Tuesday, February 4, 2025

ပိုကောင်းသူတစ်ယောက်ဖြစ်အောင် လေ့ကျင့်ရန်နည်းပေါင်း (၁၀၂) နည်း ပထမ နည်းပေါင်း (၂၀) Food for Thought 800 ဒေါက်တာသိန်းလွင်

 No photo description available.
 

ပိုကောင်းသူတစ်ယောက်ဖြစ်အောင် လေ့ကျင့်ရန်နည်းပေါင်း (၁၀၂) နည်းအနက် ပထမ နည်းပေါင်း (၂၀)ကို မိတ်ဆွေများအတွက် Food for Thought 800 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။

လူတစ်ယောက်အနေဖြင့် ပိုကောင်းတဲ့လူ ဘယ်လိုဖြစ်လာပါသလဲ။ စာရေးသူတက္ကသိုလ်နေစဉ်က မိမိကိုယ်မိ မိသိပ်မနှစ်သက်ခဲ့ပါ။ ကျွန်ပ်ဟာရိုင်းပါတယ်၊ တစ်ကိုယ်ကောင်းဆန်ခဲ့ပါတယ်။ ကပ်စေးနဲပါတယ်။ စိတ် လှုပ်ရှား ခံစားမှုအရ အခြားလူတွေအပေါ်ထောက်ထားစာနာမှုနည်းပါတယ်။ မိမိကိုယ်ကိုသာဗဟိုပြုစဉ်းစားလုပ် ဆောင် တတ်ပါတယ်။ သူများတွေကို ဝေဖန်ကဲ့ရဲ့တတ်ပါတယ်။ ဟိတ်ဟန်များလှပါတယ်။

အခုအချိန်မှာ အထက်ပါ စိတ်ထားမျိုးတွေ ဘာကြောင့် ဖြစ်လာတာလဲ လို့ပြန်စဉ်းစားကြည့်တော့ စိတ်ဓာတ်မ လုံခြုံမှုကြောင့် ဖြစ်ကြောင်းသိနားလည်လာပါတယ်။ ကျွန်ပ်အနေဖြင့်မိမိကိုယ်မိမိမနှစ်သက်ပါ။ အဲဒီမနှစ်သက်မှု ကအခြားလူတွေအပေါ်မှာ မသက်စေမှုများကို ဖြစ်လာစေပါတယ်။ မိမိကိုယ်မိမိမကျေမနပ်ဖြစ်ပါတယ်။ အဲဒီမှ တစ်ဆင့် အခြားလူတွေနဲ့ပတ်သက်လာရင်လည်း မနှစ်သက်မှုများဖြစ်လာစေပါတယ်။

ကျွန်ပ်ဟာမိမိကိုယ်တိုင်ပိုကောင်းသူတစ်ယောက်ဖြစ်လာအောင်လေ့လာအားထုတ်ခဲ့ပါတယ်။ အရင်ဆုံးမိမိမှာရှိ လာစေချင်တဲ့ကောင်းတဲ့လက္ခဏာတွေကိုစာရင်းပြုလုပ်ပါတယ်။ ပြီးတော့ လက္ခဏာတစ်ခုချင်း ဖြစ်လာအောင် စတင်လေ့ကျင့် ခဲ့ပါတယ်။

အဲဒီလိုလေ့ကျင့်တဲ့အခါမှာ မိမိစိတ်ထဲမှာလုပ်ဆောင်ရတဲ့လုပ်ငန်းတွေများစွာပါဝင်တာကိုသတိထားမိခဲ့ပါတယ်။ မျှော်မှန်းထားတာတွေအားလုံးပြည့်စုံနေပြီလို့တော့မပြောနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ မျှော်မှန်းထားတာတွေ ပြည့်အောင် များစွာအားထုတ်ရန် လိုအပ်နေသေးတဲ့အတွက်ဖြစ်ပါတယ်။ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်ခြင်း ဆိုတာ စဉ်ဆက်မပြတ်ဆက်တိုက်အားထုတ်နေရမဲ့ ဦးတည်ချက်ဖြစ်တယ်လို့လည်း ယုံကြည်ထားပါတယ်။ ကောင်းတဲ့လူတစ်ယောက်ဖြစ်လာတယ်ဆိုတာ အဆုံးမရှိနိုင်ဘဲ ပိုကောင်းအောင် ဆက်လက်အားထုတ်နေရန် လိုအပ်တယ်လို့ လည်းခံယူထားပါတယ်။

အောက်ဘက်မှာ မိမိကိုယ်မိမိပိုကောင်းအောင် ပြုလုပ်တဲ့နည်း လမ်း (၁၀၂) နည်းကိုတင်ပြထားပါတယ်။ စာဖတ် သူအနေဖြင့် မိမိကိုယ်မိမိပိုကောင်းအောင် နည်းလမ်းတစ်ခုကို အရင်ဆုံးအားထုတ်သင့်ပါတယ်။ မိမိကိုယ်မိမိ ပို ကောင်းအောင် ပြုလုပ်ခြင်းမှာ မိမိကိုအခြားလူတွေက သဘောကျအောင် ပြုလုပ်နေခြင်းမဟုတ်ပါ။ မိမိကိုယ်မိမိ နှစ်သက်သူ၊ လေးစားတန်ဖိုးထားသူတစ်ယောက်ဖြစ်လာအောင်လေ့ကျင့်ခြင်းဖြစ်ပါတယ်။ အဲဒီလိုမိမိကိုယ်တိုင် ကောင်းလာတဲ့အခါ မှန်ကန်ကောင်းမွန်သူများက မိမိဘဝထဲဝင်ရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် အောက်ပါ နည်းလမ်းများကို သင့်အတွက် ပိုကောင်းသူတစ်ယောက်ဖြစ်လာအောင် ပြုလုပ်တဲ့အခြေခံအဖြစ်သဘောထား ပြီး လေ့ကျင့်ရန်တိုက်တွန်းအားပေး လိုပါတယ်။

၁။ မိမိကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်အောင်ဦးတည်ချက်ထားပါ။ သင့်အနေဖြင့်ဖွံ့ဖြိုးတိုးတက်လာလေလေ သင့်အ တွက်နှင့်ပတ်ဝန်းကျင်လူများအတွက် ပိုကောင်းလေလေ ဖြစ်မှာပါ။ ကျွန်ပ်အနေနဲ့မိမိကိုယ်တိုင် ပိုကောင်းသူ တစ်ယောက်ဖြစ်အောင် ပြုလုပ်ရန်စိတ်ကူးကို ၂၀၀၆ ခုနှစ်မှာစတင်ခဲ့ပါတယ်။ အဲဒီရည်မှန်းချက် ရှိလာပြီးတဲ့ နောက် အရင်ကဖြစ်ခဲ့တာတွေကိုပြန်ကြည်ပြီး စိတ်မကောင်းဖြစ်မနေတော့ဘဲ ပိုကောင်းအောင်သာလေ့ကျင့် ပျိုးထောင်ခဲ့ပါတယ်။

၂။ မိမိမှာရှိနေတဲ့အပျက်သဘော၊ အနှုတ်သဘောဆောင်တဲ့လက္ခဏာတွေကို ပြုပြင်နိုင်အောင်အားထုတ်ပါ။ သင့်အနေဖြင့် မနှစ်သက်တဲ့လက္ခဏာသင့်မှာဘာတွေရှိနေပါသလဲ။ အဲဒါတွေကိုစဉ်းစားဖော်ထုတ်ရန် လိုအပ်ပါ တယ်။ စာရေးသူအနေဖြင့်မိမိမှာရှိနေတဲ့လက္ခဏာတွေထဲမှာ မနှစ်သက်တာတွေကတော့မိမိတစ်ကိုယ်ကောင်း ဆန်မှု၊ ဟိတ်ဟန်များမှု၊ သူများကို ပြစ်တင်ဝေဖန်မှု၊ ကြမ်းတမ်းမှု၊ ရိုင်းပြမှုများဖြစ်ပါတယ်။ မိမိမှာရှိနေတဲ့ အ ပျက် သဘောဆောင်တဲ့လက္ခဏာတွေကိုစဉ်းစားဖော်ထုတ်ပြီး တစ်ခုချင်းစီကောင်းလာအောင် စတင်အားထုတ် ပြုပြင်ပါ။ မိမိအကျင့်တွေအားလုံးကို တစ်ချိန်တည်းမှာ အားလုံးပြုပြင်ရန်မှာ စိန်ခေါ်တဲ့လုပ်ငန်းဖြစ်ပါတယ်။ အားလုံးကို တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်းပြုပြင်ရန်မှာ မနိုင်တဲ့ဝန်ဖြစ်နေပြီး အောင်မြင်မှုရရန်ခက်ခဲနိုင်ပါ တယ်။

၃။ သင်ဖြစ်ချင်တဲ့အကောင်းဆုံးလူတစ်ယောက်ပုံရိပ်ကိုစဉ်းစားဖော်ထုတ်ပါ။ သင်ဖြစ်ချင်တဲ့လူတစ်ယောက်မှာ ဘယ်လို လက္ခဏာတွေရှိပါသလဲ။ အဲဒီလူရဲ့ပုံရိပ်ကိုသင့် စိတ်ထဲမှာဖော်ထုတ်စဉ်းစားလိုက်ပါ။ အဲဒီလူမှာ ရှိစေ ချင်တဲ့ လက္ခဏာများကို စဉ်းစားပြီးရေးချလိုက်ပါ။ အဲဒီနောက် ထိုဖော်ထုတ်ထားတဲ့လက္ခဏာများနှင့် အညီ စတင်နေထိုင်ကျင့်ကြံပါ။

၄။ သင့်အတွက်အတုယူနိုင်တဲ့စံပြနမူနာပုဂ္ဂိုလ်ကိုရှာပါ။စံပြပုဂ္ဂိုလ်တစ်ယောက်ယောက်ရှိခြင်းမှာမိမိတို့အနေဖြင့် ဘယ်လို လူမျိုးဖြစ်လာနိုင်တာကို ခန့်မှန်းကြည့်နိုင်စေပါတယ်။ ကျွန်ပ်အတွက်စံနမူနာထားတဲ့လူတွေကတော့ Oprah Winfrey ပါပါတယ်။ သူက မိမိကိုယ်မိမိ ကူညီစောင့်ရှောက်တဲ့လုပ်ငန်းတွေများစွာပြုလုပ်ခဲ့သူဖြစ်ပါ တယ်။ Chafwivk Boseman နှင့် John Christopher တို့လည်းပါဝင်ပါတယ်။ Chafwivk Boseman ကတော့ လူ မည်းများအရေးကိုအစဉ်တစ်စိုက် အလေးထားပြောခဲ့သူတစ်ယောက် ဖြစ်ပါတယ်။အဲဒီလို ပြောဆိုမှုကြောင့် ပင် အသက်ဆုံးရှုံးခဲ့ရပါတယ်။ John Christopher ကတော့ဆေးဘက်ဝင်အပင်များ သုံးပြီးသဘာဝဆေးများဖြင့် လူ များကို ကုသပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့ဘဝမှာ လူတွေကိုပညာပေးခြင်းနှင့်ဆေးကုသပေးတဲ့လုပ်ငန်း တွေ ကို လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ သင့်အတွက် စံပြပုဂ္ဂိုလ်များက ဘယ်သူတွေလဲ။ သင့်အနေဖြင့်သူတို့ကို ဘာ ကြောင့် စံပြပုဂ္ဂိုလ်များအဖြစ်သတ်မှတ်ချင်တာလဲ။

၅။ မိမိကိုယ်တိုင်က စံနမူနာပြပုဂ္ဂိုလ်ဖြစ်ပါစေ။ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာဖို့အတွက် လေ့ကျင့်တဲ့ နေရာမှာ အကောင်းဆုံးနည်းလမ်းမှာ မိမိကိုယ်တိုင်က အခြားလူတွေအတွက် စံနမူနာပြသူဖြစ်လာအောင် လေ့ ကျင့်ခြင်းပင်ဖြစ်ပါတယ်။

၆။ သင့်မိဘများအတွက် ပိုကောင်းတဲ့ကလေးတစ်ယောက်ဖြစ်အောင်နေထိုင်ကျင့်ကြံပါ။ သင့်မှာမိဘနှစ်ပါး သာရှိ ပါတယ်။ ဒါကြောင့် သူတို့နဲ့အတူတူနေနိုင်တဲ့အချိန်တွေကို တန်ဖိုးထားပါ။ သင်နှင့်သင့်မိဘများ အကြား အပြန်အလှန်ဆက်ဆံရေးကအကောင်းဆုံးမဟုတ်ဘူးဆိုရင် အရာရာက အဆုံးသပ်သွားတာတော့မဟုတ်ပါ။ ကျွန်ပ်ငယ်စဉ်ကမိဘများနှင့်အပြန်အလှန်ဆက်ဆံရေးမကောင်းခဲ့ပါ။နောက်ပိုင်းမိဘများနှင့်အပြန်အလှန်ဆက် ဆံရေးကောင်းအောင် ပြုပြင်နေထိုင်နိုင်ခဲ့ပါတယ်။ How I Found Peace in My Relationship with My Parents ကိုဆက်လက်လေ့လာဖတ်ရှုပါ။

ရ။ သူငယ်ချင်းမိတ်ဆွေများအပေါ် ပိုကောင်းတဲသူငယ်ချင်းမိတ်ဆွေဖြစ်အောင်အားထုတ်ပါ။ အစကတော့ ကျွန်ပ်လိုအပ်တဲ့အခါမှာ သူငယ်ချင်းများကမရှိတဲ့အခါ အလွန်စိတ်ပျက်မိပါတယ်။ နောက်တော့ သူငယ်ချင်းများ အပေါ်မှာ အဲဒီလိုမျှော်လင့်ချက်များမထားမှီ မိမိအနေဖြင့် ပိုကောင်းတဲ့သူငယ်ချင်းမိတ်ဆွေဖြစ်အောင် လုပ်ဖို့ လိုတာကို နားလည်သဘောပေါက်လာခဲ့ပါတယ်။ ကိုယ်တိုင်က ပိုကောင်းတဲ့မိတ်ဆွေသူငယ်ချင်းဖြစ်အောင် ပြု ပြင်နေထိုင်တဲ့အခါ သူငယ်ချင်းများကလည်း ပိုးကောင်းတဲ့မိတ်ဆွေသူငယ်ချင်းများဖြစ်လာကြပါတယ်။ How to have more best friends in Life ကိုဖတ်ပါ။

၈။ မိသားစုထဲမှာ အခြားညီအစ်ကိုမောင်နှမများရှိပါက ပိုကောင်းတဲ့မိသားစုဝင်တစ်ယောက်ဖြစ်အောင် ကြိုးစား နေထိုင်ပါ။ ကျွန်တော်မှာညီအစ်ကိုမောင်နှမမရှိတဲ့သူငယ်ချင်းတွေရှိကြပါတယ်။ သူတို့က ညီအစ်ကိုမောင်နှမ ရှိ ချင်ကြောင်း ပြောကြပါတယ်။ သင့်အနေဖြင့် ကံကောင်းတဲ့အတွက်ညီအစ်ကိုမောင်နှမများရှိရင် သူတို့ကို တန်ဖိုး ထားဆက်ဆံပါ။ သူတို့နှင့်အတူတူနေတဲ့အချိန်တွေရှိပါ။ သူတို့ကို စောင့်ရှောက်ပါ။

၉။ သင့်မှာ ဘဝရည်မှန်းထားသူ၊ (သို့) အိမ်ထောင်ဘက်ရှိရင် ပိုကောင်းတဲ့အိမ်ထောင်ဖက်ဖြစ်အောင် ကြိုးစား အားထုတ်ပါ။ သင့်အနေဖြင့် ပိုကောင်းတဲ့ လက်တွဲဖော်ဖြစ်အောင် ဘယ်လိုကျင့်ကြံနေထိုင်မယ်ဆိုတာ စဉ်းစား ပါ။ လက်တွဲဖော်ဖြစ်တဲ့အခါ မိမိလိုချင်တာတွေတောင်းဆိုတာ၊ မိမိမျှော်မှန်းတာတွေတောင်းဆိုတာ လွယ်ကူပါ တယ်။ မိမိဘက်က တာဝန်ကျေသူဖြစ်အောင်နေထိုင်ကျင့်ကြံပါ။ တောင်းဆိုမှုတွေ၊ မျှော်လင့်တွေအများကြီး ထားတာမျိုးရှောင်ပါ။ တစ်ယောက်နှင့် တစ်ယောက် ပိုကောင်းတဲ့လက်တွဲဖော်ဖြစ်အောင်ကြိုးစားနေ ထိုင်မယ် ဆိုရင်နှစ်ယောက်လုံး ပိုပျော်ရွှင်လာမှာဖြစ်ပါတယ်။

၁၀။ သင့်မှာ ကလေးတွေရှိတယ်ဆိုရင် ပိုကောင်းတဲ့မိဘဖြစ်အောင် နေထိုင်ကျင့်ကြံပါ။ ကလေးရှိသော အိမ် ထောင်ရှင်များက ကလေးရှိခြင်းမှာ အလွန်ကြည်နူးစရာကောင်းကြောင်း ကျွန်ပ်အားပြောပြဘူးပါတယ်။ ဒါ ကြောင့် သင့်မှာကလေးတွေရှိပါက သူတို့အပေါ်မှာ ပိုကောင်းတဲ့မိဘတစ်ယောက်ဖြစ်လာအောင် နေထိုင်ပြော ဆိုဆက်ဆံပါ။ သူတို့ဖွံဖြိုးတိုးတက်မှုကို အနှောက်အယှက်မဖြစ်စေဘဲ ဘယ်လို ကျင့်ကြံဆက်သွယ်နိုင်ကြောင်း စဉ်းစားပါ။ ကလေးတွေကို လေ့ကျင့်ပျိုးထောင်ပေးရတာ စိန်ခေါ်မှုတွေများစွာရှိပါတယ်။ အထူးသဖြင့် ဆယ် ကျော်သက်အရွယ်ရောက်လာတဲ့အခါ ပိုစိန်ခေါ်လာတတ်ပါတယ်။ တကယ်တော့ စိန်ခေါ်တဲ့လုပ်ရပ်တွေကို မိမိ ကလေးများအကျိုးကိုရှေ့ရှုလျက် လုပ်ဆောင်ပေးရခြင်းမှာလည်း တစ်နည်းအားဖြင့် ကြည်နူးစရာတစ်မျိုးဖြစ်ပါ တယ်။

၁၁။ ပိုကောင်းတဲ့အလုပ်လုပ်ဖော်တစ်ယောက်ဖြစ်အောင်ကြိုးစားအားထုတ်ပါ။ တကယ်လို့သင့်အနေဖြင့်အလုပ် ဌာနတစ်ခုခုမှာ ဝင်ရောက်အလုပ်လုပ်နေတယ်ဆိုရင် ပိုကောင်းတဲ့အလုပ်သမားတစ်ယောက်ဖြစ်အောင် ပြုမူနေ ထိုင်လုပ်ကိုင်ပါ။ မန်နေဂျာ တွေကိုမကျေနပ်တဲ့အတွက်အလုပ်ထွက်သွားသူတွေ ဘယ်လောက်များပါသလဲ။ မိမိ တို့အလုပ်လုပ်နေတဲ့အလုပ်ဌာနမှ မိမိတို့အတွက် အကျိုးခံစားခွင့်တွေကောင်းကောင်းမပေးကြောင်း၊ အထောက် အပံ့တွေကောင်းကောင်းမပေးကြောင်း ပြောဆိုမှုတွေ မကြာခဏကြားရတတ်ပါတယ်။ သင့်အနေဖြင့် မန်နေဂျာ အတွက် ပိုကောင်းအောင် ဘာများပြုလုပ်ပေးနိုင်ကြောင်း စဉ်းစား လုပ်ဆောင်ပါ။ ပရောဂျက်အသစ်ကို သင့်အ နေဖြင့် တာဝန်ယူလူပ်ဆောင်နိုင်မှုအခြေအေနကိုလေ့လာပါ။ သင်ရဲ့ လုပ်ဆောင် စွမ်းရည်တိုးတက် အောင် ဘာ တွေလုပ်ဆောင်နိုင်ကြောင်း စဉ်းစားပြီးစွမ်းဆောင်ရည်မြှင့်တင်လုပ်ဆောင်ပါ။

၁၂။ ပိုကောင်းတဲ့မန်နေဂျာ၊ ဦးဆောင်သူတစ်ဦးဖြစ်အောင် ကျင့်ကြံအားထုတ်ပါ။ သင့်အနေဖြင့် အလုပ်မှာ အခြားလူတွေကို စီမံအုပ်ချုပ်နေရသူဖြစ်ရင် သူတို့တတွေအလုပ်ခွင်မှာ စိတ်အေးချမ်းသာစွာအလုပ်လုပ်နိုင် စေရန် ကူညီလမ်းညွှန်ပါ။ လိုအပ်တဲ့ကူညီလမ်းပြမှုပေးပါ။ မန်နေဂျာတွေကိုမကျေနပ်တဲ့အတွက်အလုပ်ထွက်ခွါ သွားမှုတွေများစွာရှိပါတယ်။ မန်နေဂျာ အနေဖြင့် ဝန်ထမ်းတွေအပေါ်ဆက်ဆံမှုမှာအလုပ်ခွင်တိုးတက်ရေး၊ သူတို့ လုပ်ဆောင်မှုတိုးတက်ရေးတို့တွင်များစွာအထောက်အကူဖြစ်စေပါတယ်။သူတို့လိုအပ်ချက်များကိုအကောင်းဆုံး ဖြည့်ဆည်းပေးမှုက သူတို့အနေဖြင့်အကောင်းဆုံးစွမ်းဆာင်နိုင်မှု ကိုဖြစ်လာစေပါတယ်။

၁၃။ သင်နေထိုင်တဲ့လူမှုအသိုင်းအဝိုင်းမှာ ပိုကောင်းသူတစ်ယောက်ဖြစ်အောင်ကျင့်ကြံပြောဆိုနေထိုင်ပါ။ သင် ဟာဘယ်လူမှု အသိုင်းအဝိုင်းတွေမှာ နေထိုင်ပါသလဲ။ စိတ်ဝင်စားမှုတူတဲ့လူမှုအသင်းအဖွဲ့များ၊ အပန်းဖြေအနား ယူတဲ့နေရာမှာ တွေ့ဆုံရတဲ့လူမှုအဖွဲ့အသင်းများ၊တို့မှာသင်နေထိုင်ကျင်လည်တဲ့လူမှုအသိုင်းအဝိုင်းတွေဖြစ်ပါ တယ်။ အဲဒီလူမှုအဖွဲ့အစည်းအတွင်းမှာ သင့် အနေဖြင့် ပိုတက်ကြွစွာ ပါဝင်အကျိုးပြုနိုင်မလဲဆိုတာ စဉ်းစား လုပ်ဆောင်ပါ။

၁၄။ အခြားလူသားတွေအတွက် ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် ကျင့်ကြံနေထိုင်ပါ။ သင်အနေဖြင့် ပတ်ဝန်းကျင်မှာ တွေ့နေရသူများအပေါ်မှာ ဘယ်လို ပိုကောင်းစွာပြုမူဆက်ဆံနိုင်ကြောင်းစဉ်းစားပြုကျင့် ဆက်ဆံပါ။ အဲဒီစဉ်းစားထားတဲ့အတိုင်း ပိုကောင်းစွာပြုမူဆက်ဆံမှုကိုစတင်ပါ။

၁၅။ ပိုကောင်းတဲ့ကမ္ဘာ့လူသားတစ်ယောက်ဖြစ်အောင်နေထိုင်ကျင့် ကြံပါ။ သင်နေထိုင်တဲ့ကမ္ဘာကို ပိုကောင်းတဲ့ နေရာတစ်ခု ဖြစ်လာအောင် ဘယ်လိုပြုမူနေထိုင်မယ်ဆိုတာ စဉ်းစားပြီး ပိုကောင်းတဲ့ ကမ္ဘာဖြစ်လာအောင်စတင် နေထိုင်ပါ။ ဥပမာ ကမ္ဘာလောကကို ပိုလှအောင် အပင်များစိုက်ပါ။ အမှိုက်များကို ကြုံသလိုပစ်တာ မျိုးရှောင်ပါ။ မိမိကြောင့် လေထုမညစ်ညမ်းပါစေနဲ့။ ရေထုမညစ်ညမ်းပါစေနဲ့။ကမ္ဘာမြေမညစ်ညမ်းပါစေနဲ့။လျှပ်စစ်ကိုခြွေတာ ပါ။ မလိုအပ်ရင်မသုံးပါနဲ့။စက္ကူ၊ ပလပ်စတစ်စ တာတွေကို လျော့သုံးပါ။ ပြန်လည်သုံးပါ။ မလိုအပ်ဘဲမသုံးပါနဲ့။

၁၆။ မိမိမှာကျွမ်းကျင်မှုများရှိလာအောင် ပြင်ဆင်လေ့ကျင့်ထားပါ။ အဲဒီကျွမ်းကျင်မှုများဆိုတာ လိုအပ်တဲ့အခါ ထုတ်သုံးနိုင်တဲ့ လက်သမားကိရိယာဘူးထဲမှ လက်နှက်ကိရိယာများနှင့် တူပါတယ်။ သင့်မှာ လုပ်ကိုင်တတ်တဲ့ ကျွမ်းကျင်မှုများရှိလာတာနဲ့အမျှ သင်ဟာ မိမိတိုးတက်ရေးအတွက်ပိုစွမ်းဆောင်နိုင်သူ၊ အခြားလူတွေအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူ၊လောကအကျိုးအတွက် ပိုပြီးသယ်ပိုးဆောင်ရွက်နိုင်သူဖြစ်လာမှာဖြစ်ပါတယ်။

၁ရ။ အသစ်အဆန်းတစ်ခုကို သင်ယူလေ့လာပါ။ သင့်အနေဖြင့်ဘာတွေကိုဘယ်လောက်ပင်တတ်ကျွမ်းနေပါစေ ကျွမ်းကျင်မှုအ သစ်များကိုသင်ယူလေ့လာရန် ရှိပါတယ်။ ကျွမ်းကျင်မှုအသစ်များကို ပိုတတ်ကျွမ်းလာတာနဲ့အမျှ သင့်အနေဖြင့် ပိုစွမ်းဆောင် နိုင်သူ၊ မိမိအတွက်၊ အခြားလူတွေအတွက်နှင့် လောကအတွက် အကျိုးပြုနိုင်သူတစ် ယောက်ဖြစ်လာမှာဖြစ်ပါတယ်။ ကျွမ်းကျင်မှု များသင်ယူရန် skills development ကို ဆက်လက်လေ့လာပါ။

၁၈။ သင်တတ်ကျွမ်းထားတဲ့ကျွမ်းကျင်မှုများကို ပိုအားကောင်းထက်လာအောင်သွေးပါ။ လက်ရှိသင်တတ်သိ ကျွမ်းကျင်ထားတာ တွေကိုပိုအားကောင်းလာအောင် အားဖြည့်ပါ။ ထက်မြက်နေအောင် လေ့ကျင့်ထားပါ။ ဘယ် လောက်ပင်ကျွမ်းကျင်နေပါစေ၊ ဆက်လက်တိုးတက်အောင် လုပ်ဆောင်နိုင်တဲ့အနေအထားဆိုတာ ရှိနေပါ တယ်။ ဥပမာ ဂေါက်သီးရိုက်ရာမှာ သိပ်တော်တဲ့Tiger Woods ၊ ဘတ်စကက်ဘောကစားရာမှာသိပ်တော်တဲ့ Michael Jorden စန္တရားတီးရာမှာအလွန်တော်တဲ့Beethoven တို့လို ထူးချွန်ထက်မြက်သူတွေဟာ သူတို့ထူး ချွန်ထက်မြက်မှုကို ဆက်လက်ထက်မြက်နေအောင် ပိုတိုးတက်နေအောင် လေ့ကျင့်မှုကို စဉ်ဆက်မပြတ်ပြု လုပ်နေကြပါတယ်။


No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...