ဒီနေ့ကလေးတွေထံမှ လူကြီးတွေသင်ယူနိုင်တာ (၅) ခုအကြောင်းကို Food for Thought 822 အဖြစ်မျှဝေ လိုက်ပါတယ်။ ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
ကလေးတွေထံမှသင်ယူနိုင်တာ (၅)ခု
ပိုစွမ်းဆောင်ကောင်းတဲ့လူကြီးတွေဖြစ်လာအောင် ကလေးတွေထံမှသင်ယူနိုင်တာ (၅)ခု
သင်ငယ်စဥ်က
လူကြီးတွေဆိုတာ သိပ်ပြီးပုံစံကျအောင်လုပ်နေတယ်လို့မထင်မိဘူးလား။
သင့်အနေနဲ့ငယ်စဥ်က အလွန်ဆန်းသစ်တီထွင်တတ်တယ်။
ကလေးတစ်ယောက်လိုသတ္တိလည်းရှိတယ်ဆိုတာ သတိထားမိပါသလား။
နောက်ပိုင်းတဖြည်းဖြည်းကလေးဆန်တယ်ဆိုတဲ့စကားကတဖြည်းဖြည်း
အပျက်သဘောဆောင်လာပါတယ်။ တကယ်တော့ ကလေးဆန်တယ်လို့ ဆိုတဲ့စကားကို
အပျက်သဘောပြောတာလူကြီးတွေဖြစ်ပါတယ်။
တကယ်တော့
ကလေးတွေက ဘဝအကြောင်း၊ မျှော်လင့်ချက်ထားခြင်းအကြောင်း၊ ကြုံလာတဲ့အခြေအနေမှ
အ ကောင်းဆုံး ဖြစ်အောင်လုပ်ယူခြင်း၊လုပ်မိတဲ့အမှားကနေသင်ယူခြင်း၊
အသစ်အဆန်းတွေလုပ်ဆောင်ခြင်း၊ ကြီး ကျယ်စွာစိတ်ကူး အိပ်မက်မက်ခြင်း၊
ပြီးတော့ ပျော်ပျော်နေတတ်ခြင်းတွေမှာ လူကြီးတွေကိုအများကြီးသင်ပေး
နိုင်ကြပါတယ်။ အဲ ဒီလိုမိမိတို့ငယ်စဥ်ကကလေးတွေအနေဖြင့်
စွမ်းဆောင်လုပ်ဆောင်နိုင်တာတွေကို ပြန်လည် ထင် ဟပ်စဥ်းစားရန် လိုအပ်ပါတယ်။
အဲဒီလိုပြန်စဥ်းစားဖို့အတွက်ချိန်ပေးသင့်ပါတယ်။ အဲဒီလို ပြန်စဥ်းစားလိုက်
ရင် အလွန်ရိုးရှင်းလှတဲ့သင်ခန်းစာ များကို ရရှိလာမှာဖြစ်ပါတယ်။
ကျွန်ုပ်အနေဖြင့်
ကလေးတွေကို သေသေချာချာလေ့လာကြည့်တော့သူတို့ဘဝက ဘယ်လောက်မရှုပ်ထွေးဘဲ
ရိုးရှင်းချစ်စရာကောင်းကြောင်းသဘောပေါက်လာပါတယ်။
သူတို့ပျော်ရွှင်စွာနေထိုင်ပုံကလည်းအလွန်ရိုရှင်းလှပါတယ်။ သူတို့ ပျော်ပြီး
အကြိမ်ဘယ်လောက်တောင်ရယ်ရယ်မောမော နေတတ်ကြပါသလဲ။ ကလေးတွေဟာ အလွန်
စူးစမ်းသိလိုကြပါတယ်။ လူတွေနှင့် လည်း ကောင်းစွာဆက်သွယ်တတ်ကြပါတယ်။
အထူးသဖြင့် ကလေးအ ချင်းချင်းဆိုရင်
ပိုပြီးကောင်းစွာပျော်ရွှင်စွာဆက်သွယ်တတ်ကြပါတယ်။
တကယ်တော့အဲဒီလိုရိုးရှင်းပျော်ရွှင် စွာ
နေထိုင်ခြင်းဟာဘဝမှာအောင်မြင်ဖို့အတွက်အခြေခံကျပါတယ်။
ကလေးတွေသဘာဝကိုအထက်ပါအတိုင်း လေ့ လာမိတဲ့အခါ မိမိလည်းကလေးဘဝက
အဲဒီအတိုင်းဖြစ်ခဲ့ကောင်းနားလည်သဘောပေါက်လာပါတယ်။ ကြီးလာ တဲ့အခါမှ
ကလေးသဘာဝပျော်ပျော်နေတာကို ကလေးဆန်တယ်ဆိုပြီး အပျက်သဘောသက်ရောက်တယ်လို့ အ
မြင်ပြောင်းလာတာ ကလေးသ ဘာဝ ကောင်းတဲ့အချက်တွေပျောက်သွားတဲ့
လူကြီးတွေအမြင်သာဖြစ်ပါတယ်။
လူကြီးတွေဖြစ်လာတော့
ကလေးတွေကိုသင်ပေးနိုင်တာတွေအများကြီးရှိတယ်လို့မြင်လာကြပါတယ်။ ဒါပေမဲ့
ကလေးတွေကလည်းလူကြီးတွေကို သင်ပေးနိုင်တာတွေအများကြီးရှိနေပါတယ်။
အဲဒီအချက်ကိုလည်း လူကြီး တွေသဘောပေါက်ရန် လိုအပ်ပါတယ်။
ကလေးတွေထံမှအောက်ပါအချက် (၅) ချက်ကိုသင်ယူနိုင်ရင် ပိုကောင်း တဲ့လူကြီးတွေ၊
ပိုအောင်မြင်တဲ့လူကြီးတွေဖြစ်လာနိုင်ပါတယ်။
၁။ မေးခွန်းများများမေးခြင်း
ကလေးတွေအနေဖြင့်
လူကြီးတွေကမေးတဲ့မေးခွန်းတွေအတွက်အဖြေမသိတာအိုကေပါတယ်။ ဘာကြောင့်လဲ
ဆိုတော့ ကလေးတွေက အတွေ့အကြုံနည်းသေးတဲ့ငယ်ရွယ်သူတွေဖြစ်တဲ့အတွက်ကြောင့်ပါ။
မသိသေးတဲ့ အတွက်မေးခွန်းတွေများများမေးတာအိုကေပါတယ်။ ငယ်ရွယ်မှုဆိုတာ
အတွေ့အကြုံနည်းသေးတာနဲ့ဆက်စပ် နေပါတယ်။
အတွေ့အကြုံနည်းသေးတဲ့အတွက်အသိအမြင်လည်းနည်းသေးပါတယ်။ လူကြီးဖြစ်လာတဲ့အခါ
အဖြေကိုသိသူများဖြစ်ချင်လာကြပါတယ်။
မသိဘူးဆိုရင်ဝေဖန်ကဲရဲ့မှာကိုကြောက်တဲ့စိတ်ဖြစ်လာတဲ့အတွက် မသိရင်ရှက်ပြီး
မမေးဘဲရှောင်နေတတ်ကြပါတယ်။ မေးခွန်းမမေးကြတော့ပါဘူး။
အဲဒီအနေအထားကို
လူအများနှင့်ထိတွေ့ဆွေးနွေးတဲ့ပွဲတွေကိုစတင်ဖန်တီးခဲ့သူ Richard Saul
Wurman က ကောင်းစွာသတိထားမိပြီးအဲဒီလိုဖြစ်တာကို ပညာရေးစနစ်နဲ့ဆက်စပ်ပြီး
တင်ပြခဲ့ပါတယ်။ ကျောင်းတွေ မှာ ဆိုရင်
အဖြေပေးနိုင်သူကိုသာအသိအမှတ်ပြုချီးကျူးကြပါတယ်။
ကောင်းတဲ့မေးခွန်းမေးတတ်မှုကိုတော့ အသိ အမှတ်မပြုတတ်ကြပါ။
အဲဒီလိုအနေအထားရှိတဲ့အတွက် ကလေးတွေဆိုတာ ငယ်စဥ်ကမေးခွန်းတွေကို အဆုံး
မရှိအောင်မေးတတ်ကြပေမဲ့ ကျောင်းပညာတွေသင်လာပြီးနည်းနည်းကြီးလာတာနဲ့
မေးခွန်းမေးတဲ့အလေ့အကျင့် ကလည်းနည်းလာပါတယ်။ ပညာရေးစနစ်နဲ့ အထိအ
တွေ့များလာတာနဲ့မေးခွန်းမေးတဲ့အလေ့အကျင့် ကလည်း လျော့ နည်းလာပါတယ်လို့
သူ့အမြင်ကိုဖော်ပြခဲ့ပါတယ်။
၂။ သစ်ဆန်းတာတွေကိုကြိုးစားလုပ်ဆောင်ခြင်း
စာတတ်နေတဲ့လူကြီးတွေအနေနဲ့သစ်ဆန်းတာတွေကို
နောက်ဆုံးကြိုးစားလုပ်ခဲ့တာ ဘယ်တုန်းကဘာလဲ။ သူ ငယ်ချင်းအသစ်
ဖွဲ့ခဲ့တာကောနောက်ဆုံးဘယ်တုန်းကလုပ်ခဲ့ပါသလဲ။ သက်သောင့်သက်သာနေတဲ့ဇုန်ကနေ
ထွက်ပြီးစိန်ခေါ်မှုကို ရင်ဆိုင်လုပ်ခဲ့တာ နောက်ဆုံးဘယ်တုန်းကပါလဲ။
ကလေးတွေကတော့
သူတို့မကစားဘူးတဲ့ကစားတာမျိုးကိုကစားဖို့ ကြောက်နေတာမျိုး၊
တွန့်ဆုတ်နေတာမျိုးလုံးဝ မရှိကြပါဘူး။ အဲဒီလိုဝင်ကစားလိုက်တဲ့အတွက်
ကြောင်တောင်တောင်ဖြစ်နေမှာလည်းမစိုးရိမ်ကြပါဘူး။ လူ ကြီးတွေကြတော့
ကိုယ်မသိသေးတာဆိုရင် ဝင်မလုပ်ကြပါဘူး။ ဘေးကင်းအောင်ဘေးဖယ်နေတတ်ကြပါတယ်။
အသစ်အဆန်းတွေကို လုပ်ဖို့အတွက်အင်အားစွမ်း
အားလိုအပ်ပါတယ်။အဲဒီလိုစွမ်းအားထုတ်ရမှုများသလိုအကျိုး လည်းရှိစေပါတယ်။
၃။ ဆန်းသစ်တီထွင်ခြင်း
ကလေးဘဝက
စိတ်ကူးအမျိုးမျိုးဖြင့် ကစားစရာတွေလုပ်ခဲ့တာကိုပြန်လည်မှတ်မိပါသလား။ ဥပမာ
ကြက် ဥ ထည့်တဲ့ကတ်ထူဘူးခွက်တွေနဲ့
ခူကောင်လေးတွေလုပ်ခဲ့ပါသလား။ခရစ္စမတ်သစ်ပင်လေးတွေဖြစ်လာအောင် အဆင်
တန်ဆာအမျိုးမျိုးဖန်တီးလုပ်ဆောင်ခဲ့တာတွေကို မှတ်မိပါသလား။ ဒါမှမဟုတ်
ဆေးရောင်အမျိုးမျိုး ခြယ်သခဲ့တာတွေကိုမှတ်မိပါသလား။
ပုံဖော်နိုင်တဲ့ပလေးဒိုးနဲ့အမျိုးမျိုးပုံတွေဖန်တီးခဲ့တာမှတ်မိပါသလား။
ရောင်စုံပလပ်စတစ်တုံးလေးတွေသုံးပြီးအိမ်တွေ၊ တံတားတွေ
အမျိုးဖန်တီးတည်ဆောက်ကစားခဲ့တာ မှတ် မိပါသလား။ အဲဒီကစားစရာတွေသုံးပြီး
စားစရာဘာဂါကြီးတွေဖန်တီးပြုလုပ်ခဲ့တာမှတ်မိပါသလား။
အသက်တွေကြီးလာတဲ့အခါ
အသိအမြင်တွေနဲ့ကျွမ်းကျင်မှုတွေတိုးတက်လာပါတယ်။ ဒါပေမဲ့ဆန်းသစ်တီထွင်
မှုလျော့နည်းကျဆင်းလာပါတယ်။ အသိ
အမြင်ကျွမ်းကျင်မှုတွေတိုးပေမဲ့ဆန်းသစ်တီထွင်မှုလျော့ကျလာ တာ
အဓိပွါယ်မဲ့ပါတယ်။ အနှစ်သာရမဲ့ပါတယ်။ ဆန်းသစ်တီထွင်မှုကို
လူကြီးတွေအနေဖြင့် ကလေးတွေထံမှသင်ယူ ရန်အကောင်းဆုံးဖြစ်ပါတယ်။ ဒါမှသာဘဝမှာ
အောင် မြင်တိုးတက်လာနိုင်မှာဖြစ်ပါတယ်။ ဆန်းသစ်စွာစဥ်းစား
နိင်မှုစွမ်းရည်ဟာ အလုပ်လုပ်ဆောင်နေသူတစ်ယောက်အနေဖြင့်
ကြုံလာတဲ့အခက်အခဲပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်သူ၊
လုပ်နေကျပုံစံတွေနဲ့မတူအောင် လုပ်
ဆောင်နိုင်သူတွေဖြစ်လာဖို့အတွက်အလိုအပ်ဆုံး စွမ်းရည်ဖြစ်ပါတယ်။
အဲဒီစွမ်းရည်ဟာ အနာဂါတ်မိမိတို့
အသက်မွေးဝမ်းကြောင်းလုပ်ငန်းတိုးတက်ရေးအတွက်
ကြီးမားလှတဲ့လမ်းကြောင်းလည်းဖြစ်ပါတယ်။ အရင်ကလုပ်ခဲ့ပြီးအဆင်ပြေတာကို
လူတွေက ဘာကြောင့် ထပ် လုပ်ကြပါသလဲ။ အရင်ကလုပ်ခဲ့တဲ့ပုံစံကိုသာမက
ဆန်းသစ်တဲ့နည်းဗျူဟာတွေကိုလည်း ဘာကြောင့် မထီထွင် သင့်ပါသလဲ။ အဲဒီနေရာမှာ
ကလေးတွေက အတုယူစရာကောင်းလှပါတယ်။
၄။ များများရယ်မောခြင်း
ထင်သာမြင်သာတဲ့အကြောင်းမရှိပါလျက်
ပျော်ရွှင်ရယ်မောနေခြင်းဟာ ကလေးသယာဝဖြစ်ပါတယ်။ ကလေး တွေဆိုတာ
ပျော်စရာကောင်းတဲ့အလုပ်တွေကိုဦးစားပေးလုပ်တတ်ကြပါတယ်။ ကလေးတွေကျောင်းကပြန်
ရောက်တာနဲ့ကစားပါတော့တယ်။ ကလေးတွေဆိုတာ
မိမိကိုမိမိအသိအမှတ်ပြုတဲ့စိတ်နေစိတ်ထားပျောက် မ သွားကြပါဘူး။ ကလေးတွေက
ပျော်ရွှင်စရာကို မြင်နိုင်စွမ်းအားကောင်းကြပါတယ်။ အချိန်တိုင်းလိုလိုမှာ
ပျော် ရွှင်စွာနေတတ်ကြပါတယ်။ ရယ်မောစရာကို
မြင်တတ်ပြီးစိတ်ပါလက်ပါရယ်မောတတ်ကြပါတယ်။ သူတို့ လုပ်ဆောင်ချက်ကိုလည်း
ကိုယ်တိုင်သဘောကျပြီးရယ်မောတတ်ကြပါတယ်။
ရယ်မောခြင်းဟာ
အကောင်းဆုံးဆေးဖြစ်ပါတယ်။ ရယ်မောနေတဲ့အခါ
ဖိစီးမှုတွေကင်းပါတယ်။မိမိမှာရှိတဲ့ကိုယ် ခံ အားစနစ်ကို
တိုးတက်ကောင်းမွန်လာစေပါတယ်။ ရယ်မော လိုက်တဲ့အခါ
ဦးနှောက်အတွင်းရှိပီကျူထရီဂလင်း များနှင့် ဟိုက်ပိုသားလမတ်စ်က
အင်ဒိုဖင်းလို့ခေါ်တဲ့ နူရိုထရန်စမစ်တာများကို ထုတ် လုပ်ပေးပါတယ်။ အဲ ဒါ
ကြောင့် နာကျင်မှုများသက်သာစေပါတယ်။ စိတ်ဖိစီးမှုများလျော့ကျစေပါတယ်။
စိတ်နေစိတ်ထားကောင်း စေပါတယ်၊ နေထိုင်ကောင်းလာစေပါတယ်။ ကစားခြင်း၊
အစာစားခြင်း၊ ပျော်စရာလုပ်ဆောင်ခြင်း၊ပျော်စရာကောင်း တဲ့အလုပ်တွေလုပ်တဲ့အခါ
အင်ဒိုဖင်းတွေထွက်လာ ကြပါတယ်။
၅။ စိတ်မှာအမှန်ပျော်တာကို လုပ်ဆောင်ခြင်း
စိတ်မှာအမှန်ပျော်စေတာကို
ပြုလုပ်ခြင်းမှာ ရိုးရှင်းပြီးကောင်းမွန်ပါတယ်။ ကလေးတွေကတော့ သူတို့အမှန်
လိုချင်တာကိုသိကြပါတယ်။ လိုချင်တာရအောင်လုပ်ဖို့ ကလေးတွေကမကြောက်ကပါဘူး။
သင်လည်းကလေး ဘဝက မိမိနှစ်သက်လိုချင်တဲ့ကစားစရာအရုပ်တစ်ခုအတွက်
ကုန်ကျမဲ့ငွေကြေးကို ထည့်မစဥ်းစားခဲ့ပါဘူး။ စားချင်တဲ့အစာမှာ
ဘာအရောင်တွေဆိုးထားတယ်၊ ချိုနေအောင် ဘာတွေပါနေတယ်ဆိုတာ ကို ထည့်မတွက်ပါ
ဘူး။ လိုချင်တာရအောင်လုပ်၊စားချင်တာစားလိုက်တဲ့အတွက် ပျော်နေပါတယ်။
သင်အခုအသက်ကြီးလာတဲ့အခါ
သင် ကို အမှန်ပျော်စေမှာကို လုပ်ပါသေးသလား။ စိတ်ပျော်စေတာကို နေ့တိုင်း
လုပ်ဖြစ်ပါသလား။ သင်အခု လုပ်နေတဲ့အလုပ်က သင့် အတွက် စိတ်ပျော်စေပါသလား။
စိန်ခေါ်မှုပေးပါသလား၊ လှုံ့ဆေ်မှုအားကောင်းပါသလား။ ကလေးတွေလို
စိတ်ကူးဖြင့် သင့် လုပ်ချင်တဲ့အလုပ်က ဘယ်လိုအလုပ်မျိုးပါလဲ။
မိမိကိုအမှန်တကယ်ပျော်စေမဲ့အလုပ်မျိုးကို
ရွေးချယ်လုပ်ဖို့အရေးကြီးလှပါတယ်။ငယ်စဥ်ကပျော်ပျော်နေ တတ်တဲ့
သဘာဝကိုပြန်ဖော်ဆောင်ဖို့လိုအပ်ပါတယ်။ ပျော်ရွှင်စွာနေတတ်တဲ့အလေ့ အကျင့်
ပြန်ဖော်ဆောင် ရန် အောက်ပါရိုးရှင်းတဲ့နည်းဗျူဟာများကို
ပြန်ကျင့်သုံးနိုင်ပါတယ်။
ကစားသလိုပျော်ပျော်နေတတ်တဲ့အလေ့အကျင့်
ပြန်လုပ်ပါ။ သင့် အတွင်းစိတ်မှာရှိနေတဲ့ကလေးကို ပြန်ဖော်
ထုတ်ပေးမဲ့ပျော်စရာအလုပ်တွေကို ဖော်ထုတ်လုပ်ဆောင်ပါ။
အပူအပင်ကင်းတဲ့ကလေးလေးဘဝမျိုးပြန်ရ
အောင်မိသားစုနှင့်အတူတူအချိန်တွေကိုအသုံးချပါ။
ရယ်မောစရာကိုရှာပြီးရယ်မောပျော်ရွှင်စွာနေပါ။
သင့် ပတ်ဝန်းကျင်ကို ပုံစံအမျိုးမျိုးဖြင့် ပျော်စရာများဖြင့်
ဝန်းရံထားပါ။ ပျော်စရာကောင်းတဲ့စာတွေဖတ်ပါ။
လူမှုကွန်ယက်မှာပါတဲ့ပျော်စရာများကြည့်ပါ။ သူငယ်ချင်း များနှင့် ပျော်စရာ၊
ရယ်မောစရာများမျှဝေပြောပြီးရယ်မောပါ။ ရယ်မောခြင်းဟာ ကူးစက်တတ်ပါတယ်။ ဒါ
ကြောင့် မိမိကိုယ်မိမိ ပျော်စရာရယ်မောစရာတွေနှင့် ထိတွေ့နေအောင် စီစဥ်ပါ။
နေ့စဥ်နေ့တိုင်းရယ်မောစရာကိုရှာပါ။
သေးငယ်ပေမဲ့ နေ့စဥ်ဖြစ်ပျက်နေတဲ့ရယ်မောစရာအချိန်လေးများကို အမိဖမ်းပါ။
ဘဝမှာ ပေါ့ပါးပြီး ပျော်ရွှင်စွာနေနိုင်တဲ့အနေအထားကို ပိုအလေးထားပါ။
အခြားလူတွေနှင့်အတူရယ်ရယ်မောမောနေထိုင်ပါ။
ရယ်စရာများမျှဝေပြောပြခြင်းမှာ ကောင်းတဲ့မျှဝေခြင်းဖြစ် ပါတယ်။
မိမိကိုရယ်မောအောင် ပြုလုပ်တတ်သူများနှင့် အချိန်ပေးပြီ နေထိုင်ပါ။
ရယ်စရာများမျှဝေပြောပြပြီး နေနိုင်တဲ့အခွင့်အလမ်းများကိုရှာပါ။ ဥပမာ
ရယ်မောစရာပြကွက်များကြည့်ခြင်း၊ သူငယ်ချင်းများနှင့် ပျော်ရွှင်စွာ
ကစားခြင်းစတာမျိုးတွေပြုလုပ်ပါ။
နိဂုံး
ကလေးတွေဆိုတာပင်ကိုယ်ဗီဇအားဖြင့်ရယ်မောခြင်းရဲ့စွမ်းအားကြီးပုံကိုသိကြပါတယ်။
ရယ်ရယ်မောမော နေတာကို သူတို့နှလုံးသားတစ်ခုလုံးနဲ့ပူးကပ်နေအောင်
ပွေ့ဖက်ထားကြပါတယ်။ လူကြီးတွေအနေဖြင့် က လေး
တွေရဲ့ပျော်ပျော်နေတတ်တဲ့ပင်ကိုယ်သယာဝမှ
အတုယူစရာသင်ခန်းစာတွေများစွာရှိနေပါတယ်။ ငယ်စဥ်ကလို
ရယ်ရယ်မောမောပျော်ရွှင်စွာနေတတ်တဲ့အလေ့ အကျင့်ကို
ပြန်လည်အသက်သွင်းပေးခြင်းအားဖြင့် ရယ် ရယ်မောမော
ပျော်ရှ၍်စွာနေထိုင်ခြင်းရဲ့အကျိုးကျေးဇူးများကို
ပြန်လည်ခံစားရမှာဖြစ်ပါတယ်။ ကလေးတွေ ဟာတစ်နေ့ကို အကြိမ် (၃၀၀) မှ (၄၀၀)
အထိရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နေတတ်ကြကြောင်းလေ့လာ ချက် များက
ထောက်ပြနေပါတယ်။
မိတ်ဆွများကလေးဘဝကကလိုရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ကြိုးစားနေနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 3, 2025
ကလေးတွေထံမှသင်ယူနိုင်တာ (၅)ခု Food for Thought 822 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment