပါ။ ဥပမာအီးမေးပို့စရာတွေဆိုရင် တစ်စုတည်း အပြီးပို့ လိုက်ရင်အချိန်ကုန်သက်သာပါတယ်။

၂၂။ လုပ်ကိုင်ရင်းမနှစ်သက်တာမျိုးဖြစ်လာရင် အဲဒီအလုပ်ကို ဘယ်အချိန်မှာစွန့်လွှတ်ရင်အကောင်းဆုံးဖြစ်မလဲ ဆိုတာ စဥ်းစားပါ။ ဥပမာ လုပ်ကိုင်နေရတဲ့အလုပ်ကို မနှစ် သက်တော့ဘူးဆိုရင် အဲဒီအလုပ်မှစွန့်ခွါရန်ဘယ် အ ချိန် ကအကောင်းဆုံးဖြစ်မလဲဆိုတာ ကိုစဥ်းစားပါ။

၂၃။ အလုပ်ကိုပိုသွက်လက်စွာလုပ်တတ်တဲ့အလေ့အကျင့် လေ့ကျင့်ပါ။ ဥပမာ စာဖတ်ရာမှာ အကြောင်းအရာ တစ်ခုပြီးအောင် မိနစ် (၂၀) ကြာတယ်ဆိုကြပါစို့။ အဲဒီလို ကြာတာကို ၁.၅ ဆပိုမြန်အောင်ဖတ်တဲ့အလေ့အကျင့် ပြုလုပ်ပါ။ ဆိုလိုတာက ၂၀မိနစ်ကို ၁,၅ နဲ့စားလို့ရတဲ့အချိန် ဖြစ်ပါတယ်။ ၂၀မိနစ်ကို ၁.၅ နဲ့စားလိုက်ရင် အဖြေမှာ ၁၃.၃၃ မိနစ်ဖြစ်ပါတယ်။ အဲဒီလို ဖတ်နိုင်စွမ်းရှိလာတယ်ဆိုရင် သင်ယူမှု လုပ်ငန်းမှာ တိုးတက်မြန်ဆန်လာမှာ ဖြစ်ပါတယ်။

မိတ်ဆွေများဖော်ပြပါသင်ခန်းစာများကို ကိုယ်တိုင်လက်တွေ့ကျင့် သုံးပြီးမိမိသားသမီးများကိုလည်း လက်တွေ့ ကျင့်သုံး နိုင်အောင် ကူညီလမ်းပြပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ် 




No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...