
ဒီနေ့” ကလေးတွေကိုစာဖတ်ပြခြင်းက ကလေးရဲ့တစ်ဘဝလုံးကို ဘယ်လိုအကျိုးရှိနိုင်သလဲ။”ဆိုတာကို Food for Thought 859 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
ကလေးတွေကိုစာဖတ်ပြခြင်းက ကလေးရဲ့တစ်ဘဝလုံးကို ဘယ်လိုအကျိုးရှိနိုင်သလဲ။
စာဖတ်ခြင်းက
အကျိုးများစေတယ်ဆိုလူတိုင်းလိုသိကြပါတယ်။ ဒါပေမယ့် ကလေးတွေကို
စာဖတ်ပြခြင်းကို တော့ ခပ်လွယ်လွယ်သဘောထားတတ်ကြပြီး “ကလေးကဘာသိအုံးမှာလဲ၊
ကြီးလာမှ သူ့ဟာသူစာဖတ်တတ်ရင် ဖတ်ပါစေ” ဆိုတဲ့စိတ်မျိုးနဲ့
တချို့မိဘတွေတွေးတတ်ကြပါတယ်။ တကယ်တော့ စာဖတ်ခြင်းအကျင့်ကို ကလေး က
စာတွေဖတ်တတ်လာမှ ဖတ်ခိုင်းမယ်လို့လုပ်လို့မရပါဘူး။ ကလေးငယ်စဥ်ကပင်
မိဘလုပ်သူက အကျိုးရှိ တဲ့စာဖတ်ခြင်းကို ကလေးစွဲလမ်းနေအောင်၊
အကျင့်ဖြစ်အောင်လုပ်ပေးရမှာဖြစ်ပါတယ်။ ဒါမှသာ ကလေးက အရွယ်ရောက်တဲ့အခါ
စာအုပ်မြင်တာနဲ့ဖတ်ချင်တဲ့ စာဖတ်နာသူလေးတွေဖြစ်လာမှာပါ။ ဘာလို့ ကလေးကို
ငယ်စဥ်ကတည်းက စာဖတ်ခိုင်းရမှာလဲဆိုရင် အကြောင်းရင်းက အများကြီးပါပဲ။
၁)ကလေးရဲ့အတွေးအခေါ်တွေကိုကွန့်မြူးစေနိုင်ပါတယ်။
စာဖတ်တဲ့အခါ
စာအုပ်ထဲက ဇာတ်ကောင်လေးတွေကို ကလေးက စိတ်ကူးနဲ့ပုံဖော်ရပါတယ်။ အဲဒီ့အခါ
ကလေးရဲ့စိတ်ကူးစိတ်သန်းကို ကွန့်မြူးစေနိုင်ပါတယ်။ တနည်းအားဖြင့်တော့
ပုံပြင်ပြောခြင်းကနေစပြီး စာအုပ် ထဲကပုံလေးတွေကို ကြည့်ရာကနေ စနိုင်ပါတယ်။
အဲဒီ့ကနေ ကလေးရဲ့စိတ်ကူးဥာဏ်ကွန့်မြူးခြင်းက ကလေးရဲ့
ဦးနှောက်ကိုပိုပြီးဖွံ့ဖြိုးလာစေနိုင်ပါတယ်။
၂)အခြားဘဝတွေကိုစာအုပ်ထဲကနေသင်ခန်းစာယူသင်ကြားနိုင်ပါတယ်။
ပုံပြင်စာအုပ်ထဲကနေ
အခြားသော ဘဝတွေကို ပိုသိလာနိုင်ပါတယ်။ ပိုပြီး သင်ခန်းစာယူနိုင်ပါတယ်။ မိဘ
ကလည်း သားသမီးကို မဖြစ်စေချင်သမျှကို စာအုပ်တွေပုံပြင်တွေထဲက
ဇာတ်ကောင်တွေရဲ့အမှားတွေကို ပြောပြရင်းသင်ပြနိုင်ပါတယ်။
၃)အမြင်ကျယ်လာစေပါတယ်။
စာအုပ်တွေထဲကနေ ဘဝများစွာကို မြင်ရ၊ သင်ကြားရတဲ့အတွက် ကလေးက ကလေးအရွယ်နဲ့မလိုက အမြင် ကျယ်လာစေပါတယ်။ပိုပြီးနားလည်သိတတ်လာနိုင်ပါတယ်။
၄)စိတ်တည်ငြိမ်စေပါတယ်။
အခြားကလေးတွေနဲ့မတူဘဲ
စာဖတ်တဲ့ကလေးဟာ စာအုပ်တစ်အုပ်ရနေရင် အရသာရှိရှိနဲ့ စာဖတ်ရင်းတွေး
တောစဥ်းစားနေနိုင်တာမို့အခြားကလေးတွေထက်ကိုစိတ်တည်ငြိမ်နိုင်ပါတယ်။
၅)ဝေါဟာရကြွယ်ဝစေပါတယ်။
စာအုပ်ထဲမှာ၊
ပုံပြင်ထဲမှာ ပါတဲ့စကားလုံးအသစ်တွေကို သိလာပြီး မှတ်သားနိုင်တာကြောင့်
အခြားကလေး တွေထက်ကိုစာလုံးပေါင်း၊ဝေါဟာရပိုပြီးကြွယ်ဝလာစေပါတယ်။
၆)အသိဥာဏ်ရင့်ကျက်စေပါတယ်။
ဘဝပေါင်းစုံ၊
သင်ခန်းစာပုံပေါင်းစုံကို စာအုပ်တွေထဲကနေသိလာနိုင်တဲ့အတွက် ဘဝပေါင်းစုံကို
သင်ခန်းစာ
ယူမှတ်သားနိုင်တာကြောင့်အခြားကလေးတွေထက်ကိုအသိဥာဏ်ရင့်ကျက်စေနိုင်ပါတယ်။
အထက်ကအချက်တွေအားလုံးဟာ
ကလေးတစ်ယောက်ရဲ့ဘဝကနေမှတဆင့် လူကြိးတစ်ယောက်ဖြစ်လာတဲ့ အထိ အများကြီး ဘဝကို
အထောက်အကူပြုနိုင်တာကြောင့် စာဖတ်ခြင်းဟာ ကလေးရဲံတစ်ဘဝလုံးအတွက်
များစွာအထောက်အကူပြုပါတယ်။
မိတ်ဆွေများ ကလေးများကို ရုပ်ပြစာမှစပြီးဖတ်ပြပေးခြင်းဖြင့် ကလေးများစာကိုစိတ်ဝင်စားလာအောင် စာဖတ် လေ့ကျင့်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 3, 2025
ကလေးတွေကိုစာဖတ်ပြခြင်းက ကလေးရဲ့တစ်ဘဝလုံးကို ဘယ်လိုအကျိုးရှိနိုင်သလဲ။ Food for Thought 859 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment