Tuesday, February 4, 2025

ပိုကောင်းသူတစ်ယောက်ဖြစ်အောင်လေ့ကျင့်ရန် ဒုတိယ နည်းပေါင်း (၂၀) Food for Thought 801 ဒေါက်တာသိန်းလွင်

 May be an image of text
ပိုကောင်းသူတစ်ယောက်ဖြစ်အောင်လေ့ကျင့်ရန် ဒုတိယ နည်းပေါင်း (၂၀)
ပိုကောင်းသူတစ်ယောက်ဖြစ်အောင် လေ့ကျင့်ရန်နည်းပေါင်း (၁၀၂) နည်းအနက် ဒုတိယ နည်းပေါင်း (၂၀)ကို မိတ်ဆွေများအတွက် Food for Thought 801 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။

၂၁။ မိမိကိုယ်ကိုယုံကြည်စွာအလုပ်လုပ်ပါ။ မိမိအခွင့်အရေးများနှင့်မိမိယုံကြည်မှုများအတွက်ရပ်တည်ပါ။

၂၂။ အာရုံစူးစိုက်အလေးထားပါ။ တစ်ယောက်ယောက်ကပြောနေတဲ့အခါ အဲဒီလူကိုအပြည့်အဝအာရုံထား နားထောင်ပေးပါ။ အဲဒီလိုအချိန်မျိုးမှာ မိမိကိုယ်တိုင်တစ်ခုခုဖြင့်အလုပ်များနေတာမျိုးမဖြစ်ပါနဲ့၊ အဲဒီလို ပြုမူခြင်းမှာ အလွန်ရိုင်းပြရာနှင့် ပြောနေသူ ကိုထည့်သွင်းမစဉ်းစားရာရောက်ပါတယ်။

၂၃။ ရဲရင့်သတ္တိရှိပါ။ ဘဝဆိုတာ စွန့်စားရတာဖြစ်ပါတယ်။ ကြောက်လန့်နေရမှုတွင်နစ်မနေပါနဲ့။သင့်မှာ ရှိတဲ့ စိတ်ကူးအိပ်မက်အတိုင်းရဲရင့်စွာနေထိုင်ပါ။ သင့်စိတ်က ပြောပြနေတာကိုရဲရင့်စွာအကောင်အထည်ဖော်ပါ။ သင်ဖြစ်စေချင်တဲ့ဘဝဖြစ်လာအောင် ရဲရင့်စွာဖန်တီးတည်ဆောက်အကောင်အထည်ဖော်ပါ။ How To Overcome Fear and Pursue Your Dreams ကိုလည်းဖတ်ရှုလေ့လာပါ။

၂၄။ ပွင့်ပွင့်လင်းလင်းရှိပါ။ ပွင့်လင်းပါ။ ပြောစရာကို ပွင့်လင်းစွာပြောပါ။ စိတ်ထဲမှာရှိတာကို ပြောပြပါ။ အခြား လူတွေဘယ်လို စဉ်းစားမလဲဆိုတာကိုကြောက်နေတဲ့အတွက် သင်ပြောလိုတဲ့စကားတွေကို ဆင်ဆာ ဖြတ်တာ မျိုးပြုလုပ်မနေပါနဲ့။ မိမိ စိတ်ထဲ ရှိတဲ့အတိုင်းပြောဆိုပါ။ (ဒါပေမဲ့အခြားလူတွေကို ထိခိုက်နစ်နာစေတာမျိုး တော့မဖြစ်ပါစေနဲ့။ အခြားလူတွေနေရာမှ ဝင်ကြည့်မြင် စဉ်းစားပါ။)

၂၅။ ထောက်ထားစာနာစောင့်ရှောက်ပါ။ သင်ရဲ့ဂရုစိုက်စောင့်ရှောက်မှုပြဖို့အတွက် အခြားတစ်ယောက် ယောက် မျက်ရည် ထွက်ပြနေတဲ့အထိစောင့်နေရန် မလိုအပ်ပါ။ စောင့်ရှောက်မှုကို ပြတဲ့အခါ အခြားလူစိတ်မှာ နွေးထွေးမှု ကိုခံစားစေရပြီး သင်ကသူ့ကိုစာနာထောက်ထားစောင့်ရှောက်ကြောင်းသိစေပါတယ်။
နောက်အရေးကြီးတဲ့အချက်မှာ သူငယ်ချင်းမိတ်ဆွေများကိုဆက်သွယ်ရန်ဖြစ်ပါတယ်။ အချိန်တော်တော်ကြာ အောင်အဆက်အ သွယ်မပြုလုပ်မိတဲ့သူ ငယ် ချင်းမိတ်ဆွေတွေရှိပါက သူတို့ကို ဆက်သွယ်ပါ။ ဒီနေ့ ပင်သူတို့ကို ဆက်သွယ်ပြီး သူတို့ဘယ်လိုနေ ထိုင်လျက်ရှိ ကြောင်းမေးကြည့်ပါ။ သူတို့ အနေဖြင့် သင့်ကအခုလို ဆက်သွယ် လိုက်တာကို သဘောကျဝမ်းသာကြ မှာဖြစ်ပါတယ်။ ဒါပေမဲ့သဘောကျကြောင်းတော့ ထုတ်ပြောချင်မှပြော ပါ လိမ့်မယ်။ ဘာကြောင့် သဘောကျသလဲဆိုရင် သင်ကသူတို့ကိုဂရုစိုက်တဲ့ အတွက်ဖြစ်ပါ တယ်။

၂၆။ သင်ပြတာကိုခံယူလွယ်သူဖြစ်ပါ။ ကျွန်ပ်တို့အနေဖြင့် အခြားလူတွေထံမှသင်ယူစရာတွေဆိုတာ အစဉ်ရှိနေ ပါတယ်။ အသက် အရွယ်မရွေး အခြားလူတွေထံမှ သင်ယူနိုင်ပါတယ်။ မိမိက ကောင်းစွာတတ်သိ ထားတယ် ဆိုတဲ့စိတ်နဲ့ သင်ယူနိုင်တဲ့ အခွင့်အလမ်းတွေကို လက်လွှတ်မခံပါနဲ့။ မိမိစိတ်ကိုသင်ယူနိုင်ခွင့်များ အတွက်ဖွင့် ထား ပြီး တွေ့ကြုံလာတာတွေကို သင်ယူနိုင်တဲ့ အခွင့်အလမ်းလိုသဘောထားပါ။ အဲဒီလိုမဟုတ်ဘဲ သင့်ကိုယ် သင် သင်ယူနိုင်တဲ့အခွင့်အလမ်းတွေကို ပိတ်လိုက်တဲ့အချိန်ဟာ သင့်အနေဖြင့် ဆက်လက်မသင်ယူဘဲ ရပ်တံ့ သွားတဲ့အချိန်ဖြစ်ပါတယ်။

၂ရ။ နောက်အရေးကြီးတဲ့အချက်တစ်ခုမှာ အနီးကပ်လမ်းညွှန်ပေးမဲ့ဆရာကိုရှာရန်ဖြစ်ပါတယ်။ အနီးကပ်လမ်း ပြပေးမဲ့လူကသင့်ကို လက်ရှိအနေအထားထက်ပိုတိုးတက်လာအောင် လမ်းပြပေးမှာဖြစ်ပါတယ်။ သင့်အတွက် အနီးကပ်လမ်းပြပေးမဲ့လူက (၁) သင့်ကိုတစ်ခုခုသင်ပေးလမ်းပြနိုင်သူဖြစ်မှု၊ (၂) သင်တို့ကိုယ်ရည်ကိုယ်သွေး လက္ခဏာများက တစ်ယောက်နဲ့တစ်ယောက်အဆင်ပြေ မှုရှိတဲ့လူကိုသာရွေးချယ်ဆရာတင်ပါ။ ကျွန်တော်ကို အနီးကပ်လမ်းပြတဲ့လူတွေက ကျွန်တော် လုပ်ကိုင်တာအဆင်ပြေမှု အသေအချာရှိအောင်အနီးကပ်လမ်း ညွှန် ပါတယ်။ သူတို့မှာလည်း အနီးကပ်လမ်းပြမဲ့ လူတွေရှိတာကိုလည်းတွေ့ရပါတယ်။ သင်အနေဖြင့် ဘယ်လောက် ပင်အတွေ့အကြုံတွေရှိပြီးနေပါစေ သင့်ကိုလမ်းပြသင်ပေးနိုင်သူဆိုတာရှိပါတယ်။

၂၈။ နှစ်မြှုပ်လုပ်ကိုင်ပါ။ သင့်မှာချမှတ်ထားတဲ့ရည်မှန်းချက်ပန်းတိုင်နှင့် စိတ်ကူးအိပ်မက်များရအောင် သံဓိဌာန် ချပြီးနှစ် မြုပ်လုပ်ကိုင်ပါ။သင့်မှာဦးတည်ရည်မှန်းချက်ချထားရင် အဲဒီဦးတည်ရည်မှန်းချက်ရောက်အောင် ဆောင် ရွက်ပါ။ အစီအစဉ်တစ်ခု ပြုလုပ်ထားရင်အဲဒီအစီအစဉ်ကို အကောင်အထည်ဖော်နိုင်အောင် အား ထုတ်ပါ။ ဟို ယောင်ယောင်ဒီယောင်ယောင်ဖြစ်မနေပါနဲ့။

၂၉။ အခြားလူတွေအပေါ်မှာ ထောက်ထားကြင်နာပါ။ အခြားလူတွေကို ကူညီနိုင်တဲ့အခွင့်အလမ်းကို အမြဲစောင့် ကြည့်ပါ။ အခြားလူတွေမှာ အခက်အခဲတွေ့နေတဲ့အခါ ကိုယ်နဲ့မဆိုင်သလို မိမိနေရာမှာသာ နေတာမျိုးမပြု လုပ် ပါနဲ့။ အခြားလူမှာ မနိုင်မနင်း ဖြစ်နေတဲ့ပစ္စည်းတစ်ချို့ကို ဝိုင်းကူသယ်ပေးခြင်းစတဲ့အလုပ်များကို အကူအညီရ တဲ့လူတွေက အလွန်တန်ဖိုးထား တတ်ကြပါ တယ်။

၃၀။ မိမိကိုယ်ကိုမိမိယုံကြည်မှုရှိပါ။ သင်ကိုယ်သင်ယုံကြည်မှုရှိပါ။ သင်လုပ်ကိုင်တဲ့အလုပ်အပေါ်မှာလည်း ယုံကြည်မှုရှိပါ။ ။How To Be The Most Confident Person in the World ကိုဆက်လက်လေ့လာဖတ်ပါ။

၃၁။ သတိနှင့်ယှဉ်အစဉ်လုပ်ကိုင်နေထိုင်ပါ။ သင်လုပ်ဆောင်တဲ့လုပ်ငန်းတွေကို အလေးထားအာရုံထား လုပ်ကိုင် ပါသလား။ အဲဒီလိုအရည်အသွေးမှာရှားပါးပြီးအလွန်တန်ဖိုးရှိလှပါတယ်။ သတိနှင့်ယှဉ်နေထိုင်တတ်သူ များမှာ သူတို့လုပ်ဆောင်တဲ့အလုပ်မှာ ကိုယ်ရောစိတ်ပါမြှုပ်နှံလုပ်ကိုင်ကြပါတယ်။ ဒါကြောင့် သူတို့ လုပ်ဆောင်တဲ့အ လုပ်တွေက ကောင်းစွာပြီးစီးပြီး ကောင်းမွန် သေသပ်တဲ့လုပ်ငန်းများဖြစ်လာပါတယ်။ အဲဒီလို လုပ်ဆောင်တတ် သူတွေကို အဖွဲ့အစည်းများနှင့် လုပ်ဖော်ကိုင်ဖက်များက နှစ်သက်သဘောကျကြပါတယ်။

၃၂။ အခြားသူများအပေါ်ထည့်သွင်းစဉ်းစားပါ။ ဆုံးဖြတ်ချက်တစ်ရပ်ရပ်၊ လုပ်ဆောင်မှုတစ်ခုခုပြုလုပ်တဲ့အခါ အခြားလူများ အတွက် ထည့်သွင်းစဉ်းစားပါ။ သင်ပြုလုပ်တဲ့လုပ်ရပ်နှင့် ဆုံးဖြတ်ချက်ကြောင့် အခြားလူတွေ အ တွက် ထိခိုက်နစ်နာမှုမျိုးမဖြစ် အောင် အလေးထားစဉ်းစားပါ။
အလွန်တန်ဖိုးရှိတဲ့ရွှေစည်းကမ်းကိုလိုက်နာပါ။ “မိမိအပေါ်အခြားလူတွေက ပြုမူပြောဆိုဆက်ဆံစေချင်သ လို အခြားလူတွေ အပေါ်ပြုမူပြောဆိုဆက်ဆံပါ။” အပြန်အလှန် သဘောကို လေးစားလိုက်နာပါ။ အခြားလူတွေက သင့်အပေါ် ဘယ်လိုပြုမူ ပြောဆိုဆက်ဆံစေချင်ပါသလဲ။ သင့်အပေါ်အခြားလူတွေက ပြုမူပြောဆိုဆက်ဆံ စေ ချင်တဲ့အပြုအမူအပြောအဆိုဖြင့် အခြားလူ များအပေါ်ပြုမူပြောဆိုဆက်ဆံပါ။ အဲဒီလိုဆက်ဆံရင် အခြားလူ တွေကလည်းသင့်အပေါ်အလားတူတဲ့ ဆက်ဆံမှုများ ပြုလုပ်လာ မှာဖြစ်ပါတယ်။
နောက်လိုက်နာရမဲ့စည်းကမ်းကတော့ ငွေစည်းကမ်းဖြစ်ပါတယ်။ အခြားလူတွေကမိမိအပေါ်မပြောဆို မဆက် ဆံမပြုမူစေချင်သလို အခြားလူတွေအပေါ်မှာလည်း မိမိမလိုလားတဲ့အပြုအမူအပြောအဆိုမျိုး ပြောဆို ဆက်ဆံ ခြင်းမပြုပါနဲ့။ မိမိကိုယ်အခြားလူများက မဆက်ဆံစေချင်တာမျိုးကိုမိမိကလည်းအခြားလူမျာအပေါ် မဆက်ဆံ ပါနဲ့။

၃၃။ အများနှင့် ပူးပေါင်း လုပ်ဆာင်ပါ။ အခြားလူများက သင့်အကူအညီလိုအပ်နေတဲ့အခါ အခြားလူများနှင့် ပူးပေါင်းဆောင်ရွက်ပါ။ ကျွန်ပ်တို့ဟာ ဒီကမ္ဘာလောကကြီးမှာ တစ်ယောက်တည်းဖြစ်နေတာမဟုတ်ပါ။ တစ် ယောက်နှင့် တစ်ယောက်အပြန်အလှန်ကူ ညီပူးပေါင်း လုပ်ဆောင်နေတဲ့အတွက်သာ ဘဝက ရှင်သန်ရပ်တည် နေနိုင်တာဖြစ်ပါတယ်။

၃၄။ ယဉ်ကျေးသိမ်မွေ့ပါ။ ယဉ်ကျေးသိမ်မွေ့မှုမှာ ကောင်းတဲ့လက္ခဏာအရည်အသွေးတစ်ခုဖြစ်ပါတယ်။ “ဟေး၊ ကြိုဆိုပါတယ်၊” “ကျေးဇူးတင်ပါတယ်။” “သွားတော့မယ်နော်” စတဲ့အသုံးအနှုန်းများကိုလူတွေနှင့်ဆက်ဆံတဲ့အ ခါ သုံးဖို့ဘယ်တော့မှမမေ့ပါနဲ့။

၃၅။ ရဲရင့်သတ္တိရှိပါ။ ကြောက်နေတဲ့စိတ်ကိုကျော်လွန်အောင်အားထုတ်ပါ။ သင့်အနေဖြင့် ထိပ်လန့်ကြောက် နေ တာ တစ်ခုခုရှိ နေပါသလား။ မကြောက်ပါနဲ့။ ကြောက်တာက စိတ်မှာဖြစ်နေတာပါ။ စိတ်မှာထင်နေတာ သာဖြစ် ပါတယ်။ ကြောက်နေတာကို စိန်ခေါ်လိုက်ရင် သင့်အနေဖြင့် ကြောက်စရာရှိတော့မှာမဟုတ်တော့ပါဘူး။ အဲဒီလို စိန်ခေါ်လိုက်တဲ့အတွက်သင့်မှာ ဘာမှဆုံရှုံး သွားစရမရှိပါ။ ကျွန်ပ်တို့အနေဖြင့် ဒီလောကထဲစတင်ဝင်လာ တဲ့အခါ အသိစိတ်မှလွဲပြီးဘာမှပါမလာပါ။ How To Overcome Fear and Pursue Your Dreams ကိုဆက် လက်လေ့လာ ဖတ်ရှုပါ။

၃၆။ စူးစမ်းလေ့လာပါ။ အသိဗဟုသုတရလိုတဲ့စိတ်ရှိပါ။ အသစ်အဆန်းများကိုအစဉ်စူးစမ်းလေ့လာနေပါ။ မကြာခဏမေးခွန်းများ မေးပါ။ မေးခွန်းများများမေးလေလေ သင်လိုချင်တဲ့သတင်းအချက်အလက်များများ ရလေလေဖြစ်ပါတယ်။ အခြားလူများရဲ့ သဘောထားမှတ်ချက်များကိုလည်းရယူပါ။ အခြားလူများထံမှ သဘော ထားမှတ်ချက်များရယူတဲ့နည်းဟာ မိမိကိုယ်တိုင်တိုးတက်မှုအတွက်အမြန်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့မိမိမမြင်တဲ့ကွက်လပ်နေရာမျိုးကိုအခြားလူတွေက မြင်နိုင်တဲ့အတွက်ဖြစ်ပါတယ်။ ရက်ပေါင်း (၃၀) အတွင်းမှာ မိမိကိုယ်တိုင်ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် လုပ်တဲ့လုပ်ငန်း အစီအစဉ် Be a Better Me in 30 Days Programကိုတက်ရောက်ပါ။

၃ရ။ မှိခိုအားထာနိုင်သူဖြစ်အောင်ကြိုးစားပါ။ အခြားလူတွေကသင့်အကူအညီလိုအပ်နေတဲ့အခါ အကူအညီပေး ပါ။ သင့် သူငယ်ချင်း မိတ်ဆွေများအတွက် သင်က လုပ်ပေးနိုင်တာ ကူညီနိုင်တာ ဘာရှိသလဲဆိုတာ မေးမြန်း စစ် ဆေးပါ။ သူ့တို့က သင့်ကိုဆက်သွယ်လာပါက သူတို့အတွက်အချိန်ပေးနိုင်အောင်စီစဉ်ပါ။ သူတို့က သင့်ထံအီး မေးပို့လာပါက ပြန်လည်တုံ့ပြန်ရန်အချိန် ယူပါ။ မိမိဘဝတွင်အကောင်းဆုံးသူငယ်ချင်း မိတ်ဆွေများ ရရှိအောင် ဘယ်လိုနေထိုင်ကျင့်ကြံရမယ်ဆိုတာ စဉ်းစားလေ့ကျင့်ပါ။

၃၈။ စီစစ်လက်ခံတဲ့အလေ့အကျင့် ပြုလုပ်ပါ။ သင်ကြားတာ၊ ဖတ်တာတွေကို မျက်ကမ်းလက်ခံတာမျိုး လက်မ ခံပါနဲ့။ စိတ်မှာ စီစစ်အကဲဖြတ်တဲ့အနေဖြင့် လိုအပ်သလို သုံးသပ်ပြီးမှသာ လက်ခံသင့်တာကိုလက်ခံပါ။ အဲဒီလို လုပ်တဲ့အလေ့အကျင့် က အကဲဖြတ်သုံးသပ်နိုင်တဲ့သင့်စွမ်းအားကောင်းလာစေရန် အလေ့အကျင့် ဖြစ်ပါတယ်။ အခြေအနေနှင့် ကိုက်ညီစွာသုံးသပ် နိုင်စွမ်းတိုးတက်လာစေရန် ဖြစ်ပါတယ်။

၃၉။စိတ်ပါလက်ပါ စွန့်ကျဲပေးကမ်းပါ။ ကပ်စေးနဲခြင်းဆိုတာ စိတ်ထဲမှပင် ပေးကမ်းလိုတဲ့စိတ်မရှိခြင်းဖြစ်ပါ တယ်။ ပေးကမ်းလိုမှုကို စိတ်ပါလက်ပါ ပြုလုပ်နိုင်ရန် လိုအပ်ပါတယ်။ တွန့်တိုကပ်စေးနဲသူများသည် အများ အားဖြင့် အပျက်သဘောရှေ့ရှုခြင်း၊ မပျော်ရွှင် ခြင်း၊ အများကိုဝေဖန်ပြစ်တင်ကဲ့ရဲ့ခြင်း၊ မိမိလိုဖြစ်လာအောင် အတင်း ဖိအားပေးခြင်းများပြုလုပ်တတ်ပါတယ်။ စိတ်ရောကိုယ်ပါ ပေးကမ်းလိုတဲ့လူတွေက အပြုသဘောစိတ် ရှိ ကြပါတယ်။ ပျော်ရွှင်ပြီးအခြားလူတွေစိတ်အားတက်အောင် တိုက်တွန်းအားပေး တတ်ပါတယ်။ လိုအပ်တဲ့ကူ ညီ ပံ့ပိုးမှုများလည်းပေးတတ်ပါတယ်။ ဒါကြောင့် သင်လည်းစိတ်ရောကိုယ်ပါ အခြားလူများကို ပေးကမ်းကူညီ နိုင်သူ ဖြစ်အောင် ကြိုးစားအားထုတ်ပါ။ သင့်အနေဖြင့် စိတ်ရောကိုယ်ပါ ပေးကမ်းလိုသူဖြစ်ပါသလား Are You Emotionally Generous? ဆိုတဲ့ဆောင်းပါးကိုဖတ်ပါ။

၄၀။စိတ်စေတနာမှန်ဖြင့်အခြားလူများကို အသိအမှတ်ပြုပါ။ စိတ်ပါလက်ပါ ပေးကမ်းတတ်မှုတွင်အခြားလူများ အပေါ်စိတ်စေတနာ အမှန်ဖြင့် အသိအမှတ်ပြုမှုပါဝင်ပါတယ်။ စိတ်စေတနာအမှန်ဖြင့် အသိအမှတ်ပြုရန်ဖြစ်ပါ တယ်။ စိတ်မပါဘဲဟန်ဆောင်ပြီးတမင် လုပ်ပြောနေခြင်းမဟုတ်ပါ။ တွေ့သူတွေရဲ့ကောင်းတာတွေကိုမြင်အောင် ကြည့်ပြီးအသိအမှတ်ပြုတဲ့အလေ့အကျင့်ကို ပြုလုပ်ပါ။ တစ်ယောက်ယောက်ကိုတွေ့လိုက်လို့ သူနှင့်ပတ် သက် တဲ့ကောင်းတာတစ်ခုခုကိုသတိထားမိရင် အဲဒီကောင်းတဲ့အချက်ကို သင်သတိထားမိကြောင်း ထိုသူသိ အောင် ပြောပြပါ။ အဲဒီလို ပြုလုပ်ရင် သင့်အနေဖြင့် သူ့အတွက် ကောင်းသောနေ့တစ်နေ့ဖြစ်အောင် ကူညီလိုက်ရာ ရောက်ပါတယ်။

မိတ်ဆွေများမိမိကိုယ်မိမိ ပိုကောင်းသူများဖြစ်အောင် လေ့ကျင့်ရာတွင်အထောက်အကူဖြစ်ပါစေ။ ဆက်လက်ဖတ်ရှုရန် ဖော်ပြထားသည်များကိုလည်း ဆက်လက်ရှာဖွေဖတ်ရန် တိုက်တွန်းလိုပါတယ်။
မေတ္တာဖြင့်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...