
ဒီနေ့ “ကလေးတို့အတွက်တန်ဖိုးရှိတဲ့ပညာရေးအဆိုအမိန့်များ 819” ကို Food for Thought 819 အဖြစ် မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
ကလေးတို့အတွက်တန်ဖိုးရှိတဲ့ပညာရေးအဆိုအမိန့်များ 819
စာဖတ်သူဟာပညာရေးကလူတွေအတွက်အရေးကြီးကြောင်းကို
မိမိတို့သားသမီးများအတွက် ပြောပြ နေတဲ့ မိဘဖြစ်မယ်ဆိုရင်
အောက်ပါအဆိုအမိန့်များက သင့်အတွက်များစွာအထောက်အကူပြုမှာဖြစ်ပါတယ်။
ပညာရေးဆိုတာ
ဘဝတစ်သက်တာလုံးလျှောက်လှမ်းရတဲ့ခရီးရှည်ဖြစ်ပါတယ်။ အသက်ရှင်နေသမျှ
သင်ယူမှုဆိုတာ ရပ်သွားတယ်ဆိုတာမရှိပါ။
အသစ်အဆန်းတွေဆိုတာရှာဖို့အစဥ်ရှိနေပါတယ်။ မိမိကိုယ်မိမိ ပိုကောင်းလာ
အောင်တိုးတက်လာအောင် ပြုလုပ်နိုင်တဲ့နည်းလမ်းတွေဆိုတာအစဥ်ရှိနေပါတယ်။
ရင်ဆိုင်ကျော်လွှားဖို့အတွက်
စိန်ခေါ်မှုအသစ်တွေဆိုတာကလည်းအစဥ်ရှိနေမှာဖြစ်ပါတယ်။ ကလေးတွေက
သူတို့စတင်လျောက်လှမ်းနေတဲ့ ပညာရေးခရီးက
ဘယ်လောက်တန်ဖိုးရှိပြီးသူတို့ဘဝအတွက်အရေးကြီးတယ်ဆိုတာကို အခုအချိန်မှာတော့
နားလည်နိုင်ကြမှာမဟုတ်သေးပါ။ ဒါပေမဲ့
အောက်ဘက်မှာမျှဝေထားတဲ့အဆိုအမိန့်များကို ပြောပြရှင်းပြပေး ခြင်း ဖြင့်
ကလေးတွေဟာပညာရေးအရေးကြီးပုံကိုနားလည်ပြီး ပညာတိုးပွားအကျိုးများအောင်
အားထုတ်လာကြမှာဖြစ်ပါတယ်။
ပညာရေးအရေးကြီးကြောင့် အဆိုအမိန့်များ
၁။ ပညာရေးဆိုတာ အမှောင်ခွင်းပြီးအလင်းရအောင် ပြုလုပ်တဲ့လုပ်ဆောင်မှုဖြစ်ပါတယ်။ (Allan Bloom)
၂။လူတစ်ယောက်ကိုငါးပေးမယ်ဆိုရင်
သူ့ကိုတစ်နေ့အတွက် အစာကျွေးလိုက်ခြင်းဖြစ်ပါတယ်။ ငါးဖမ်း
နည်းသင်ပေးလိုက်ရင်တော့ သူ့ကိုတစ်သက်တာလုံးကျွေးလိုက်ရာရောက်ပါတယ်။
(Maimonides)
၃။ စစ်မှန်တဲ့လေ့လာသင်ယူမှုရဲ့နောင်ဆုံးရလဒ်မှာ အပြုသဘောဆောင်တဲ့ပြောင်းလဲလာခြင်းပင်ဖြစ်ပါတယ်။ (Leo Bussaglia)
၄။
သင်ရဲ့တိုးတက်ချင်တဲ့ဦးတည်ချက်တွေကိုသေးသိမ်အောင်လုပ်သူတွေကိုဝေးဝေးကရှောင်ပါ။
သေးသိမ်တဲ့ လူတွေကအဲဒီလိုအစဥ်လုပ်တတ်ကြပါတယ်။
တကယ်မြင့်မြတ်ကြီးမားသူတွေကတော့သင်လည်းသူတို့လို ကြီး
ကျယ်မြင့်မြတ်သူဖြစ်လာနိုင်ကြောင်းခံစားနားလည်အောင် တိုက်တွန်းအားပေးပါတယ်။
(Mark Twin)
၅။ ပညာရေးဆိုတာ
ဘာမှမရှိတဲ့ခွက်ထဲကိုပြည့်အောင် ဖြည့်ပေးတာမဟုတ်ပါဘူး။
သူ့အရှိန်နှင့်သူမီးတောက်လာ အောင် အစပျိုးမီးမွှေးပေးတာဖြစ်ပါတယ်။
(Socrates)
၆။ လောကကိုပြောင်းလဲလာရန် သင်အသုံးပြုနိုင်တဲ့လက်နှက်တွေမှာ ပညာရေးဟာ အားအကောင်းဆုံးလက် နက် ဖြစ်ပါတယ်။ (Nelson Mandela)
၇။ သင့်အနာဂါတ်ကို အကောင်းဆုံးကြိုတင်မှန်းဆနိုင်တဲ့နည်းလမ်းမှာ ကိုယ်တိုင်ဖန်တီးခြင်းပင်ဖြစ်ပါတယ်။ (Abraham Lincoln)
၈။
သင်ယူမှုဆိုတာ ကံအားလျော်စွာရရှိလာတာမဟုတ်ပါ။ စိတ်ရောကိုယ်ပါ
အားစိုက်ထုတ်ပြီးမဆုတ်မနစ် ဇွဲထက်သန်စွာ ရယူရတဲ့လုပ်ငန်းဖြစ်ပါတယ်။
(Abigail Adams)
၉။ အမှားမလုပ်မိဘူးသူဆိုတာ ဘာအသစ်အဆန်းကိုမှကြိုးစားမလုပ်ဘူးသူသာဖြစ်ပါတယ်။ (Albert Einstein)
၁၀။
ကလေးတွေကိုပညာသင်ပေးလေ့ကျင့်ရန် လိုအပ်ပါတယ်။
ဒါပေမဲ့သူတို့ဘာသာလေ့လာသင်ယူတတ်လာအောင်လည်း အခွင့်ပေးဖို့လိုအပ်ပါတယ်။
(Ernest Dim net)
၁၁။ လေ့လာသင်ယူထားတာတွေမေ့ကုန်တဲ့အခါ လေ့လာသင်ယူထားသူမှာရှင်သန်ကျန်နေတာတွေက ပညာရေး ပင်ဖြစ်ပါတယ်။ (B.F. Skinner)
၁၂။
အသစ်အဆန်းကိုကြိုးစားလုပ်ကြည့်ရန် ကြောက်မနေပါနဲ့။ အပျော်တမ်းသမားတွေကတော့
ပစ္စည်းထည့်ရန် ဘီဒိုကို တည်ဆောက်ကြပါတယ်။ တကယ်တတ်သိကျွမ်းကျင်သူတွေကတော့
တိုက်တင်းနစ်သင်္ဘောကြီးကို တည်ဆောက်ကြပါတယ်။ (အမည်မသိ)
၁၃။ လေ့လာသင်ယူမှုကြောင့် စိတ်မှာလေ့လာသင်ယူလိုစိတ်ကုန်သွားတယ်ဆိုတာမရှိပါဘူး။ (Leonardo Da Vinci)
၁၄။ စိတ်ဆိုတာပြည့်အောင်ဖြည့်ပေးရမဲ့ခွက်အလွတ်မဟုတ်ပါဘူး။ သူ့အရှိန်ဖြင့် တောက်လာအောင်မွှေးပေးရမဲ့မီးဖြစ်ပါတယ်။ (Plutarch)
၁၅။ သင်သင်ယူထားတာတွေကိုသင့်ထံမှဘယ်သူကမှ ယူမသွား နိုင်ကြပါဘူးဆိုတဲ့အချက်မှာ လေ့လာသင်ယူမှု မှာ လှပတဲ့အရာဖြစ်ပါတယ်။ (B.B. King)
၁၆။
မစဥ်းစားမဆင်ချင်ဘဲသင်ယူလေ့လာခြင်းမှာ
အင်အားစွမ်းအားတွေဆုံးရှုံးသွားခြင်းပင်ဖြစ်ပြီး၊ လေ့လာ သင်ယူမှုမပြုလုပ်ဘဲ
စဥ်းစားနေခြင်းသက်သက်ကလည်း ဘေးအန္တရာယ်များလှပါတယ်။ (Confucius)
၁၇။ ပညာရေးဟာလောကကိုဖွင့်ပေးနိုင်တဲ့သော့ဖြစ်ပြီး လွတ်လပ်မှုရဖို့အတွက် ပတ်စဖို့ပင်ဖြစ်ပါတယ်။ (Oprah Winfrey)
၁၈။
ကျွန်ုပ်သိသမျှ ထိပ်ဆုံးစွမ်းဆောင်အောင်မြင်သူတိုင်းဟာ
သူတို့ဘဝတစ်သက်တာလုံးလေ့လာသင်ယူသူ များဖြစ်ကြပါတယ်။
သူတို့ဟာကျွမ်းကျင်မှုအသစ်များ၊ ထိုးထွင်းသိမြင်မှုအသစ်များနှင့်
စိတ်ကူးသစ်များကို အစဥ်ရှာနေသူများဖြစ်ကြပါတယ်။
သူတို့အဲဒီလိုလေ့လာသင်ယူမှုမပြုလုပ်ဘူးဆိုရင် သူတို့ဟာ ကြီးပွားတိုး
တက်မှာမဟုတ်ကြပါ။ အကောင်းဆုံးအနေအထားသို့ ရောက်လာကြမှာမဟုတ်ပါ။ (Denis
Witley)
၁၉။ သင်မလုပ်နိုင်တာက သင်လုပ်နိုင်တာကို လာပြီးအနှောက်အယှက်အဟန့်အတားမဖြစ်ပါစေနဲ့။ (John R. Wooden)
၂၀။ ပညာရေးဆိုတာ ဘဝအတွက် ကြိုတင်ပြင်ဆင်ပေးခြင်းမဟုတ်ပါ။ ပညာရေးဆိုတာ ဘဝပင်ဖြစ်ပါတယ်။ (John Dewey)
၂၁။ ပညာရေးရဲ့အမြစ်တွေကတော့ခါးပါတယ်။ ဒါပေမဲ့ ပညာရေးကသီးလာတဲ့အသီးကတော့ချိုပါတယ်။ (Aristotle)
၂၂။ ပညာတတ်များသာလျှင်လွတ်လပ်ကြပါတယ်။ (Epictetus)
၂၃။
သင်ယူမှုကိုရပ်လိုက်သူတိုင်းဟာ အိုသွားပါတယ်။ အသက် (၂၀) မှပင်ရပ်ရပ်၊ အသက်
(၈၀) မှာပင်ရပ်ရပ် အိုသွားပါတယ်။ ဆက်လက်ပြီးလေ့လာာသင်ယူနေသူတွေကတော့
နုပျိုနေကြပါတယ်။ (Henry Ford)
၂၄။ ကြားရုံဖြင့်မေ့၊ မြင်တွေ့မှမှတ်မိ၊ လုပ်ကြည်မှနားလည်။ (တရုပ်စကားပုံ)
၂၅။ ပညာရေးရဲ့ရည်ရွယ်ချက်မှာ ဘာမှမရှိတဲ့စိတ်မှာ ပွင့်လင်းမြင်နိုင်စွမ်းရှိလာအောင်ပြုလုပ်ပေးဖို့ဖြစ်ပါတယ်။ ( Malcolm Forbes)
၂၆။
ပညာရေးဆိုတာ အကောင်းဆုံးမိတ်ဆွေသူငယ်ချင်းဖြစ်ပါတယ်။ ပညာတတ်သူကို
နေရာတိုင်းမှာ လူတွေက လေးစားတန်ဖိုးထားကြပါတယ်။ ပညာရေးက
အပြင်ပန်းရုပ်အလှနဲ့နုပျိုမှုတို့ကိုအနိုင်ယူပါတယ်။ (Chanakya)
၂၇။ အမှာကင်းပြီကျရှုံးမှုကင်းတဲ့လေ့လာသင်ယူမှုဆိုတာဘယ်တော့မှမရှိပါ။ (Vladimir Lenin)
၂၈။
ပညာရေးဆိုတာ စိတ်မပျက်ဘဲ သို့မဟုတ် မိမိကိုယ်မိမိယုံကြည်မှုမပျက်ဘဲ
ပြောနေသမျှအားလုံးနီးပါးကို ကောင်းစွာနားထောင်နိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်။
(Robert Frost)
၂၉။
အောင်မြင်မှုဆိုတာ “ငါလုပ်ဆောင်နိုင်တယ်”ဆိုတဲ့စိတ်နှင့်အတူဖြစ်လာပါတယ်။
ကျရှုံးမှုဆိုတာကတော့ “ငါမလုပ်နိုင်ဘူး”ဆိုတဲ့စိတ်နှင့်အတူဖြစ်လာပါတယ်။
(အမည်မသိ)
၃၀။ ဆရာတွေက တံခါးကိုဖွင့်ပေးကြပါတယ်။ ဒါပေမဲ့ သင်ကိုယ်တိုင်အထဲဝင်ရန် လိုအပ်ပါတယ်။ (တရုပ်စကားပုံ)
၃၁။ စာများများဖတ်လေလေ အသိကြွယ်လေလေဖြစ်ပါတယ်။ အသိကြွယ်လေလေ နေရာများများ ကို သင်သွားနိုင်လေလေဖြစ်ပါတယ်။ (Dr. Seuss)
၃၂။ မနက်ဖန်ဆိုရင်သင်သေတော့မဲ့အနေအထားဖြင့်ရှင်သန်နေထိုင်ပါ။ သင်ဟာ ဘယ်တော့မှမသေတော့မဲ့အနေ အထားဖြင့် လေ့လာသင်ယူပါ။ (Gandhi)
၃၃။ စာဖတ်တတ်လျက်စာမဖတ်သူဟာ စာမဖတ်တတ်သူထက်သာလွန်ပြီးအကျိုးမရရှိနိုင်ပါ။ (Mark Twain)
၃၄။
လူနှစ်မျိုးနှစ်စားသာရှိပါတယ်။
“ငါလုပ်နိုင်တယ်”ဆိုတဲ့လူမျိုးနဲ့”ငါမလုပ်နိုင်ဘူး”ဆိုတဲ့လူမျိုးတို့ဖြစ်ပါတယ်။
သင်ကော ဘယ်အမျိုးအစားမှာပါပါသလဲ။ (George R. Cabrera)
၃၅။ ပညာရေးလုပ်ငန်းရဲ့ ဆယ်ပုံ့ကိုးပုံမှာ အားပေးတိုက်တွန်းမှု ပြင်ဖြစ်ပါတယ်။ (Anatole France)
၃၆။ စိတ်ကိုသာ ပညာပေးလေ့ကျင့်ပြီးနှလုံးသားကို လေ့ကျင့်ပေးခြင်းမရှိတဲ့ပညာရေးဟာ ပညာရေးလုံးဝ မဟုတ်ပါဘူး။ (Aristotle)
၃၇။ သိလိုပြီးမေးခွန်းများများမေးသူတွေကပိုသင်ယူနိုင်ပြီး ပိုထိန်းသိမ်းမှတ်မိနိုင်ကြပါလိမ့်မယ်။ (Francis Bacon)
၃၈။ သင်ဟာ လေ့လာသင်ယူနေမှုကိုမရပ်သရွေ့ သင်ဟာကျရှုံးခဲ့တယ်ဆိုတာမရှိပါဘူး။ (အမည်မသိ)
၃၉။ အသိပညာဗဟုသုတအတွက်ရင်းနှီးမှုပ်နှံခြင်းဟာအကောင်းဆုံးအကျိုးအမြတ်ကိုပေးပါတယ်။ (Benjamin Franklin)
ပညာရေးဆိုတာ
လူမှုအဖွဲ့အစည်းကိုပုံဖော်တည်ဆောက်ရာမှာအဓိကအခန်းကပါဝင်ပါတယ်။
စာပေတိုးတက်မှု၊ စာပုံနှိပ်စက်များတီထွင်နိုင်မှု၊
တက္ကသိုလ်ကြီးများတိုးတက်လာမှု တို့ဟာ အသိအမြင်ဗဟုသုတများကိုဖြန့်ဝေရန်
နှင့်ယဥ်ကျေးမှုအမွေများကို တိုးတက်အောင် လုပ်ဆောင်ရာမှာ
များစွာအကျိုးပြုပါတယ်။ နည်းပညာအတတ်ပ ညာ ရပ်များ တိုးတက်လာတာနဲ့အမျှ
ကလေးတွေကိုပညာပေးရာမှာအထောက်အကူပြုပြီးထိရောက်တဲ့နည်း လမ်း
တွေများစွာဖြစ်ပေါ်လာခဲ့ပါတယ်။ အွန်လိုင်းမှာဆိုရင် ကလေးတွေကိုသင်ပေးရန်
ထိရောက်တဲ့နည်းလမ်း များစွာကိုရှာတွေ့နိုင်ပါတယ်။
မိတ်ဆွေများအထက်ပါအဆိုအမိန့်များကိုသုံးပြီ ကလေးများအနေဖြင့် ပညာရေးကိုတန်ဖိုးထားလာအောင် လမ်းပြပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Tuesday, February 4, 2025
ကလေးတို့အတွက်တန်ဖိုးရှိတဲ့ပညာရေးအဆိုအမိန့်များ Food for Thought 819 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment