ဒီနေ့
“မျက်လုံးငယ်လေးတွေနဲ့ ကြည့်နေတာ သင်တို့ကိုပါ။ “ဆိုတာကို Food for
Thought 850 အဖြစ်မျှဝေလိုက်ပါတယ်။ လူတိုင်းမိမိတို့သားသမီးများကို
အမှန်တကယ်ချစ်တယ်ဆိုရင် နေထိုင်ပြော ဆိုမှုတွေမှာ စံနမူနာပြဖြစ်ဖို့
လိုအပ်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
မျက်လုံးငယ်လေးတွေနဲ့ ကြည့်နေတာ သင်တို့ကိုပါ။
• မျက်လုံးငယ်လေးတွေနဲ့ ကြည့်နေတာ သင်တို့ကိုပါ။
• နေ့နေ့ညည အချိန်တိုင်းမှာ စောင့်လို့ကြည့်နေတာ။
• နားထောင်နေတဲ့နားလေးတွေဟာ သင်ပြောတဲ့စကားတိုင်းကိုသာ
• လေ့လာမှတ်သားနာယူနေကြတာ။
• သင်လုပ်တဲ့လုပ်ငန်းတိုင်းကိုသာအတု့ယူရင်း လိုက်လုပ်တာ
• အတုယူတတ်တဲ့ လက်ကလေးတွေပါ။
• ကလေးငယ်လေးက စိတ်ကူးစဉ်းစားနေတာ
• သူကြီးလာတဲ့အခါ သင်လို ဖြစ်အောင်ပါ။
• သင်က ကလေးငယ်လေးအတွက် အာကျစရာ။
• အသိဉာဏ်အရှိဆုံးထဲမှာ သင်ကဉာဏ်အကြီးဆုံးပါ။
• ကလေးလေးရဲ့စိတ်ထဲမှာအဲဒီလို စွဲမှတ်ထားတာ။
• သူ့စိတ်ထဲမှာ သံသယဆိုတာလုံးဝမရှိပါ။
• သူကသင့်အပေါ်ယုံကြည်မှုဟာနှစ်နှစ်ကာကာရှိလိုက်တာ။
• သင်ပြောတာလုပ်တာမှန်သမျှသူက လက်ခံတာ။
• သူကြီးလာတဲ့အခါ သင်ပြောသလို လုပ်သလို လိုက်လုပ်ဆောင်မှာ။
• မျက်လုံးလေးတွေပြူးနေအောင်ဖွင့်ထားတဲ့ကလေးဟာ၊
• သင်ပြောတာလုပ်တာအားလုံးမှန်တယ်လိုထင်နေတာ။
• သူ့မျက်လုံးတွေကအစဉ်သာဖွင့်လို့ထားတာ။
• သူကသင့်ကိုနေ့နေ့ညည စောင့်ကြည့်နေတတ်တာ။
• သင်ကသူ့အတွက်စံနမူပြနေတာ။
• နေ့စဉ်နဲ့အမျှ သင်လုပ်သမျှဟာ သူ့အတွက်စံနမူနာတွေပါ။
• သူကြီးလာတဲ့အခါသင်လိုဖြစ်အောင်သာ။ (Source Unknown)
မိတ်ဆွေများ သားသမီးများအတွက်စံနမူနာကောင်းများပြသနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 3, 2025
မျက်လုံးငယ်လေးတွေနဲ့ ကြည့်နေတာ သင်တို့ကိုပါ။ Food for Thought 850 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment