Tuesday, February 4, 2025

ပိုကောင်းသူတစ်ယောက်ဖြစ်အောင်လေ့ကျင့်ရန် ပဥ္စမ နည်းပေါင်း (၂၀) Food for Thought 804 ဒေါက်တာသိန်းလွင်

 No photo description available.

ပိုကောင်းသူတစ်ယောက်ဖြစ်အောင် လေ့ကျင့်ရန်နည်းပေါင်း (၁၀၂) နည်းအနက် ပဥ္စမ နည်းပေါင်း (၂၀)ကို မိတ်ဆွေများအတွက် Food for Thought 804 အဖြစ်မျှဝေလိုက်ပါတယ်။

ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။ 

 ပိုကောင်းသူတစ်ယောက်ဖြစ်အောင်လေ့ကျင့်ရန် ပဥ္စမ နည်းပေါင်း (၂၀) 804

၈၁။ နောင်တတရားရှိပါ။ သင့်အနေဖြင့် လုပ်ကိုင်လိုက်ပြီးမှ ဂုဏ်မယူချင်တဲ့လုပ်ငန်းမျိုးသင့်မှာရှိပါသလား။ ပြန်လည်နောင်တရရှိပါက လိုအပ်သလို ပြုပြင်ဆက်လက်လုပ်ဆောင်ပါ။ အဲဒီလို ဖြစ်နေတဲ့လုပ်ငန်းကို သင့် စနစ်ထဲမှာ ဒီအတိုင်းချန်မထားပါနှင့်။ ဘာကြောင့်လဲဆိုတော့ အဲဒါမျိုးက ခန္တာကိုယ်တွင်းပုတ်ဆွေးတဲ့အသား လိုပင် ပတ်ဝန်းကျင်ရှိအစိတ်အပိုင်းတွေကို မကောင်းတဲ့အကျိုးသက်ရောက်မှုများဖြစ်လာစေနိုင်ပြီး သင့်နေ့ စဉ်လုပ်ဆောင်တဲ့ လုပ်ငန်းများတွင်လည်း မသင့်တဲ့ အကျိုးသက်ရောက်မှုရှိလာစေနိုင်တဲ့အတွက် ဖြစ်ပါတယ်။ Be a Better Me in 30 Days Program ကိုဆက်လက် ဖတ်ရှုလေ့လာပါ။

၈၂။ အင်အားပြည့်ဝကြံံ့ခိုင်မှုရှိပါ။ သင့်အနေဖြင့် ချမှတ်ထားတဲ့ရည်မှန်းချက် ပန်းတိုင်ရောက်အောင် လုပ် ဆောင် ရာမှာ သင့်ကို ဝေဝါးယိမ်းယိုင်လာစေတဲ့အဟန့်အတားအခက်အခဲများရှိနေပါသလား။ သင်ဖြစ်ချင်တာ ကိုရ အောင် လုပ်နိုင်တဲ့ခွန်းအားသင့်မှာရှိပါတယ်။ သင့်အနေဖြင့် အဲဒီခွန်အားတွေကိုဆွဲထုတ်အသုံးချရန် လိုအပ်ပါ တယ်။ How to start when you have nothing ကို ဆက်လက်ဖတ်ပါ။

၈၃။ လေးလေးစားစားရှိပါ။ လူတိုင်းကို အလေးစားဆုံးပုံစံဖြင့် ဆက်သွယ်ပြောဆိုပါ။ ဘာကြောင့် လဲဆိုတော့ သက်ရှိလူတိုင်းဟာလေးစားစွာ ပြောဆိုဆက်ဆံထိုက်တဲ့အတွက် ဖြစ်ပါတယ်။

၈၄။ တာဝန်ယူမှုရှိပါ။ မိမိယူထားတဲ့တာဝန်ယူမှုနှင့် သက်ရှင်နေထိုင်ပါ။ သင့်မှာ ဘာတာဝန်တွေရှိပါသလဲ။ သင်အနေဖြင့် အဲဒီတာဝန်ယူမှုတွေနှင့် အညီနေထိုင်ပါသလား။ မိမိတာဝန်ယူထားတဲ့လုပ်ရပ်မှရှောင်ထွက် ပြေးခြင်းမှာ တာဝန်မကျေမှု၊ တာဝန်ပျက်ကွက်မှုပင်ဖြစ်ပါတယ်။ ယူထားတဲ့ တာဝန်များကိုကျေပြွန်စွာ လုပ် ဆောင်ခြင်းက သင့်ကိုတာဝန်ကျေတဲ့ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာစေပါတယ်။
မိမိကိုယ်ကို မတရား နှိပ်စက်ခံရသူလည်းမဖြစ်ပါစေနဲ့။ ဆိုးတာတွေဖြစ်လာတဲ့အခါ ဘာကြောင့် ငါမှာဖြစ်လာ ရတာလဲလို့ ပြောရတာလွယ်ကူပါတယ်။ အဲဒီလိုပြောနေတဲ့အတွက် သင့် ကိုယ်ကျင့်သိက္ခာပိုင်းဘာမှ တိုးတက်မ လာစေပါ။ အဲဒီလို သဘောထားရင် ကြာလာတဲ့အခါမှာ သင့်ကိုအားနည်းသူတစ် ယောက်ဖြစ်လာစေမှာ ဖြစ်ပါ တယ်။ ဘာကြောင့် လဲဆိုတော့ သင်ဟာ မိမိတာဝန်ယူထားတဲ့ကိစ္စကို တာဝန်ကျေအောင်မလုပ်ခဲ့တဲ့ အတွက် ဖြစ်ပါတယ်။ သင့်အနေနှင့်ယုံမယုံတော့မသိပါ။ အဲဒီလိုဖြစ်တာသင်မှသာမဟုတ်ပါ။ လူတိုင်းဖြစ်တတ်ပါ တယ်။ အဲဒီလိုဖြစ်နေတဲ့အတွက်မိမိကိုယ်မိမိ သနားနေ တာမျိုးဖြစ်မဲ့အစားကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာ ကို လက်ခံပြီးဘဝရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ဖြေရှင်းနိုင်အောင်အားထုတ်ရန် လိုအပ်ပါတယ်။ သင့်အနေဖြင့် တာဝန်ကိုကျေအောင် လုပ်ဆောင်လာတာနဲ့အမျှ လုပ်စရာလုပ်ငန်းတွေအပေါ်ထိန်းချုပ်နိုင်စွမ်းတိုးတက်လာ မှာဖြစ်ပါတယ်။ အစဉ်သဖြင့် ရွေးချယ်လျက်အကောင်းဆုံးကို လုပ်ဆောင်ရန် လိုအပ်ပါတယ်။

၈၅။ မိမိကိုယ်မိမိချစ်ကြင်နာပါ။ သင့်ကိုယ်သင်ကြင်နာပါ။ သင့်အနေဖြင့် သင့် ကိုယ်သင်နာကျင်အောင် လုပ် နေမိပါသလား။ အဲဒီလို လုပ်တဲ့အလေ့ အကျင့်မျိုးရှိခဲ့ရင် အဲဒီအလေ့အကျင့် ကို ရပ်လိုက်ပါ။ သင်အ ပါအဝင် လူတိုင်မိမိကိုယိမိမိ ကြင်နာမှုခံထိုက်ပါတယ်။ ပြီးတော့မိမိကိုယ်ကိုလည်း ချစ်ခင်ရန် လိုအပ်ပါတယ်။ မိမိ ကိုယ်မိမခိချစ်ခင်မှုမှစပြီး အခြားလူတွေကို ချစ်ခင်မှုလည်းဖြစ်လာမှာဖြစ်ပါတယ်။

၈၆။ မိမိအခြေအနေကို ပြန်ထည်ထင်ဟပ်စဉ်းစားပါ။ စာရေးသူအနေဖြင့်မိမိမှာဖြစ်ခဲ့တာတွေငိုအခြေခံလျက် ပြန်ထည်ထင်ဟပ်စဉ်းစားတာမျိုုး ပြုလုပ်တဲ့အလေ့အကျင့်ရှိပါတယ်။ အဲဒီလိုပြုလုပ်တဲ့အတွက် မိမိအတွက် သင်ခန်းစာများရစေပြီး နောက်ပိုင်း ပိုကောင်းအောင် ပြုလုပ်လာစေနိုင်ပါတယ်။ အဲဒီလို မိမိအနေအထားကို ပြန်လည်ထင်ဟပ်စဉ်းစားတဲ့အလေ့အကျင့် ကိုသီးသန့်စာအုပ်တစ်ခုတွင်ချရးနိုင်ပါတယ်။ သို့မဟုတ်အခြားလူ များအား ပြောပြခြင်းမှတစ်ဆင့်လည်း သင်ခန်းစာရယူနိုင်ပါတယ်။ မိမိကိုတိုင်မှန်ကန်တဲ့မေးခွန်းမေးခြင်းမှာ မိမိကိုတိုင် ပြန်ထည်ထင်ဟပ်စဉ်းစားတဲ့လုပ် ငန်းစဉ်မှာအရေးအကြီးဆုံအပိုင်းဖြစ်ပါတယ်။ 101 Important Questions To Ask Yourself ကိုလည်းဆက်လက်ဖတ်ပါ။

၈ရ။ အခြားလူများရဲ့လိုအပ်ချက်ကို နားလည်အလိုက်သိပါ။ သင့်အနေဖြင့် အခြားလူတွေအပေါ်မှာ အပျက်သ ဘောလုပ်ဆောင်မှုမျိုးမရှိစေရန် မိမိကိုယ်မိမိ အစဉ်စစ်ဆေးနေရန် လိုအပ်ပါတယ်။ အခြားလူတွေ အပေါ်မှာ အတင်းဖိအားပေးတာမျိုးမပြုလုပ်ပါနှင့်။ သင့်အမြင်ရှုထောင့်ကိုပေးခြင်းမှာ အိုကေပါတယ်။ တကယ်လို့ အခြားလူတွေက သင်ပေးတဲ့သဘောထားကို လက်မခံပါက အဲဒီသဘောထားကို ထက်ခါတလဲလဲ ဆက် လက်ပြောနေရန် မလိုအပ်တော့ပါ။ မိမိသဘောထားကိုမိမိမှာပင်သိမ်းထားလိုက်ပါ။
မလိုချင်တဲ့အကြံပေးမှုမျိုးတွေကိုလည်းရောင်ရှာပါ။ လူအချင်းချင်းအပြန်အလှန်ဆက်ဆံရေးမှာအကြီးမားဆုံး အခက်အခဲတစ်ခုမှာမလိုအပ်တဲ့ အကြံတွေကို ပေးနေမှုပင်ဖြစ်ပါတယ်။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အတွေ့အကြုံအမြင်များကိုမျှဝေတဲ့အနေဖြင့် အပြန်အလှန် စကားပြောတတ်ကြပါတယ်။ သင့်အနေဖြင့် အကြံ ပေးရန် စိတ်ကူးဖြစ်လာပါက အရင်ဆုံးသင်နှင့် စကားပြောနေသူက သင့်ထံမှအကြံလိုချင်တာ ဟုတ်ရဲ့လား ဆို တာ အရင်သေချာအောင်ပြုလုပ်ပါ။ အဲဒီလို လုပ်ဆောင်ရင်မလိုအပ်တဲ့ပဋိပက္ခများမဖြစ်အောင် ရှောင်ရှား နိုင်မှာ ဖြစ်ပါတယ်။

၈၈။ သင့်အနေဖြင့် အခြားလူများအတွက်ဝန်ဆောင်မှုပေးနိုင်အောင် စိတ်ကိုပြင်ဆင်ထားပါ။ အခြားလူများ အတွက် ဝန်ဆောင်မှုပေးနိုင်ခြငးမှာ ဘဝမှာ လုပ်နိုင်တာတွေထဲမှာ အမြင့်မြတ်ဆုံး လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ သင့်အနေဖြင့် အခြားလူတွေနှင့် ကမ္ဘာလောကအတွက် ဘယ်လို အကျိုးပြုနိုင်တဲ့ ဝန်ဆောင်မှု ပေးနိုင်တယ်ဆို တာကိုစဉ်းစားပြီး အဲဒီအတိုင်း ဝန်ဆောင်မှုပေးနိုင်အောင် နေထိုင်ပါ။

၈၉။ ထက်မြက်မှုရှိပါ။သင်ရဲ့ကြည့်ရှုလေ့လာတဲ့ကျွမ်းကျင်မှုကို တိုးတက်အောင်လေ့ကျင့်ပါ။ ထက်မြက်တဲ့ လူတွေက တစ်ခုခုကိုအရင်ဆုံးသတိထားမိသူများဖြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သူတို့ စဉ်းစားတဲ့လုပ်ငန်းမှာ အခြားလူတွေထက်ရှေ့ကရောက်နေတဲ့အတွက် ဖြစ်ပါတယ်။

၉၀။ ရိုးသားဖြောင့်မှန်ပါ။ စိတ်ထဲနှလုံးထဲမှာရှိတဲ့အတိုင်းပြောဆိုပါ။ သင့်အနေဖြင့် ဆိုလိုချင်တာမဟုတ်တာကို မပြောပါနှင့်. စာရေးသူအနေဖြင့် လိုက်နာတာတစ်ချက်မှာ စိတ်ထဲမှာ အမှန်တကယ် ဆိုလိုချင်တာကိုသာ ပြော ဆိုတဲ့အလေ့အကျင့် ဖြစ်ပါတယ်။ မိမိမယုံကြည်တာကို ဘယ်တော့မှမပြောဆိုခြင်းဖြစ်ပါတယ်။

၉၁။ လွတ်လပ်စွာပြောဆိုလုပ်ကိုင်ပါ။ အဟန်းအတားအပိတ်အပင်မထားပါနဲ့။ သင့် ကိုယ်သင် လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်ပေးပါ။ လုပ်ဆောင်တဲ့လုပ်ရပ်တိုင်းဟာ ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ဖြစ်နေရန်မဟုတ်ပါ။

၉၂။အခြားလူများအပေါ်ထောက်ထားစာနာပါ။ အခြားလူတွေက သူတို့ကြုံနေရတဲ့ပြဿနာအခက်အခဲများ ကို မျှဝေပြောဆိုနေပါက သူတို့ကိုထောက်ထားစာနာပါ။ မိမိနှင့် မသက်ဆိုင်သလို၊ အလေးမထားတဲ့စိတ်မျိုးနှင့် သဘောထားမှတ်ချက်ပေးတာမျိုးမပြုလုပ်ပါနှင့်။ သူတို့မှာဖြစ်နေတဲ့ စိတ်ခံစားမှုများနှင့်အတွေးများအကြောင်း မဆွေးနွေးပါနဲ့။ သူတို့ရောက်ရှိနေတဲ့အခြေအနေမှာ သင်လည်းရောက်ရှိနေပြီး ထောက်ထားစာနာကြောင်း ပြပါ။ ဒါမှ သူတို့အနေဖြင့် သူတို့ရောက်နေတဲ့အခြေအနေမှာ သူတို့ချည်းရောက်နေတာမဟုတ်ကြောင်းသိလာ ခံစား လာစေမှာဖြစ်ပါတယ်။ အဖော် ရစေမှာ ဖြစ်ပါတယ်။

၉၃။ ယဉ်ကျေးသိမ်မွေ့ပြီး လိမ္မာပါးနပ်ပါ။ အခြားလူတွေနှင့် ဆက်သွယ်လုပ်ဆောင်ရာမှာ ရိုင်းပြမှု၊ ခက်ထန် ကြမ်းတမ်းမှုမျိုးမရှိရန်သတိထားဖို့လိုအပ်ပါတယ်။ သူငယ်ချင်းမိတ်ဆွေများနှင့် ဆက်ဆံရာမှာ ယဉ်ကျေးသိမ် မွေ့ပါ။ လူတိုင်း ခံစားတတ်ကြပါတယ်။ တစ်ခါတစ်ရံမှာ ဖြစ်လာတဲ့အနေအထားက သင့်စိတ်နေစိတ်ထားနှင့် မတိုက်ဆိုင်သော်မှ ယဉ်ကျေး သိမ်မွေ့မှုရှိပါ။လိမ္မာပါးနပ်ပါ။

၉၄။ အခြားလူတွေကိုသင်ပြပေးနိုင်သူဖြစ်ပါ။ သင့်အနေဖြင့် အခြားလူတွေကိုသင်ပြပေးနိုင်ဖို့ သင့်မှာရှိတဲ့ အသိ အမြင်၊ ဗဟုသုတများကိုမျှဝေပေးပါ။ မိမိတတ်သိနားလည်ထားတာတွေကို အခြားလူများအား ပြန်လည်မျှ ဝေ သင်ပေးခြင်းဖြင့် မိမိကိုယ်တိုင်လည်း ပိုတတ်လာပါတယ်။ ဒါကြောင့် သင့်အနေဖြင့် ဘယ်အရာတွေမှာ တော်ပါ သလဲ။ မျှဝေပေးတဲ့လုပ်ငန်းကို တွေ့ဆုံပြောဆိုရင်း သွားရင်းဟန်လွဲ ပြုလုပ်ပေးပါ။ အဲဒီလို လေ့ကျင့် ပေးရင် မိမိမှာရှိတဲ့ကျွမ်းကျင်မှုများကို အခြားလူများအားမျှဝေပေးတဲ့လုပ်ငန်းဟာ သင်ရဲ့ဒုတိယအမျိုးအစား သဘာဝ ဖြစ်လာပါလိမ့်မယ်။

၉၅။ အခြားလူတွေအပေါ်မှာယုံကြည်မှုရှိပါ။ သင့်စိတ်မှာ သံသယဖြစ်လာရင်သံသယအကျိုးကိုအခြားလူများ အား ခံစားခွင့်ပေးပါ။ သင့်အနေဖြင့် ဘာကိုပင်စဉ်းစားစဉ်းစား အခြေခံအားဖြင့် လူတိုင်းကောင်းတယ်ဆိုတာကို အခြေခံစဉ်းစားရန်လိုအပ်ပါတယ်။ ဘယ်သူမှအခြားလူတွေထိခိုက်နာကျင်အောင် တမင်သက်သက်မလုပ်ကြပါ ဘူး။ အခြားလူတွေကို ထိခိုက်နာကျင်အောင် ပြုလုပ်မိလာတဲ့အခါမှာ ဆိုးပုတ်တဲ့ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း မဟုတ်ပါ။ တစ်ခုခု အားနည်းနေမှုကြောင့် ပြုလုပ်မိခြင်းဖြစ်ပါတယ်။

၉၆။ ယုံကြည်ထိုက်သူဖြစ်ပါ။ သင့်အနေဖြင့် လုပ်မယ်လို့ပြောဆိုထားမှု၊ ပေးထားတဲ့ကတိစကားတွေကို ပြော ထားတဲ့အတိုင်း တည်ကြည်စွာလုပ် ဆောင်ပေးပါ။ တစ်ယောက်ယောက်နှင့် သဘောတူညီထားတယ်ဆိုရင် သဘောတူညီထားတဲ့အတိုင်း လုပ်ဆောင်ပေးပါ။

၉ရ။ တွယ်တာမက်မောမှုကင်းပါ။ လောကမှာရှိသမျှအရာရာတိုင်းဟာပြောင်းလဲနေတတ်ပါတယ်။ အဲဒီလိုပြော တဲ့အတွက် သင်ဟာ ခံစားမှု၊ စိတ်လှုပ်ရှားမှုကင်းသူဖြစ်ရမယ်လို့ ဆိုလိုနေခြင်းမဟုတ်ပါ။ သင့်ဘဝကို၊ သင်တွေ့ ကြုံရတဲ့အခြေအနေတွေကို၊ သင်တွေ့ဆုံတဲ့ လူတိုင်းကို တွယ်တာခြင်းကင်းလျက် အကောင်းဆုံးထိတွေ့ပြော ဆိုပါ။ ဘာကြောင့်လည်း ဆိုတော့ ကျွန်ပ်တို့ တတွေဟာ မျက်မှောက်ကာလမှာသာ နေနေတာဖြစ်ပါတယ်။ အတိတ်မှသော်လည်းကောင်းအနာဂတ်မှာသော်လည်းကောင်း နေနေခြင်းမဟုတ်ကြပါ။

၉၈။ နားလည်ပေးပါ။ အရာရာကိုအခြားလူများရှုထောင့်မှကြည့်မြင်နားလည်ပေးပါ။ အပြန်အလှန်ကောင်းတဲ့ ဆက်ဆံရေးဖြစ်အောင် တူညီတဲ့ နားလည်မှုတည်ဆောင်ရန် လိုအပ်ပါတယ်။

၉၉။ နိုးနိုးကြားကြားရှိပါ။ ကမ္ဘာလောကမှာ ဘေးကင်တဲ့နေရာဖြစ်သော်လည်းသင့်အတွက်မရင်းနီးးတဲ့နေရာမှာ ဖြစ်နိုင်တဲ့ဘေးအတွက်သတိဝီရိယဖြင့် စောင့်ကြည့်ရန် လိုအပ်ပါတယ်။ သံသယဝင်စရာကောင်းတဲ့လူတွေကို သတိထားစောင့် ကြည့်ပါ။ ဘေးဖြစ်နိုင်ဖို့အလားအလာများတဲ့နေရာမှ ကင်းအောင်နေထိုင်ပါ။

၁၀၀။ အနာဂတ်ပုံရိပ်ထားပါ။ သင့်အနေဖြင့် ထားနိုင်တဲ့အနာဂတ်ပုံရိပ်နှင့်အကြီးမားဆုံးစိတ်ကူးအိပ်မက်ကို ဖော်ထားပါ။ အဲဒီနောက် အနာဂတ်ပုံရိပ်ကို လက်တွေ့ဘဝမှာဖြစ်လာအောင် ဆောင်ရွက်ပါ။ သင့် စိတ်ကူး အိပ် မက်အနာဂတ်ပုံရိပ်ကို ကျယ်ပြန်အောင်လည်းဖန်တီးထားပါ။ သင့်စိတ်ကူးပုံရိပ်ကျယ်ပြန့်အောင်ဖန်တီးပုံကို ဗီဒီယို Creating Your Vision Board ကိုလည်းကြည့်ရှုလေ့လာပါ။

၁၀၁။ မိမိအားနည်းချက်ပျော့ချက်များကိုမျှဝေပြောပြပါ။ မိမိအားနည်းချက် ပျော့ချက်များကိုမျှဝေခြင်းဟာ မိမိအတွက် အကြီးမားဆုံးသောအင်အားတွေဖြစ်စေတာကိုတွေ့ခဲ့ရပါတယ်။ အထူးသဖြင့် ကျွန်ပ်နှင့် မိဘများ အဆင်မပြေခဲ့မှုများ၊ အတိတ်ကနှလုံးထိခိုက်မှု နှင့် စိတ်ပျက်အားငယ်ရမှုများ အကြောင်းမျှဝေခဲ့ပါတယ်။

၁၀၂။ ဉာဏ်ရှိပါ။ အမှားနှင့်အမှန်ကို ချင့်ချိန်ဝေဖန်ပိုင်းခြားရာမှာ အားကောင်းတဲ့ခွဲခြားသိမြင်နိုင်စွမ်းရှိဖို့ဖြစ်ပါ တယ်။ ဆုံးဖြတ်ချက်၊ ရွေးချယ်မှုများ ပြုလုပ်ရန် ရှိလာတဲ့အခါ လိုအပ်တဲ့သတင်းအချက်အလက်များကို ရအောင်စုဆောင်းခြင်း၊ ရှုထောင့်အစုံမှစဉ်းစားခြင်းနှင့် ချင့်ချိန်ဆုံးဖြတ်နိုင်အား ကောင်းစွာရှိပါ။ အဲဒီလို လုပ် ဆောင်တဲ့အတွေ့ အကြုံများများ ရလာလေလေ သင့်အနေဖြင့်ပိုသင်ယူလာနိုင်ပြီးပိုအသိဉာဏ်ကြီးမြင့် လာ လေလေ ဖြစ်မှာဖြစ်ပါတယ်။

မိတ်ဆွေများ ဖော်ပြထားတဲ့အခြားလေ့လာဖတ်ရှုစရာများကိုအွန် လိုင်းမှာရှာဖတ်ရန်လည်းတိုက်တွန်းပါတယ်။ မျှဝေချက်များမှာ မိမိကိုယ်မိမိ ပိုကောင်း အောင်ပြုပြင်နေသောမိတ်ဆွေတို့အတွက် အထောက်အကူပြုလိမ့် မယ်လို့မျှော်လင့်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...