
ပိုကောင်းသူတစ်ယောက်ဖြစ်အောင်လေ့ကျင့်ရန် စတုတ္ထ နည်းပေါင်း (၂၀) 803
ပိုကောင်းသူတစ်ယောက်ဖြစ်အောင် လေ့ကျင့်ရန်နည်းပေါင်း (၁၀၂) နည်းအနက် စတုတ္ထ နည်းပေါင်း (၂၀)ကို မိတ်ဆွေများအတွက် Food for Thought 803 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
၆၁။ ခေါင်းဆောင်နိုင်သူဖြစ်ပါ။ ခေါင်းဆောင်ဆိုတာ အခြားလူတွေထံမှ အကောင်းဆုံးထွက်လာအောင် ဖော် ထုတ်ကူညီ ပေးနိုင်သူဖြစ်ပါတယ်။ အခြားလူများ အနေဖြင့် သူတို့ကိုယ်သူတို့ပိုစွမ်းဆောင်နိုင်သူများ ဖြစ် ကြောင်း စိတ်အားတက်ကြွလာအောင် ပြုလုပ်ပေးနိုင်သူဖြစ်ပါတယ်။ လူတွေကို လက်တွေ့ လုပ်ဆောင်လာ သူများဖြစ်လာအောင် အင်အားအစွမ်းတွေတက်လာစေတဲ့ သူဖြစ်ပါတယ်။ လူတွေကို တူညီတဲ့အနာဂတ်ပုံ ရရှိလာအောင်နှင့် ထိုပုံရိပ်အတိုင်း လက်တွဲလုပ်ဆောင်လာစေရန် ဦးဆောင် ပေးနိုင်သူဖြစ်ပါတယ်။ ဦးဆောင်သူ ဆိုတာ လူအများနားလည်မှုလွဲထားသလို လူတစ်စုကိုဦးဆောင် နေမှဦးဆောင်တာမဟုတ်ပါ။ နေ့စဉ်ဘဝမှာ လည်းဦးဆောင်မှုဖြစ်နေပါတယ်။ နေ့စဉ်ဘဝမှာ နေထိုင်ပုံ၊ ဘဝမှာ နေထိုင်ပုံ စတာတွေကလည်း နမူနာပြနေတဲ့ ဦးဆောင်မှုများပင်ဖြစ်ပါတယ်။ You Are the CEO of Your Life ကိုလည်းဖတ်ရှုလေ့လာပါ။
၆၂။ ကောင်းစွာနားထောင်တတ်သူဖြစ်ပါစေ။ မျက်မှောက်လူမှုအဖွဲ့အစည်းတွင် ကောင်းစွာနားထောင်တတ်မှုကို ထည့်သွင်းစဉ်းစားမှုနည်းနေပါတယ်။ လူအများမှာ ပြောတာတော်ကြပါတယ်။ဒါပေမဲ့နားထောင်မှုစွမ်းရည်အား နည်းကြပါတယ်။ ဒါကြောင့် ဒီနေ့မှစပြီး သင်ပတ်ဝန်းကျင်မှ လူတွေပြောတာကို ကောင်းစွာနားထောင်တဲ့ အလေ့ အကျင့် စတင်ပြုလုပ်ပါ။ မရှင်းလင်းရင်မေးခွန်းမေးပါ။ သူတို့ပြန်ဖြေဆိုချက်များကိုရှင်းလင်းစွာ နားလည်အောင် ပြုလုပ်ပါ။ အဲဒီလိုလေ့ကျင့်ရင် သင့်အနေဖြင့်အရင်ကမသိထားတဲ့ဆန်းသစ်တာများကို ရှာဖွေတွေ့ရှိ လာမှာဖြစ် ပါတယ်။
၆၃။ ချစ်ခင်မှုကိုမြတ်နိူးစွာဖက်တွယ်ပါ။ သင့်ပတ်ဝန်းကျင်မှာရှိသူတွေကို ချစ်ခင်သူတစ်ယောက်ဖြစ်လာအောင် ပြုလုပ်လေ့ကျင့်ပါ။ မိသားစုဝင်များ၊ သူငယ်ချင်းမိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ၊ အထက်လူကြီးများ၊ ဆရာများ၊ ဖောက်သည်များစတာတွေကိုချစ်ခင်သူဖြစ်အောင်လေ့ကျင့်ပါ။ ချစ်ခင်မှုမှာ စိတ်ထဲမှ လိုလား ချစ်ခင် ခြင်းနှင့် ပေါ်ပေါ်လွင်လွင် ချစ်ခင်ကြောင်းပြသခြင်း တို့ရှိပါတယ်။ အချိန်မရွေး၊အချိန်အခါမရွေးချစ်ခင်ပါ။ အဲဒီ လိုချစ်ခင်ခြင်းမှာအမြင့်မားဆုံးအမွန်မြတ်ဆုံးချစ်ခင်ခြင်းဖြစ်ပါတယ်။ အခြားတစ်ယောက်ယောက်ကို ချစ်ခင်တဲ့ အခါ သူထံမှ ဘာမှပြန်လိုချင်တာမရှိပါစေနဲ့။
၆၄။ သစ္စာရှိပါ။ သင်လေးစာတန်ဖိုးထားပြီးစောင့်ရှောက်သူများ၊ သင်တန်ဖိုးထားတဲ့တန်ဖိုးထားမှုများ၊ သင်ယုံ ကြည်မှုများ၊အတွက် သစ္စာရှိပါ။ စောင့်ရှောင်ပါ။ ကြင်နာပါ။
၆၅။ ကြင်နာပါ။ ။အခြားလူတွေကို ဝေဖန်ပြစ်တင်ခြင်းမပြုလုပ်ပါနှင့်။ အခြားလူတွေအမှားကို လက်ညှိုးထိုး ရတာ လွယ်ပါတယ်။ တကယ်တော့ အဲဒီလို မလုပ်သင့်ပါဘူး။ အဲဒီလိုပြုလုပ်တဲ့အတွက် အဝေဖန်ခံရသူမှာ စိတ်မချမ်းမသာဖြစ်စေပါတယ်။ သူတို့စိတ်ချမ်းသာမှုကိုမဖြစ်စေပါဘူး။
၆၆။ ဝေဖန်ခံရမှုကိုလက်ခံပါ။ အခြားတစ်ယောက်ယောက်က သင့်ကိုဝေဖန်တဲ့အခါမှာလည်း ဝေဖန်တာကို လက်ခံပေးပါ။ လက်ခံပေးခြင်း ဆိုတာ သဘောတူတာနဲ့မတူပါဘူး။ ဆိုလိုတဲ့သဘောကတော့ ဝေဖန်တာကို သင့်အနေဖြင့် သဘောတူရန်မလိုအပ်ပါဘူး။ ဝေဖန်တာကိုကြားသိရတဲ့အတွက်အနိမ့်ဆုံးအဆင့်အားဖြင့် မိမိ အနေအထားကို ပြန်လည်စဉ်းစားနိုင်တဲ့အခွင့်အလမ်းရရှိစေပါတယ်။ ဒီနည်းဖြင့် သင့်အနေဖြင့်မိကိုယ်မိမိ ပိုကောင်းသူတစ်ယောက်ဖြစ်လာအောင် ပြုပြင်ဖန်တီးယူနိုင်စေပါတယ်။ 8 Helpful Ways To Deal With Critical People ကိုလည်းဖတ်ရှု လေ့လာပါ။
မနာလိုဝန်တိုမှုဖြင့် သင့်ကိုဒေါသထွက်အောင်မီးထိုးပေးတာမျိုးတွေတွေ့ကြုံနိုင်ပါတယ်။ အဲဒီအခါမျိုူးမှာ မီး ထိုးပေးသူကိုလစ်လျူရှုထားလိုက်ပါ။ တကယ်လို့ သင်တန်ဖိုးထားမှုကို ထိပါးလာရင်တော့ ပြန်လည်ပြောဆို နိုင်ပါ တယ်။ သို့မဟုတ်ရင် ဘေးဖယ်ထားလိုက်ပါ။ ပြန်လည်ဆွေးနွေးရန် မထိုက်သူဖြစ်နေရင် ဆွေးနွေးနေခြင်း ဖြင့် ပြဿနာက မပြေတဲ့အပြင် စိတ်ဆိုးမှုသာပိုဖြစ်လာစေနိုင်ပါတယ်။
၆ရ။ သတိနှင့်ယှဉ်နေထိုင်ပါ။ သတိနှင့် ယှဉ်နေထိုင်သူတွေက သူတို့မှာ စိတ်အေးချမ်းမှုရှိစေတယ်လို့ယူဆ တတ် ကြပါတယ်။ သတိဖြင့်ယှဉ်နေထိုင် တဲ့အလေ့အကျင့်ကြောင့် မိမိအတွင်းစိတ်အနေအထားကိုပိုသိနား လည်လာ စေပါတယ်။ မိမိကိုယ်မိမိ ပိုထိန်းသိမ်းစောင့်ရှောက်နိုင်စေပါတယ်။ How To Meditate in 5 Simple Steps ကို လည်းဆက်လက်လေ့လာဖတ်ရှုပါ။
၆၈။ သနားကြင်နာတတ်ပါ။ အပြစ်ပေးအရေးယူတာမျိုးထက် ခွင့်လွှတ်ပေးနိုင်ရန်စဉ်းစားပါ။ အင်အားသုံးပြီး နာကျင်စေမှု၊ ဒုက္ခအမျိုးမျိုးရောက်စေမှု၊ နောက်ဆုံးသေဆုံးစေမှုများမှာ ဖြစ်နေတဲ့ပြဿနာကို ပြတ်သွားစေခြင်း၊ ပြီးပြတ်သွားစေခြင်းမဖြစ်စေပါဘူး။
၆၉။ အကျင့် ကောင်းပါ။ မှားတာကိုပယ်ပြီးမှန်တာကို ပြုလုပ်ပါ။ ဘာကမှန်တာလဲဆိုတဲ့မေးခွန်းနဲ့ပတ် သက်လာ ရင် ငယ်စဉ်က လေ့ကျင့်ပျိုးထောင် ပေးခဲ့မှုနှင့် သက်ဆိုင်နေပါတယ်။ ဒါပေမဲ့ အများအားဖြင့် လက်ခံထားတဲ့အ ချက်များမှာ လူသားအချင်းချင်းတန်းတူညီမျှမှု၊လိင်မတူသော်လည်း တူညီတဲ့အခွင့်အရေးရှိမှု၊ လွတ်လပ်စွာပြော ဆိုခွင့်ရှိမှု၊ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိမှုစတာတွေပါဝင်ပါတယ်။ အခြားသော လူတွေ အတွက် နာကျင်စေမှု အနည်းဆုံဖြစ်စေတဲ့ဘဝနေထိုင်မှုပုံစံကိုစဉ်းစားနေထိုင်ပါ။
ရဝ။ လက်ရှိအချိန်မှာနေပါ။ အတိတ်မှာသော်လည်းကောင်း၊ အနာဂတ်မှာသော်လည်းကောင်းမနေပါနဲ့။ မျက် မှောက်အချိန်ကိုသာအလေးထားနေထိုင်ပါ။ အဲဒီလိုနေနိုင်ဖို့အတွက် လက်ရှိအချိန်အခြေအနေကိုသတိဖြင့် ယှဉ်နေထိုင်တတ်တဲ့အလေ့အကျင့်ကအထောက်အကူပြုမှာဖြစ်ပါတယ်။
ရ၁။ ပြုစုပျိုးထောင်တတ်ပါ။ လူတိုင်းမှာ ပြုုစုပျိုးထောင်မှုစွမ်းရည်အမျိုးမျိုးရှိကြပါတယ်။ လူတိုင်းမှာရှိတဲ့ ထိုစွမ်းရည်ထွက်ပေါ်လာအောင် သင့်အနေဖြင့် ဘယ်လို လေ့ကျင့် ပျိုးထောင်ပေးနိုင်ပါသလဲ။ အခြားလူတွေ မှာရှိတဲ့ အင်အား၊ အားကောင်းတာကို မြင်အောင်ကြည့်အသိအမှတ်ပြုပါ။ ဒါပေမဲ့မျက် မှောက်လူမှုအဖွဲ့အစည်း မှာ ကျွန်ပ်တို့မှာ မရှိတာ၊ ချို့ယွင်းနေတာကို အလေးထားကြည့်နေတတ်ကြပါတယ်။ ကျွန်တို့မှာ ရှိနေတာကို အလေးထားကြည့်တာနဲ့ဆန့်ကျင်နေတတ်ပါတယ်။ ပထမစိတ်နေသဘောထားမှာ မရှိတာလိုအပ်နေတာကိုသာ အလေးထားကြည့်နေမှုကတော့ ရှားပါးတာကို အလေးထားတဲ့စိတ်နေစိတ်ထားဖြစ်ပြီး၊ နောက်တစ်မျိုး ကတော့ ရှိနေတဲ့ပေါများနေတာကိုအလေးထားကြည့် မြင်တတ်တဲ့စိတ်နေ စိတ်ထားဖြစ်ပါတယ်။ တစ်ယောက်မှာ လိုအပ် နေတာကိုအလေးထားကြည့်မြင်တဲ့စိတ်နေစိတ်ထားအစား အခြားလူမှာရှိတဲ့အားကောင်းတာကိုမြင်တတ်အောင် ကြည့်ရန် လိုအပ်ပါတယ်။ သူ့မှာ အားကောင်းတာဘာများရှိသလဲ။ သူက ဘာလုပ်တဲ့နေရာမှာ တော်ပါသလဲ။ သူ့ မှာ ရှိတဲ့အားကောင်းတဲ့အချက်တွေမှာ သင့်အနေဖြင့် ဘာကိုနှစ်သက်သဘောကျပါသလဲ။ သင်မနှစ်သက်တာ တွေထက် သင်နှစ်သက်တာတွေကိုအလေးထားကြည့် မြင်တတ်တဲ့စိတ်နေစိတ်ထားမွေးပါ။
ရ၂။ စိတ်နေစိတ်ထားပွင့်လင်းပါစေ။ မတူညီတဲ့ယုံကြည်မှုများ၊ စိတ်နေသဘောထားများ၊ ကိုယ်ရည်ကိုယ်သွေး လက္ခဏာများ၊ ယဉ်ကျေးမှုထုံးဓလေ့များ၊ အလေ့အကျင့်များ၊ အစဉ်အလာလုပ်ဆောင်ချက်များ၊ ဘဝနေ ထိုင် တဲ့ပုံစံများ၊ အလေ့အထများ၊ လူမျိုးနွယ်များ၊ လူမျိုးများ၊ စားသောက်ပုံများ၊ အစား အစာများ စတာတွေက တစ် ယောက်နှင့် တစ်ယောက်မတူကွဲပြားခြားနားကြပါတယ်။ အဲဒီသဘောကို လက်ခံနားလည်ပေးရန် လိုအပ်ပါ တယ်။ အဲဒီလိုတွေဖြစ်နေတာက ဘာကတော့မှန်ပြီး ဘာကတော့မှားတယ်ဆိုတာမျိုူးမဟုတ်ပါ။ လူတစ် ယောက်ချင်းအတွက် အကောင်းဆုံးအဆင်အပြေဆုံး အလုပ်လုပ်ဆောင်ပေးမှုအနေအထားသာဖြစ်ပါတယ်။
ရ၃။ အပြုသဘောဆောင်ပါ။ အပျက်သဘောဆောင်နေထိုင်ရန် ဘဝကအလွန်တိုတောင်းလွန်းလှပါတယ်။ မကျေမနပ်အပြစ်တင်ပြောနေတာတွေမပြု လုပ်ပါနဲ့။ မကျေမနပ်ပြောနေတဲ့အလေ့အကျင့်မှာ သင့် အတွက် အပျက်စွမ်းအားတွေသာထုတ်နေတဲ့စက်လိုဖြစ်စေပါတယ်။ တစ်ခါတစ်ရံမှာ မကျေနပ်တာကို ပြောနိုင်ပါတယ်။ အဲဒီအခါမှာလည်း အခြေအနေကိုတိတိကျကျပြောပြရန် လိုအပ်ပါတယ်။ မကျေမနပ်ပြောတဲ့အချိန်နဲ့ မကျေ နပ်မှုကို ပိုကောင်းလာအောင် ပြုလုပ်ပေးတဲ့နေရာမှာ သင့်အင်အားသုံးနေမှုကိုနှိုင်းယှဉ်လေ့လာကြည့်ပါ။
နောက်တစ်ချက်အရေးကြီးတာကတော့ပြုံးရန်ဖြစ်ပါတယ်။ လူတွေဟာ လုံလောက်စွာပြုံးခြင်းမရှိကြပါဘူး။ လမ်းမှာဖြစ်စေ၊ အလုပ်ခွင်မှာဖြစ်စေ လူတွေနှင့်တွေ့တဲ့အခါ ပြုံးနုတ်ဆက်တာမျိုးထက်မျက်နှာသုန်မှုန်နေတဲ့ အနေအထားဖြင့် ကြည့်တတ်ကြပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ်အခြားလူတွေကိုတွေ့တဲ့အခါ လူးစိမ်း တစ်ယောက်ပင်ဖြစ်ပါစေ၊ သင်ကအရင်ပြုံးပြလိုက်ပါ။ အဲဒီလို လေ့ကျင့်ရင် လူအများကလည်းသင့်ကို ပြန်လည် ပြုံးပြတာကိုအံ့အားသင့် ဖွယ်တွေ့လာမှာဖြစ်ပါတယ်။ သူတို့က ပြန်မပြုံးရင်တောင်မှ သူတို့စိတ်မှာ နွေးထွေးမှုကို ခံစားရစေမှာအသေအချာဖြစ်ပါတယ်။
နောက်အရေးကြီးတဲ့အချက်တစ်ခုမှာ ရယ်ရယ်မောမောနေထိုင်ရန် ဖြစ်ပါတယ်။ရယ်မောခြင်းမှာအကောင်းဆုံး ဆေးတစ်မျိုပင်ဖြစ်ပါတယ်။ လူတွေပြောပြတဲ့ရယ်မောစရာတွေကိုကြားရတဲ့အခါ ရယ်မောပါ။ မိမိမှာတွေ့ကြုံ ရတဲ့ အခက်အခဲတွေကိုတွေ့တဲ့အခါမှာ လည်းရယ်မောနိုင်ရန် လိုအပ်ပါတယ်။ သင်လုပ်မိတဲ့အမှားများအတွက် လည်း ရယ်မောနိုင်ရန် လိုအပ်ပါတယ်။
ရ၄။ စနစ်တကျဖွဲ့စည်းတည်ဆောက်စီမံပါ။ သင်အခုရပ်တည်နေတဲ့ဘဝက သင်ဖွဲ့စည်းတည်ဆောက်ထားခဲ့မှု အပေါ်မှာ တည်နေပါတယ်။ အရာရာဟာ အစဉ်သဖြင့် ရှုပ်ပွနေတဲ့အနေအထားဖြစ်နေရင် သင့်အနေဖြင့် မိမိ ကိုယ်မိမိ စီစဉ်ရာတွင် စနစ်မကျကြောင်းပြနေပါတယ်။ သင့်အနေဖြင့်စနစ်တကျ ဖွဲ့စည်းတတ်တဲ့အခါမှာ သင်မှာ ရပ်တည်တဲ့ပုံစံရှိလာပါတယ်။တည်ငြိမ်မှုရှိပါတယ်။ အခြေအနေတွေကို ကြိုတင်ခန့်မှန်းနိုင်တဲ့အစွမ်း တွေရှိလာ ပါတယ်။ အဲဒီလို ဖြစ်လာမှုကြောင့် သင့်မှာရှိတဲ့အရင်းအမြစ်တွေကို စနစ်တကျသုံးပြီးဦးတည်ရည်မှန်းချက် အ သစ်များကို ရအောင် ဆောင်ရွက်လာနိုင်စေပါတယ်။ ဒီအပိုင်းနှင့် ပတ်သက်လာရင် Creating a life Handbook ကသင်အတွက်အထောက်အကူပြုမှာဖြစ်ပါတယ်။
ရ၅။ စိတ်ရှည်သည်းခံပါ။ တစ်ယောက်ယောက်က ချိန်းထားတဲ့အချိန်ထက်နောက်ကျနေရင်စိတ်မှာ မသက်မ သာဖြစ်ပါသလား။ အချိန်ဆိုတာ ပြောင်းလဲနိုင်တဲ့သဘောရှိပါတယ်။ အချိန်ဆိုတာ ကျွန်ပ်တို့အချိန်ဇယား အတိုင်းလုပ်ဆောင်နိုင်စေရန် သတ်မှတ်ထားချက်သာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ နေတတ်တဲ့ အလေ့အကျင့်ရှိအောင်သင်ယူလေ့ကျင့်ပါ။ စိတ်မရှည်သည်းမခံမှုက စိတ်ပူပင်သောကရောက်စေပါတယ်။ စိတ်ရှည်သည်းခံမှုက စိတ်အေးတည်ငြိမ်မှုကိုဖြစ်စေပါတယ်။
ရ၆။ စိတ်အေးတည်ငြိမ်မှုရှိပါ။ သင့်မှာရွေးချယ်နိုင်ခွင့်ရှိတဲ့အခါတိုင်း အေးချမ်းမှုကို အကြမ်းဖက်မှုထက် ဦးစား ပေးရွေးချယ်ပါ။ အကြမ်းဘက်မှုက ဘာကိုမှမဖြေရှင်းပေးနိုင်ပါ။ နာကျင်မှုများကိုသာပိုဖန်တီးဖြစ်ပေါ်လာ စေ နိုင်ပါတယ်။ အေးချမ်းမှုကတော့ ထိခိုက်နာကျင်မှု သက်သာစေတဲ့ခရီးလမ်းကြောင်းကိုဦးတည်စေပါတယ်။
ရရ။ ရှေ့နောက်ညီညွတ်စွာလုပ်ကိုင်ပါ။ ဘာကိုပင်လုပ်ပါစေ လက်မြှောက်အရှုံးမပေးပါနဲ့။ သင့်မှာ ရအောင်လုပ် ချင်တဲ့စိတ်ရှိတယ်ဆိုရင် သင်ရလာမှာဖြစ်ပါတယ်။ မိမိစိတ်ကူးအတိုင်းရှေ့နောက်ညီညွတ်စွာအကောင်အထည် ဖော်တဲ့အတွက် အောင်မြင်တဲ့စီးပွာရေးလုပ်ငန်းတစ်ခုဖြစ်လာတာနမူနပင်ဖြစ်ပါတယ်။ တကယ်လို့သင့်ဦးစား ပေး မှုတွေက ပြောင်းလဲသွားတဲ့အခါမှာနဲ့၊ သင်ရချင်တာက မူလဦးတည်ချက်မဟုတ်တော့တာကိုကောင်းစွာ သိနားလည်လာတဲ့အချိန်မှာတော့ ပြောင်းရန် လိုအပ်ပါတယ်။ quitting to Win ကိုဆက်လက်ဖတ်ရှုပါ။
ရ၈။ မျှော်မြင်တွေးဆမှုရှိပါ။ ရဲရင့်ပါ။ လုပ်ဆောင်ရဲပါ။ တစ်ချိန်တည်းမှာပင် မျှော်မြင်ချင့်ချိန်စွာလုပ်ဆောင်ရန် လည်းလိုအပ်ပါတယ်။ လက်တွေ့စမ်းသပ်လုပ်ဆောင်ကြည့်မှုမှာ ဘယ်သူကိုမှ ထိခိုက်နာကျင်စေမှုမဖြစ်ပါ။ လက်တွေ့လုပ်ဆောင်ကြည့်မှုက သင်ရှေ့ဆက်လက် လုပ်ဆောင်ရမှာအတွက် သင့်ကိုပိုအဆင်သင့် ဖြစ်စေပါ တယ်။
ရ၉။ ရည်ရွယ်ချက်ရှိပါ။ တစ်ခုခု လုပ်ဆောင်ရန်အတွက် မြင့်မားတဲ့ဦးတည်ချက် ထားရှိပါ။ အဲဒီရည်ရွယ်ချက်အ တိုင်း လုပ်ဆောင်လာတဲ့အခါ သင်ဟာ လက်ရှိသင့်အနေအထားထက်တိုးတက်ပြောင်းလဲသူ တစ်ယောက် ဖြစ် လာမှာပါ။ အခြားလူတွေကိုကူညီရန်ဦးတည်ချက်ထားလုပ်ဆောင်ခဲ့မှုကြောင့် စာရေးသူအနေဖြင့် မိမိတစ် ယောက် တည်းဆုံးဖြတ်ရန်ခက်ခဲတာတွေကိုပင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ Discover Your Life Purpose in 30 Minutes ကို ဆက်လက်ဖတ်ပါ။
၈၀။ ကျိုးကြောင်းဆီလျော်ညီညွတ်ပါ။ မိမိအခွင့်အရေးကိုလည်းသိပါ။ မိမိအခွင့်အရေးအတွက် ဘောင် ကျော် နင်း တာမျိုးလည်းမပြုလုပ်မိစေရန်အထူးသတိထားပါ။ လုပ်ဆောင်တဲ့လုပ်ငန်းတွေမှာ ကျိုးကြောင်း ဆီလျော်ညီ ညွတ်မှုရှိပါစေ။ အဲဒီလို ကျိုးကြောင်းဆီလျော်စွာစဉ်းစားလုပ်ဆောင်တဲ့ အလေ့အကျင့်ရှိတယ်ဆိုရင် သင်ရွေး ချယ်လုပ်ဆောင်တဲ့အပြုအမူအတွက် အကောင်းဆုံးဆုံးဖြတ်နိုင်သူမှာသင်သာဖြစ်လာပါလိမ့်မယ်။
မိတ်ဆွေများ ဖော်ပြထားတဲ့အခြားဖတ်စရာများကိုလည်းအွန်လိုင်းမှာရှာပြီးဖတ်ရန်တိုက်တွန်းပါတယ်။ မိမိ ကိုယ်မိမိပိုကောင်းတဲ့လူတွေဖြစ်အောင်လေ့ကျင့်ရာမှာ အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
No comments:
Post a Comment