Tuesday, February 4, 2025

ပိုကောင်းသူတစ်ယောက်ဖြစ်အောင်လေ့ကျင့်ရန် တတိယ နည်းပေါင်း (၂၀) Food for Thought 802 ဒေါက်တာသိန်းလွင်

 No photo description available.
ပိုကောင်းသူတစ်ယောက်ဖြစ်အောင်လေ့ကျင့်ရန် တတိယ နည်းပေါင်း (၂၀) 802
ပိုကောင်းသူတစ်ယောက်ဖြစ်အောင် လေ့ကျင့်ရန်နည်းပေါင်း (၁၀၂) နည်းအနက် တတိယ နည်းပေါင်း (၂၀)ကို မိတ်ဆွေများအတွက် Food for Thought 802 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။ 

 

၄၁။ အခြားလူတွေကို အားပေးတိုက်တွန်းပါ။ သူငယ်ချင်းမိတ်ဆွေများကသူတို့တွေ့ကြုံနေရတဲ့ အခက်အခဲ ပြဿနာများကို ပြောပြတဲ့အခါ သူတို့စိတ်အားတက်လာအောင် ကူညီအားပေးပါ။ သူတို့ရဲ့ ဘဝရည်မှန်းချက်များ အကြောင်း ပြောပြလာတဲ့အခါမှာ ထောက်ခံအားပေးပါ။

၄၂။ စိတ်အားထက်သန်တက်ကြွမှုပြပါ။ ဘဝဆိုတာ ပျင်းရိနေဖို့မဟုတ်ပါ။ အလွန်လှပတဲ့အတွက် ကောင်းစွာ နေထိုင်ခံစား ရန်ဖြစ်ပါတယ်။ နေ့တိုင်းကိုချစ်ချစ်ခင်ခင် ပျော်ရွှင်ဝမ်းမြောက်တဲ့စိတ်ဖြင့် ကြိုဆိုလက်ကမ်းပါ။ နေ့တိုင်းကို ကောင်းတဲ့အစအဖြစ် စပါ။တွေ့ကြုံလာတဲ့အနေအထား၊အခြေအနေများကို စိတ်လှုပ်ရှားတက်ကြွ စွာ တွေ့ဆုံပါ။ အဲဒီလို စိတ်အားတက်ကြွတဲ့အင်အားနှင့် ထက်သန်မှုကို သင်တွေ့သူတိုင်း၊ သင်တွေ့ရတဲ့အရာရာ တိုင်းအတွက် သယ်ဆောင်ပေါင်းကူးပေးပါ။

၄၃။ သင်လုပ်ဆောင်တိုင်းအကောင်းဆုံးဖြစ်လာအောင်ဦးတည်လုပ်ဆောင်ပါ။ သင်လုပ်နိုင်တာထက် တစ်ခုပို လုပ်နိုင်အောင် မိမိကိုယ်မိမိစိန်ခေါ်လုပ်ဆောင်ပါ။ သင့်အနေဖြင့် လုပ်နေကျအတိုင်းသာပြုလုပ် နေမယ်ဆို ရင် ဘာမှတိုးတက်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် သင်လုပ်နေကျထက် အလုပ်ကိုတစ်ခု ပိုလုပ်နိုင်အောင်မိမိ ကိုယ် မိမိ စိန်ခေါ်လုပ်ဆောင်တဲ့အလေ့အကျင့် ပျိုးထောင်ယူ ပါ။ သင့်မှာရှိနေတဲ့အကန့်အသတ်ကို ပိုကျယ်လာ အောင် တိုးချဲ့ယူပါ။ သင်ကိုယ်စိတ်စွမ်းအားတွေကို ဆန့်ထုတ်ပါ။ အဲဒီလို လုပ်ဆောင်ခြင်းဖြင့် သင့်စွမ်း ဆောင်နိုင်မှုများ တိုးတက်လာမှာဖြစ်ပါတယ်။
အကောင်းဆုံးထက်လျော့နည်းနေတဲ့အားထုတ်တာမျိုးကို လက်မခံပါနဲ့။ သင်လုပ်တဲ့အလုပ်တိုင်းမှာ သင့် စွမ်း ဆောင်နိုင်မှု အဆင့်အမြင့်မားဆုံးသတ်မှတ်ထားပါ။ အမြင့်ဆုံးပန်းတိုင်ကိုသာ ဦးတည်ဆောင်ရွက်ပါ။ အကောင်း ဆုံးရလဒ်ရအောင် ဦးတည် ဆောင်ရွက်ပါ။ အကြီးမားဆုံးအနာဂတ်ပုံရိပ်ကို ဖန်တီးထားပါ။
သင့် ဘဝကိုအပြည့်ဝဆုံးရှင်သန်နေထိုင်ပါ။ အပြည့်ဝဆုံးဘဝမဟုတ်တဲ့အခြားအဆင့်များသာရှိတဲ့ဘဝကို သင့်အနေဖြင့် ဘာကြောင့်ကျေနပ်သင့်ပါသလဲ။ အကောင်ဆုံး၊အပြည့်ဝဆုံးဘဝကိုရှင်သန်နေထိုင်နိုင်အောင် အားထုတ်ပါ။

၄၄။ မျှမျှတတရှိပါ။ အခြားလူတွေအကြောင်းသူတို့နောက်ကွယ်မှာ မကောင်းပြောတာမျိုးမပြုလုပ်ပါနှင့်။ အဲဒီလိုပြောတာ မမျှတပါဘူး။ သူတို့အနေဖြင့် ပြန်လည်ခုခံချေပပြောနိုင်ခွင့်မရှိပါဘူး။ သင့်အနေဖြင့် အခြား လူတစ် ယောက်ယောက်နဲ့ ပတ်သက်လို့ မကျေနပ်တာရှိရင် သူ့ကို သိအောင် ပြောပြပါ။ သို့မဟုတ် မကျမ နပ်ဖြစ်နေတာ ကို အေးချမ်းသွားအောင် ညှိနှိုင်းယူပါ။
မခွဲခြားပါနဲ့။ လူတိုင်းအပေါ်တူညီတဲ့လုပ်ဆောင်မှုရှိပါစေ။ လူမျိုး၊ မျိုးနွယ်၊ ဘာသာစကား၊ ဘာသာတရား၊ လိင်၊ အသက်၊ လူမှုရေးအဆင့်အတန်း၊ ငွေးကြေးချမ်းသာမှုအဆင့်အတန်း ဘာတွေပင်ဖြစ်ပါစေ အာလုံးကို တန်းတူ ထားဆက်ဆံပါ။
ပြစ်တင်ကဲ့ရဲ့ခြင်းမပြုလုပ်ပါနှင့်။ အခြားလူတွေနှင့် ပတ်သက်ပြီး သင်မြင်ထားတဲ့အချက် တစ်ချက်နှစ် ချက် အပေါ်မူတည်ပြီး အဲဒီ လူတွေက ဘယ်လိုလူမျိုူးဖြစ်တယ်ဆိုပြီး လွန်ကဲတဲ့ကောက်ချက်ချတာမျိုးမပြုလုပ် ပါနှင့်။ မိမိစိတ်မှာ ဖြစ်တဲ့သံသယစိတ်ရဲ့ အကျိုး ကို အခြားလူအားပေးပါ။
မျှတမှုရှိအောင်ထိန်းသိမ်းပါ။ သင့်အနေဖြင့်မတရားမမျှတတာကိုတွေ့မြင်နေရင် မှားနေတာကို၊မမျှတနေတာ ကို မျှတမှန်ကန်လာအောင် ပြုလုပ်ဖို့ ပါဝင်လုပ်ဆောင်ပေးပါ။ ဆိုလိုတဲ့သဘောကတော့ တစ်ယောက်ယောက်ကို အနိုင်ကျင်ခံနေရတာတွေ့ပါက အနိုင်ကျင့်ခံရမှုဆက်လက်မဖြစ်အောင် ပါဝင်ဆောင်ရွက်ပေးခြင်း၊ တစ်ယောက် ယောက်ကိုမမျှမတ ဆုံးဖြတ်ခံနေရရင် သူ့ဘက်မှ ဝင်ရပ်တည်ပေးခြင်းစတာမျိုးတွေပြုလုပ်ရန် လိုအပ်ပါ တယ်။

၄၅။ ယုံကြည်မှုရှိပါ။ သင်လိုချင်နေတဲ့ရလ်ရာဖို့အတွက်အခြေအနေဖြစ်ရပ်ကိုဖြစ်စေ၊ လူတွေကိုဖြစ်စေ အတင်း ဖိအားပေးတာ မျိုးမပြုလုပ်ပါနှင့်။ သင့်စွမ်းနိုင်သလောက်အကောင်းဆုံးကြိုးစားအားထုတ်ပါ။ သင်ကြိုး စားအား ထုတ်တာနဲ့ အညီအခြေအနေတွေက မျှတစွာဖြစ်လာလိမ့်မယ်လို့ယုံကြည်ပါ။

၄၆။ မိဘဆရာများပြောတာကိုနာယူသူ၊ ကျေးဇူးတရားသိတတ်သူဖြစ်ပါစေ။ မိဘတွေဆိုတာ ကျွန်ပ်တို့ကို လေ့ ကျင့်ပျိုး ထောင်ပေးတဲ့လုပ်ငန်းကို သူတို့ဘဝတစ်ဝက်တာခန့် နှစ်မြုပ်လုပ်ဆောင်ပေးခဲ့ကြပါတယ်။ အခုဆိုရင် ကျွန်ပ်တို့က လူကြီး အရွယ်သို့ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေက ကျွန်ပ်တို့အတွက် သူတို့ဘဝ ကိုနှစ်မြုပ်ခဲ့တာကို ကျွန်တို့က ပြန်လည်ပေးဆပ်ရန်အချိန်ရောက်လာပြီဖြစ်ပါတယ်။ သင်နှင့်သင့်မိဘ များရဲ့အ ပြန်အလှန်ဆက်ဆံရေးက သင်ဖြစ်စေချင်တဲ့ အကောင်းဆုံး အနေအထားမရှိသေးဘူးဆိုရင် How to Improve Your Relationship With Your Parents (series) ကို ဆက်လက်လေ့လာဖတ်ကြည့်ရန် လိုအပ်ပါတယ်။

၄ရ။ နောက်လိုက်ကောင်းတစ်ယောက်ဖြစ်အောင်လည်းကြိုးစားအားထုတ်ပါ။ အရစ္စတိုတယ်က နောက်လိုက် ကောင်းတစ်ယောက် မဟုတ်သူက ခေါင်းဆောင်ကောင်းတစ်ယောက်လည်းမဖြစ်နိုင်ကြောင်း မိန့်ဆိုခဲ့ပါတယ်။ သင်ကကော နောက်လိုက်ကောင်း တစ်ယောက်ဟုတ်ပါသလား။ အခြားလူတွေပေးတဲ့လမ်းညွှန်မှုကို လိုက်နာ နိုင်ပါသလား။ မိမိအနေဖြင့် ခေါင်းဆောင်မှု ပေးရန်မစဉ်းစားမှီ အရင်ဆုံးနောက်လိုက်ကောင်းတစ်ယောက် ဖြစ် အောင် လေ့လာသင်ယူရန် လိုအပ်ပါတယ်။

၄၈။ ခွင့်လွှတ်တတ်ပါ။ သင့်မှာဖြစ်နေတဲ့စိတ်ဆိုးဒေါသထွက်နေမှုကို ဖယ်ထုတ်လိုက်ပါ။ သင်စိတ်ဆိုးဒေါသ ထွက်နေတဲ့ အခြေအနေ၊ လူများရှိနေပါသလား။ အဲဒီလိုရှိနေရင် ဒေါသကိုဖယ်လျက်ခွင့် လွှတ်ပေးရန် လိုအပ်ပါ တယ်။
ခွင့်လွှတ်ပေးတဲ့အပြင် အဲဒီလူကိုလိုအပ်သလို သွားရောက်ကူညီပေးပါ။ အဲဒီလိုလုပ်ဖို့မှာ လွယ်ကူတာတော့ မဟုတ်ပါ။ အဲဒီလို လုပ်ဆောင်နိုင်ရင် သင်ရဲ့တိုးတက်မှုက ရှေ့သို့ များစွာတက်လှမ်းသွားစေပါတယ်။ စာရေး သူကျောင်းသားဘဝက တစ်ယောက်နှင့် တစ်ယောက် နားလည်မှုလွဲတဲ့အတွက် အခေါ်အပြောမရှိ သူတွေကို ကျွန်တော့်အနေဖြင့် ပြန်ဆက်သွယ်လိုက်ပါတယ်။ လိုအပ်တဲ့ အကူအညီများပေးတဲ့အတွက်အ ချင်းချင်း ပြန် လည်ဆက်သွယ်မှုရရှိစေပါတယ်။

၄၉။ ရင်းရင်းနှီးနှီးရှိပါ။ ချဉ်းကပ်နိုင်သူဖြစ်ပါ။ ကျွန်ပ်တို့အားလုံးဟာ လူသားတွေဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်မှုရှိနေရန် လိုအပ်ပါတယ်။ သင့်အနေဖြင့်အရင်ကမသိခဲ့သူတစ်ယောက်ယောက်ကို တွေ့ ခဲ့ပါက ကိုယ်ကစတင်ပြီး မိတ်ဆွေသူငယ်ချင်း ဖြစ်လာအောင် ဆက်သွယ်ပါ။ သင်သိထားပြီးသူတွေနဲ့မူကား သင့် ကို သူတို့အနေဖြင့် ချဉ်းကပ်နိုင်အောင် လက်လှမ်းမှီစွာနေထိုင်ပေးပါ။ ဒါမှသာသူတို့အကူအညီလိုအပ်တဲ့ အခါ တိုင်း သင့်ကိုချဉ်းကပ်နိုင်မှာဖြစ်ပါတယ်။

၅၀။ ပေးကမ်းစွန့်ကျဲပါ။ ရက်ရက်ရောရောပေးကမ်းခြင်းဖြင့် သင့်အနေဖြင့်လည်း အကျိုးပြန်ရှိလာမှာဖြစ်ပါ တယ်။ သင်ကပေးကမ်း စွန့်ကျဲလိုက်ခြင်းဖြင့် သင့်ဘဝမှာ အသစ်များပြန်လည်ရရှိလာရန် လမ်းကို ဖွင့်ပေး လိုက် ရာရောက်ပါတယ်။ လူတွေကပေးကမ်း စွန့်ကျဲခြင်းရဲ့ လှပတဲ့အပိုင်းကိုတွေ့မြင်လာတဲ့အခါ သူတို့ကလည်း ပြန် လည်ပေးကမ်းစွန့်ကျဲလာပါတယ်။ သင့် ဘဝမှာ ကောင်းတာတွေကိုမျှဝေပေးကမ်းစွန့်ကျဲပါ။ သင့်အနေဖြင့် ဘာ တွေကို ရရှိပိုင်ဆိုင်ရတာပျော်ရွှင်ပါသလဲ။ အခြားလူတွေမှာမရှိတာ သင်မှာ ဘာတွေရှိနေပါသလဲ။ သင့်အနေနဲ့ ဂုဏ်ယူနိုင်တာဘာများရှိပါသလဲ။ အဲဒါတွေကိုသင့် တစ်ယောက်တည်းအတွက် သိမ်းမထားပါနဲ့။ အခြားလူများ နှင့် မျှဝေအသုံးပြုပါ။ အဝတ်အထည်များ၊ စာအုပ်များ၊ ကစားစရာများစတာတွေကိုလည်း ပေးလှုပါ။

၅၁။ ငြင်သာပါ။ ကျွန်ပ်တို့နေထိုင်တဲ့လူမှုအဖွဲ့အစည်းက ကျွန်တော်တို့မှာ ခက်ထန်တာကိုဖော်ထုတ်ပေး သလို ဖြစ်နေပါတယ်။ ခက်ထန်မှု၊ မိမိအတွက် အတင်းတောင်းဆို မှုများကိုသာလူတွေက ပြုလုပ်နေကြပါတယ်။ လူသားတွေမှာ ငြင်သာမှု၊ကြင်နာမှုဆိုတဲ့ ကောင်းတဲ့အချက်တွေရှိပါတယ်။ ခက်ထန်မာကျောမှုတွေအစား ငြင်သာကြင်နာ မှုတွေကို ထုတ်သုံးကြပါ။ အဲဒီလိုသင်က စတင်ပြောင်းလဲလိုက်ပါက သင့် ပတ်ဝန်းကျင်မှာ ငြင်သာကြင်နာသူတွေများလာမှာဖြစ်ပါတယ်။

၅၂။ ကျေးဇူးတရားသိတတ်ပါ။ သင့်မှာ ကောင်းတာတွေရရှိထားတဲ့အတွက် ကျေးဇူးတရားကိုသိတတ်ပါ။ လူတိုင်းသင့်မှာလို ကောင်းတာတွေရကြတာမဟုတ်ပါ။ သင့်မှာရထားတဲ့မကောင်းတာတွေအတွက်လည်း ကျေးဇူးတင်ရန် လိုအပ်ပါတယ်။ မကောင်း တာတွေက သင့်ကိုယ်ကျင့်သိက္ခာကိုပိုအားကောင်းလာစေပါတယ်။ မကောင်းတာတွေရှိမှုကြောင့် ကောင်းတာတွေကို သင့်အ နေဖြင့် ပိုတန်ဖိုးထားအသိအမှတ်ပြုလာစေပါတယ်။ သင့်သူငယ်ချင်းထံ ကျေးဇူးတင်ကြောင်း စာတိုလေးတစ်စောင်ရေးလိုက်ပါ။ သူငယ်ချင်းတွေက မိမိအတွက် ကောင်းတဲ့လုပ်ဆောင်ပေးမှုတွေကို အသိအမှတ်မပြုမိဘဲ နေမိတတ်ပါတယ်။ သူငယ်ချင်းထံ သူက လုပ်ဆောင် ပေးခဲ့မှုများကိုသင့်အနေဖြင့် တန်ဖိုးထားကြောင်း အသိအမှတ်ပြုတဲ့စာလေးတစ်စောင်၊ အီးမေး လေး တစ်ခု ပို့ ပေးလိုက်ရင် သူငယ်ချင်းအနေဖြင့် သင်ရဲ့ ကျေးဇူးသိတတ်မှုကြောင့်ဝမ်းမြောက်ဝမ်းသာ ဖြစ်လာပါ လိမ့်မယ်။

၅၃။ အလုပ်ကိုကြိုးစားလုပ်ကိုင်ပါ။ ကြိုးစားလုပ်ကိုင်ခြင်းမရှိဘဲ မိမိမျှော်မှန်းတဲ့အဆင်သို့မရောက်ရှိနိုင်ပါ။ မိမိ ဘဝမှာ ကောင်းတဲ့ တိုးတက်ပြောင်းလဲမှု၊ ကောင်းတဲ့ရလဒ်တွေကိုရဖို့အတွက် ဖြတ်လမ်းနည်းဆိုတာ မရှိပါဘူး။ နောက်ဆုံးမှာတော့ အလုပ်ကို ကြိုးစားလုပ်ဆောင်ခြင်းသည်သာ မိမိရလိုတဲ့အဆင့်အတန်းကို ရစေနိုင်မှာဖြစ်ပါ တယ်။

၅၄။ အကူအညီပေးပါ။ လူတွေကအကူအညီမတောင်းသော်လည်းသင့်အနေဖြင့် ဘာများကူညီနိုင်သလဲ လို့မေး ကြည့်ပါ။အခြား လူတွေအတွက် သင့်အနေဖြင့် ကူညီလုပ်ပေးနိုင်တာဆိုတာ အစဉ်အမြဲရှိနေပါတယ်။

၅၅။ ရိုသားမှန်ကန်ပါ။ လိမ်ညာခြင်းကမိမိကိုယ်မိမိ ပိုသေးသိမ်သွားစေပါတယ်။ မှန်ကန်တာကိုပြောဆိုခြင်းဖြင့် သင့် အနေဖြင့်ရှေ့သို့တစ်လှမ်း တက်သွားခြင်းဖြစ်ပါတယ်။

၅၆။ မိမိကိုယ်မိမိနှိမ့်ချပါ။ မိမိကိုယ်မိမိ ဟိတ်ဟန်များသူတွေဆိုတာ အဲဒီဟိတ်ဟန်များမှုကြောင့် ပြဿနာ တက် တတ်ပါတယ်။ မိမိကိုယ်မိမိ နှိမ်ချတတ်အောင်လေ့ကျင့်ပါ။ သင့်အနေဖြင့် ဘာတွေစွမ်းဆောင်လုပ် ဆောင်ထား ကြောင်း ထုတ်ပြောနေရန်မလို အပ်ပါ။ သင်ကအမှန်တကယ် တော်သူတစ်ယောက်ဖြစ်မယ်ဆိုရင် သင်လုပ် ဆောင်ချက်ရလဒ်များက အလိုလို ထုတ်ပြောပြ လာမှာဖြစ်ပါတယ်။ How To Keep Yourself Humble While Recognizing Your Worth ကိုလည်းဖတ်ရှုလေ့လာပါ။

၅ရ။ ကိုယ်အားကိုယ်ကိုး လုပ်ဆောင်တတ်ပါ။ မိမိဘဝကိုယ်မိမိကိုယ်တိုင်ထိန်းသိမ်းစောင့်ရှောက်နိုင် အောင်သင် ယူလေ့လာပါ။ မိမိမှာတွေ့ကြုံလာတဲ့ အခက်အခဲပြဿာနာများကို ကိုယ်တိုင်ကြိုးစားဖြေရှင်တဲ့အလေ့အကျင့် ပြုလုပ်ပါ။ အကူအညီလိုအပ်လာတဲ့ အခါမှာလည်း အခြားလူမျာထံ ချဉ်းကပ်ပြီးအကူအညီတောင်းခံရန် ဝန်မ လေးအပါနဲ့။ ဒါပေမဲ့သင့်မှာကြုံတွေ့လာတဲ့ အခက်အခဲပြဿနာများကို တခြားလူတွေက အားလုံးတာဝန်ယူ ပြီး ဖြေရှင်းပေးရန်တော့ ဘယ်တော့မှမမျှော်လင့်ထားပါနဲ့။

၅၈။ ကိုယ်ပိုင်လက္ခဏာရှိပါ။ ကိုယ်ပိုင်ဟန်ရှိပါ။ အခြားတစ်ယောက်ယောက်နဲ့တူအောင် ဟန်ဆောင်လုပ် ဆောင်တာမျိုး မပြုလုပ်ပါနဲ့။ Finding Your Inner Self ကိုလည်းလေ့လာဖတ်ရှုပါ။

၅၉။ သိက္ခာရှိပါ။ သင့်အနေဖြင့် လိုက်နာကျင့်သုံးမဲ့ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ၊ အကျင့် စာရိတ္တပိုင်းဆိုင်ရာ မူများသတ်မှတ်လိုက်နာပါ။ အဲဒီချမှတ်ထားတဲ့မူတွေကို ဘာနဲ့မှမလဲပါနှင့်။

၆၀။ ထိုးထွင်းသိမြင်တတ်ပါ။ သင့်အတွင်းစိတ်ကပြောပြနေတာကို လိုက်နာဆောင်ရွက်ပါ။ သင်ထိုးထွင်း သိမြင်မှုရဲ့ လမ်းညွှန်မှုကို လိုက်နာပါ။ သင့်အတွင်းစိတ်မှာပြောနေတာကို လိုက်နာမှုများလာတာနဲ့အမျှ သင်ဟာ ပိုထိုးထွင်းသိမြင်နိုင်အားကောင်းလာသူ တစ်ယောက်ဖြစ်လာပါလိမ့်မယ်.

မိတ်ဆွေများ ကိုးကားဖော်ပြထားတဲ့အခြားဖတ်စရာများကိုလည်းအွန်လိုင်းမှာရှာဖွေဖတ်ကြပါရန် တိုက်တွန်း ပါတယ်။ မိတ်ဆွေများ ပိုကောင်းတဲ့လူတွေဖြစ်အောင် လေကျင့်ရာမှာ အထောက်အကူပြုပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...