ဒီနေ့”
မွန်တက်ဆော်ရီရဲ့ ကလေးများဖွံ့ဖြိုးတိုးတက်ရေး
အတွက်အကောင်းဆုံးလက်ခံသင်ယူနိုင်တဲ့ အချိန်အပိုင်းအခြားများအကြောင်းကို
Food for Thought 858 (အပိုင်း (၁) နှင့် အပိုင်း (၂) ဆိုပြီးခွဲလျက်
မျှဝေလိုက်ပါတယ်။ ဒီအပိုင်းမှာဒုတိယအပိုင်းဖြစ်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
အစီအစဥ်ကျနအောင်ထားတတ်မှုကိုအကောင်းဆုံးသင်ယူနိုင်တဲ့အချိန်အပိုင်းအခြား
အစီအစဥ်ကျနအောင်ထားတတ်မှုကိုအကောင်းဆုံးလက်ခံသင်ယူနိုင်တဲ့အသက်အရွယ်အပိုင်းအခြားမှာ
မွေးစမှ (၅)နှစ်ကာလအတွင်းမှာဖြစ်ပါတယ်။ အဲဒီကာလအတွင်းအသက်
(၂)နှစ်ပတ်ဝန်းကျင်အရွယ်က အလွန်အရေးပါ ပါတယ်။
အခုလိုအစီအစဥ်တကျထားတတ်မှုကို
လေ့ကျင့်ပေးရေးကလည်းအရေးကြီးပါတယ်။ နောက်ပိုင်းကလေးအနေ ဖြင့်
တစ်နေ့တာလုပ်စရာများကိုသူ့အစီအစဥ်တကျလုပ်နိုင်အောင်အထောက်အကူဖြစ်စေပါတယ်။
ပုံမှန်အစီ အစဥ် တကျလုပ်ဆောင်တဲ့အခါ ကလေးမှာ စိတ်ဖိစီးမှု၊
စိတ်ပူပင်သောကရောက်မှုများနှင့် ဒေါသထွက်ပြီးဝုန်းဒိုင်းကြဲ တဲ့
အဖြစ်မျိုးတွေမဖြစ်အောင်များစွာအထောက်အကူဖြစ်စေပါတယ်။ ဘာပြီးရင်ဘာလာမယ်ဆို
တာ ကိုကလေးက သိလာတဲ့အတွက် ဖြစ်ပါတယ်။
ကလေးဘဝမှာအစီအစဥ်ကျနမှုရှိလာအောင်မိဘအုပ်ထိန်းသူများကလုပ်ဆောင်ကူညီပေးနိုင်တာတွေများစွာရှိပါတယ်။
အောက်ပါတို့ကိုဆောင်ရွက်ပေးနိုင်ပါတယ်။
•
ပုံမှန်နေ့စဥ်လုပ်ငန်းများနှင့်ပုံမှန်အိပ်ချိန်ကို လျာထားသတ်မှတ်ပေးပါ။
ရင်ခွင်ပိုက်အရွယ်ကလေးငယ် တွေကတော့ တစ်နေ့တာ (၂၄)နာရီအတွင်း
မကြာခဏအိပ်တတ်ကြပါတယ်။ အဲဒီလိုအိပ်တဲ့အတွက်
ကလေးအတွက်အိပ်ချိန်ကိုလျာထားသတ်မှတ်မရဘူးလို့မယူဆသင့်ပါ။
• နို့သောက်တာလျော့လာတာနဲ့အမျှ အခြားအစားအစာတွေစားသောက်တဲ့အချိန်လည်းသတ်မှတ်ပေးပါ။
•
ကလေးအတွက်စီစဥ်ပေးထားတဲ့ကစားစရာတွေကို
ကစားပြီးပြန်သိမ်းနိုင်တဲ့နေရာရှိအောင်စီစဥ်ပေးပါ။ ကစားပြီးတဲ့အခါ
ကစားစရာတွေကိုကောက်သိမ်းတဲ့အလေ့အကျင့်ကိုစည်းကမ်းတစ်ခုအဖြစ်သတ်မှတ် ပေးပါ။
•
တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်းအလေ့အကျင့်ပြုလုပ်ပေးပါ။
ဆန်းသစ်တဲ့စိတ်ကူးဖြင့်ပျော်စရာဖြစ် အောင်ဖန်တီးပေးပါ။
ပျော်စရာဖြစ်အောင်ဖန်တီးနိုင်တဲ့နမူနာတစ်ချို့ကို အောက်ဘက်မှာဖော်ပြထား
ပါတယ်။
o သွားတိုက်တဲ့အခါ အချိန် ကိုက်သတ်မှတ်ထားတဲ့သီချင်းလေးဆိုပေးပြီးသွားတိုက်ခိုင်းခြင်း၊
o ရေချိုးတဲ့အခါ ရေချိုးရင်းကစားနိုင်တဲ့ကစားစရာအရုပ်လေးဖန်တီးပေးထားခြင်း၊
o အပေါ့အပါးသွားတဲ့အိမ်သာခွက်ပေါ်ထိုင်လိုက်တဲ့အခါ သီချင်းသံလေးထွက်လာစေခြင်း၊
• ကလေးမှာ သူတို့အိပ်ရန်နေရန်၊ သီးသန့်နေရာရှိအောင်စီစဥ်ပေးပါ။
• ကလေးတွေသူတို့အိပ်ယာကိုပြန်သိမ်းတတ်အောင်သင်ပေးပါ။
နေ့စဥ်လုပ်ဆောင်စရာလုပ်ငန်းများရှိသလို
သီတင်းပတ်တိုင်း လုပ်စရာများလည်းသတ်မှတ်ပေးပါ။ နေ့စဥ်လုပ် ငန်းများနှင့်
အပတ်စဥ်လုပ်စရာလုပ်ငန်းများသတ်မှတ်ရာတွင် ကလေးကိုကူညီပေးပါ။
အပတ်စဥ်လုပ်ငန်းများ ချမှတ်ရာတွင်အောက်ပါလုပ်ငန်းမျိုးများပါဝင်နိုင်ပါတယ်။
• တစ်ချို့နေ့များမှာအပြင်ထွက်စျေးဝယ်ခြင်း၊
• အားတဲ့ရက်များတွင်အပြင်ထွက်ကစားတဲ့ရက်သတ်မှတ်ပေးခြင်း၊
• မိဘများထံသွားတွေ့တဲ့နေ့ရက်၊ အပြင်ထွက်လည်ပတ်တဲ့နေ့ရက်စတာမျိုးတွေပါအောင် သတ်မှတ် ပေးပါ။
ထိုကဲ့သို့နေ့စဥ်နှင့်အပတ်စဥ်လုပ်ရန်
လုပ်ငန်းများကိုရှေ့နောက်ညီစွာသတ်မှတ်ပေးရင်ကလေးတို့ဟာ သူတို့ကြီး လာ
တဲ့အခါ အလုပ်တွေကို
စနစ်တကျအစီအစဥ်ကျစွာလုပ်ဆောင်နိုင်သူများဖြစ်လာမှာဖြစ်ပါတယ်။
ပစ္စည်းငယ်ငယ်လေးများကိုစိတ်ဝင်စားမှု
အသက်
(၁)နှစ်မှ (၃)နှစ်အကြားတွင်
ကလေးငယ်များဟာပစ္စည်းသေးသေးလေးတွေကိုအလွန်စိတ်ဝင်စား ကြပါတယ်။ ပစ္စည်း
ငယ်လေးတွေကိုအထူးစိတ်ဝင်စားတဲ့အချိန်ကာလဖြစ်တဲ့အတွက် ပစ္စည်းလေးတွေ
ကိုကောက်ပြီးပါးစပ်ထဲထည့် လိုက်တာမျိုး၊ နှာခေါင်းပေါက်ထဲထည့်
လိုက်တာမျိုးစတဲ့ဘေးအန္တရာယ် မျိုး မဖြစ်အောင်မိဘအုပ်ထိမ်းသူကအထူးသတိရှိရန်
လိုအပ်ပါတယ်။
ကလေးတွေစိတ်ဝင်စားတဲ့ပစ္စည်းသေးသေးလေးတွေကိအသင့်ဝယ်နိုင်ပါတယ်။
အဲဒီကစားစရာပစ္စည်းလေးတွေ ကို ကလေးတို့အနေဖြင့် စူးစမ်းလေ့လာနိုင်ကြပါတယ်။
ပစ္စည်းသေးသေးလေးတွေကို ဘယ်လေိုခေါ်ကြောင်းစာ ရေးပြီးကတ်ပြားမှာကပ်ထားလျက်
ကတ်ပြားကိုပလပ်စတစ်လောင်းထားပေးသင့်ပါတယ်။ ပြီးတော့အဲဒီပစ္စည်း
တွေကိုပင်အစီအစဥ်တကျဖြစ်အောင်စီစဥ်တဲ့လုပ်ငန်းမှာပုံများလည်သုံးနိုင်ပါတယ်။
ဥပမာ ကတ်ပြားမှာပါတာနဲ့ ပစ္စည်းစစ်ကို ယှဥ်တွဲပေးရန်
ကလေးကိုပြောနိုင်ပါတယ်။
ပစ္စည်းငယ်လေးတွေကိုစိတ်ဝင်စားတဲ့အသက်အပိုင်းအခြားမှာ
ကလေးတွေတွေ့လာတဲ့ပစ္စည်းငယ်လေးများ၊ ဥပမာ ကျေက်ခဲလေးများ၊
ပုရွက်ဆိတ်ကလေးများစတာတွေကို ကြည့်ရှုလေ့လာစူးစမ်းပါစေ။ ပြီးတော့ ပစ္စည်း
ငယ်လေးများကိုပေးပြီးစူးစမ်းလေ့လာပါစေ။ လေ့လာတွေ့တာကိုမေးကြည့်ပါ။
ပစ္စည်းငယ်လေးများကို ကိုင် တွယ်
စူးစမ်းလေ့လာနိုင်တဲ့နေရာတစ်ခုကိုလည်းစီးစဥ်ထားပေးပါ။
ဒီအသက်အရွယ်မှာကလေးကကစားတဲ့ပစ္စည်းလေးတွေရဲ့အရွယ်ကိုခန့်မှန်းပါလိမ့်မယ်။
ဒီထက် ပိုကောင်းတဲ့ စိတ်ကူးမှာ သစ်ပင်ငယ်လေးတွေဝယ်ပေးပြီး သစ်ပင်လေးကို
ရေလောင်းခြင်းနှင့်အပင်လေးကြီးထွားလာတာကို စောင့်
ကြည့်လေ့လာတာမျိုးပြုလုပ်ပေးနိုင်ပါတယ်။
ပုံရိပ်များကိုပေါင်းစပ်ဆက်စပ်ကြည့်ခြင်း
မြင်ရတဲ့ပုံရိပ်များမှာရတဲ့သတင်းအချက်အလက်များကိုပေါင်းစပ်ကြည့်တတ်အောင်ကလေးကို ဘယ်လို လေ့ကျင့်ပေးမလဲ။
ပုံရိပ်များကိုပေါင်းစပ်မြင်သိနားလည်နိုင်မှု
သို့မဟုတ်ပုံရိပ်များမှပေးတဲ့သတင်းအချက်အလက်များကိုနားလည်
နိုင်မှုကိုအကောင်းဆုံးလုပ်ဆောင်နိုင်တဲ့အသက်အရွယ်အပိုင်းအခြားမှာ မွေးစမှ
အသက် (၆)နှစ်အတွင်းဖြစ်ပါ တယ်။ အသက် (၆)နှစ်လွန်လာတဲ့အခါ
အဲဒီလိုပုံရိပ်တွေကိုပေါင်းစပ်နားလည်မှုမှာ တဖြည်းဖြည့်းမှေးမှိန် လာပါ
တယ်။
ပုံရိပ်ဆိုတာ
စာအုပ်များမှာတွေ့ရတဲ့ဓာတ်ပုံကိုသာပြောနေခြင်းမဟုတ်ပါ။
ဦးနှောက်တွင်းရှိအမြင်ကို လိုအပ်သလို
ပေါင်းစပ်လုပ်ကိုင်တဲ့အချက်အချာနေရာမှာမြင်ရတဲ့အရာများအားလုံးကိုရည်ညွှန်းခြင်းဖြစ်ပါတယ်။
အဲဒီလို ထင် လာတဲ့ပုံရိပ်တွေကိုနားလည်မှုမှာအရေးကြီးပါတယ်။ အဲဒီလို
လုပ်ဆောင်နိုင်တဲ့အခါ ကလေးအနေဖြင့် သူ့ပတ် ဝန်း ကျင်မှာ
ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို နားလည်လာစေပါတယ်။
ပုံရိပ်တွေကိုအကောင်းဆုံးနားလည်တဲ့အသက်အပိုင်းအခြားကအရေးကြီးပါတယ်။
ဘာကြောင့် လဲဆိုတော့ အဲဒီလိုပုံရိပ်တွေကိုပေါင်းစပ်နားလည်မှုက
အောက်ပါစွမ်းဆောင်နိုင်မှုများကိုဖြစ်စေပါတယ်။
• သူတို့မြင်နေတာတွေမှ သတင်းအချက်အလက်များစုဆောင်းနိုင်စေပါတယ်။
• ပတ်ဝန်းကျင်မှာဖြစ်နေတဲ့အခြေအနေကို မှန်ကန်စွာအကဲဖြတ်နိုင်စေပါတယ်။
• ကြုံလာတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းတိုးတက်လာစေပါတယ်။
• ကျိုးကြောင်းဆက်စပ်စဥ်းစားလာနိုင်ခြင်းစတဲ့ အခြား တိုးတက်လာစေတာတွေလည်းများစွာရှိ လာပါတယ်။
ပုံရိပ်များကိုပေါင်းစပ်နားလည်မှုတိုးတက်အောင်မိဘတွေဘာလုပ်ဆောင်ပေးနိုင်သလဲ။
ဒါကြောင့်မိဘများအနေဖြင့်
အဲဒီအသက်အရွယ်အပိုင်းအခြားမှာ
ပုံရိပ်တွေကိုပေါင်းစပ်မြင်သိနားလည်နိုင်စွမ်း
ကောင်းလာအောင်အောက်ပါတို့ပြုလုပ်ပေးနိုင်ပါတယ်။
•
မိဘများအနေဖြင့်မိမိမြင်နေတာကို စကားဖြင့် ပြောပြခြင်း၊ နှင့်
ဘာတွေဖြစ်နေကြောင်း ရှင်းပြခြင်း၊ ဥပမာ
ကြောင်ကလေးကရေသောက်နေတာကိုမြင်တယ်ဆိုပါစို့။ ကြည့်စမ်းကြောင်းကလေးရေဆာလို့
သူ့ခွက်ထဲကရေတွေကိုသောက်နေတယ်။ ဧိုမှာကြည့်လိုက်စမ်း၊ လေတွေတိုက်နေလို့
သစ်ပင်ကအကိုင်း အခက်အရွက်တွေလှုပ်ရမ်းနေတယ် စသဖြင့်
မြင်တာကိုအကျိုးအကြေင်းဆက်စပ်ပြောပေးနိုင်ပါတယ်။
•
လူစိမ်းများအပေါ်ကြင်နာစွာဆက်ဆံရန် ကလေးတွေကိုသင်ပေးပါ။ ပြီးတော့
လူစိမ်းတွေနဲ့ပတ်သက် လာရင်ထားသင့်တဲ့ဘောင်ကန့်သတ်ချက်ကိုလည်းသင်ပေးပါ။
o ဥပမာ လူစိမ်းတွေထံမှ ချိုချဥ်ကိုမယူရဘူး။
o မေမေဖေဖေကလူစိမ်းကိုလက်ဆွဲနှုတ်ဆက်တဲ့အခါဆိုရင် ကလေးအနေနဲ့လည်း လူစိမ်းကို လက်ဆွဲနှုတ်ဆက်ပါ။
o လူအများစုဝေးနေတဲ့နေရာမှာဆိုရင် ကလေးကမေမေဖေဖေတို့နောက်ဘက်နားမှာကပ်နေပါ။
• ကလေးတွေကိုပုံပြစာအုပ်ဖတ်ပြပြီးစာအုပ်မှာပါတဲ့ပုံရိပ်များကိုပြပါ။ ပုံတွေမှာ ဘာတွေဖြစ်ပျက်နေ ကြောင်းကလေးနားလည်အောင်ရှင်းပြပါ။
•
ဖြစ်နေတဲ့ပြဿနာနှင့်ဖြေရှင်းနည်းကို ထောက်ပြပါ။ ဥပမာ ဝမ်းနည်းပါတယ်။
အိုးမေမေရေတွေကြမ်း ပြင်ပေါ်ထွေးချမိသွားတယ်လို့ပြောရင်း
ပေနေတဲ့ကြမ်းပြင်ကိုသန့်ရှင်းရေးမေမေပြန်လုပ်မယ် လို့ပြော ရင်း
ကြမ်းပြင်ပေါ်မှရေတွေကိုသန့်ရှင်းအောင်ပြုလုပ်ပါ။
အထက်ပါကဲ့သို့လုပ်ဆောင်တဲ့ဖြစ်စဥ်မှာ
အလိုအလျောက်ဖြစ်နေသလိုဖြစ်ပါတယ်။ ဒါကြောင့် မြင်ကြားနေရတဲ့ ကလေးအနေဖြင့်
မြင်ကြားနေရတဲ့မြင်ကွင်းအပေါ် ဘယ်လိုတုံ့ပြန်လုပ်ဆောင်ရကြောင်းသိနားလည်လာစေ
ပါ တယ်။ နောက်တစ်ကြိမ်ကလေးအနေဖြင့်မတော်တဆ ရေတွေသူကြောင့်
ဖိတ်ကျလို့ကြမ်းပြင်မှာပေကြံကုန်ပါ က မိခင်လုပ်သလို
ကြမ်းပြင်မှာပေနေတဲ့ရေတွေကို သူကိုယ်တိုင်ပြောင်စင်အောင်သုတ်ပါလိမ့်မယ်။
ဘာကြောင့် လဲဆိုတော့ မိဘလုပ်တာကိုမြင်တွေ့ထားတဲ့အတွက်ဖြစ်ပါတယ်။
ရည်မွန်ယဥ်ကျေးသိမ်မွေမှုကိုနားလည်သင်ယူနိုင်မှု- (၂) နှစ်မှ (၅)နှစ်
ရည်မွန်ယဥ်ကျေးသိမ်မွေမှုကိုနားလည်သင်ယူနိုင်မှုကိုအကောင်းဆုံးလုပ်ဆောင်နိုင်တဲ့အသက်အရွယ်အပိုင်းအခြားမှာ
(၂) နှစ်မှ (၅)နှစ် အတွင်းဖြစ်ပါတယ်။
အသက်
(၂)နှစ်မှ (၅)နှစ်အကြားအသက်အရွယ်အပိုင်းအခြားမှာ
အမူအရာအပြောအဆိုယဥ်ကျေးသိမ်မွေ့အောင် လေ့ကျင့်ရာမှာ
အကောင်းဆုံးလက်ခံနိုင်တဲ့အသက်အရွယ်အပိုင်းအခြားဖြစ်ပါတယ်။ လူများနှင့်
ထိတွေဆက် သွယ်ပြောဆိုရာမှာ
ယဥ်ကျေးသိမ်မွေ့မှုမှာစိတ်အတွင်းမှဖြစ်လာတဲ့စည်းကမ်းလိုက်နာမှုဖြစ်ပြီး
လူသားတစ် ယောက် အနေဖြင့် ကောင်းတဲ့လူသားတန်ဖိုးကို
ပြသရာရောက်စေတဲ့လှပပျော်ရွှင်စရာကြည်နူးစရာ ဖြစ်ပါတယ် လို့ မွန်တက်ဆော်ရီက
သဘောထားမှတ်ချက်ပေးပါတယ်။ ယဥ်ကျေးသိမ့်မွေ့တဲ့အမူအရာကို ပြသခြင်းဆိုတာ
လူတွေအတွက်မရှိမဖြစ်အရေးကြီးတဲ့လူမှုဆက်ဆံရေးအရည်အသွေးဖြစ်ပါတယ်။
အဲဒီအရည်အသွေးတွေကိုကလေးတွေကမိဘတွေထံမှသင်ယူကြပါတယ်။ အဲဒီကောင်းတဲ့အမူအကျင့်တွေကို ကလေးတွေဟာသူတို့ဘဝတလျောက် ကျင့်သုံးကြပါလိမ့်မယ်။
ကောင်းတဲ့လူမှုဆက်ဆံရေးအမူအကျင့်တွေဖြစ်လာအောင်မိဘများအနေဖြင့် ဘာတွေလုပ်ပေးနိုင်ပါသလဲ။
•
ကလေးကတစ်ခုခုလိုချင်လို့တောင်းတဲ့အခါ “ဘယ်လိုပြောလိုက်တယ်။
ကျေးဇူးပြုလို့ဆိုတာ ထည့် ပြောနိုင်ပါသလား” လို့မေးပြီး “ကျေးဇူးပြုလို့
“ဆိုတာပါအောင် ပြန်ပြောခိုင်းပါ။
• တစ်ခုခုလက်ခံရတဲ့အခါ ကျေးဇူးတင်ကြောင်း ပြောရန် တိုက်တွန်းအားပေးပါ။ ပြီးတော့ ဘယ်လို ပြောလိုက်တယ်ဆိုတာပြန်ပြောခိုင်းပါ။
• အခြားလူတွေအပေါ်ကြင်ကြင်နာနာ ပြောဆိုဆက်ဆံရန်တိုက်တွန်းအားပေးပါ။
• ညီအစ်ကိုမောင်နှမများ၊ သူငယ်ချင်းများနှင့်ကစားစရာများကို မျှဝေကစားရန် တိုက်တွန်းအားပေးပါ။
• ကလေးကတစ်ခုခုကိုလိုချင်တဲ့အခါယဥ်ကျေးစွာမတောင်းဘဲ အတင်းယူ
တာမျိုးရှိရင်
ကလေးကိုအပြစ် တင်တာမျိုမလုပ်ဘဲ ဘယ်လို ပြောပြီး
တောင်းခံရကြောင်းနမူနာပြောပြပါ။ ဥပမာ ကလေးက ကစားစ
ရာကိုသူ့ကိုအခုချက်ခြင်းပေးပါလို့ ပြောတယ်ဆိုပါစို့။ မိဘကကလေးကို
“ဘာပြောလိုက်တာလဲ။ ကျေး ဇူးပြုပြီးဆိုတာပါအောင် ပြောပါ”လို့
ထပ်ပြောခိုင်းပါ။
အဲဒီလိုလူမှုဆက်ဆံရေးမှာယဥ်ကျေးသိမ်မွေ့စွာပြောဆိုတာကိုအကောင်းဆုံးလက်ခံသင်ယူနိုင်တဲ့အသက်အပိုင်းအခြားမှာ
မိဘကနမူနာကောင်းပြပြီးလေ့ကျင့်ပေးခြင်းမှာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ဘာကြောင့်လဲဆို တော့ ကလေးတွေဆိုတာ သူတို့မိဘတွေနှင့်
သူတို့နှင်နီးစပ်သူများပြောဆိုတာကိုနမူနာယူတတ်တဲ့အတွက် ဖြစ်ပါ တယ်။
တေးဂီတကိုအကောင်းဆုံးလက်ခံသင်ယူနိုင်တဲ့အသက်အရွယ်အပိုင်းအခြား
တေးဂီတဆိုတာအံ့သြစရာကောင်းတဲ့နယ်ပယ်တစ်ခုဖြစ်တဲ့အတွက်
လူတိုင်းထိတွေ့သင့်ပါတယ်။ ကလေးတွေ လည်း ထိတွေသင့်ပါတယ်။
တေးဂီတကကလေးတွေသူတို့ပြောချင်တာကို ပြောပြနိုင်စေရန်အထောက်အကူ ပြု ပါတယ်။
အခြားနည်းလမ်းဖြင့် ထုတ်မပြောနိုင်တာကိုတေးဂီတဖြင့်
ထုတ်ပြောပြနိုင်စေပါတယ်။
တေးဂီတဖြင့် ထုတ်ပြောပြနိုင်စွမ်းရှိအောင်အကောင်းဆုံးလုပ်ပေးနိုင်တာတွေကတော့
• တေးသီချင်းဖွင့်ပေးပြီးနားထောင်ပါ။
• ကလေးတွေသီချင်းဆိုကစားနိုင်စေရန် ပျော်စရာကစားနည်းများကစားပေးပါ။
•
တေးဂီတတီးမှုတ်နိုင်ရန်တူရိယာအမျိုးမျိုးရှိအောင်စီစဥ်ပေးပါ။ ကလေး
နှစ်သက်သဘောကျတဲ့တူရိ ယာကို သုံးပြီးတီးမှုတ်ပါစေ။
ကလေးစိတ်ဝင်းစားတဲ့တေးဂီတသင်ခန်းစာကို ရှာပေးပါ။
• ကလေးတွေစုပေါင်းသီဆိုကခုန်တဲ့ပါတီပွဲကျင်းပပေးပါ။
အဲဒီလိုလေ့ကျင့်စမှာ
ပုံစံကျလုပ်ဆောင်စရာမလိုအပ်ပါ။ ကလေးအနေဖြင့် တေးဂီတသင်ယူရန် သီးချင်းတေး
သွားတွေသင်္ကတတွေပါတဲ့စာရွက်တွေကို ဖတ်စရာမလိုအပ်ပါဘူး။
လှုပ်ရှားမှုအမူအရာဖြင့်သာပါဝင်ပါစေ။
ကလေးများမှာစာရေးစာဖတ်ခြင်းဆိုင်ရာကျွမ်းကျင်မှုများတိုးတက်အောင်အကောင်းဆုံးလက်ခံနိုင်သောအ သက်အရွယ်အပိုင်းအခြားဖြစ်ပါတယ်။
စာရေးခြင်းအတွက်အကောင်းဆုံးအချိန်မှာ
စာဖတ်ခြင်းတတ်ပြီးနောက် နှစ်ဝက်အကြာမှာဖြစ်ပါတယ်။ သို့သော်လည်း
စာရေးခြင်းနှင့်စာဖတ်ခြင်းမှာအတူတူလေ့ကျင့်နိုင်တဲ့ကျွမ်းကျင်မှုများရှိပါတယ်။
အဲဒီကျွမ်း ကျင်မှုတွေတိုး
တက်အောင်လုပ်နိုင်တဲ့အောက်ပါနည်းလမ်းမျိုးစုံရှိပါတယ်။
• ကလေးနှင့်အတူတူစာအုပ်များဖတ်ခြင်း၊
• ကလေးများမှာစာဖတ်စာရေးတိုးတက်စေရန်ဦးတည်တဲ့ပညာပေးပြပွဲများသွားရောက်ကြည့်ခြင်း၊
• အက္ခရာများကို ထပ်ပြီးရေးစေခြင်း၊
• ပုံသန္ဍာန် များကိုထပ်ပြီးရေးစေခြင်း၊
မိဘကကလေးကိုပုံပြစာအုပ်ပေးပြီးပုံပြစာအုပ်ကိုဖတ်ပြရန်ကလေးအားဖတ်ခိုင်းနိုင်ပါတယ်။
အဲဒီလိုလေ့ကျင့် ပေးရင်ကလေးအနေဖြင့် စာအုပ်ဆိုတာ ဘာလုပ်ဖို့ဆိုတာကို
နားလည်လာစေပါတယ်။ အလားတူပင် စာရွက် များနှင့်
ရောင်စုံတောင့်များပေးထားခြင်းဖြင့်
စာရေးခြင်းအတွက်ကြိုတင်ပြင်ဆင်မှုများကိုပြုလုပ်နိုင်ပါတယ်။
အဲဒီလိုလေ့ကျင့်ပေးတာနဲ့အမျှ
ကလေးတွေဟာစာအုပ်ကိုဖတ်ချင်တဲ့စိတ်၊စာရွက်ပေါ်မှာ ရောင်စုံတောင့်ဖြင့်
ရေးချင်တဲ့စိတ်များပိုဖြစ်လာစေမှာဖြစ်ပါတယ်။အဲဒီလိုစိတ်ဖြစ်လာတာစာဖတ်ခြင်းနဲ့စာရေးခြင်းတို့အတွက်အရေးကြီးပါတယ်။
နောက်ပိုင်းတဖြည်းဖြည်းစာဖတ်ခြင်းနှင့် စာရေးခြင်းတို့ကို
သူတို့စိတ်လိုလက်ရ လုပ်ဆောင် လာကြမှာဖြစ်ပါတယ်။
ကလေးကိုသင်္ချာတတ်လာအောင်ဘယ်လိုလေ့ကျင့်ပေးမလဲ။
ကလေးတွေကိုသင်္ချာဆိုင်ရာကျွမ်းကျင်မှုများသင်ပေးရန်အကောင်းဆုံးအသက်အရွယ်အပိုင်းအခြားမှာ
(၄)နှစ်မှ (၆)နှစ်ဖြစ်ပါတယ်။ အဲဒီလိုသင်ပေးတဲ့အခါ
ဆန်းသစ်တဲ့စိတ်ကူးပျော်စရာနည်းလမ်းမျိုးစုံအောင်ရှိပါတယ်။ ပုံ
ရိပ်တွေကိုပေါင်းစပ်သိမြင်နားလည်တဲ့အသက်အရွယ်အပိုင်းအခြားကလည်း
လွန်မြောက်စဖြစ်တဲ့အတွက် သင်္ချာသင်ပေးရန်အကောင်းဆုံးအနေအထားဖြစ်ပါတယ်။
အမြင်အာရုံတွေပုံရိပ်တွေကိုအားပြုပြီးသင်္ချာသင်ပေး
ရန်အကောင်းဆုံအနေအထားဖြစ်ပါတယ်။
အောက်ပါနည်းလမ်းများကိုသုံးပြီသင်္ချာသင်ပေးနိုင်ပါတယ်။
• ကိုင်တွယ်နိုင်တဲ့ပစ္စည်းလေးများကိုသုံးပြီးရေတွက်တတ်အောင်သင်ပေးပါ။
• ငွေအကြွေစေ့များကို ကူပြီးရေတွက်ခိုင်းပါ။
• ငွေစက္ကူများကို ဝိုင်းကူရေတွက်ခိုင်းပါ။
• ဂျယ်လီစေ့များကို ဘူးထဲရေတွက်ထည့်ခိုင်းတဲ့ကစားနည်းကစားပေးပါ။
• အပေါင်းဇယားတစ်ခုကိုကလေးနှင့်အတူတူဖန်တီးပါ။
• ပေါင်းခြင်း၊ နှုတ်ခြင်း၊ မြှောက်ခြင်း၊ ခွဲခြင်း၊ စားခြင်းအခြေခံများကိုပစ္စည်းများသုံးပြီးသင်ပေးပါ။
သင်္ချာသင်ရန်အကောင်းဆုံးအသက်အရွယ်အပိုင်းအခြားမှာ
(၄)နှစ်မှ (၆)နှစ်ကြားကာလဖြစ်သော်လည်းအဲဒီ အသက်အပိုင်းအခြားမတိုင်မှီကပင်
ပေါင်းခြင်းသဘောကိုပစ္စည်းစစ်များသုံးပြီး စတင်သင်ပေးရင် နောက်ပိုင်း
သင်္ချာကိုသင်ယူရန် အဆင့်သင့်ပိုဖြစ်လာမှာဖြစ်ပါတယ်။
သင်ယူရန်အကောင်းဆုံးအသင့်ဖြစ်နေတဲ့အချိန်မှာ ကူညီရန် ဘာကြောင့် လိုအပ်ပါသလဲ။
သင်တို့ငယ်စဥ်ကကျောင်းမှာသင်ရတဲ့ဘာသာရပ်တွေထဲမှာသိပ္ပံ၊သမိုင်းဘာသာရပ်တွေက
စိတ်ဝင်စားစရာ မကောင်းတာကိုမှတ်မိပါသလား။ စိတ်မဝင်စားတဲ့အတွက်
အချက်အလက်များကိုမှတ်မိအောင်လုပ်ရတာ အ လွန်ခက်ခဲတာကို သတိရနေမှာပါ။
သို့မဟုတ် သင်ဟာသိပ္ပံနှင့်သမိုင်းမှာစိတ်ဝင်စားတဲ့အတွက်အမှတ်တွေ
အေးအဆင့်ရနေတာမျိုးလည်းဖြစ်နိုင် ပါတယ်။
အဲဒီအတိုင်းပင်ကလေးတွေသင်ယူလေ့လာတဲ့အခါမှာလည်း
စိတ်ဝင်စားတာကိုအကောင်းဆုံသင်ယူနိုင်ကြပါတယ်။
ဥပမာကလေးကအောက်ပါအကြောင်းအရာများကိုသင်ယူရန်စိတ်ပါဝင်စားနိုင်ပါတယ်။
• ဘာသာစကား၊
• သေးငယ်တဲ့ပစ္စည်းလေးများ၊
• သင်္ချာ၊
• အရေး၊
• အိမ်သာအသုံးပြုခြင်း၊
• အစားအစာအသစ်တစ်ခုကိုစမ်းသပ်စားကြည့်ခြင်း၊
ကလေးတွေက
စိတ်ဝင်စားတာကို သင်ယူလိုကြပါတယ်။ သူတို့စိတ်ဝင်စားတဲ့အခါ
အဒါကိုစိတ်ဝင်စားပါတယ်။ သင်ယူနိုင်အောင်ကူညီပေးပါ လို့ပြောတတ်ကြပါတယ်။
လက်ခံသင်ယူရန်အကောင်းဆုံးအသက်အရွယ်အပိုင်းအခြားလွန်သွားတဲ့အခါ
သင်ရတာ ပိုစိန်ခေါ်လာမှုရှိလာစေ
တတ်ပါတယ်။တိုးတက်မှုကလည်းနှေးကွေးလာစေတတ်ပါတယ်။ ဒါကြောင့်
ကလေးတွေမှာသက်ဆိုင်ရာကျွမ်း ကျင်မှုကို သင်ယူရန်
အကောင်းဆုံးအဆင်သင့်ဖြစ်နေတဲ့အချိန်မှာ အလေးပေးသင်ရန်အရေးကြီးလှပါတယ်။
ကလေးတစ်ယောက်ဟာ အကောင်းဆုံးသင်ယူနိုင်တဲ့အသက်အရွယ်အပိုင်းအခြားရောက်နေကြောင်း ဘယ်လို သိနိုင်ပါသလဲ။
အခြေအနေကိုသိအောင်မိဘအနေဖြင့်အရင်ဆုံးလုပ်ရမှာက
ကလေးကို အလေးထားအာရုံစိုက်ဖို့လိုပါတယ်။
ကလေးဟာတစ်ခုခုမှာစူးစမ်းသိလိုတဲ့အမူအရာတွေပြနေပါသလား။
အိမ်သာသုံးမှုမှာစိတ်ဝင်းစားမှု ပြနေပါသ လား။
အိမ်မှာရှိတဲ့ပန်းခြံလေးလုပ်တဲ့အခါ ကလေးက ကူရန် ပိုစိတ်ဝင်စားပါသလား။
အဲဒီလိုသတိထားစောင့်ကြည့်ပြီးကလေးအနေဖြင့်အကောင်းဆုံးလက်ခံသင်ယူနိုင်တဲ့အချိန်
စတင်ဝင်ရောက်တဲ့ အခါ ကလေးအနေဖြင့်
သင်ယူရန်အကောင်းဆုံးအချိန်ရောက်ပြီလို့သတ်မှတ်နိုင်ပါတယ်။ အဲဒီအချိန်မှာ
လိုအပ် တဲ့ကျွမ်းကျင်မှုများတိုးတက်လာအောင်စတင်
ကူညီလုပ်ဆောင်ပေးနိုင်ပါတယ်။
ကလေးကိုနားလည်အောင်မိဘအနေဖြင့် လုပ်နိုင်တာတွေကတော့အောက်ပါတို့ဖြစ်ပါတယ်။
•
ကလေးစိတ်ဝင်တစားလုပ်နေတာကိုစာရွက်တစ်ခုမှာရေးမှတ်ပြီးတပတ်ကြာတဲ့အခါ
တူရာများစုပြီး ကလေးစိတ်ဝင်စား တာတွေကိုစုစည်းနိုင်ပါတယ်။
ကြည့်ရှုလေ့လာမှတ်သားရာမှာတနေ့တာအတွင်း
ကလေးစိတ်ဝင်တစားလုပ်ဆောင်တာတွေကိုကြည့်ရှုမှတ်သားရန် လိုအပ်ပါတယ်။
•
ကလေးကအသက်ငယ်သေးပေမဲ့ သူတို့ လုပ်ရပ်တိုင်းမှာ
သက်ဆိုင်ရာသူတို့ဦးနှောက်အစိတ်အပိုင်းက ပါဝင်နေပါတယ်။
လုပ်ရပ်တိုင်းမှာရည်ရွယ်ချက်ရှိနေတာကိုသိထားရန်လိုအပ်ပါတယ်။
မွန်တက်ဆော်ရီသင်နည်းတွေက ကလေးတစ်ယောက်ချင်းကိုအထောက်ကူပြုနိုင်ရန်အလေးထားပါတယ်။
သင့်ကလေးကကြမ်းပြင်မှာလဲလျောင်းနေသည်ဖြစ်စေ၊
ရွဲ့တွေနှင့်ကစားနေသည်ဖြစ်စေ၊ အဲဒီလုပ်ဆောင်မှု တွေက
အဓိပ္ပါယ်မဲ့တဲ့လုပ်ရပ်တွေမဟုတ်ပါ။ မိဘအနေဖြင့်
မိမိတို့စိတ်ကိုဖွင့်ထားပြီးကလေးလုပ်ဆောင်
နေမှုများကိုစိတ်ဝင်တစားကြည့်ရှုလေ့လာရန် လိုအပ်ပါတယ်။ အဲဒီလိုလေ့လာနေရင်
ကလေးလုပ်ဆောင် နေမှုတွေက ခံစားမှုမတူတာအမျိုးမျိးကို
တွေ့ထိခံစားရင်းသင်ယူနေတာဖြစ်ကြောင်း သိနားလည်လာမှာပါ။
အဲဒီလိုကလေးလုပ်ဆောင်နေတာကို အားပေးနေခြင်းအားဖြင့် ကလေးအနေဖြင့်
သူစူးစမ်းလေ့လာနေမှုက အိုကေတယ်လို့နားလည်ပြီး ထိုလုပ်ငန်းတွေကို
ပိုစိတ်အားထက်သန်စွာဆက်လက်လုပ်ဆောင်လာမှာ ဖြစ်ပါ တယ်။
မိတ်ဆွေမိဘဆရာများကလေးငယ်များကို
အကောင်းဆုံးဖွံဉဖိုးအောင်လေ့ကျင့် ပေးရာမှာမွန်တက်ဆော်ရီ လမ်းပြမှုများကို
အကောင်းဆုံးသုံးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 3, 2025
မွန်တက်ဆော်ရီရဲ့ ကလေးများဖွံ့ဖြိုးတိုးတက်ရေး အတွက်အကောင်းဆုံးလက်ခံသင်ယူနိုင်တဲ့ အချိန်အပိုင်းအခြားများအကြောင်း Food for Thought 858 (အပိုင်း (၁) နှင့် အပိုင်း (၂) ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment