
ဒီနေ့
သစ္စာရွှေစည်ဆရာတော် ဟောကြားသော ဘဝနေနည်းလမ်းညွှန်တရားတော်ကို လိုက်မှတ်
သားရင်း သဘောကျသဖြင့် Food for Thought 860 အဖြစ် မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
ဘဝနေနည်းလမ်းညွှန်တရား
၁။ အယုတ်နှစ်ပါး၊ မလိုက်စား၊ လမ်းသွားမဇ္စျိမ။
၂။ မမြှောက်မစား၊ မနှိမ်ငြား၊ တရားဟောဖော်ပြ။
၃။ သုခနှစ်ပါး၊ ဥာဏ်ပိုင်းခြင်း၊ ပွားများအစ္ဇျာတ။
၄။ မျက်မှောက်မျက်ကွယ်။ ဤနှစ်သွယ်၊ ဆိုဖွယ်သိတတ်လှ။
၅။ မလျင်မစော၊ စကားပြော၊ ချောမောမွေ့သိမ်စွ။
၆။ အရပ်စကား၊ မလွန်ငြား၊ခြောက်ပါးအာရဏျ။ (အာရဏျကကျမ်း)
၁။ အယုတ်နှစ်ပါး၊ မလိုက်စား၊ လမ်းသွားမဇ္စျိမ။
ကာမဂုဏ်အာရုံတွေကို
လိုက်စားခြင်းနှင့်မိမိကိုယ်စိတ်ဆင်းရဲအောင်ပြုလုပ်ပြီးကျင့်ကြံအားထုတ်ခြင်းနည်းလမ်း
နှစ်သွယ်တို့မှာ ယုတ်ညံ့တဲ့တရား (၂)ပါးဖြစ်ပါတယ်။
ဤနည်းလမ်းနှစ်သွယ်တို့ကို အယုတ်တရားနှစ်ပါးလို့ ဘာ ကြောင့်
သတ်မှတ်ရသလဲဆိုရင် ဤအကျင့်နှစ်မျိုးလုံးမှာ
• ယုတ်ညံ့ပါတယ်။
• ကြမ်းတမ်းပါတယ်။
• လောဘ၊ဒေါသ၊ မောဟများသူတွေကျင့်တဲ့လမ်းစဥ်သာဖြစ်ပါတယ်။
• မြင့်မြတ်စင်ကြယ်သူများရဲ့အကျင့်မဟုတ်ခြင်း။
• စစ်မှန်တဲ့အကျိုးစီးပွားနှင့်မယှဥ်ခြင်း တို့ကြောင့် ယုတ်ညံ့ခြင်းဖြစ်ပါတယ်။
အယုတ်တရား(၂)ပါးကိုမလိုက်စားဘဲ
အလယ်အလပ်ကျင့်စဥ်ဖြစ်တဲ့မဂ္ဂင်တရား (၈) ပါးကိုလိုက်နာကျင့်
ကြံပွားများရန်လိုအပ်ပါတယ်။ မဂ္ဂင်တရား (၈) ပါး
တို့မှာအောက်ပါအတိုင်းဖြစ်ပါတယ်။
• ကောင်းစွာမှန်ကန်တဲ့အမြင်ရှိခြင်း။
• ကောင်းစွာကြံတွေးစဥ်းစားခြင်း၊
• ကောင်းစွာပြောဆိုခြင်း။
• ကောင်းစွာအားထုတ်ခြင်း၊
• ကောင်းစွာအသက်မွေးဝမ်းကျောင်းခြင်း၊
• ကောင်းစွာသတိရှိခြင်း၊
• ကောင်းစွာအောက်မေ့ခြင်း၊
• ကောင်းစွာတည်ကြည်ခြင်း
၂။ မမြှောက်မစား၊ မနှိမ်ငြား၊ တရားဟောဖော်ပြ။
ပြောဆိုရာတွင်အခြားသူများကို
မြှောက်ခြင်း၊
ချိုးနှိမ်ခြင်းစတဲ့ပုဂ္ဂလဓိဌာန်အစွဲဖြင့်ပြောဆိုခြင်းမပြုလုပ်သင့်ပါ။
တရားဓမ္မသက်သက်ကိုသာဦးတည်ပြောရန်ဖြစ်ပါတယ်။ ဥပမာ
မောင်မောင်ကစကားကြမ်းကြမ်းပြောတာ သိပ် ဆိုးတာပဲလို့ပြောခြင်းမှာ
လူကိုအခြေခံပြီးပြောခြင်းဖြစ်ပါတယ်။
စကားကြမ်းကြမ်းပြောခြင်းမှာမကောင်းပါလို့ ပြောခြင်းကတော့
လူကိုအခြေခံတာမဟုတ်ဘဲ အပြုအမူကိုသာ အခြေခံပြောခြင်းဖြစ်ပါတယ်။ အလားတူပင်
မောင်မောင်ကစကားပြောတာချိုသာတယ် ဆိုရင်လည်း လူကို အခြေခံပြောတာဖြစ်ပါတယ်။
ဒါကတော့ လူကို တော်တယ်ကောင်းတယ်လို့ပြောနေရာရောက်ပါတယ်။ စကား
ပြောချိုသာတာကောင်းပါတယ်လို့ပြောခြင်း က တော့
အပြုအမူကိုသာအလေးထားပြောတာဖြစ်လို့ ပုဂ္ဂလ အစွဲ မပါတဲ့ပြောနည်းဖြစ်ပါတယ်။
၃။ သုခနှစ်ပါး၊ ဥာဏ်ပိုင်းခြင်း၊ ပွားများအစ္ဇျာတ။
ချမ်းသားခြင်း
(၂)မျိုးရှိပါတယ်။ အပြင်ချမ်းသားခြင်းနှင့်
အတွင်းချမ်းသာခြင်းတို့ဖြစ်ကြပါတယ်။ အပြင် ချမ်း သာဆိုတာကတော့
ပြင်ပမှာရှိတဲ့စွဲမက်စရာအာရုံများကိုအခြေပြုပြီးခံစားတဲ့ကာမဂုဏ်အာရုံ
(၅)ပါးကိုစွဲမက်နေ တာဖြစ်ပါတယ်။ အတွင်းချမ်းသာကတော့တရားချမ်းသာဖြစ်ပါတယ်။
ပြင်ပမှာရှိတာတွေအပေါ်မမှိခိုပါဘူး။
ချမ်းသာ
နှစ်မျိုးကို အကြောင်းအကျိုးနှင့် ဆက်စပ်နားလည်ရန် လိုအ်ပါတယ်။
အပြင်ချမ်းသာဆိုတာ စွဲမက်စရာ အာရုံများကို
အကြောင်းပြုပြီးစိတ်မှာခံစားလာရတာဖြစ်ပြီး
အဲဒီကာမဂုဏ်ခံစားမှုကြောင့်နောက်ဆက်တွဲအကျိုး ဆက်မှာ
မျက်မှောက်ဘဝမှာပင်စိတ်ဆင်းရဲခြင်း၊
တမလွန်ဘဝမှာအပါယ်ငရဲကျရောက်စေနိုင်ခြင်းစတဲ့အကျိုး ဆက်
တွေဖြစ်စေနိုင်ကြောင်းသိနားလည်ရန် လိုအပ်ပါတယ်။
အတွင်းချမ်းသာကတော့
တရားဘာဝနာပွားများအားထုတ်ခြင်းကြောင့်ဖြစ်လာတဲ့စစ်မှန်တဲ့ချမ်းသာဖြစ်ပြီး
ချက် ခြင်းစိတ်အေးချမ်းမှုကိုဖြစ်စေလျက် နောက်ပိုင်းမဂ်ဖိုနိဗ္ဗာန်ကို
မျက်မှောက်ပြုနိုင်ခြင်းဆိုတဲ့အကျိုးများရစေ နိုင် ကြောင်းသိနားလည်ထားရန်
လိုအပ်ပါတယ်။
အပြင်ချမ်းသာဆိုတာ
• ကြမ်းတမ်းတယ်။
• မမှီဝဲသင့်ဘူး။
• ထပ်ခါတလဲလဲမခံစားသင့်ဘူး။
• မြင့်မြတ်တဲ့အကျင့် ရှိသူတွေမခံစားဘူး။
• မမှီဝဲထိုက်ဘူး။
• မပွားများထိုက်ဘူး။
• ကြိမ်ဖန်များစွာမခံစားသင့်ဘူး။
• အပါယ်ငရဲရောက်စေတတ်လို့ ကြောက်ထိုက်တဲ့ချမ်းသာဖြစ်တယ်။
•
ဥပမာအားဖြင့် လျာအရသာခံပြီးအစာစားလို့အရသာခံရတဲ့အချိန်က ခဏလေးသာဖြစ်ပေမဲ့
အဲဒီတခဏလေးအရသာခံရဖို့ ရှာရဖွေရတဲ့ဆင်းရဲဒုက္ခကအလွန်များပြီး အသက်ဘေးတောင်
ဖြစ်တာတွေအများကြီးရှိပါတယ်။
အတွင်းချမ်းသာ
• သံသရာမှထွက်မြောက်မှုကိုဖြစ်စေတယ်။
• မကောင်းမှုအားလုံးဆိပ်သုန်းတဲ့ချမ်းသာဖြစ်တယ်။
• နှလုံးစိတ်ဝမ်းငြိမ်းချမ်းမှုကိုဖြစ်စေတယ်။
• အမှန်ကိုသိပြီးဖြစ်လာတဲ့ချမ်းသာဖြစ်တယ်။
• မှီဝဲထိုက်တဲ့ချမ်းသာဖြစ်တယ်။
• ပွားများထိုက်တဲ့ချမ်းသာဖြစ်တယ်။
• အကြိမ်ကြိမ်အဖန်ဖန်ပြုလုပ်အပ်တဲ့ချမ်းသာဖြစ်တယ်။
• ကြောက်စရာမဟုတ်တဲ့ချမ်းသာဖြစ်တယ်။
• အချိန်တိုင်း၊ နေရာတိုင်းမှာ အတွင်းချမ်းသာကို ပွားများခံစားနိုင်ပါတယ်။
၄။ မျက်မှောက်မျက်ကွယ်။ ဤနှစ်သွယ်၊ ဆိုဖွယ်သိတတ်လှ။
• စကားပြောတဲ့အခါမှာ ရှေ့မှောက်မှာပြောသည်ဖြစ်စေ၊ မျက်ကွယ်မှာပြောသည်ဖြစ်စေစကား ပြောတဲ့အခါ ဆင်ဆင်ခြင်ခြင်ပြောရန်လိုအပ်ပါတယ်။
• မဆင်မခြင်ဘဲထင်သလိုပြောရင်မိမိသိက္ခာကိုပြုတ်ကျအောင်လုပ်ရာရောက်ပါတယ်။
• အတွင်းစိတ်ကအေးရင်ပြောတဲ့စကားကအေးပါတယ်။
• အတွင်းစိတ်ကပူပင်သောကရောက်နေရင်ပြောတဲ့စကားက ကြမ်းတမ်းပါတယ်။
• စကားပြောတဲ့အခါ
o မှန်ကန်တဲ့စကား
o အကျိုးရှိတဲ့စကား၊
o အချိန်အခါသိပြီးပြောသင့်တဲ့စကား၊
o မေတ္တာနှင့်ယှဥ်ပြီး
o ချိုချိုသာသာပြောတဲ့စကားမျိုးကိုသာပြောဆိုရန် လိုအပ်ပါတယ်။
၅။ မလျင်မစော၊ စကားပြော၊ ချောမောမွေ့သိမ်စွ။
စကားပြောတဲ့အခါ
• အလျင်စလို၊စိတ်စောပြီးပြောဆိုခြင်းမပြုလုပ်ရပါ။
• စကားကိုချောမောသိမ်မွေ့စွာပြောရမယ်။
• အလျင်သလိုစကားကိုပြောရင်
o ပြောသူမှာကိုယ်ရောစိတ်ပါ ပင်ပန်းပါတယ်။
o အသံကမလိုအပ်ဘဲကျယ်လောင်နေပါတယ်။
o အလျင်စလိုပြောတဲ့အခါ လည်ချောင်းလည်းနာစေပါတယ်။
o နားထောင်သူအနေဖြင့် ပြောနေတာကိုနားမလည်နိုင်ပါ။
o နားထောင်သူအနေဖြင့်ပြောနေတာကိုမသိမမြင်နိုင်ပါ။
၆။ အရပ်စကား၊ မလွန်ငြား၊ခြောက်ပါးအာရန။
စကားပြောတဲ့အခါ
•
မိမိအရပ်ဒေသ၊ သူတစ်ပါးအရပ်ဒေသ ဆိုပြီးအရပ်ဒေသအလိုက်အသုံးအနှုန်းမတူ ကွဲ
ပြားခြားနားမှုများရှိတဲ့အခါ သူကမှန်တယ်၊
ငါကမှန်တယ်ဆိုပြီးအငြင်းပွားနေစရာမလိုအပ်ပါဘူး။
• ကိုယ် ကသာမှန်တယ်လို့ငြင်းနေခြင်းမှာမိမိကသာတယ်လို့ပြောနေခြင်းဖြစ်ပြီးအခြားသူက မှားတယ် လို့ပြောနေရာ ရောက်စေပါတယ်။
• အငြင်းပွားနေခြင်းဖြင့် ဘာမှကောင်းကျိုးမဖြစ်စေပါဘူး။
•
ဥပမာ လှည်းမောင်းတဲ့အခါနွားကို ထိန်းကျောင်းရာမှာသုံးတဲ့တုတ်ကို
တစ်ချို့ဒေသတွေမှာ နွားကန်၊ ကြိမ်။ သဗျာ၊ တုတ်
စသဖြင့်အမျိုးမျိုးခေါ်ပါတယ်။ သူ့အရပ်သူ့ဒေသအလိုက်အမျိုးမျိုးပြောဆို တာ
နားလည်ကြပါတယ်။ အရေးကြီးတာကပြောတာကိုနားလည်ဖို့သာဖြစ်ပါတယ်။
သူ့အရပ်သုံးတဲ့စကားသုံးပြီးပြောလို ပြောတာကို ကောင်းစွာနားလည်ရင်
ပြောဆိုခြင်းနားလည်ခြင်း ဖြစ်ပါတယ်။
မိတ်ဆွေများဘဝနေနည်း (၆)မျိုးကို လိုက်နာကျင့် သုံးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 3, 2025
သစ္စာရွှေစည်ဆရာတော် ဟောကြားသော ဘဝနေနည်းလမ်းညွှန်တရားတော် Food for Thought 860 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment