Monday, February 3, 2025

ဥနီ၊ ကြက်ဥနှင့်ကော်ဖီမှုန့် Food for Thought 846 ဒေါက်တာသိန်းလွင်

May be an image of text

ဒီနေ့” ဥနီ၊ ကြက်ဥနှင့်ကော်ဖီမှုန့်” အကြောင်းကို Food for Thought 846 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။


ဥနီ၊ ကြက်ဥနှင့်ကော်ဖီမှုန့်

အမျိုးသမီးငယ်တစ်ယောက်က သူ့မိခင်ဆီသွားပြီး သူ့ဘဝက အလွန်ခက်ခဲကြမ်းတမ်းကြောင်း ပြော ပြပါတယ်။ အဲဒီလို ကြမ်းတမ်းခက်ခဲလွန်းတာတွေကို ဘယ်လိုဖြေရှင်းရမှန်းမသိတဲ့အတွက် ဘဝကို အရှုံး‌ပေးချင်နေကြောင်းပြောပြပါတယ်။ အဲဒီအမျိုးသမီးငယ်မှာ အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်း ရုန်းကန်နေရတာသိပ်များလွန်းလို့ ပင်ပန်းနေပါတယ်။ ပြဿနာတစ်ခုကိုကြိုးစားဖြေလိုက်ပြီးတာနဲ့ နောက်ပြဿနာအသစ်တစ်ခုကပေါ်လာတတ်ပါတယ်။

မိခင်ကသမီးပြောတာကိုနားထောင်အပြီးမှာသမီးကိုမီဖိုချောင်ထဲခေါ်သွားလိုက်ပါတယ်။ ပြီးတော့ အိုးခွက် (၃)ခုမှာ ရေထည့်ပြီး အဲဒီခွက် (၃)ခွက်ကိုမီးပေါ်တင်ထားလိုက်ပါတယ်။ ခဏအကြာမှာခွက် (၃)ခွက်လုံးမှရေတွေဆူပွက်လာပါတယ်။ ပထမခွက်ထဲမှာ ဥနီကိုထည့်လိုက်ပါတယ်။ ဒုတိယခွက်ထဲမှာ တော့ ကြက်ဥကိုထည့်လိုက်ပြီးတတိယခွက်ထဲကိုတော့ ကော်ဖီမှုန့်တွေထည့်လိုက်ပါတယ်။ အဲဒီလိုလုပ် နေ တာကိုသမီးကကြည့်နေပါတယ်။ မိခင်က ဘာစကားမှမပြောဘဲ အဲဒီလို လုပ်နေတာဖြစ်ပါတယ်။

မိနစ် (၂၀)လောက်ကြာအောင်ပြုတ်ပြီးတဲ့နောက်မီးကိုသတ်လိုက်ပါတယ်။ ပထမဆုံးဥနီကို ခွက်ထဲမှ ထုတ်လိုက်ပြီးခွက်တစ်ခုထဲမှာထည့် လိုက်ပါတယ်။ ထိုနောက်ကြက်ဥကိုလည်း ထုတ်လိုက်ပြီးခွက်တစ် ခုမှာထည့်ထားလိုက်ပါတယ်။ ပြီးတော့ ကော်ဖီကိုလည်း ခွက်တစ်ခုမှာထည့်ထားလိုက်ပါတယ်။

ပြီးတော့ ကြည့်နေတဲ့သမီးဘက်လှည့် လိုက်ပြီး “သမီး ဘာတွေတွေ့မြင်ပါသလဲ” လို့မေးလိုက်ပါတယ်။ ဒီတော့သမီးက “ဥနီ၊ ကြက်ဥနဲ့ ကော်ဖီမှုန့်တွေမြင်ကြောင်း”ပြောပါတယ်။

အဲဒီတော့မိခင်ဖြစ်သူကသမီးကို ဥနီးနားကပ်ကြည့်ပြီးကိုင်စမ်းကြည့်ရန်‌ပြောပါတယ်။ ဥနီကပျော့နေ ကြောင်း ကိုင်ကြည့်ရင်းသိစေပါတယ်။ မိခင်ကမပြောပြပါဘူး။ ပြီးတော့ သမီးကို ခွက်ထဲမှကြက်ဥ ကိုယူပြီးကြက်ဥကိုခွဲကြည့်ရန် ပြော ပြန်ပါတယ်။ ကြက်ဥကိုခွဲပြီးအခွံကိုခွါလိုက်တဲ့အခါ အထဲမှာ ကြက်ဥကမာခဲနေတာကို တွေ့မြင်ပါ တယ်။ နောက်ဆုံးအနေဖြင့်မိခင်ကသမီးကို ကော်ဖီကို မြည်း စမ်းကြည့်ရန်ပြောပါတယ်။ ကော်ဖီအနံ့ က မွှေးနေတဲ့အတွက် ကော်ဖီနံ့ကောင်းတဲ့အရသာခံ စား ရပြီးသမီးကပြုံးလာပါတယ်။ ပြီးတော့သမီးက အမေကို “အခုလုပ်ပြတာက ဘာလုပ်ပြတာလဲ”လို့ မေးလိုက်ပါတယ်။

အဲဒီတော့မှမိခင်က အခု ပစ္စည်း (၃)ခုဟာ အခက်အခဲဆိုတဲ့မီးအပူပေးခံရတာအတူတူသာဖြစ်ကြောင်း၊ တစ်ခုစီက တူတဲ့အခြေအနေကိုမတူတဲ့တုံ့ပြန်မှုများပြုလုပ်ကြကြောင်း၊ ဥနီးက ရေပူထဲမရောက်ခင်မာ နေကြောင်း၊ ဒါပေမဲ့ရေဆူတဲ့အခြေအနေနဲ့တွေ့လိုက်ရတဲ့အခါ မူလမာကျောမှု တွေပျောက်ပြီး ပျော့ လာပြီးအားပျော့သွားကြောင်း၊ ကြက်ဥကတော့ ပင်ကိုယ်အားဖြင့် သူ့အခွံဖြင့် နုညံ့ပျော့ပြောင်း တဲ့အ နှစ်ကိုအကာအကွယ်ပေးထားကြောင်း၊ ရေပူနဲ့ထိတွေ့ပြီးတဲ့အခါအတွင်းမှာ ရှိတဲ့ပျော့ပြောင်း တဲ့ အနှစ်က မာကျောလာကြောင်း၊ ကော်ဖီကတော့ ထူးခြားကြောင်း၊ သူကတော့ ရေအရောင်ကို ပြောင်း လဲစေပြီးမွှေးတဲ့အနံတွေထွက်လာလို့ သောက်လိုက်တဲ့အခါ အရသာကောင်း လာကြောင်း ပြောပြပါ တယ်။

“သမီးကအဲဒီ သုံးခုအနက် ဘာနဲ့တူပါသလဲ” လို့ မိခင်ကမေးလိုက်ပါတယ်။ စိန်ခေါ်မှုတွေကတံခါးကို လာခေါက်တဲ့အခါမှာ သမီးကဘယ်လိုတုံ့ပြန်ပါသလဲ။ ဥနီလိုလား။ ကြက်ဥလိုလား။ ကော်ဖီမှုန့် လို လား။ စဥ်းစားပါသမီး။”

“ငါကဘာနဲ့တူသလဲဆိုတာစဥ်းစားပါ။အစကမာပြီးစိန်ခေါ်မှုဆိုတဲ့အပူပေးခံရလိုက်တဲ့အခါ ပျေ့ာသွား တဲ့ဥနီနဲ့တူနေပါသလား။ ဒါမှမဟုတ်မူကလ နူးညံ့ပျော့တဲ့အနှစ်ရှိရာမှ အပူဆိုတဲ့စိန်ခေါ်မှုနဲ့ကြုံလိုက် ရတဲ့အခါ ခက်ထန်မာကျောတဲ့ကြက်ဥအနှစ်နဲ့တူနေသလား။ ဒါမှမဟုတ် အပူပေးခံလိုက်ရတဲ့အခါ မွှေးတဲ့ယနံ့ပိုထွက်လာပြီး အရသာပါ ပိုကောင်းလာတဲ့ကော်ဖီမှုန့်နဲ့တူနေသလားဆိုတာ စဥ်းစားပါ သမီး”လို့ ပြောပြီး မိခင်က သမီးကို စဥ်းစားခိုင်းပါတယ်။

ကော်ဖီမှုန့်နဲ့တူတယ်ဆိုရင် အခြေအနေတွေအဆိုးဆုံးကြုံရတဲ့အခါ၊ သမီးကအခြေအနေကို ပိုကောင်း လာအောင် ပြုပြင်ယူနိုင်ပါတယ်။ ကြုံလာတဲ့အခြေအနေကအမှာင်မှိုက်ဆုံးဖြစ်တဲ့အခါမှာ သမီအနေနဲ့ လက်ရှိအနေအထားထက် ပိုမြင့်တဲ့အဆင့်သို့ရောက်အောင်တက်လှမ်းနိုင်ပါသလား။ တွေ့လာတဲ့စိန် ခေါ် မှုကိုသမီးဘယ်လိုကိုင်တွယ်ပါသလဲ။ သမီးက ဥနီလား။ ကြက်ဥလား။ ကော်ဖီမှုန့်လား။

• ဘဝမှာ ချိုသာသူတစ်ယောက်ဖြစ်ဖို့လုံလောက်တဲ့ပျော်ရွှင်မှု လိုပါတယ်။

• အားကောင်းသူတစ်ယောက် ဖြစ် လာဖို့ လုံလောက်တဲ့ကြိုးစားရုန်းကန်လှုပ်ရှားမှု တွေလို အပ်ပါတယ်။

• သူသားဆန်သူတစ်ယောက် ဖြစ်လာဖို့အတွက်ဝမ်းနည်းစရာတွေလုံလောက်စွာကြုံတွေ့ခဲ့ရန် လိုအပ်ပါတယ်။

• ပျော်ရွှင်ဖို့အတွက် မျှော်လင့်ချက်တွေလုံလောက်စွာရှိရန် လိုအပ်ပါတယ်။

• အပျော်ရွှင်ဆုံးလူတွေဆိုတာ အစစအရာရာ အကောင်းဆုံးတွေရှိနေသူများမဟုတ်ကြပါဘူး။ သူတို့က သူတို့ဘဝမှာကြုံလာတာတွေမှအကောင်းဆုံး ရအောင် ထုတ်ယူနိုင်သူတွေသာ ဖြစ် ကြပါတယ်။

• အတောက်ပဆုံးအနာဂါတ်ဆိုတာ မေ့သွားတဲ့အတိတ် အပေါ်မှာအစဥ်သဖြင့်အခြေခံပါတယ်။

• သမီးအနေနဲ့သမီးကြုံလာတဲ့အတိတ်မှကျရှုံးမှုများနဲ့ နာကျင်မှု များကို မစွန့်လွှတ်ဘဲ သမီးဘဝမှာရှေ့ဆက်တက်လှမ်းနိုင်မှာမဟုတ်ပါဘူး။” လို့မိခင်ကသမီးကိုပြော လိုက်ပါတယ်။

မိတ်ဆွေများ သားသမီးများကိုကော်ဖီလို အနံ့ရောအရသာပါပိုကောင်းလာနိုင်သူများဖြစ်အောင် လေ့ ကျင့် ပျိုးထောင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...