Monday, February 3, 2025

ဘီလ်ဂိတ်ကပေးနေတဲ့သင်ခန်းစာ (၁၆) ခု Food For Thought 824 ဒေါက်တာသိန်းလွင်

 May be an image of 1 person and text

ဘီလ်ဂိတ်ကပေးနေတဲ့သင်ခန်းစာ (၁၆) ခု

ဒီနေ့မှာတော့ မိုက်ကရိုဆော့ ကုမ္မဏီရဲ့သူ‌ဌေးကြီး ဘီလ်ဂိတ်ကပေးနေတဲ့သင်ခန်းစာ (၁၆) ခုအကြောင်းကို Food For Thought 824 အဖြစ်မျှဝေလိုက်ပါတယ်။

ဒီနေ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများအကြောင်း သူတို့ငယ်စဥ်ဘဝ တွေအကြောင်း လေ့လာကြည့်မိပါတယ်။ အဲဒီအထဲ မှမိုက်ကရိုဆော့်ဖ် သူဌေးကြီးဘီဘလ်ဂိတ်ကပေးနေတဲ့သင်ခန်းစာ (၁၆) ကိုမျှဝေချင်ပါတယ်။ ဘီလ်ဂိတ်က“သင် ဟာ မွေးလာတဲ့အခါမချမ်းသာတာမျိုးဖြစ်နိုင်ပါတယ်။ အဲဒီလိုမွေးလာတဲ့အခါ မချမ်းသာတာသင်မှာတာဝန် မရှိ ပါဘူး။ ဒါပေမဲ့ သင်ဆင်းဆင်းရဲရဲသေသွားမယ်ဆိုရင် သင့်မှာသာ တာဝန်ရှိ ပါတယ်” လို့ ပြောခဲ့သူဖြစ်ပါတယ်။ ဘီလ်ဂိတ်ဟာ ကြွယ်ဝချမ်းသားမှုတွေတော်တော်များများကိုလည်း လူသား အကျိုးပြုတဲ့ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံလှုဒါန်းနေသူဖြစ်ပါတယ်။

ဘီလ်ဂိတ်ကအောက်ပါသင်ခန်းစာ (၁၆) ခုကိုမျှဝေပေးနေပါတယ်။

၁။ တတ်နိုင်သမျှစောစောစပြီးစောစောထပါ။ မျက်မှောက်ခေတ်မှာ နာမည်ကြီးနေတဲ့ အီယွန်မတ်စ် ဟာ ညဆိုရင် (၁) နာရီမှ အိပ် ပြီးမနက် (၇)နာရိဆိုရင် ထကြောင်း သူ့ အကြောင်းရေးထားတဲ့စာအုပ်မှာလေ့ လာ ရပါတယ်။ တစ်ရက်ကို (၁)နာရီစောစောထတဲ့လူတစ်ယောက်ဟာ အသက် (၇၀)ရောက်တဲ့အခါမှာ ၃၆၅ x ၇၀ = ၂၅၅၅o နာရီ သူများ တွေထက် အချိန်ပိုထွက်လာပြီးအလုပ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ စွမ်းရည်တူ လုပ် ဆောင်နိုင်ရင်တောင် သူကအချိန်တွေ ပိုလုပ်ဆောင်နိုင်တဲ့အတွက် ပိုအကျိုးပြုနိုင်မှာဖြစ်ပါတယ်။

၂။ မိတ်ဆွေဖွဲ့ပါ။ လုပ်စရာအလုပ်တွေကို တစ်ယောက်တည်းအားလုံးမလုပ်ဆောင်နိုင်ပါ။ တစ်ယောက်စွမ်းအား နှင့် အခြားတစ်ယောက်ရဲ့စွမ်းအားတွေကမတူကြပါဘူး၊ မတူတဲ့စွမ်းအားရှိသူတွေပူးပေါင်း လက်တွဲလုပ်ဆောင် နိုင်ရင် လုပ်ငန်းတွေက ပို အောင်မြင်အကျိုးပြုနိုင်ပါတယ်။ ဒါကြောင့် မိတ်ဆွေဖွဲ့ရန်အရေးကြီးလှပါတယ်။ မိတ် ဆွေအတွက်မိမိကလည်းကူညီနိုင်သလိုကူညီပေးခြင်းဖြင့် မိမိအတွက်လည်းမိတ်ဆွေများကအကူအညီပြန်ရမှာ ဖြစ် ပါတယ်။ အပြန်အလှန်အကျိုးပြုမှုတွေပြုလုပ်နိုင်စေပါတယ်။

၃။ ကိုယ်ပိုင်အလုပ်လုပ်ပါ။ ကျောင်းတက်ပြီး လူအများလုပ်တဲ့အလုပ်မျိုးတွေလုပ်ရင် အများရတဲ့ဝင်ငွေမျိုးသာ ရနိုင် မှာဖြစ်ပါတယ်။ ကိုယ်ပိုင်အလုပ်မျိုးကို လုပ်ဆောင်နိုင်ရန် လိုအပ်ပါတယ်။

၄။ အလုပ်မှာကိုယ်တိုင် ဘော့စ်ဖြစ်အောင်ပြုလုပ်ပါ။ ကိုယ်တိုင်ဘော့စ်ဖြစ်တဲ့အခါမိမိစိတ်ကူးတွေကို အကောင် အထည်ဖော်တဲ့အခါ ထိရောက်စွာအကောင်အထည်ဖော်နိုင်စေပါတယ်။ ဘော်စ်ဖြစ်တဲ့အခါ လက်တွဲလုပ်ဖော် များ ကိုလည်း အကောင်းဆုံးစဥ်းစားပြီး မိမိအကျိုး၊ သူတစ်ပါးအကျိုးမျှတအောင် ထည့်သွင်းစဥ်းစားပေးပါ။

၅။ မိမိအမှားအတွက်နောက်ဆက်တွဲအမှားကင်းပါစေ။ မိမိအမှားပြုမိရင်အဲဒါကို ဝန်ခံပြီး ထိုအမှားမှ သင်ခန်း စာ ယူတတ်ရန် လိုအပ်ပါတယ်။ မိမိအမှားကိုဝန်မခံဘဲ အခြားလူတွေကိုလှည့်ပတ်အပြစ်တင်လက်ညှိုးထိုးတဲ့ အကျင့် မှာ မိမိအမှားအတွက်နောက်ဆက်တွဲအမှားတွေထပ်လုပ်ဆောင်နေခြင်းပင်ဖြစ်ပါတယ်။ အမှားလုပ်မိ တာကိုဝန်ခံပြီး နောက် ထိုအမှားမျိုးမဖြစ်အောင် အမှားမှသင်ခန်းစာယူရန် လိုအပ်ပါတယ်။

၆။ အလုပ်လုပ်ရာမှာစိတ်အားထက်သန်ပါ။ စိတ်အားထက်သန်စွာလုပ်တာနဲ့စိတ်မပါ့တပါ့ လုပ်တာ အများ ကြီးကွာခြားပါတယ်။ စိတ်အားထက်သန်တဲ့အခါ အတွင်းစိတ်ရဲ့တွန်းအားကြောင့် ပိုအင်အားထုတ်လာစေ ပါတယ်။ စိတ်မပါ့တပါလုပ်ဆောင်နေရင်အခြားလူတွေကိုပင် စိတ်အားပျက်စေတတ်ပါတယ်။ စိတ်အား ထက်သန်စွာလုပ်ရင် တွေ့မြင်သူတွေပင်ဓာတ်ကူပြီးအလုပ်ကိုစိတ်အားထက်သန်စွာလုပ်ဆောင်လာ စေနိုင် ပါတယ်။ အင်အားစိုက်ထုတ်တာမတူတဲ့အတွက် စိတ်အားထက်သန်စွာအလုပ်လုပ်ခြင်းက လမ်းကြောင်းမှန် ကန်ရင် ပို ထိရောက်အကျိုးရှိစေပါတယ်။

၇။ ဘဝကအကောင်းဆုံးကျောင်းဖြစ်ပါတယ်။ ကျောင်းတွေမှာသင်သမျှတွေကလည်း ဘဝကရတဲ့အကြောင်း အရာတွေသာဖြစ်ပါတယ်။ ဘဝကရတဲ့အကြောင်းအရာတိုင်းကိုတော့ ကျောင်းတွေမှာမရနိုင်ပါဘူး။ ဒါကြောင့် ဘဝဆိုတာ လူတို့အတွက် အကောင်းအဆိုး အမျိုးမျိုးကို လက်တွေ့ကျကျ ထိတွေ့သိနားလည်နိုင်အောင်လက် တွေ့သင်ပေးတဲ့အကောင်းဆုံးကျောင်းဖြစ်ပါတယ်။ ဘဝအတွေ့အကြုံများကို မြင်ခြင်း၊ ကြားခြင်း၊ ထိတွေ့ ခြင်း တို့ဖြင့် သင်ယူနိုင်ပါတယ်။ ပြီးတော့ ထိုအတွေ့အကြုံများကို ပြန်လည်ထင်ဟပ်စဥ်းစားဖြင့်ဖြင့်ဘဝ သင်ခန်းစာ များရယူနိုင်ပါတယ်။

၈။ ဘဝဆိုတာမမျှတပါဘူး။ ဘဝဆိုတာ အခြေအနေအမျိုးမျိုးကြုံလာနိုင်ပါတယ်။ မိမိက ထိန်းနိုင်တာတွေရှိသ လို မိမိမထိန်းနိုင်တဲ့အ‌ခြေအနေတွေလည်းရှိပါတယ်။ မိမိကကြိုးစားလုပ်ဆောင်ပေမဲ့ ပတ်ဝန်းကျင်အခြေ အနေ က လိုအပ်တဲ့အားပေးမခံရတာမျိုးလည်းဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အကောင်းအဆိုးလောကဓာန်ကိုတွေ့လာ တဲ့ အခါ စိတ်မပျက်ဘဲ လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ ငါကျမှ ဒီလိုဖြစ်ရလေခြင်းဆိုတဲ့အတွေးစိတ်ကူးတွေဝင် ပြီး စိတ်ပျက်အားငယ်ခြင်းမဖြစ်ပါနဲ့။

၉။ ရုပ်မြင်သံကြားမှာတွေ့နေရတာထက် လက်တွေ့ဘဝမှာမှာတွေ့ရတာကို အားထားပါ။ လူတွေဟာ မိမိတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ရုပ်မြင်သံကြားစက်ရှေ့မှာထိုင်ကြည့်ရင်းအချိန်တွေကုန်လွန်စေမဲ့အစား လက်တွေ့ဘဝ မှာ အမှန်တကယ် လှုပ်ရှား လုပ်ကိုင်ရင်း ဘဝမှသင်ခန်းစာများကို မိမိတို့ဘဝတိုးတက်‌ရေးအတွက်အသုံးပြုသင့် ပါတယ်။

၁၀။ ဆုံးရှုံးမှုကိုခံနိုင်ရည်ရှိပါ။ ဘဝမှာ လှုပ်ရှားရုန်းကန်ရာမှာ ကျရှုံးမှုတွေဆိုတာ မလွဲမသွေကြုံရမှာဖြစ်ပါ တယ်။ ဆုံးရှုံးတဲ့အခါ ခံနိုင်ရည်ရှီဖို့မှာအရေးကြီးပါတယ်။ လဲကျရင် ချက်ခြင်းပြန်ထနိုင်အောင် ကြိုးစားရန် လိုအပ်ပါတယ်။ လဲကျတယ်ဆိုတာ လုပ်ကိုင်လှုပ်ရှားရင်း ဖြစ်တတ်တဲ့ဖြစ်စဥ်ဖြစ်တဲ့အတွက်ခံနိုင်ရည်ရှိရန် လိုအပ်ပါတယ်။

၁၁။ အောင်မြင်မှုဆိုတာလွယ်လွယ်နှင့်မရနိုင်ပါဘူး။ အောင်မြင်ဖို့ဖြတ်လမ်းဆိုတာမရှိပါဘူး။ အောင်မြင်ဖို့အ တွက် ကြိုးစားရုန်းကန်လှုပ်ရှားရပါတယ်။ ဦးတည်ချက်ထားပြီး ကြိုးစားအားထုတ်မှသာ အောင်မြင်မှုဆိုတာ ရလာတာဖြစ်ပါတယ်။ အောင်မြင်ဖို့အတွက်ဖြတ်လမ်းဆိုတာမရှိပါဘူး။

၁၂။သင်ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာ ဂုဏ်ယူပါ။ မိမိကိုယ်တိုင် အမှန်တကယ် အားထားနိုင်သူတစ်ဦးဖြစ်ရန် ကြိုးစားအားထုတ်နိုင်ရန် လိုအပ်ပါတယ်။ ဇွဲထက်သန်ခြင်း၊ စိတ်စေတေနာကောင်းရှိခြင်း၊ လုပ်ရည်ကိုင်ရည် ကောင်းဖြင်း၊ စတဲ့လေးစားလောက်တဲ့အရည်အသွေးများရှိအောင် လေ့ကျင့် ပျိုးထောင်ယူပါ။

၁၃။ မာနမထားဘဲကြိုးစားအားထုတ်ပါ။ မာနကင်းပြီး ကြိုးစားအားထုပ်နိုင်ဖို့မှာ အထူးလိုအပ်ပါတယ်။ မာနာ ကင်းမှ အများနှင့် ကောင်းစွာပူးပေါင်း လက်တွဲပြီး လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

၁၄။ကောင်းတဲ့စိတ်နေသဘောထားမွေးပါ။ စိတ်ကောင်းမွေးခြင်းမှာ လူတိုင်း လေးစားစေတဲ့အချက်ပင်ဖြစ်ပါ တယ်။

၁၅။ ကျရှုံးမှုကို လက်ခံပြီရှေ့ဆက်အောင်မြင်အောင် ဆက်လက်အားထုတ်ပါ။ ရုန်းကန်လှုပ်ရှားတဲ့အခါ ရင် ဆိုင်ရတဲ့ကျရှုံးမှုများကို လက်ခံနိုင်ပြီးအောင်မြင်အောင် ဆက်လက်ကြိုးစားနိုင်ရန် လိုအပ်ပါတယ်။ ကျရှုံးမှုမှ သင်ခန်းစာယူပြီး အောင်မြင်အောင် ဆက်လက် အားထုတ်နိုင်ရန် လိုအပ်ပါတယ်။

၁၆။အောင်မြင်မှုကိုအခြားသူများအားမျှဝေပေးပါ။ လူတွေဆိုတာ မိမိကြိုးစားအားထုတ်မှုကြောင့် အောင်မြင် တာကို အခြားလူများအားမျှဝေခြင်းဖြင့် အခြားလူများအတွက် အောင်မြင်အောင် ကူညီရာရောက်ပါတယ်။ မျှဝေခြင်းဟာ ကောင်းတဲ့အလေ့အကျင့်များပြန့်ပွားစေတာဖြစ်လို့ ကောင်းမွန်တဲ့အလေ့အကျင့် ဖြစ်ပါတယ်။ ပစ္စည်းကိုမျှဝေရင်ပစ္စည်းကအရေအတွက်လျော့နည်းသွားစေပါတယ်။ ဒါပေမဲ့စိတ်ကူးကောင်းတွေကိုမျှ ဝေတဲ့ အခါ စိတ်ကူးကောင်းက ပို အားကောင်းပြန့်ပွားလာစေပါတယ်။ မိမိအတွက်လည်း ပိုအားကောင်း လာစေပြီး အခြားသူများအတွက်လည်း ကောင်းကျိုးများစေပါတယ်။

မိတ်ဆွေများ ဘီလ်ဂိတ်ရဲ့ဘဝသင်ခန်းစာများကို အတုယူပြီး အောင်မြင်အောင်အားထုတ်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...