Monday, February 3, 2025

စင်ကာပူ East Coast Park မှာသွားရောက်အပန်းဖြေ Food for Thought 861 ဒေါက်တာသိန်းလွင်

May be an image of 9 people, horizon, beach and tree


ဒီနေ့ စင်ကာပူ East Coast Park မှာသွားရောက်အပန်းဖြေအနားယူခဲ့တာကို Food for Thought 861 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။


မနေ့ကတနင်္ဂနွေနေ့ဖြစ်တဲ့အတွက် မိသားစုအားလုံး စင်ကာပူမှာရှိတဲ့ အရှေ့ဘက်ကမ်းမှာရှိတဲ့ East Coast ပန်းခြံကိုသွားရောက်အပန်းဖြေခဲ့ကြပါတယ်။ အဲဒီပန်းခြံကို အရင်ကလည်း သွားခဲ့ဘူးပါတယ်။ ဒီတစ်ခါတော့ အချိန်တော်တော်ကြာအောင် ပန်းခြံထဲမှာ နေပြီးပတ်ဝန်းကျင်ကိုလည်း လေ့လာခဲ့တော့ အတွေ့အကြုံလေးတွေကို မျှဝေချင်တာနဲ့ မျှဝေလိုက်ပါတယ်။
ပန်းခြံကို အိမ်ကစထွက်တော့ ညနေ (၄)နာရီသာသာလေးလောက်မှာဖြစ်ပါတယ်။ မိုးက နည်းနည်းမှောင်နေပါ တယ်။ လမ်းမှာ မိုးပေါက်လေးတွေက ကားမှန်ပေါ်ကျလာတော့ ညနေဘက် ကမ်း‌ခြေမှာမိုးတွေမိတော့မယ်လို့ စိတ်မှာဖြစ်ခဲ့ပါတယ်။ ကျလာတဲ့မိုးပေါက်လေးတွေကသေးသေးလေးတွေပါ။ ဒါပေမဲ့ ပန်းခြံနဲ့တော်တော်လေး နီးလာတဲ့အချိန်မှာ လမ်းတွေမှာ မိုးစက်တွေမတွေ့ရတော့ဘဲ ကောင်းကင်မှာလည်း မိုးတိမ်ကင်းစင်လာတာကို တွေ့လိုက်ရတော့ စိတ်ထဲမှာလည်း မိုးတော့လွတ်တော့မှာလို့စိတ်ကူးပြီး စိတ်မှာသက်သာလာခဲ့ပါတယ်။

ကမ်းခြေရောက်တော့ ကျွန်တော်တို့နားခဲ့တဲ့နေရာက ညာဘက်နားမှာ ငါးပေလောက်မြင့်အောင် ကျောက်တုံး တွေ ဆင့်စီထားပြီးပင်လယ်ကမ်းစပ်ကိုအနီးကပ်ကြည့်နိုင်တဲ့ကျောက်တန်းတစ်ခုရှိပါတယ်။ ညာဘက်နဲ့၊ မျက် နှာချင်းဆိုင် နေတဲ့ဘက်ကိုကြည့်လိုက်ရင်တော့ပင်လယ်ကမ်းခြေတစ်လျောက်ဆိုက်ကပ်ထားတဲ့သင်္ဘောကြီးတွေ ဆိပ်ကမ်းမှာကပ်ထားတာပြည့်နေပါတယ်။ ဘယ်ဘက်မှာပင်လယ်ကမ်းခြေ၊ သစ်ပင်တန်းတွေ၊ ပြီးတော့ ကမ်း ခြေ တလျောက် လမ်းလျောက်အပန်းဖြေနိုင်တဲ့ကွန်ကရစ်လမ်းမအဖြူတစ်ခု ခန့်မှန်းခြေ(၁၀)ပေခန့်ကျယ်ပါ တယ်။ အဲဒီလမ်းနဲ့ယှဥ်နေတဲ့နေရာမှာတော့ လာရောက်အပန်းဖြေသူတွေစက်ဘီးစီနိုင်တဲ့အသွားအပြန်လမ်း နှစ် ခုရှိပါ တယ်။ အဲဒီလမ်းကိုကျော်သွားတဲ့အခါတော့ စကိတ်စီးတဲ့ကစားကွင်း၊ ကလေးတွေအမျိုးမျိုးကစားနိုင်တဲ့ ကစားကွင်းတွေရှိပါတယ်။

ပင်လယ်ကမ်းစပ်မှာတော့ ရေချိုးသူတစ်ယောက်မှမတွေ့ရပါ။ လှိုင်းတွေထနေတဲ့အတွက် ရေခေါင်းဖြူတွေ ပင် လယ် ကမ်းစပ်ကို တက်လိုက်ကျလိုက်ဖြစ်နေပါတယ်။ကလေးတွေကတော့ ပင်လယ်ကမ်းစပ်မှာ ရေအတက် အကျမှာ ဆော့ကစားနေကြပါတယ်။ ရေအတက်မှာလှိုင်းနဲ့အတူကမ်းပေါ်
တက်အောင်လှိမ့်လိုက်ပြီး ရေပြန်အကျမှာရေနဲ့အတူပင်လယ်ဘက်သို့ လှိမ့်ချကြပါတယ်။ ရေစပ်မှာ ကလေးတွေဆော့နေတာကိုတွေ့တော့ သူတို့ ကြည့်ရတာပျော်စရာကောင်းလိုက်တာ။ ရေကနက်တဲ့အတွက် ရေနက်ထဲတော့မဆင်း ကြပါဘူး။ တစ်ချို့ ကလေးတွေက ပင်လယ်ကမ်းစပ်မှာတွေ့ရတဲ့ခရုခွံလေးတွေကို လိုက်ကောက်နေကြပါတယ်။

ကမ်းစပ်လမ်းတလျောက်စိုက်ထားတဲ့သစ်ပင်တန်းမှာအရှည်ကြီးဖြစ်ပါတယ်။ သစ်ပင်တန်းအဆုံးပိုင်းမှာအပင် တစ် ပင်က တော်တော်မြင့်ပါတယ်။ အဲဒီအပင်ကအဆင့် နှစ်ဆင့် လိုဖြစ်နေပါတယ်။ အဲဒီအပင်တန်းအလွန်မှာ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိပါတယ်။ လေဆိပ်သို့ လေယာဥ်ပျံတွေဆင်းလာတာကိုအများကြီးတွေ့ နေရပါတယ်။လေယာဉ်ဆင်းလာတဲ့အခါ အဲဒီအပင် အဆင့်နှစ်ဆင့်ဖြစ်နေတဲ့အမြင့်လောက်မှလေယာဥ်တွေ ကဖြတ်သွားနေတာကိုတွေ့နေရပါတယ်။ တစ်စင်းပြီးတစ်စင်း ဆင်းလာကြတာ ကျွန်တော်တို့စရောက်တဲ့အချိန် (၅) နာရီလောက်မှ အိမ်ပြန်ကြတဲ့(၉)နာရီလောက်အထိ တစ်စင်းပြီးတစ်စင်းဆင်းလာနေကြတာအများကြီးပါပဲ။ ဒါနဲ့အိမ်ပြန် ရောက်တော့ ချန်ဂီလေဆိပ်မှာပျမ်းမျှလေယာဥ်အဆင်းတစ်နေ့ကို ဘယ်လောက်ရှိသလိုဆိုတဲ့ ပျမ်းမျှလေ့လာထားတာကိုရှာကြည့်တော့ အစင်း (၉၉၉) စင်းတောင်ရှိတယ်ဆိုတာသိရပါတယ်။ ဒါကြောင့် လေ ယာဥ်တွေခဏခဏဆင်းနေတာဆိုတာ နားလည်လိုက်ပါတယ်။

ကောင်းကင်မှာလေယာဥ်တွေအဆင်းများသလိုပင်လယ်ကမ်းတလျောက်ဆိုက်ထားတဲ့သင်္ဘာတွေကလည်း မျက်စိတဆုံးဖြစ်ပါတယ်။ ညဘက်မှောင်လာတဲ့အခါ သင်္ဘောတွေကထွန်းထားတဲ့မီးတွေကပိုလင်းလက်လာပြီးကမ်း တစ်လျောက်မီးတွေထိန်နေပါတော့တယ်။ ကောင်းကင်မှာလေယာဥ်တွေအဆက် မပြတ်သွားလာနေသလို ပင် လယ် ထဲမှာ လည်းဆိုက်ကပ်ထားတဲ့သင်္ဘောတွေပြည့်နေတာက ဘာကိုပြနေသလဲဆိုရင် စီးပွားရေးအားကောင်း တဲ့ လက္ခဏာတစ်ရပ်ကိုပြနေပါတယ်။

ကျွန်တော်တို့ထိုင်နေတဲ့နေရာမှာ လေကတော်တော်လေးတိုက်ပါတယ်။ သန့်ရှင်းတဲ့လေကောင်းလေသန့်ဖြစ် တော့ အသက်ရှုရတာလည်းကောင်းပါတယ်။ ကျွန်တော်က အိမ်မှနေရင်းညနေဘက်ဆိုရင် လမ်းထွက်လျောက် တဲ့အလေ့အကျင့်ရှိပါတယ်။ လမ်းလျောက်ရင်းရှုသွင်းရှုထုတ်ရတဲ့လေကောင်းလှပြီထင်နေတာ ပင်လယ်ကမ်း စပ် မှာ တိုက်တဲ့လေက ပိုသန့်ရှင်းသလိုခံစားရပါတယ်။ ဒါကြောင့် ကမ်း‌ခြေတလျောက် အပန်းဖြေလမ်း လျောက် သူ တွေ၊ မြက်ခင်းတွေမှာခင်းပြီး လဲလျောင်းသူတွေကလဲလျောင်း၊ ထိုင်သူတွေကထိုင်၊ စကားတွေ ပြော သူတွေက ပြောနေကြတာဖြစ်ပါတယ်။အပန်းဖြေသူတွေ၊ စက်ဘီးစီးကူတွေ၊ စိတ်ကြိုက်လာကစားတဲ့ ကလေးတွေအများ ကြီးဖြစ်နေတာဖြစ်ပါတယ်။ ညဘက်နည်းနည်းရောက်လာတဲ့အခါ လေက ပိုအေးလာပါ တယ်။

ကောင်းကင်ကိုမော့ကြည့်လိုက်တဲ့အခါ လေယာဥ်တွေများစွာတွေ့ရပေမဲ့ ကြယ်ကိုတော့ တစ်လုံးတည်းသာတွေ့ရ ပါတယ်။ မြန်မာပြည်မှာ ကောင်းကင်ကို ညဘက်မော့ကြည်လိုက်ရင် ညဘက်မှောင်လာလေလေ ကြယ်တွေအ များ ကြီးကိုတွေ့ရပေမဲ့စင်ကာပူမှာတော့ အဲဒီလိုမတွေ့ရပါဘူး။ ပြီးတော့စွန်ကလေးတစ်ကောင်လွှတ်တင် ထား တာကိုလည်း တွေ့ရပါတယ်။ စွန်တစ်ကောင်ကြယ်တစ်လုံးတို့ဟာကောင်းကင်ပြင်မှာအဖော်လိုဖြစ်နေပါတယ်။

လမ်းလျောက်သူတွေကတော့ တော်တော်များကြပါတယ်။ စက်ဘီးအပျာ်စီးသူတွေလည်းများလှပါတယ်။ စက် ဘီး ကိုငှားစီးတဲ့နေရာလည်းဖွင့်ထားတော့ တစ်ချို့က စက်ဘီငှားစီးကြပါတယ်။ လှည်းလေးလိုစီစဥ်ထားတဲ့ စက် ဘီးလှည်းမှာရှေ့ဘက်မှာ လူတစ်ယောက်ထိုင်ပြီးနောက်ဘက်မှာ လူလေးယောက်ထိုင်နိုင်ပါတယ်။ နောက်ဘက် လေးယောက်အနက်နှစ်ယောက်ကစက်ဘီးကိုနင်းကြပါတယ်။ ရှေ့ဘက်မှာတော့ ကလေးငယ်တွေထိုင်တာ များ ကြပါတယ်။

တစ်ချို့စက်ဘီးတွေမှာမီးရောင်စုံတွေထွန်းထားတော့ စက်ဘီးစီးရင်မီးအလှထွန်းပြနေသလိုမျိုးဖြစ်စေပါတယ်။ တစ်ချို့စက်ဘီသမားတွေကတော့ စက်ဘီးကိုအမြန်နှုန်းဖြင့် စီးနေကြပါတယ်။ ဝင်တိုက်မိနိုင်တဲ့အတွက် လမ်း ဘေးမှာ မတော်တဆဖြစ်ခဲ့ရင် အရေးပေါ်ဆေးကုပေးတဲ့နေရာလည်းဖွင့်ပေးထားပါတယ်။ အဲဒီမှာ စေတနာ့ဝန် ထမ်းအဖြစ်တာဝန်ယူမဲ့လူတွေကို လည်းဖိတ်ခေါ်ထားပါတယ်။ ရေကူးရင်းဘေးဖြစ်တာတို့၊ နှလုံးတစ်ခုခုဖြစ် သွား တာတို့အတွက် အရေးပေါ် ဘယ်လို ကုသပေးရန် လိုအပ်ကြောင်းနှင့် ဆက်လက်ပြီးဆက် သွယ်လျက် ကုသမှုခံယူနိုင်ရန် တယ်လီဖုန်းတွေလည်းပေးထားပါတယ်။
လူတွေအားလပ်တဲ့ရက်မှာ အပန်းဖြေရင်အနားယူနေကြတာ ပျော်စရာကောင်းလှပါတယ်။

မိတ်ဆွေများ ကိုလည်း အခုလိုအေးချမ်းတဲ့နေရာမှာအနားယူအပန်းဖြေခွင့်ရစေချင်လိုက်တာ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...