Tuesday, February 4, 2025

ပိုကောင်းသူတစ်ယောက်ဖြစ်အောင် လေ့ကျင့်ရန်နည်းပေါင်း (၁၀၂) နည်း Food for Thought 799 ဒေါက်တာသိန်းလွင်

No photo description available.

ပိုကောင်းသူတစ်ယောက်ဖြစ်အောင် လေ့ကျင့်ရန်နည်းပေါင်း (၁၀၂) နည်း

ပိုကောင်းသူတစ်ယောက်ဖြစ်အောင်လေ့ကျင့်နည်းပေါင်း (၁၀၂)နည်းကို မိမိကိုယ်မိမိပြုပြင်ခဲ့သူတစ်ယောက်က တင်ထားတာသဘောကျသဖြင့် မိတ်ဆွေများကိုမျှဝေရန် မြန်မာဘာသာသို့ပြန်ဆိုခဲ့တာ ၁၁. ၁၂. ၂၀၂၁ တွင်ပြီးခဲ့ ပါတယ်။ အကြောင်းအရာတွေများနေတဲ့အတွက် မျှဝေမယ်မျှဝေမယ်လို့စိတ်ကူးခဲ့ပေမဲ့ မမျှဝေဖြစ်ခဲ့ပါဘူး။ အခုတော့ အကြောင်းအရာတွေများနေတာကို အပိုင်းလိုက်ခွဲပြီးမျှဝေရန် စိတ်ကူးခဲ့ပါတယ်။ အရင်ဆုံး ခေါင်းစဥ် ၁၀၂ ခုကို ပထမပိုင်းအဖြစ်မျှဝေသွားပါမယ်။ နောက်ပိုင်းရှင်းလင်းဖော်ပြချက်များကိုတော့ တစ်ကြိမ်မှာ အချက် (၂၀) ခွဲပြီးမျှဝေသွားပါမယ်။ အခုတော့ ခါင်းစက် (၁၀၂) ခုကို Food for Thought 799 အဖြစ်မျှဝေလိုက်ပါတယ်။

ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။

၁။ မိမိကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်အောင်ဦးတည်ချက်ထားပါ။
၂။ မိမိမှာရှိနေတဲ့အပျက်သဘော၊ အနှုတ်သဘောဆောင်တဲ့လက္ခဏာတွေကို ပြုပြင်နိုင်အောင်အားထုတ်ပါ။
၃။ သင်ဖြစ်ချင်တဲ့အကောင်းဆုံးလူတစ်ယောက်ပုံရိပ်ကိုစဉ်းစားဖော်ထုတ်ပါ။
၄။ သင့်အတွက်အတုယူနိုင်တဲ့စံပြနမူနာပုဂ္ဂိုလ်ကိုရှာပါ။
၅။ မိမိကိုယ်တိုင်က စံနမူနာပြပုဂ္ဂိုလ်ဖြစ်ပါစေ။
၆။ သင့်မိဘများအတွက် ပိုကောင်းတဲ့ကလေးတစ်ယောက်ဖြစ်အောင်နေထိုင်ကျင့်ကြံပါ။
ရ။ သူငယ်ချင်းမိတ်ဆွေများအပေါ် ပိုကောင်းတဲသူငယ်ချင်းမိတ်ဆွေဖြစ်အောင်အားထုတ်ပါ။
၈။ မိသားစုထဲမှာ အခြားညီအစ်ကိုမောင်နှမများရှိပါက ပိုကောင်းတဲ့မိသားစုဝင်တစ်ယောက်ဖြစ်အောင် ကြိုးစား
နေထိုင်ပါ။
၉။ သင့်မှာ ဘဝရည်မှန်းထားသူ၊ (သို့) အိမ်ထောင်ဘက်ရှိရင် ပိုကောင်းတဲ့အိမ်ထောင်ဖက်ဖြစ်အောင် ကြိုးစား
အားထုတ်ပါ။
၁၀။ သင့်မှာ ကလေးတွေရှိတယ်ဆိုရင် ပိုကောင်းတဲ့မိဘဖြစ်အောင် နေထိုင်ကျင့်ကြံပါ။
၁၁။ ပိုကောင်းတဲ့အလုပ်လုပ်ဖော်တစ်ယောက်ဖြစ်အောင်ကြိုးစားအားထုတ်ပါ။
၁၂။ ပိုကောင်းတဲ့မန်နေဂျာ၊ ဦးဆောင်သူတစ်ဦးဖြစ်အောင် ကျင့်ကြံအားထုတ်ပါ။
၁၃။ သင်နေထိုင်တဲ့လူမှုအသိုင်းအဝိုင်းမှာ ပိုကောင်းသူတစ်ယောက်ဖြစ်အောင်ကျင့်ကြံပြောဆိုနေထိုင်ပါ။
၁၄။ အခြားလူသားတွေအတွက် ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် ကျင့်ကြံနေထိုင်ပါ။
၁၅။ ပိုကောင်းတဲ့ကမ္ဘာ့လူသားတစ်ယောက်ဖြစ်အောင်နေထိုင်ကျင့် ကြံပါ။
၁၆။ မိမိမှာကျွမ်းကျင်မှုများရှိလာအောင် ပြင်ဆင်လေ့ကျင့်ထားပါ။
၁ရ။ အသစ်အဆန်းတစ်ခုကို သင်ယူလေ့လာပါ။
၁၈။ သင်တတ်ကျွမ်းထားတဲ့ကျွမ်းကျင်မှုများကို ပိုအားကောင်းထက်လာအောင်သွေးပါ။
၁ရ။ မတူကွဲပြားခြားနားမှုများကို နားလည်လက်ခံပေးပါ။
၁၈။ အခြေအနေနှင့်အညီလိုက်လျောညီထွေပြုပြင်ပြောင်းလဲနိုင်ပါ။
၁၉။ စွန့်စားလုပ်ဆောင်ပါ။
၂၀။ အများကောင်းကျိုးကိုလိုလိုလားလားဆောင်ရွက်ပါ။
၂၁။ မိမိကိုယ်ကိုယုံကြည်စွာအလုပ်လုပ်ပါ။
၂၂။ အာရုံစူးစိုက်အလေးထားပါ။
၂၃။ ရဲရင့်သတ္တိရှိပါ။
၂၄။ ပွင့်ပွင့်လင်းလင်းရှိပါ။
၂၅။ ထောက်ထားစာနာစောင့်ရှောက်ပါ။
၂၆။ သင်ပြတာကိုခံယူလွယ်သူဖြစ်ပါ။
၂ရ။ အနီးကပ်လမ်းညွှန်ပေးမဲ့ဆရာကိုရှာရန်ဖြစ်ပါတယ်။
၂၈။ နှစ်မြှုပ်လုပ်ကိုင်ပါ။
၂၉။ အခြားလူတွေအပေါ်မှာ ထောက်ထားကြင်နာပါ။
၃၀။ မိမိကိုယ်ကိုမိမိယုံကြည်မှုရှိပါ။
၃၁။ သတိနှင့်ယှဉ်အစဉ်လုပ်ကိုင်နေထိုင်ပါ။
၃၂။ အခြားသူများအပေါ်ထည့်သွင်းစဉ်းစားပါ။
၃၃။ အများနှင့် ပူးပေါင်း လုပ်ဆာင်ပါ။
၃၄။ ယဉ်ကျေးသိမ်မွေ့ပါ။
၃၅။ ရဲရင့်သတ္တိရှိပါ။
၃၆။ စူးစမ်းလေ့လာပါ။
၃ရ။ မှိခိုအားထာနိုင်သူဖြစ်အောင်ကြိုးစားပါ။
၃၈။ စီစစ်လက်ခံတဲ့အလေ့အကျင့် ပြုလုပ်ပါ။
၃၉။ စိတ်ပါလက်ပါ စွန့်ကျဲပေးကမ်းပါ။
၄၀။ စိတ်စေတနာမှန်ဖြင့်အခြားလူများကို အသိအမှတ်ပြုပါ။
၄၀။ ဆက်ဆံရေးကောင်းအောင် အခြားလူတွေနေရာမှ ဝင်မြင်အောင်ကြည့်တတ်ပါ။
၄၁။ အခြားလူတွေကို အားပေးတိုက်တွန်းပါ။
၄၂။ စိတ်အားထက်သန်တက်ကြွမှုပြပါ။
၄၃။ သင်လုပ်ဆောင်တိုင်းအကောင်းဆုံးဖြစ်လာအောင်ဦးတည်လုပ်ဆောင်ပါ။
၄၄။ မျှမျှတတရှိပါ။
၄၅။ ယုံကြည်မှုရှိပါ။
၄၆။ မိဘဆရာများပြောတာကိုနာယူသူ၊ ကျေးဇူးတရားသိတတ်သူဖြစ်ပါစေ။
၄ရ။ နောက်လိုက်ကောင်းတစ်ယောက်ဖြစ်အောင်လည်းကြိုးစားအားထုတ်ပါ။
၄၈။ ခွင့်လွှတ်တတ်ပါ။
၄၉။ ရင်းရင်းနှီးနှီးရှိပါ။ ချဉ်းကပ်နိုင်သူဖြစ်ပါ။
၅၀။ ပေးကမ်းစွန့်ကျဲပါ။
၅၁။ ငြင်သာပါ။
၅၂။ ကျေးဇူးတရားသိတတ်ပါ။
၅၃။ အလုပ်ကိုကြိုးစားလုပ်ကိုင်ပါ။
၅၄။ အကူအညီပေးပါ။
၅၅။ ရိုသားမှန်ကန်ပါ။
၅၆။ မိမိကိုယ်မိမိနှိမ့်ချပါ။
၅ရ။ ကိုယ်အားကိုယ်ကိုး လုပ်ဆောင်တတ်ပါ။
၅၈။ ကိုယ်ပိုင်လက္ခဏာရှိပါ။
၅၉။ သိက္ခာရှိပါ။
၆၀။ ထိုးထွင်းသိမြင်တတ်ပါ။
၆၁။ ခေါင်းဆောင်နိုင်သူဖြစ်ပါ။
၆၂။ ကောင်းစွာနားထောင်တတ်သူဖြစ်ပါစေ။
၆၃။ ချစ်ခင်မှုကိုမြတ်နိူးစွာဖက်တွယ်ပါ။
၆၄။ သစ္စာရှိပါ။
၆၅။ ဝေဖန်ခံရမှုကိုလက်ခံပါ။
၆ရ။ သတိနှင့်ယှဉ်နေထိုင်ပါ။
၆၈။ သနားကြင်နာတတ်ပါ။
၆၉။ အကျင့် ကောင်းပါ။
ရဝ။ လက်ရှိအချိန်မှာနေပါ။
ရ၁။ ပြုစုပျိုးထောင်တတ်ပါ။
ရ၂။ စိတ်နေစိတ်ထားပွင့်လင်းပါစေ။
ရ၃။ အပြုသဘောဆောင်ပါ။
ရ၄။ စနစ်တကျဖွဲ့စည်းတည်ဆောက်စီမံပါ။
ရ၅။ စိတ်ရှည်သည်းခံပါ။
ရ၆။ စိတ်အေးတည်ငြိမ်မှုရှိပါ။
ရရ။ ရှေ့နောက်ညီညွတ်စွာလုပ်ကိုင်ပါ။
ရ၈။ မျှော်မြင်တွေးဆမှုရှိပါ။
ရ၉။ ရည်ရွယ်ချက်ရှိပါ။
၈၀။ ကျိုးကြောင်းဆီလျော်ညီညွတ်ပါ။
၈၁။ နောင်တတရားရှိပါ။
၈၂။ အင်အားပြည့်ဝကြံံ့ခိုင်မှုရှိပါ။
၈၃။ လေးလေးစားစားရှိပါ။
၈၄။ တာဝန်ယူမှုရှိပါ။
၈၅။ မိမိကိုယ်မိမိချစ်ကြင်နာပါ။
၈၆။ မိမိအခြေအနေကို ပြန်ထည်ထင်ဟပ်စဉ်းစားပါ။
၈ရ။ အခြားလူများရဲ့လိုအပ်ချက်ကို နားလည်အလိုက်သိပါ။
၈၈။ သင့်အနေဖြင့် အခြားလူများအတွက်ဝန်ဆောင်မှုပေးနိုင်အောင် စိတ်ကိုပြင်ဆင်ထားပါ။
၈၉။ ထက်မြက်မှုရှိပါ။
၉၀။ ရိုးသားဖြောင့်မှန်ပါ။
၉၁။ လွတ်လပ်စွာပြောဆိုလုပ်ကိုင်ပါ။
၉၂။အခြားလူများအပေါ်ထောက်ထားစာနာပါ။
၉၃။ ယဉ်ကျေးသိမ်မွေ့ပြီး လိမ္မာပါးနပ်ပါ။
၉၄။ အခြားလူတွေကိုသင်ပြပေးနိုင်သူဖြစ်ပါ။
၉၅။ အခြားလူတွေအပေါ်မှာယုံကြည်မှုရှိပါ။
၉၆။ ယုံကြည်ထိုက်သူဖြစ်ပါ။
၉ရ။ တွယ်တာမက်မောမှုကင်းပါ။
၉၈။ နားလည်ပေးပါ။
၉၉။ နိုးနိုးကြားကြားရှိပါ။
၁၀၀။ အနာဂတ်ပုံရိပ်ထားပါ။
၁၀၁။ မိမိအားနည်းချက်ပျော့ချက်များကိုမျှဝေပြောပြပါ။
၁၀၂။ ဉာဏ်ရှိပါ။

မိတ်ဆွေများမိမိကိုယ်မိမိပိုကောင်းအောင်ပြုပြင်ရာမှာ အထောက်အကူပြုပါစေ။
မေတ္တာဖြင့်
‌ဒေါက်တာသိန်းလွင်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...