Monday, February 3, 2025

ကြိုးပြတ်သွားတဲ့စွန်ကလေး Food for Thought 821 ဒေါက်တာသိန်းလွင်

No photo description available.

ဒီနေ့ “ကြိုးပြတ်သွားတဲ့စွန်ကလေး” အကြောင်းကို Food for Thought 821 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။ 

 

ကြိုးပြတ်သွားတဲ့စွန်ကလေး
တစ်ခါက သားအဖနှစ်ယောက်တို့ဟာစွန်လွှတ်ပွဲတော်သို့သွားကြပါတယ်။ သားငယ်လေးမှာ ကောင်းကင်တွင် ရောင်စုံစွန်တွေပြည့်နေတာကိုတွေ့ရပြီးအလွန်စိတ်လှုပ်ရှားဝမ်းသာပါတယ်။ ဒါကြောင့် သူလည်းစွန်လွှတ်ချင်တဲ့ အတွက် စွန်နဲ့ ရစ်လုံးတစ်ခုကို သူ့ဖခင်အားဝယ်ခိုင်းပါတယ်။ ဒါကြောင့် ဖခင်ကစွန်နဲ့ရစ်လုံးတွေရောင်းတဲ့ ဆိုင်သွားပြီးသားအတွက်စွန်ရယ်ရစ်လုံးရယ်ဝယ်ပေးလိုက်ပါတယ်။

သူကစွန်ကိုစတင်လွှတ်တင်ပါတယ်။ မကြာခင်မှာပင်သူလွှတ်နေတဲ့စွန်ကလေးက ကောင်းကင်အမြင့်မှာပျံတက် နေပါတယ်။ ခဏအကြာမှာသားက သူ့ဖခင်အားပြောပါတယ်။ “ဖေဖေရစ်လုံးမှာပါတဲ့အပ်ချည်ကြိုးက စွန်ကိုအ ထက်ဆက်မတက်နိုင်အောင်ထိန်းထားသလိုဖြစ်နေတယ်ထင်တယ်”လို့ပြောလာပါတယ်။ “တကယ်လို့သာ စွန် ကြိုးကို ဖြတ်လိုက်ရင် စွန်ကလေးမှာ လွတ်လပ်ပြီးစိတ်ကြိုက်မြင့်သည်ထက်မြင့်အောင်ပျံသန်းနိုင် မယ်ထင် တယ်” လို့ သားက ဖခင်အား ပြောပြပါတယ်။ သားတို့စွန်ကြိုးကိုဖြတ်ရင်ဘယ်လိုနေမလဲဟင်လို့မေးတဲ့အတွက် ဖခင်က သားသိချင်တာသိအောင်လေ့လာနိုင်ဖို့စွန်ကြိုးကို ဖြတ်ကြည့်ခိုင်းလိုက်ပါတယ်။ သားက ဖြတ်လိုက် တဲ့အခါ စွန်ကလေးမှာ ကလေးထင်ထားတဲ့အတိုင်းအထက်သို့ ပိုတက်သွားပါတယ်။ ဒါကြောင့် ကလေးလေးက အလွန်သဘော ကျနေပါတယ်။

ဒါပေမဲ့ခဏကြာတော့ စွန်လေးက တဖြည်းဖြည်းအောက်ဘက်သို့နိမ့်ကျဆင်းလာပါတယ်။ ခဏကြာတော့စွန် လေးက မသိတဲ့အဆောက်အဦးအထက်သို့ကျသွားပါတယ်။ စွန်ကလေးအဲဒီလိုဖြစ်သွားတာကိုသားကကြည့် နေရင်းအလွန်အံ့အားသင့်သွားပါတယ်။ စွန်ကြိုးကိုဖြတ်လိုက်စဉ်က အထက်သို့ပိုပျံတက်နိုင်အောင်ဖြတ်လိုက် တာဖြစ်ပါတယ်။ အခုတော့အထက်သို့နည်းနည်းသာတက်ပြီး အောက်သို့ ပြန်ကျတာအဆောက်အဦးတစ်ခု အပေါ်တင်သွားပါတယ်။ ဒါကြောင့် ကလေးက “စွန်ကလေးအထက်သို့ဆက်မတက်နိုင်ဘဲ အောက်သို့ ဘာကြောင့် ကျသွားရတာလဲ” လို့ သူ့ဖခင်ကိုမေးလိုက်ပါတယ်။

အဲဒီတော့ဖခင်ကသားကိုအောက်ပါအတိုင်းရှင်းပြပါတယ်။ “သားလေး။ ဘဝမြင့်တဲ့နေရာရောက်ရင် တစ်ခုခုနဲ့ ချီနှောင်ထားတာက အထက်သို့ဆက်တက်ရန်အတွက် အဟန့်အတားဖြစ်နေတယ်လို့ ယူဆတတ်ကြပါတယ်။ အပ်ချည်ကြိုးကစွန်လေးဆက်မတက်နိုင်အောင် ထိန်းချုပ်ထားတာမဟုတ်ပါဘူး။ ကောင်းကင်ထက်မှာလေတိုက် ခပ်မှု လျော့ကျတဲ့အခါ စွန်ကလေး ကောင်းကင်မှာနေနိုင်အောင်စွန်ကြိုးကကူညီပေးနေတာဖြစ်ပါတယ်။ ကောင်း ကင်မှာ လေကောင်းကောင်းပြန်တိုက်လာတဲ့အခါ စွန်ကလေးစွန်ကြိုးနဲ့ကပ်နေရင်းအထက်ဘက်သို့တက်နေ နိုင်အောင် စွန်ကြိုးကအကူအညီပေးနေတာဖြစ်ပါတယ်၊ အပ်ချည်ကြိုးကိုဖြတ်လိုက်တဲ့အခါ စွမ်ကလေးအတွက် အထောက်အကူမရတော့တဲ့အတွက် စွန်ကလေးကအောက်ဘက်သို့ပြန်ကျလာတာဖြစ်တယ်”ရှင်းပြလိုက်ပါ တယ်။ အဲဒီတော့မှာသားကသူမှားလုပ်မိတာကိုနားလည်လိုက်ပါတော့တယ်။

သင်ခန်းစာ - တစ်ခါတစ်ရံမှာမိသားစု သို့မဟုတ်အိမ်တို့နဲ့ချီနှောင်မထားရင် ဘဝမှာ ပို မြင့်မားအောင် တက်နိုင် မယ်လို့ထင်နေတတ်ကြပါတယ်။ ဒါပေမဲ့မိသားစုနှင့် ချစ်ခင်သူများက ဘဝမှာရုန်းကန်ရင်းခက်ခဲတဲ့ အချိန်တွေ တွေ့တဲ့အခါ အားပေးတိုက်တွန်းမှုများပြုလုပ်ပေးကြတာကို မေ့နေတတ်ကြပါတယ်။ ဒါဘဝမှာ ပိုမြင့်တဲ့ အခြေအနေရောက်အောင် မိသားစုက အားပေးတိုက်တွန်းကြပါတယ်။ မိသားစုက ကျွန်ပ်တို့ကို ကိုင်ထားတာဟာ ဆက်မတက်နိုင်အောင်ဆွဲတုံ့ထားခြင်းမဟုတ်ပါ။ တည်ငြိမ်စွာဆက်လက်တက်နိုင်အောင်အ ထောက်အကူ ပေးနေခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ဘယ်တော့မှအဆက်မပြတ်ပါစေနဲ့။

မိတ်ဆွေများ မိမိတို့သားသမီးများကို အားပေးပြီးအဆက်အသွယ်မပြတ်အောင်နေနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...