Monday, February 3, 2025

သားသမီးများလေ့ကျင့်ပျိုးထောင်ရာတွင်အကောင်းဆုံးအကြုံပြုချက် (၁၀)ချက် Food for Thought 847 ဒေါက်တာသိန်းလွင်

 May be an image of heart and text
ဒီနေ့ “သားသမီးများလေ့ကျင့်ပျိုးထောင်ရာတွင်အကောင်းဆုံးအကြုံပြုချက် (၁၀)ချက်” ကို Food for Thought 847 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

သားသမီးများလေ့ကျင့်ပျိုးထောင်ရာတွင်အကောင်းဆုံးအကြုံပြုချက် (၁၀)ချက်

ကောင်းတဲ့မိဘဆိုတာ ဘယ်လိုမိဘတွေလဲ။

• ကောင်းတဲ့မိဘဆိုတာ ဆုံးဖြတ်ချက်များချတဲ့အခါ ကလေးအကျိုးကိုဦးထိပ်ထားချမှတ်ကြပါတယ်။

• ကောင်းတဲ့မိဘဆိုတာ မိဘလုပ်ရပ်နဲ့သာတိုင်းတာခြင်းမဟုတ်။ လုပ်ဆောင်တဲ့ရည်ရွယ်ချက်ကိုလည်း ထည့်သွင်း စဉ်းစားပါတယ်။
ကောင်းတဲ့မိဘဆိုတာ ရာခိုင်နှုန်းပြည့်မှန်ကန်ပြည့်စုံခြင်းမရှိပါဘူး။ ဘယ်ကလေးမှလည်းအားလုံးပြည့်စုံ နေတဲ့ ကလေးဆိုတာမရှိပါဘူး။ ဒါကြောင့် ကလေးနဲ့ပတ်သက်တဲ့မျှော်မှန်းချက်များ ကိုချမှတ်တဲ့အခါ အဲဒီ အချက် တွေကိုထည့်သွင်းစဉ်းစားရန် လိုအပ်ပါတယ်။

အောင်မြင်တဲ့ကလေးလေ့ကျင့်ပျိုးထောင်ပေးမှုဆိုတာ အားလုံးပြီးပြည့်စုံမှုရှိအောင်မျှော်မှန်းနေဖို့မဟုတ်ပါ။ အားလုံးကောင်းအောင်ရည်ရွက်ချက်ထားပြီးလုပ်ရန် မလိုအပ်ဘူးလို့တော့ပြောနေခြင်း မဟုတ်ပါ။ အရင်ဆုံး မိဘနဲ့ပတ်သက်လို့ မြင့်မားတဲ့စံအဆင့်ကိုသတ်မှတ်ပါ။ ပြီးတော့မှ ကလေးအတွက် သတ်မှတ်ချက်အ ဆင့်ကို သတ်မှတ်ပါ။ မိဘတွေဆိုတာ ကလေးများအတွက် စံနမူနာပြဖြစ်ရန်လိုအပ်ပါတယ်။

အောင်မြင်တဲ့ကလေးလေ့ကျင့် ပျိုးထောင်ပေးမှုဆိုင်ရာကျွမ်းကျင်မှုများနှင့် ရှောင်ရန် လိုအပ်တဲ့မသင့်တဲ့ ကလေးလေ့ကျင့်ပျိုးထောင်မှုဆိုင်ရာအလေ့အကျင့်များကို အကြံပြုချက် (၁၀) ခုအဖြစ်ဖော်ပြထားပါတယ်။ အဲဒီအကြံပြုချက်တွေအားလုံးကလွယ်လွယ်မြန်မြန်လေ့ကျင့် လို့မရပါဘူး။ တစ်ချိန်တည်းမှာ အားလုံးကို လေ့ကျင့်နေရန်မှာလည်းမလွယ်လှပါဘူး။ ကလေး များလေ့ကျင့် ပျိုးထောင်မှု လမ်းညွှန်မှာဖော်ပြ ထားတဲ့ အကြံပြုချက်များအားလုံးကို လိုက်နာရာတွင် အချိန်တိုင်းမှာမလိုက်နာနိုင်သော်လည်း သတိထား လျက် လမ်း ညွှန် ချက်များ အတိုင်းကြိုးစားလေ့ကျင့် ပျိုးထောင်ပေးပါက မှန်ကန်တဲ့လမ်းကြောင်း အတိုင်း သင်က လျောက် လှန်းနေတာဖြစ်ပါတယ်။

ကလေးလေ့ကျင့်ပျိုးထောင်သူ မိဘကောင်းတစ်ဦးဖြစ်အောင် ဘယ်လိုလေ့ကျင့်နိုင်ပါသလဲ။

အကြံပြုချက် (၁၀) ချက်

၁။ စံနမူနာကောင်းပြပါ။

ပြောလည်းပြောပါ။ ပြလည်းပြပါ။ မြန်မာစကားမှာ “ပြောပြပါ” ဆိုတဲ့စကားက ပြောခြင်းနှင့် ပြခြင်းတို့ကို ပေါင်းစပ်လုပ်ဆောင်တဲ့စကားဖြစ်ပါတယ်။ အလွန်လေးနက်တဲ့စကားဖြစ်ပါတယ်။ ကလေးတွေကို ဖြစ်စေ ချင်တာကိုပြောသလို နမူနာကာင်းအဖြစ်လက်တွေ့လည်းပြသပေးရန် လိုအပ်ပါတယ်။

လူသားတွေဆိုတာ ထူးခြားတဲ့သက်ရှိများဖြစ်ပြီးအတုယူရင်းသင်ယူနိုင်စွမ်းရှိကြပါတယ်။ ကျွန်ပ်တို့လူသား တွေဟာအခြားလူများလုပ်ဆောင်နေတာကိုပုံတူကူးပြီးမိမိလုပ်ရပ်မှာ ပေါင်းထည့်လုပ် ဆောင်နိုင်ကြပါတယ်။ လူသားတွေဆိုတာ သဘာဝအရအဲဒီလို စီစဉ်ထားပါတယ်။ ကလေးတွေဆိုတာသူတို့နဲ့အနီးစပ်ဆုံးမိဘများ လုပ်ဆောင်ပြောဆိုနေတာတွေအရာရာတိုင်းကို ဂရုတစိုက် လေ့လာစောင့် ကြည့်နေတတ်ကြပါတယ်။ ပြီးတော့အတုယူလိုက်လုပ်ဆောင်တတ်ကြပါတယ်။

ဒါကြောင့် သင့်ကလေးကိုဖြစ်လာစေလိုတဲ့လူဖြစ်အောင်မိမိကိုယ်တိုင်စံနမူနာပြရန် အရေးကြီးပါတယ်။ သင့် ကလေးကိုတန်ဖိုးထားလေးစားပါ။ သူတို့ကိုအပြုသဘောဆောင်တဲ့အပြုအမူများနှင့် စိတ်နေသဘောထား များကိုပြပါ။ ကလေးစိတ်လှုပ်ရှားခံစားမှုများနှင့် ပတ်သက်လို့လည်း သူတို့နေရာမှ ဝင်ကြည့်မြင်ခံစားပေးပါ။ သင်တို့ကအဲဒီလိုစံနမူနာပြရင် သင့်တို့ကလေးတွေ ကလည်းအလားတူ လိုက်လုပ်ဆောင်လာမှာဖြစ်ပါတယ်။

၂။ ကလေးတွေကိုချစ်ခင်ပါ ချစ်ခင်ကြောင်းအမူအရာအားဖြင့် ပြပါ။
မိဘအနေဖြင့် သင်တို့ကလေးကို ချစ်ခင်ကြောင်းပြသပါ။

ကလေးကိုချစ်တာလွန်တယ်တာမျိုးမရှိပါဘူး။ ကလေးတွေကိုချစ်တာက ကလေးတွေကိုမဖျက်စီးစေနိုင်ပါဘူး။ ချစ်လို့ဆိုပြီးသင်ရွေးချယ်လုပ်ဆောင်ပေးမှု ဥပမာ ရုပ်ပစ္စည်းများကိုတွယ်တာ မက်မောအောင် လုပ်ပေးခြင်း၊ သက်သက်ညှာညှာလုပ်ပေးမှုများ၊ မျှော်မှန်းချက်နိမ့်နိမ့်သာထားမှုများ၊ လိုအပ်တာထက် အကာအကွယ် ပေးနေမှုများကသာ ကလေးများကိုဖျက်စီးစေနိုင်ပါတယ်။ တကယ်ချစ်ခင်မြတ်နိုးမှုအစားအထက်ပါ ဆုံးဖြတ်ချက်များနှင့် လေ့ကျင့် ပျိုးထောင်ပေးတဲ့အခါ ပျက်စီးတဲ့ကလေးများဖြစ်လာပါတယ်။
ကလေးတစ်ယောက်ကိုချစ်ခင်ခြင်းဆိုတာကလေးကိုပွေ့ဖက်နမ်းခြင်း၊ ကလေးအတွက်အချိန်ပေးခြင်း၊က လေးပြောချင်တာတွေကိုဂရုတစိုက်နားထောင်ပေးခြင်းစတဲ့လုပ်ငန်းများကို နေ့တိုင်း လုပ်ဆောင်ပေးခြင်းများ ဖြစ်ပါတယ်။
အထက်ပါကဲ့သို့သော ချစ်ခင်မှုပြတဲ့လုပ်ဆောင်ချက်များပြုလုပ်တဲ့အခါ ကလေးစိတ်မှာ ကောင်းတဲ့စိတ်ခံ စားမှုဖြစ်လာပြီး oxytocin ဟိုမုန်းများထွက်လာစေပါတယ်။ အဲဒီလိုနူရိုဓာတု ပစ္စည်းများကြောင့် ကလေးတွင် အေးငြိမ်းတည်ငြိမ်မှုရစေပါတယ်။ စိတ်လှုပ်ရှာခံစားမှုအပိုင်းမှာ နွေးထွေးစေခြင်းနှင့် ကျေနပ်မှုများ ဖြစ်လာ စေပါတယ်။ အဲဒီအခြေအနေများကြောင့် ကလေးဟာ ကြံ့ခိုင်မှုပိုကောင်းလာပါတယ်။ မိဘနဲ့ ကလေးလည်း ပိုနီးကပ်တဲ့အပြန်အလှန်ဆက်ဆံရေးမျိုးကိုလည်း ဖြစ်လာစေပါတယ်။

၃။ ကြင်ကြင်နာနာခိုင်ခိုင်မာမာ အပြုသဘောဆောင်တဲ့ကလေးပြုစုပျိုးထောင်ကိုလေ့ကျင့်ပါ။

ကလေးငယ်လေးတွေဆိုတာမွေးစတွင်ဦးနှောက်ဆဲလ်ပေါင်း (နုရုန်း) (၁၀၀) ဘီလီယံပါလာပါတယ်။ ဒါပေမဲ့အဲဒီ ဆဲလ်တွေတစ်ခုနဲ့တစ်ခုဆက်သွယ်နေမှုအရေအတွက်နည်းပါတယ်။ အဲဒီဆီလ်တွေ အချင်းချင်းဆက်သွယ်မှု ကြောင့် လူတွေကစဉ်းစားခြင်း၊ လုပ်ဆောင်နိုင်ခြင်း၊ ကိုယ်ရည်ကိုယ် သွေး လက္ခဏာများပုံပေါ်လာခြင်းများ ဖြစ်လာပြီး အခြေခံကျကျပြောရရင် အဲဒီဆဲလ်တွေအချင်းချင်း ဘယ်ဆက်သွယ်သလဲဆိုတဲ့အချက်က ဘယ်လို လူမျိုးဖြစ်မလဲ ဆိုတာကိုအဆုံးအဖြတ်ပေးပါတယ်။ အတွေ့အကြုံနှင့်ဘဝတစ်လျောက်လုပ်ငန်းတွေလုပ်ဆောင် လာတဲ့အခါ ဆဲလ်အချင်းချင်း ဆက်သွယ်မှုများ ဖြစ်လာစေပါတယ်။ ဆက်သွယ်မှုအားကောင်းလာစေပါတယ်။

သင်တို့ကလေးတွေကိုအပြုသဘောဆောင်တဲ့အတွေ့အကြုံများပေးပါ။ သူတို့ကိုယ်တိုင်အပြုသဘော ဆောင်တဲ့ အတွေ့အကြုံများကိုရယူနိုင်တဲ့စွမ်းရည်များရှိကြပြီး အဲဒီအတွေ့အကြုံများကို အခြားလူများကို လည်းပေးနိုင် လာကြပါတယ်။

သင်တို့ကလေးကိုအပျက်သဘောဆောင်တဲ့အတွေ့အကြုံကိုပေးရင် သူတို့အနေဖြင့်ကောင်းစွာ ရှင်သန်ရပ်တည် နိုင်စေတဲ့ဖွံ့ဖြိုးတိုးတက်မှုများမရနိုင်တော့ပါဘူး။

ရယ်စရာကောင်းတဲ့သီချင်းတွေကလေးတို့နှင့်အတူသီဆိုပါ။ကလေးနှင့်အတူပြေးတမ်းလိုက်တမ်းကစားပါ။ အနီး အနားရှိပန်းခြံသို့ သွားရောက်လည်ပတ်ပါ။ ပတ်ဝန်းကျင်ကိုလေ့လာစူးစမ်းပါ။ ကလေးနှင့်အတူ စိတ်ပါလက်ပါ ရယ်မောပါ။ ကလေးနှင့်အတူစိတ်လှုပ်ရှားခံစားမှုများကိုတွေ့ကြုံခံစားကျော်လွှားပါ။ အပြု သဘောဆောင်တဲ့ စိတ်နေသဘောထားဖြင့် တွေ့ကြုံလာတဲ့ပြဿနာ အခက်အခဲကိုဖြေရှင်းပါ။

အဲဒီလို လုပ်ဆောင်တဲ့အတွက် ဖြစ်လာတဲ့အပြုသဘောဆောင်တဲ့အတွေ့အကြုံများကြောင့် ကလေးဦး နှောက်တွင်းမှာ ဆဲလ်များအချင်းချင်း ဆက်သွယ်မှုများဖြစ်လာစေပါတယ်။ အဲဒီလိုဖြစ်တဲ့အပြင် သင်နဲ့အတူ လုပ်ဆောင်ခဲ့ရမှုများကို ကလေးက သူ့ရဲ့ဘဝမှာ မှတ်မိစရာများအဖြစ် မှတ်မိလာစေပါတယ်။

စည်းကမ်းပိုင်းသတ်မှတ်တဲ့အခါမှာတော့ အပြုသဘောအာလုံးဆောင်ရန်မလွယ်တော့ပါ။ ဒါပေမဲ့ အပြု သဘောဆောင်တဲ့စည်းကမ်းပေးမှုကို ကျင့်သုံးနိုင်ပါတယ်။ ကလေးကိုအပြစ်ပေးအရေးယူတဲ့ အလေ့ အကျင့်များကို ရှောက်ရှားရန် လိုအပ်ပါတယ်။

ကလေးများလေ့ကျင့် ပျိုးထောင်ပေးတဲ့နေရာမှာ ကောင်းတဲ့မိဘများအနေဖြင့် မှန်တာနဲ့ မမှန်တာကိုခွဲခြား သိစေရန် ကလေးကိုအကျင့် ပိုင်းနဲ့ပတ်သက်လို့သင်ပေးရန် လိုအပ်ပါတယ်။ အကန့် အသတ်အတိုင်း အတာချမှတ်ထားခြင်းနှင့်ရှေ့နောက်ညီညွတ်စွာကျင့်သုံးရေးတို့မှာ ကောင်းတဲ့စည်းကမ်းလိုက်နာရေးတွင်အဓိက အချက်များဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့စည်းကမ်းများကို အားဖြည့်တဲ့နေရာမှာ ကြင်ကြင်နာနာ ခိုင်ခိုင်မာမာရှိရန် လိုအပ်ပါတယ်။ ကလေးအပြုအမူတစ်ခုနဲ့ပတ်သက်လာရင် အပြုအမူထက် အပြုအမူ ကိုဖြစ်စေတဲ့နောက်ခံအကြောင်းကို အလေးထားစဉ်းစားပါ။ ပြီးခဲ့တဲ့မသင့်တဲ့ လုပ်ရပ်အတွက်အပြစ်ပေး အရေးယူခြင်းထက် အနာဂတ်အတွက်သင်ယူနိုင်တဲ့အခွင့်အလမ်းဖြစ်လာအောင် စဉ်ဖန်တီးပေးပါ။

၄။ သင့်ကလေးတွေအတွက်လေးအန္တရာယ်ကင်းတဲ့နေရာဖြစ်အောင်စီစဉ်ပေးပါ။

သင်တို့အနေဖြင့် ကလေးရဲ့လိုအပ်ချက်များ၊ ကလေးကပြနေတဲ့အချက်ပြမှုများအတွက်မိဘများအနေဖြင့် အစဉ် သဖြင့် သူတို့အတွက်အသင့်အနေအထားရှိကြောင်း ပြသပါ။ ကလေးကို လူသားတစ် ယောက်အနေဖြင့် လက်ခံပြီး လိုအပ်သလိုကူညီပေးပါ။ ကလေးအနေဖြင့် စူးစမ်းလေ့လာမှုကို ကောင်းစွာ

ပြုလုပ်နိုင်စေ ရန်ဘေး ကင်းတဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ။
ကလေးလိုအပ်ချက်များကိုရေ့နောက်ညီညွတ်စွာတုံံ့ပြန်မှုပေးနေတဲ့မိဘများရဲ့ ပြုစုစောင့်ရှောက်မှုအောက်တွင် ကလေးတို့မှာ စိတ်လှုပ်ရှားခံစားမှုကိုကောင်းစွာထိန်းသိမ်းနိုင်တဲ့ကလေးများ၊ ပေါင်းသင်းဆက်ဆံရေး ဆိုင်ရာကျွမ်းကျင်မှုများ၊ နှင့် စိတ်ကျန်းမာရေးပိုင်းတို့တွက်အားကောင်းတဲ့ကလေးများဖြစ်လာစေပါတယ်။

၅။ သင့်ကလေးနှင့်စကားပြောပြီး သူတို့ဦးနှောက်အစိတ်အပိုင်းများ ပေါင်းစပ်လုပ်ဆောင်နိုင်အောင်ကူ ညီပေး ပါ။

ကျွန်ပ်တို့တတွေဟာအပြန်အလှန်ဆက်သွယ်မှုအရေးကြီးတာကိုနားလည်ကြပါတယ်။ ဒါကြောင့် ကလေးနှင့် စကားတွေများများပြေပါ။ သူတို့ပြောတာကို လည်း သေသေချာချာကောင်းစွာ နားထောင်တုံ့ပြန်ပါ။

ပွင့်လင်းတဲ့အပြန်အလှန်ဆက်သွယ်ရေးကိုဖွင့်ထားခြင်းအားဖြင့် သင်နှင့် သင့််ကလေးတို့မှာ ကောင်းတဲ့ အပြန်အလှန်ဆက်သွယ်ရေးရှိနေမှာဖြစ်ပြီး ကလေးက သူ့မှ အခက်အခဲ ပြဿနာရှိလာတိုင်း သင့်ထံလာ ရောက်ပြောပြအကူအညီတောင်းလာမှာဖြစ်ပါတယ်။မိဘကိုကြောက်နေတဲ့အတွက်အဆူခံရမှာကြောက်နေတဲ့အတွက် ဖြစ်နေတာကိုမပြောရဲတာမျိုးတွေမရှိနိုင်တော့ပါဘူး။

အပြန်အလှန်ပြောဆိုဆက်သွယ်မှုပြုလုပ်ရန်လိုအပ်တဲ့အခြားအကြောင်းလည်းရှိပါတယ်။ အပြန်အလှန်ပြော ဆိုဆက်သွယ်နေခြင်းဖြင့် ကလေးဦးနှောက်မှာရှိတဲ့မတူတဲ့အစိတ်အပိုင်းတွေ ပေါင်းစပ်အလုပ်လုပ်နိုင်စေရန် သင်ကကူညီပေးနေခြင်းလည်းဖြစ်ပါတယ်။

ဦးနှောက်အစိတ်အပိုင်းတွေပေါင်းစပ်အလုပ်လုပ်ဖို့ကလည်းအလွန်အရေးကြီးလှပါတယ်။ ကိုယ်ခန္တာမှာ ရှိတဲ့မတူတဲ့အစိတ်အပိုင်းတွေပေါင်းစပ်အလုပ်လုပ်မှုကအရေးကြီးသလိုပင် ဦးနှောက် အစိတ်အပိုင်းတွေ ပေါင်းစပ်အလုပ်လုပ်ရန်လည်းအရေးကြီးပါတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေပေါင်းစပ်အလုပ်လုပ်မှသာ ကျန်းမာကြံ့ခိုင်တဲ့ကိုယ်ခန္တာဖြစ်လာပါတယ်။ အလားတူပင်ဦးနှောက်မှာ ရှိတဲ့အစိတ်အပိုင်းတွေပေါင်းစပ်အလုပ် လုပ်မှသာ၊ ဦးနှောက်တစ်ခုလုံးပေါင်းစပ်အလုပ်လုပ်မှသာ ကလေးအနေဖြင့် ဝုန်းဒိုင်းကျဲအပြုအမူတွေ လျော့နည်းလာပြီးပိုမိုပူးပေါင်းလုပ်ဆောင်တဲ့ အပြုအမူများ၊ အခြားလူတွေအပေါ်ပိုစဉ်းစားပေးနိုင်မှုများ၊ စိတ်ပိုင်းဆိုင်ရာပိုကျန်းမာမှုများရှိလာမှာဖြစ်ပါတယ်။
အထက်ပါအခြေအနေများဖြစ်လာအောင် အခက်အခဲပြဿနာဖြစ်နေတဲ့အတွ့အကြုံများအကြောင်း ကလေး နှင့် ပြောဆိုဆွေးနွေးပါ။ ဘာတွေဖြစ်ခဲ့ကြောင်း၊ ဖြစ်နေကြောင်းကလေးကိုမေးကြည့်ပါ။ အခြအနေကို ကောင်းစွာဖေါ်ပြနိုင်ရန်ဆက်သွယ်ပြောဆိုတတ်အောင် ကလေးကိုလေ့ကျင့်ပေးထားပါ။ မိဘအနေဖြင့် ကလေးက ပြောပြလာတဲ့ပြဿနာတွေအတွက် ဖြေရှုင်းပေးနေရန်မဟုတ်ပါ။ ကောင်းတဲ့မိဘဖြစ်ဖို့အတွက် ဖြစ်လာသမျှအခြေအနေတွေအားလုံးအတွက်အဖြေတွေ၊ သင်မှာရှိနေရန်လည်းမလိုအပ်ပါ။ ကလေးကိုမေး ကြည့်ပြီးကလေးပြောပြတာကို ကောင်းစွာနားထောင် ပေးရန် လိုအပ်ပါတယ်။ မရှင်းတဲ့အခါ ရှင်းလင်းအောင် မေးခွန်းမျာပြန်မေးခြင်းဖြင့် ကလေးတွေမှာဘယ်လိုအတွေအကြုံများရှိနေကြောင်းနှင့် ဘယ်လိုမှတ်မိမှုများရှိ နေကြောင်းနားလည်ပြီး ကလေးလိုအပ်ချက်နှင့်အညီ ပိုကူညီနိုင်လာစေပါတယ်။

၆။ သင့်တို့ကိုယ်ပိုင်ငယ်စဉ်ကကလေးဘဝကိုပြန်ထည်ထင်ဟပ်စဉ်းစားပါ။

ကျွန်ပ်တို့အများစုဟာကိုယ်တိုင်မိဖဘဖစ်လာတဲ့အခါ မိမိတို့သားသမီးများကိုလေ့ကျင့်ပျိုးထောင်ပေးတဲ့အခါမှာ မိမိမိဘတွေလေ့ကျင့်ပျိုးထောင်တာနဲ့မတူတဲ့နည်းတွေကိုစမ်းသပ်ကြည့် တတ်ကြ ပါတယ်။ ငယ်စဉ်က ကောင်း တဲ့လေကျင့်ပျိုးထောင်ပေးမှုတွေခံခဲ့ရတဲ့လူတွေကပင်သူတို့သားသမီးများကိုလေ့ကျင့်ပျိုးထောင်ပေးတဲ့အခါ သူတို့လေ့ကျင့် ပျိုးပေးခံရတဲ့တစ်ချို့အပိုင်းကို ပြောင်း တတ်ကြပါတယ်။

ဒါပေမဲ့ သူတို့ပါးစပ်ကိုဟပြီးစတင်ပြောလိုက်တဲ့အချိန်မှာ သူတို့မိဘတွေပြောခဲ့တဲ့အတိုင်းပြောနေတတ်ကြ ပါတယ်။ငယ်စဉ်ကရထားတဲ့အလေ့အကျင့် တွေဟာ အလွန်လွှမ်းမိုးမှုရှိပါတယ်။

ငယ်စဉ်ကမိမိတို့ကိုမိဘတွေက ဘယ်လိုလေ့ကျင့် ပျိုးထောင်ပေးခဲ့တယ်ဆိုတာကို ပြန်လည်ထင်ဟပ် စဉ်းစား ခြင်းဟာ မိဘတွေက ဘာကြောင့် အဲဒီလို လေ့ကျင့် ပျိုးထောင်ပေးခဲ့ကြောင်းကို ပိုနားလည်လာစေနိုင်ပါတယ်။ မိမိအနေဖြင့် ကိုယ်တိုင်မိဘဖြစ်လာတဲ့အခါ ပြောင်းလေ့ကျင့် ပေးလိုတာတွေကိုမှတ်ထားပါ။ အဲဒီလိုပြောင်း လေ့ကျင့် ပေးလိုက်ရင် လက်တွေ့အခြေအနေမှာ ဘာတွေဖြစ်လာမလဲဆိုတာသေချာ ပြန်လည်စဉ်းစားသုံး သပ်ပါ။ အဲဒီလိုစဉ်းစားထားပြီး နောက်တစ်ကြိမ် ပြုပြင်ရန် လိုအပ်တဲ့အပြုအမူများဖြစ်လာတဲ့အခါ မိမိစဉ်း စားထားတဲ့အတိုင်းပြုပြင် ပြောင်းလဲနိုင်အောင် စမ်းသပ်ကြည့်ပါ။
အဲဒီလိုစမ်းသပ်ကြည့် လိုက်တဲ့အခါ မထမတစ်ကြိမ်မှာ မအောင်မြင်ရင် လက်လျော့အရှုံးမပေးလိုက်ပါနဲ့။ ကလေးတွေကို ကောင်းအောင် လေ့ကျင့်ပျိုးထောင်ပေးတာ အလေ့အကျင့်များစွာ လိုအပ်ပါတယ်။ ကလေး တွေကိုလေ့ကျင့် ပျိုးထောင်ပေးတဲ့နည်းလမ်းကိုသတိဖြင့် ပြုပြင်ပြောင်းလဲတဲ့အခါမှာ အလေ့အကျင့် များစွာလိုအပ်ပါတယ်။ စိတ်ရှည်ရှည်ဖြင့် မိမိပြုပြင်ပြောင်းလဲလေ့ကျင့် ပေးလိုတဲ့နည်းလမ်းကို အသုံးပြုပါ။

ရ။ မိမိကိုယ်တိုင်ကိုယ်စိတ်နှဖြာကျန်းမာရေးကိုလည်းအလေးထားစောင့်ရှောက်ပါ။

မိဘတွေဆိုတာသက်သာစွာအနားရရှိဖို့ လိုအပ်ပါတယ်။
ဒါကြောင့် မိမိကိုယ်တိုင် ကိုယ်စိတ်နှစ်ဖြာကျန်းမာရေးကိုလည်းအလေးထားစောင့်ရှောက်ရန် လိုအပ်ပါ တယ်။

တစ်ခါတစ်ရံမှာ ကလေးငယ်လေးတစ်ယောက်မွေးဖွားလာတဲ့အခါ မိဘတွေဟာ မိမိတို့ရဲ့ကိုယ်စိတ်နှဖြာ ကျန်းမားရေးကို အလေးပေးမှုလျော့ကျသွားတတ်ပါတယ်။ မိမိတို့ကျန်းမာရေးကို အလေးထားခြင်းမရှိရင် မိမိကျန်းမာရေးအားနည်းလာမှုကြောင့်နောက်ဆက်တွဲဆိုးတဲ့အကျိုးဆက်များဖြစ်လာပါလိမ့်မယ်။ မိဘနှစ်ပါး အနေဖြင့် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဆက်ဆံရေးကိုအားကောင်းအောင်၊ ကျန်းမာအောင် အလေး ထားစောင့်ရှောက်ရန် လိုအပ်ပါတယ်။

မိသားစုတွင်းမှ စိတ်ဖိစီးမှုတွေများလာတဲ့အခါ လင်နှင့်မယားစကားများခြင်း၊ ရန်ဖြစ်ခြင်းတွေပို ဖြတ်တတ် ပါတယ်။ ကလေးတွေကို လေ့ကျင့် ပျိုးထောင်ပေးရေးနဲ့ပတ်သက်လို့ အကူအညီ လိုအပ်ရင်အကူ အညီ တောင်း ရန်ဝန်မလေးပါနဲ့။ မိဘနှစ်ပါးအနေဖြင့် မိမိကျန်းမာရေးကိုစောင့်ရှောက်ရန် အနားယူတဲ့အချိန် ဆိုတာရှိ သင့်ပါတယ်။

မိဘနှစ်ပါးအနေဖြင့်သူတို့ကိုယ်တိုင်ကိုယ်ရောစိတ်ပါကျန်းမာပျော်ရွှင်ရေးကိုကောင်းစွာစောင့်ရှောက်နိုင်ခြင်းဟာကလေးများကိုလေ့ကျင့်ပျိုးထောင်ပေးမှုနဲ့ မိသားစုဘဝအပါ်အများကြီးပြောင်း လဲတဲ့ကောင်းကျိုးသက်ရောက် မှုများရှိစေပါတယ်။

၈။ ဘယ်လိုအခြေအနေမှာပင်ဖြစ်စေ ကလေးတွေကိုရိုက်နှက်ဆုံးမတာမျိုးမပြုလုပ်ပါနဲ့။

မိဘတွေအလုပ်တွေသိပ်များနေတဲ့အချိန်မှာ ကလေးတွေကအချင်းချင်းမသင့်မြတ်တာမျိုးဖြစ်နေတဲ့အခါ မိဘအ နေဖြင့် အခြေအနေကို အမြန်ဆုံးထိန်းနိုင်အောင် အော်ဟောက်လိုက်ခြင်း၊ ကလေးတွေကို ရိုက် နှက်ဆုံးမ လိုက်ခြင်းများပြုလုပ်တတ်ပါတယ်။ အဲဒီလို လုပ်လိုက်တာ ရေတိုအတွက် မိမိဖြစ်စေချင်တဲ့ အနေ အထားကို တော့ ရောက်စေပါတယ်။

ဒါပေမဲ့အဲဒီလို ပြုပြင်ပေးတဲ့နည်းက ကလေးတွေကိုမှန်တာနဲ့မှားတာကိုမခွဲခြားနိုင်စေပါဘူး။ တစ်ခုခု ပြုလုပ်ရင် အပြင်ပမှဝင်လာတဲ့နောက်ဆက်တွဲအကျိုုးဆက်ဆိုတာ ကြောက်စရာကောင်းတယ်လို့ ကလေး တွေသိနား လည်သွားစေပါတယ်။ ဒါကြောင့် နောက်ပိုင်းတွင် ကလေးအနေဖြင့် သူတစ်ခုခု ပြုလုပ် တော့မယ်ဆိုရင် မိဘတွေမသိအောင်၊မမိအောင် လုပ်ဆောင်လာစေပါတယ်။
ကလေးတွေကိုဆူလိုက်အော်ဟောက်လိုက်ရိုက်လိုက်တဲ့နည်းကိုမိဘများကကျင့်သုံးရင် ဖြစ်နေတဲ့ပြဿနာ တွေကိုဖြေရှင်းတဲ့အခါ အကြမ်းဖက်တဲ့နည်းကို ကျင့်သုံးတာမှန်ကန်တဲ့နည်းလမ်း ဖြစ်တယ်လို့ ကလေးတွေက နားလည်သဘောပေါက်လာစေပါတယ်။ ပြီးတော့ ရိုက်ဆုံးမတာကိုခံရတဲ့ကလေးတွေဟာ မကြာခဏ အကြမ်းဖက်တဲ့နည်းဖြင့်ခိုက်ရန် ဖြစ်တာမျိုးတွေ ပြုလုပ်လာတတ်ကြပါတယ်။ ကလေးအချင်းချင်း စကား များအဆင်မပြေတဲ့အခါ စကားအားဖြင့်ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ ထိုးကျိတ်အနိုင်ကျင့် တတ်ကြ ပါတယ်။ နောက်ပိုင်း သူတို့ကြီးပြင်းလာတဲ့အခါမှာ ပေါ့တန်ဆိုးသွမ်းတဲ့ကလေးမျိုးတွေပို ဖြစ်လာစေတတ် ပါတယ်။ ပြီးတော့ လူမှုအသိုင်းအဝိုင်းကလက်မခံနိုင်တဲ့အပြုအမူများကိုလည်း ပိုပြုလုပ်လာ တတ်စေပါတယ်။ မိဘနဲ့ကလေးကြားတွင် ပိုဆိုးတဲ့ဆက်ဆံရေးမျိုးလည်းဖြစ်လာစေတတ်ပါတယ်။ စိတ် ကျန်းမာရေးဆိုင်ရာ ပြဿနာများလည်းပိုဖြစ်လာစေတတ်ပါတယ်။ သားသမီးကို လေ့ကျင့်ပေးတာအိမ်တွင်း အကြမ်းဖက်မှုမျိုးတွေ ဖြစ်လာစေတတ်ပါတယ်။

သားသမီးများကိုလေ့ကျင့်ပျိုထောင်ပေးတဲ့အခါ ငြင်သာပြီး ပိုထိရောက်တဲ့နည်းလမ်းတွေများစွာရှိပါတယ်။ ဥပမာ အပြုသဘောဆောင်တဲ့စည်းကမ်းပေးခြင်း၊ အပြုသဘောဆောင်တဲ့အားဖြည့်ပေး တဲ့နည်း စတာတွေက ပိုထိရောက်ကြောင်းအထောက်အထားများစွာရှိ ပါတယ်။

၉။ အခြေအနေများကိုရေရှည်အတွက်စဉ်းစားပြီးကလေးများလေ့ကျင့် ပျိုးထောင်ပေးတဲ့ရည်ရွယ်ချက်ကို လည်းသတိရပါ။

မိဘများအနေဖြင့် သင်တို့သားသမီးများကိုလေ့ကျင့် ပျိုးထောင်ပေးတဲ့ဦးတည်ရည်မှန်းချက်ကဘာပါလဲ။ သင်တို့ဦးတည်ရည်မှန်းချက်မှာ အခြားသောမိဘများရဲ့ဦးတည်ရည်မှန်း ချက်မျိုး ဖြစ်မယ်ဆိုရင် ကလေးတွေ ကျောင်းမှာကောင်းစွာသင်ယူနိုင်စေရန်၊ အလုပ်ကို ထိရောက်စွာအကျိုးရှိရှိလုပ်တတ်စေရန်၊ တာဝန်သိတတ်စေ ရန်၊ ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်တတ်စေရန်၊ မိဘများနှင့်ဖြစ်စေ အခြားလူများနှင့် ဖြစ်စေအဓိပ္ပါယ် ရှိတဲ့အပြန်အလှန်ဆက်ဆံရေးထူထောင်နိုင်စေရန်၊ ချစ်ခင်သူများနှင့် လိုအပ်သူများအတွက် ပြုစုစောင့်ရှောက် တတ်သူများ၊ သူများကို ထောက်ထားစာနာတတ်သူများ ဖြစ်လာစေရန်၊ ပျော်ရွှင်ပြီးပြည့်၀ တဲ့ဘဝကို ထူထောင်နိုင်စေရန် တို့ ဖြစ်နိုင်ပါတယ်။
အဲဒီဦးတည်ချက်များမှာ အလွန်ကောင်းပါတယ်။ ဒါပေမဲ့အဲဒီဦးတည်ချက်များပြည့်ဝလာအောင် သင်တို့ အနေဖြင့် အချိန်ဘယ်လောက်ပေးပြီး ကလေးတွေကိုလေ့ကျင့်ပျိုးထောင်ပေးပါသလဲ။

သင့်အနေဖြင့်အခြားသောမိဘအများလိုသာဖြစ်မယ်ဆိုရင် သင်တို့အနေဖြင့် တစ်နေ့တစ်နေ့ နေ့စဉ်လုပ်စရာတွေ ကို လုပ်ရင်းသာအချိန်တွေကုန်ဆုံးနေမှာဖြစ်ပါတယ်။ Siegel and Bryso တို့က သူတို့ရေး ခဲ့တဲ့စာအုပ် The Whole-Brain Child ဆိုတဲ့စာအုပ်မှာ အောက်ပါအတိုင်း ထောက်ပြထားကြပါတယ်။
“မိဘအများစုမှာ သူတို့သားသမီးများရင်သန်တိုးတက်ဖွံ့ဖြိုးလာအောင်ပျိုးထောင်လေ့ကျင့်ပေးရမဲ့အစား မသေရုံ အသက်ရှင်ကျန်နေအောင်သာလေ့ကျင့် ပျိုးထောင်ပေးနေကြပါတယ်။”

မသေရုံတမယ်အသက်ရှင်နေနိုင်အောင်လေ့ကျင့်ပေးတဲ့လုပ်ငန်းက သင်တို့မိသားစုဘဝမှာ လွှမ်းမိုနေ မယ်ဆိုရင် နောက်တစ်ကြိမ်စိတ်ဆိုးဒေါထွက်လာတဲ့အခါမှာ လုပ်လေ့လုပ်ထရှိတဲ့အပြုအမူကို မပြုလုပ်ဘဲ သင့်ကိုယ်သင် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပါ။ သင့်မှာဖြစ်နေတဲ့စိတ်ဆိုးဒေါသထွက်မှုက သင့်အတွက်နဲ့ သင့် သာသမီး အတွက်ဘာစေဖြစ်စေနိုင်ကြောင်း ပြန်စဉ်းစားလိုက်ပါ။ အဲဒီလို အပျက်သဘော စိတ်လိုက် မာန်ပါ ပြုလုပ် မိနိုင်တဲ့အနေအထားကိုထိန်းပြီး အဲဒီအတွေ့အကြုံကို သင်ယူနိုင်တဲ့အခွင့်အလမ်းအဖြစ် ပြောင်း လိုက်ပါ။ ကြောက်ခမန်းလိလိသဲထိပ်ရင်ဖိုဖြစ်စေ လောက်တဲ့ဝုန်းဒိုင်းကျဲတဲ့ဖြစ်ရပ်များကိုပင် တန်ဖိုး မဖြတ်နိုင်အောင် ဦးနှောက်ကို ပြုပြင်လေ့ကျင့် ပေးနိုင်တဲ့အချိန်အဖြစ် ပြောင်းလဲနိုင်ပါတယ်။

အဲဒီလိုမိမိကိုမိမိသတိဖြင့် ထိန်းသိမ်းဆင်ချင်မှုက သင့်ကိုရေရှည်အတွက် ကောင်းတဲ့ရှုထောင့်ကိုမြင် စေနိုင်ပြီး မိဘအနေဖြင့် ကလေးတွေကိုလေ့ကျင့် ပျိုးထောင်ပေးတဲ့အခါဦးတည်ထားချက်ကို လည်း ဦးတည် လုပ် ဆောင်ပေးရာရောက်စေပါတယ်။ ဒါကြောင့် မိဘများအနေဖြင့် ကလေးများနှင့် ကောင်းမွန်တဲ့အပြန်အ လှန်ဆက်ဆံရေးကို ထူထောင်ကြပါ။

၁၀။ နောက်ဆုံးခေတ်မီစိတ်ပညာနဲ့ နူရိုသိပ္ပံမှာလေ့လာတွေ့ရှိချက်များကိုသုံးပြီး ဖြတ်လမ်းနည်းတစ်ချို့ကို သုံးပါ။

ဖြတ်လမ်းနည်းကိုသုံးပါဆိုတာကတော့ စိတ်ပညာရပ်နှင့်နူရိုသိပ္ပံမှသုတေသနလေ့လာတွေ့ရှိချက်များကို သုံးပြီး အမြန်ဆုံးကောင်းအောင်လေ့ကျင့်ပျိုးထောင်ပေးပါလို့ အကြံပြုတင်ပြနေခြင်းဖြစ်ပါ တယ်။ ဖြစ်လာတဲ့ အဆင်မပြေမှုချက်ခြင်းရပ်သွားအောင် ရိုက်နှက်လိုက်ပါ၊ အော်ထည့်လိုက်ပါ လို့ပြောနေခြင်းမဟုတ်ပါ။

ကလေးများကို လေ့ကျင့် ပျိုးထောင်ပေးတဲ့အပိုင်းမှာ စိတ်ပညာရပ်နယ်ပယ်မှာ သူတေသနအများဆုံးပြု လုပ်တဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်။ အစဉ်အလာအရသုံးနေတဲ့ကလေးများလေ့ကျင့် ပျိုးထောင်ပေးတဲ့နည်း လမ်းတွေ၊ အလေ့အကျင့်တွေ၊ အစဉ်အလာတွေကိုသိပ္ပွံနည်းကျကျ သုတေသနပြုလုပ်ခဲ့ပါတယ်။ အခြေ အနေ မှန်တွေကိုသိအောင် ပြုလုပ်ခဲ့ပါတယ်။ မသင့်တဲ့နည်းလမ်း တွေကိုအကျိုးအကြောင်းပြပြီးဆက်လက် မကျင့် သုံးသင့်ကြောင်းထောက်ပြခဲ့ပါတယ်။

ဒီနေရာမှာ ကလေးတွေကို လေ့ကျင့်ပျိုးထောင်ပေးတဲ့အခါ သိပ္ပံလေ့လာချက်များဖြင့် ကောင်းစွာထောက်ခံ တင်ပြထားတဲ့အချက်အလက်များကို The Science of Parenting စာအုပ်မှာ အလေးအနက်ဖော်ပြထား ပါတယ်။ အဲဒီစာအုပ်မှာ သိပ္ပံဆိုင်ရာလေ့လာတွေ့ရှိချက်များကိုအခြေခံရေးထားတဲ့စာအုပ်ဖြစ်ပါတယ်။

သိပ္ပံလေ့လာတွေ့ရှိချက်များကိုအခြေခံပြီးရေးတဲ့စာအုပ်ဆိုပေမဲ့ လူအမျိုးမျိုူးအတွက် သင့်တော်နေတဲ့အကျီၤ လို့ယူဆလို့တော့မရပါဘူး။ ကလေးတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက်မတူကွဲပြား ခြားနားကြပါတယ်။ အကောင်းဆုံးလေ့ကျင့် ပျိုးထောင်မှုပေးတဲ့စနစ်ကိုကျင့်သုံးနေတဲ့အချိန်မှာပင် လက်တွေ့အားဖြင့် ထိ ရောက်စွာသုံးနိုင်တဲ့အလေ့အကျင့်အမျိုးမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် သင့် ကလေးရဲ့ စိတ်နေစိတ်ထားအခြေ အနေပေါ်မူတည်ပြီး လေ့ကျင့် ပျိုးထောင်ပေးတဲ့နည်းလမ်းတွေကိုရွေးချယ်ကျင့်သုံးရန် လိုအပ်ပါတယ်။
ဥပမာ မသင့်တဲ့အပြုအမူကို ပြုလုပ်တဲ့အတွက် ကလေးကို ရိုက်နှက်အပြစ်ပေးတဲ့နည်းလမ်းအစား လမ်းကြောင်းပြောင်းပေးလိုက်ခြင်း၊အကျိုူးအကြောင်းဖြင့် ရှင်းလင်းနားလည်စေခြင်း၊ အခွင့် အလမ်းတွေကို မရစေခြင်း ကလေးကိုတစ်ယောက်တည်းထားလျက် မိမိလုပ်ရပ်ကိုပြန်လည်စဉ်းစားစေတဲ့နည်း စတာမျိုး တွေကို ပြုလုပ်နိုင်ပါတယ်။ကလေးကိုအပြစ်ပေးတဲ့နည်းလမ်းမဟုတ်တဲ့ အခြားအပြုသဘောဆောင်တဲ့ချဉ်း ကပ်နည်းတွေမှ သင့် ကလေးလေးနှင့် အကောင်းဆုံးကိုက်ညီတဲ့နည်းလမ်းကိုရွေးရန် လိုအပ်ပါတယ်။

တကယ်လို့သင့်အနေဖြင့်အစဉ်အလာအရသုံးခဲ့တဲ့ရိုက်နှက်ဆုံးမတဲ့နည်းကို ရွေးချယ်သုံးမယ်ဆိုရင်တော့ အရင် ကလည်းရရှိခဲ့တဲ့ မသင့်တဲ့အကျိုးရလဒ်များသာရလာမှာဖြစ်ပါတယ်။

Diathesis- Stress Model အရ စိတ်ပိုင်းဆိုင်ရာကစဉ့်ကလျားဖြစ်တာကိုခံစားဘူးတဲ့လူတွေဟာ စိတ်ဖိစီးမှု ကြုံလာတဲ့အခါ အလားတူခံစားမှုများကို ပိုခံစားလာရစေပါတယ်။ ဒါကြောင့် ထိခိုက်ခံစားရမှု ဆိုတာ ဗီဇသဘောအရဖြစ်စေသလို ပတ်ဝန်းကျင်အခြေအနေအရလည်းဖြစ်စေနိုင်ပါတယ်။

တကယ်လို့ ကလေးအနေဖြင့် အဲဒီလို စိတ်ထိခိုက်ခံစားရတာမျိုးမရှိဘူးဆိုရင် မိဘက သူတို့အပေါ် ဘယ်လိုပင်ကြမ်းတမ်းစွာဆက်ဆံပါစေ အစပိုင်းမှာကလေးကကြံံ့ခိုင်မှုရှိနေနိုင်ပါတယ်။ ဒါပေမဲ့ကြမ်းတမ်းစွာ ဆက်ဆံခံရမှုများလာတဲ့အခါ ကလေးအနေဖြင့် ကြံ့ခိုင်နိုင်မှုမရှိတော့ပါ။

ဒါကြောင့် မိဘများကကလေးတွေကို လေ့ကျင့် ပေးတဲ့ပုံစံကိုပေါ့ပေါ့မယူဆသင့်ပါ။ သိပ္ပံလေ့လာတွေ့ရှိ ချက်များကထောက်ပြနေတဲ့ အပြုသဘောဆောင်တဲ့လေ့ကျင့် ပျိုးထောင်နည်းတွေရှိနေ ပါလျက် ဘာကြောင့် အပျက်သဘောဆောင်တဲ့အစဉ်အလာ ကျင့်သုံးခဲ့တဲ့နည်းလမ်းတွေကိုရွေးချယ်သုံးနေဖို့ လိုအပ်ပါသလဲ။ ပိုကောင်းတဲ့နည်းလမ်းတွေကိုရွေးချယ်သုံးကြပါ။ ပိုကောင်းတဲ့ ကလေးလေ့ကျင့် ပျိုးထောင်တဲ့နည်းလမ်း တွေကိုရွေးချယ်အသုံးပြုခြင်းဖြင့် ရေရှည်တွင် ကောင်းတဲ့အကျိုးများကိုခံစားလာရမှာဖြစ်ပါတယ်။

ကလေးများလေ့ကျင့်ပျိုးထောင်ပေးခြင်းနဲ့ပတ်သက်တဲ့နောက်ဆုံးစိတ်ကူးအတွေးများ

ကလေးများကိုလေ့ကျင့်ပျိုးထောင်ပေးရတဲ့လုပ်ငန်းဟာခက်ခဲတဲ့လုပ်ငန်းဖြစ်သလို အားရကျေနပ်စရာ ကောင်း တဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။ဒါပေမဲ့ကောင်းတဲ့ရလဒ်က ပင်ပန်းစွာအားထုတ်ပြီး နောက်ပိုင်းရောက် မှရလာတာဖြစ်ပါတယ်။ အခုအပြုသဘောဆောင်တဲ့နည်းလမ်းတွေကိုရွေးချယ်သုံးမယ်ဆိုရင် နောင်မှာ ကောင်းတဲ့အသီးအပွင့်တွေကို ခံစားရမှာ ဖြစ်တဲ့အတွက် နောက်တ ရစရာမရှိပါဘူး။ ဒါကြောင့်နောက်မှ နောင်တရနေတာမျိုမဖြစ်ရေအောင်အပြုသဘောဆောင်တဲ့နည်းကိုကျင့်သုံးကြပါလို့အလေးအနက်တိုက်တွန်းလိုပါတယ်။

မိတ်ဆွေများမိဘကောင်းများပြုကျင့်တဲ့အလေ့အကျင့်များကိုသုံးပြီးသားသမီးများကိုလေ့ကျင့်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...