
သင်ကြားရေးတိုးတက်အောင် ဆရာများအရည်အသွေးမြှင့်တင်ရေးအစီအစဥ်
ဖင်လန်နိုင်ငံမှ ကျောင်းများကိုအောင်မြင်စွာပြုပြင်ပြောင်းလဲမှုမှဘာတွေသင်ယူရနိုင်ပါသလဲ။
ဖင်လန်နိုင်ငံရဲ့ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်လို့ ပထမပိုင်းကိုတော့ အထွေထွေပြုပြင်ပြောင်းလဲမှုများ အဖြစ်တင်ပြခဲ့ပါမယ်။ အခုဒုတိယပိုင်းမှာတော့ ဆရာများ အရည်အသွေးရှိသူများဖြစ်အောင် ဘယ်လိုလေ့ကျင့် ပျိုးထောင်ခဲ့ကြောင်း တင်ပြဆွေးနွေးသွားတာကို Food for Thought 886 မျှဝေလိုက်ပါတယ်။
သင်ကြားရေးတိုးတက်အောင် ဆရာများအရည်အသွေးမြှင့်တင်ရေးအစီအစဥ်
သင်ကြားရေးမှာ ရင်းနှီးမြှုပ်နှံမှုကြီးမားစွာပြုလုပ်မှုကို ၁၉၇၀ ခုနှစ်တွင်စခဲ့ပါတယ်။ ရည်ရွယ်ထားတာကတော့ ဆရာတွေအရည်အသွေားမြင့်အောင် လေ့ကျင့်ပေးနေတဲ့ (၃) နှစ်လေ့ကျင့်ပေးတဲ့အစီအစဥ်မှ (၄) နှစ် (၅)နှစ်အစီ အစဥ်ဖြင့် ပြင်ဆင်ပေးနိုင်ရန်ရည်ရွယ်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်အတွင်းမှာ ဆရာများပြင်ဆင်လေ့ကျင့်မှုကို နောက်တစ်ဆင့်ပြုပြင်ပြောင်းလဲလိုက်ပါတယ်။ ၁၉၉၀ ခုနှစ်အတွင်းပြုပြင်မှုမှာတော့ အဆင့်မြင့်တဲ့ ကျွမ်းကျင် မှုများဖြစ်တဲ့ပြဿနာဖြေရှင်းမှုဆိုင်ရာကျွမ်းကျင်မှုများနှင့် ဝေဖန်ပိုင်းခြားစဥ်းစား မှုဆိုင်ရာကျွမ်းကျင်မှုများတို့ကို သုတေသနအခြေခံတဲ့မဟာဘွဲ့ပေးတဲ့အစီအစဥ်မှာထည့်သွင်းပြုပြင်ပေးခဲ့ပါတယ်။ အဲဒီလိုသုတေသနအခြေခံတဲ့ တတ်ကျွမ်းမှုမျိုးဖြစ်လာအောင် ဆရာများကို လေ့ကျင့် ပြင်ဆင်ပေးခြင်းမှာ ဖင်လန်နိုင်ငံဆရာများပညာရေး တိုး တက်မှု ရှိအောင် ပြုပြင်ရေးတွင်အချက်အချာကျတဲ့စိတ်ကူးပင်ဖြစ်ပါတယ်။
အလားအလာကောင်းတဲ့ဆရာများကိုကောလိပ်ဘွဲ့ရများထဲမှအပြိုင်စနစ်ဖြင့် ရွေးချယ်ပါတယ်။ ဆရာအတတ် သင် ပညာအတွက် လျောက်ထားသူများအနက် (၁၅) ရာခိုင်နှုန်းကိုသာရွေးချယ်ပါတယ်။ ထိုဆရာတွေကို အရည် အသွေးရှိတဲ့ဆရာတွေဖြစ်အောင် (၃)နှစ် ပြင်ဆင်လေ့ကျင့်ပေးပါတယ်။ ဆရာတွေအနေဖြင့် ဆရာအတတ်ပညာ သင်နေစဥ်အားလုံးအခမဲ့ဖြစ်ပြီး နေထိုင်စားရိတ်ပါထောက်ပံ့ပေးခဲ့ပါတယ်။ အမေရိကန်နဲ့မတူပါဘူး။ အမေရိ ကန်မှာဆိုရင် ဆရာအတတ်ပညာသင်နေသူတွေကို သူတို့စားရိတ်ဖြင့် သူတို့တက်ရတဲ့အတွက် ကျွေးတင်တာမျိုး တွေဖြစ်ကုန်ကြပါတယ်။ သင်တန်းပြီးတဲ့အခါမှာလည်း လစာနည်းနည်းသာပေးပါတယ်။ ဆရာအတတ်နည်း နည်း သာပြင်ဆင်ပေးခြင်း၊ သို့မဟုတ် ကြိုတင်ပြင်ဆင်မှုလုံးဝမရှိဘဲ ဆရာခန့်ထားခြင်းမျိုးတွေအမေရိက မှာရှိ နေခဲ့ပါတယ်။ ဒါပေမဲ့ဖင်လန်နိုင်ငံမှာတော့ ကျောင်းတိုင်းနေရာတိုင်းမှာ သေချာပြင်ဆင်ထားတဲ့ဆရာတွေ ရရှိ စေရန်လူရွေးကတည်းက စစ်ဆေးပြီးထိပ်ပိုင်း စွမ်းဆောင်ရည်ရှိသူတွေကိုသာရွေးချယ်ခြင်း၊ သင်တန်းကို ကောင်းစွာတက်ရောက်နိုင်စေရန်ထောက်ပံ့ကျေးပေးတဲ့အစီအစဥ်များကိုကျင့်သုံးခဲ့ပါတယ်။ ဖင်လန်နိုင်ငံတွင် ဆရာဖြစ်သင်တန်းမှာ ငန်းငန်းတက်တက်ရောက်လိုချင်သူများတဲ့ အစီအစဥ်ဖြစ်ပါတယ်။ အားလုံးမှာ သင်တန်း ပြီးဆုံးအောင် တက်ရောက်ကြပြီး သင်တန်မပြီး ဆုံးဘဲထွက်သွားခြင်းမျိုး၊ ဆရာမလုံမလောက်ဖြစ်မှုမျိုး မှာမ ကြားရတဲ့အနေအထားဖြစ်ပါတယ်။ သင်တန်းမှာသင်တန်းသားဦးရေမပြည့်တဲ့အခါမျိုးဆိုတာ မကြားရပါ။
ဆရာများလေ့ကျင့်ပေးတဲ့အစီအစဥ်မှာ ကျယ်ပြန့်တဲ့သင်ရိုးသင်ယူရတဲ့အစီအစဥ်နှင့် လက်တွေ့လေ့ကျင့်ပေးမှု တို့ ပါဝင်ပါတယ်။ လေ့ကျင့်သင်ပေးရာမှာသုတေသနအခြခံပြီး လေ့လာစူးစမ်းတဲ့အလေ့အကျင့်များကို အလေး ထားသင်ပေးပါတယ်။ ထို့အပြင် တက္ကသိုလ်နှင့် ချိတ်ဆက်ထားတဲ့လက်တွေ့ကွင်းဆင်းလေ့ကျင့်တဲ့ကျောင်းမှာ အနည်းဆုံး (၁) နှစ်အပြည့် စံပြလက်တွေ့ သင်ကြားမှုကိုလေ့ကျင့်ရပါတယ်။ အဲဒီစံပြလက်တွေ့ကွင်းဆင်း ကျောင်းတွေက စံပြုထိုက်တဲ့ဆန်းသစ်တဲ့သင်နည်းအလေ့အကျင့်များကို ဖော်ထုတ်လေ့ကျင့်ရန်နေရာများဖြစ် ပါတယ်။ ပြီးတော့ သင်ကြားသင်ယူမှုနယ်ပယ်တွင်သုတေသနပြုလုပ်တတ်အောင်လည်း လေ့ကျင့် ပေးပါတယ်။ ပညာရေးစနစ်တစ်ခုလုံးမှာကြုံလာတဲ့ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိသူများ များများမွေးထုတ်နိုင်စေရန် ဆရာ တွေကို သုတေသနပြုလုပ်တဲ့နည်းလမ်းများကိုလည်းလေ့ကျင့် ပျိုးထောင်ပေးကြပါတယ်။
အဲဒီစံပြလက်တွေ့ကွင်းဆင်းလေ့ကျင့်တဲ့ကျောင်းတွေမှာ ကျောင်းသားများနှင့်ဆရာတို့ဟာ ပူပေါင်းပြီးပြဿနာ ဖြေရှင်းတဲ့အဖွဲ့တွေမှာပါဝင် လုပ်ဆောင်ရပါတယ်။ အဲဒီလို စီစဥ်မှုဟာ ဖင်လန်ဆရာအတတ်သင်ပေးမှုမှာတွေ့နေ ကျ လက္ခဏာတစ်ရပ်ပင်ဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေက ပညာရေးတိုးတက်အောင်အစီအစဥ်တွေဘယ်လိုရေး ဆွဲပြင်ဆင်မယ်၊ ပြင်ဆင်မှုတွေအကောင်အထည်ပေါ်အောင် ဘယ်လို အကောင်အထည်ဖော်မယ်၊ ပြီးတော့ ပိုကောင်းတဲ့လုပ်ဆောင်ချက်များဖြစ်အောင် မိမိလုပ်ဆောင်ထားချက်များကို ပြန်လည်ထင်ဟပ်သုံးသပ်ခြင်း များကို ပြုလုပ်ရပါတယ်။ ဆရာများအနေဖြင့် သူတို့သင်ပေးနေတဲ့ကျောင်းသားများအတွက် ဘာတွေပြင်ဆင် ပေးမလဲ၊ အဲဒီလိုသုတေသနလုပ်ငန်းတွေမှာ ဘယ်သူတွေက ပူးပေါင်းပါဝင်လုပ်ဆောင်ကြဖို့ မျှော်လင့်ထားနိုင်သ လဲ၊ မိမိတို့ လုပ်ဆောင်နေတဲ့စူးစမ်းလေ့လာမှုကို ပြန်လည်စူစမ်းသုံးသပ်မှုများပြုလုပ်ခြင်းတွေပြုလုပ်ရပါတယ်။ လေ့ကျင့်ပေးတဲ့စနစ်တစ်ခုလုံးမှာ အတန်းအဆင့်၊ ကျောင်းအဆင့်၊ မြူနီစီပယ်အဆင့်၊ တစ်နိုင်ငံလုံးအဆင့် တွေမှာ ကြုံလာနိုင်တဲ့ပြဿနာများကို ဖြေရှင်းခြင်း၊ ဖြေရှင်းမှုကိုပြန်လည်သုံးသပ်ခြင်း၊ လုပ်ဆောင်ထားချက် များကို ပြန်လည်ထင်ဟပ်စဥ်းစားခြင်းဖြင် အစဥ်တိုးတက်မှုရှိနေအောင် လုပ်ဆောင်လေ့ကျင့်ပေးနေခြင်း များပြုလုပ်ပြီးလေ့ကျင့်ပေးပါတယ်။
ဆရာတွေက စိန်ခေါ်မှုရှိတဲ့သင်ရိုးညွှန်တမ်းကို ဘယ်လိုဖန်တီးမလဲဆိုတာ သင်ယူရပါတယ်။ ဒေသအလိုက် ကျောင်းသားများတတ်မြောက်မှုကို စစ်ဆေးနိုင်တဲ့စစ်ဆေးမှုများကို ဖန်တီးတတ်အောင်လေ့လာသင်ယူရပါ တယ်။ ကျောင်းသားများကို စူးစမ်းလေ့လာမှုနဲ့ သုတေသနပြုလုပ်မှုတို့ကို ပုံမှန် လေ့ကျင့်ပေးပါတယ်။ ဆရာ များလေ့ကျင့်ပေးတဲ့အခါ ပုံစံမတူတဲ့နည်းလမ်းအမျိုးမျိုးဖြင့် သင်ယူကြတဲ့ကျောင်းသားတွေကို ဘယ်လို သင်ပေးမလဲဆိုတာကို အလေးထားလေ့ကျင့်ပေးပါတယ်။ အထူးလိုအပ်ချက်များရှိနေတဲ့ကျောင်းသားတွေအပါ အဝင် ဘယ်လိုသင်ပေးမလဲဆိုတာ ကို လေ့လာသင်ယူရပါတယ်။ ယဥ်ကျေးမှုမတူကွဲပြားခြားနားမှုများနှင့် သင် ယူမှုအခက်အခဲများကြောင့် ထွက်သွားရသူများမဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်မလဲဆိုတာတွေကို အ လေးထားသင်ပေးပါတယ်။ ပြီးတော့ သေချာစဥ်းစားဆင်ခြင်မှုအခြေခံတဲ့တတ်မြောက်မှုစစ်ဆေးခြင်း နှင့် သင်ရိုးညွှမ်းတမ်းဖန်တီးရေးတို့ကိုကိုလည်းသင်ပေးပါတယ်။ ဆရာတွေအနေဖြင့် အမျိုးမျိုးရုန်ကန်နေရတဲ့ ကျောင်းသားတွေကို ကူညီသင်ပေးနိုင်တဲ့ဆရာတွေဆိုရင် အဲဒီဆရာတွေက ကျောင်းသားအားလုံးကို ပိုထိ ရောက်စွာသင်ပေးနိုင်မှာဖြစ်လို့ ဘယ်ကလေးတစ်ယောက်မှ မသင်နိုင်လို့ ကျန်နေတယ်ဆိုတာမျိုးမရှိနိုင်ဘူးလို့ ဖင်လန်ပညာရှင်များက ကျိုးကြောင်း ညီစွာစဥ်းစာလုပ်ဆောင်ပါတယ်။
လက်ရှိအနေအထားမှာဖင်လန်ကျောင်းတွေမှာ အလုပ်လုပ်နေတဲ့ဆရာအများစုဟာ မဟာပညာရေးဘွဲ့ ကိုရကြ ပါတယ်။သင်ယူမှုအမျိုးမျိုးနည်းတွေဖြင့် သင်ယူတတ်တဲ့ကျောင်းသားတွေကို ကောင်းစွာသင်ပေးနိုင်ကြပါတယ်။ အထူးလိုအပ်ချက်များရှိနေတဲ့ကျောင်းသားများကိုလည်း ထိရောက်အောင်သင်ပေးနိုင်ကြပါတယ်။ သင်ပေးတဲ့ အခါကျောင်းသားများအနေဖြင် လေးလေးနက်နက်နားလည်အောင်သင်ပေးနိုင်ပြီးသင်ကြားနေစဥ် ကျောင်းသား များတတ်မြောက်မှုအနေအထားကိုလည်း ပုံမှန်စစ်ဆေးနိုင်ပါတယ်။ ရလာတဲ့တွေ့ရှိချက်မျာများကို သင်ယူသူ ကျောင်းသားများရဲ့ လိုအပ်ချက်များကိုဖြည့်ပေးရန်အသုံးပြုနိုင်ကြပါတယ်။ ဆရာတွေဟာ သုတေ သနလုပ် ငန်း နှင့် သင်ကြားနည်အတတ်ပိုင်းတို့မှာ ကောင်းစွာလေ့ကျင့် ထားသူများဖြစ်ကြပါတယ်။ ဆရာတွေ ဟာအခြေ အနေတွေကိုခွဲခြမ်းစိတ်ဖြာလေ့လာရာမှာ အားကောင်းကြလို့ သူတို့အချင်းချင်း ပူးပေါင်းလုပ် ဆောင်ခြင်းဖြင့် သင်ကြားမှုကို ကောင်းစွာဖန်တီးနိုင်ပြီးသင်ရိုးလိုအပ်ချက်များနှင့် ကျောင်သးများလိုအပ် ချက် များကို ကောင်းစွာ ဖြည့်ပေးနိုင်အောင်သင်ကြားနိုင်သူများဖြစ်ကြပါတယ်။
ဖင်လန်နိုင်ငံမှာဆိုရင် အလွန် အဆင့်မြင့်မားစွာစွမ်းဆောင်နိုင်တဲ့နိုင်ငံတွေမှာလိုပင် ကျောင်းတွေမှာ ဆရာတွေ အချင်းချင်း ပူးပေါင်း လုပ်ဆောင်ရန်အခွင့်အလမ်းများဖန်တီးပေးကြပါတယ်။ သင်ကြားရေးမှာတွေ့ကြုံလာတဲ့ ကိစ္စများကို အခြေခံပြီး ဆရာတွေအချင်းချင်း ပူးပေါင်း တိုင်ပင် ဆွေးနွေးအဖြေရှာကြပါတယ်။ ဖင်လန်နိုင် ငံမှ ဆရာတွေဟာ အနည်းဆုံးတစ်ပါတ်မှာ မွန်းလွဲပိုင်း နေ့တစ်ဝက်တွေ့ဆုံပြီးအတူတကွ သင်ရိုး ဖော်ထုတ်ခြင်း ၊ များ ပြုလပ်ပြီး မြူနီစီပယ်တစ်ခုအတွင်းအလုပ်လုပ်နေတဲ့ဆရာများအချင်းချင်း သင်ကြားမှုပစ္စည်များကိုမျှဝေ သုံး ခြင်းနှင့် အတူတကွ ကြိုတင်ပြင်ဆင်ရေးတို့ကို ပြုလုပ်ကြပါတယ်။ ဆရာများအနေဖြင့် တတ်ကျွမ်း မှုဆိုင်ရာ တိုးတက်စေရေးအတွက် ဆရာများအလုပ်လုပ်သောသတင်းပတ်မှာ ပူပေါင်းလုပ်နိုင်အောင် အခြားသောဥရောပ နိုင်ငံများနှင့် အေရှနိုင်ငံများတွင် ကျင့်သုံးသလိုပင် ဆရာများကျောင်းအတွက်သုံးတဲ့အချိန် တစ်ဝက်နီးပါးကို သင်ရိုးညွှန်တမ်းအခြေပြု သင်ရိုးအကောင်အထည်ဖော်ရေး၊ စုပေါင်း ပြီးသင်စရာများပြင်ဆင်ရေး၊ မိဘများနှင့် ပူးပေါင်း ဆောင်ရွက်ရေးများ ပြုလုပ်နေရပါတယ်။ အဲဒီအစီစဥ်များကြောင့် ဆရာများနှင့် ကျောင်းသားမိဘများ ပို ထိတွေ့ပူးပေါင်း ဆောင်ရွက်နိုင်လာစေပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်မှုကြောင့် အောက်ပါအကျိုးရလဒ် များ ဖြစ်ထွန်းလာခဲ့ပါတယ်။
ဖင်လန်နိုင်ငံမှဆရာတွေဟာသတိရှိကြပြီး သူတို့ကို တတ်ကျွမ်းမှုရှိအောင် လေ့ကျင့် ပေးတဲ့ဝန်ဆောင်မှုတွေကို ကောင်းစွာအသုံးပြုနေသူများဖြစ်ကြပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုလောက်ကတည်းက ဆရာများတတ် ကျွမ်းမှု အပိုင်းကို အဆင့် ပိုမြင့်မားအောင် အလေးထားလေ့ကျင့် ပေးထားတဲ့အတွက် ဆရာများအရည် အသွေး စဥ်ဆက်မပြတ်ဆက်လက်တိုးတက်နေအောင်လည်း အထောက်အကူအထောက်အပံ့များလည်း ပေးခဲ့ပါတယ်။ အစဥ်အလာအရ ဆရာများလေ့ကျင့် ပေးတဲ့လုပ်ငန်းခွင်ဆရာများသင်တန်းပေးတဲ့ရှေးရိုးအစီအစဥ်မှာ လုံးဝ မရှိတော့ပါ။ အဲဒီအစီအစဥ်အစား ကျောင်း သို့မဟုတ်မြူနီစီပယ်အခြေပြု ရေရှည်လုပ်ငန်းအစီအစဥ်များနှင့် တတ်ကျွမ်းမှုဆိုင်ရာတိုးတက်ရေးအခွင့်အလမ်းများဖန်တီးပေးခဲ့ပါတယ်။ ဆရာများရဲ့စဥ်ဆက်မပြတ်တတ် ကျွမ်းမှု ဆိုင်ရာများတိုးတက်နေရေးမှာ တာဝန်တစ်ရပ်အနေအထားထက် ရပိုင်ခွင့် သဘောဆောင်လာစေ ပါတယ်။ သင်ကြားသင်ယူမှုလုပ်ငန်းစဥ်မှာဖော်ပြပါ အပြောင်းအလဲမှာ အတန်းတွင်း ကျောင်းသားများသင်ယူ ရေး အတွက်စီစဥ်ပေးတဲ့ပုံစံမှာ ရောင်ပြန်ဟပ်ထင်လာတာကိုတွေ့နိုင်ပါတယ်။ ကျောင်းတွေမှာ အလုပ်လုပ် နေကြတဲ့ ဆရာများတတ်ကျွမ်းမှုအပိုင်းမှာစဥ်ဆက်မပြတ်ပို အားကောင်းလာတဲ့အကျိုးဆက်အနေဖြင့် ကျောင်းနှင့်ဆရာ များတို့ဟာ သူတို့အလုပ်အတွက်တာဝန်ရှိသူတွေဖြစ်လာကြပြီးသူတို့ကြုံလာတဲ့အခက်အခဲ ပြဿနာများကိုလည်း အခြား တစ်နေရာရာမှာအကူအညီတောင်းနေခြင်းထက် မိမိတို့စွမ်းအားဖြင့် ဖြေရှင်း လာကြပါတယ်။ မျက်မှောက်ကာလတွင် ဖင်လန်နိုင်ငံက ဆရာများဟာ အခြားသောအလုပ်ခွင်နယ်ပယ်မှ တတ် ကျွမ်းသူများ ကဲ့သို့ပင် တန်းတူအဆင့်မြင့်စွာလုပ်ငန်းကျွမ်းကျင်ကြပါတယ်။ မိမိတို့ကြုံနေတဲ့အခက်အခဲ ပြဿ နာများကို မိမိတို့ကိုယ်တိုင် ပိုင်းခြားစဥ်းစားသုံးသပ်လျက် ခိုင်မာတဲ့အထောက်အထားအပေါ်မူတည်ပြီးဖြေရှင်း နိုင်တဲ့နည်းလမ်း များကိုဖော်ထုတ်လာကြပါတယ်။ စာသင်ခန်း၊ ကျောင်းများတွင် ထိုကဲ့သို ကိုယ်အားကိုယ်ကိုး လုပ်ဆောင်နိုင်စွမ်းများတိုးတက်ပြောင်းလဲလာတာကို တွေ့လာရပါတယ်။ ပြီးတော့ မိမိတို့ကိုယ်တိုင် အကောင် အထည်ဖော်လိုက်တဲ့လုပ်ငန်းများကို ခွဲခမ်းစိတ်ဖြာသုံးသပ်ခြင်း။ အကဲဖြတ်ခြင်းနှင် ပို ကောင်းတဲ့အစီ အစဥ် များဖော်ထုတ်ခြင်းတို့ကို ပြုလုပ်လာနိုင်ကြပါတယ်။
သင်ကြားရေးတိုးတက်အောင်အလေးထားမှုနှင့် လေ့ကျင့်ထားတဲ့အတိုင်းအစဥ်တိုးတက်နေအောင်လေ့ကျင့်မှု များကြောင့် ကျောင်းမှားတွင် ထိရောက်ပြီး ဆီလျော်တဲ့သင်နည်းများပိုသုံးစွဲလာတာကိုတွေ့နေရပါတယ်။ တစ် ကျောင်းနှင် တစ်ကျောင်းပူးပေါင် လုပ်ဆောင်မှုမှ တစ်ကျောင်းမှ တစ်ကျောင်း ပိုကောင်းတဲ့အလေ့ အကျင့် များကိုသင်ယူတဲ့အလေ့အကျင့် ကောင်းများလည်းဖြစ်ထွန်းလာခဲ့ပါတယ်။ ထိရောက်ကောင်းမွန်တဲ့ နည်းလမ်း များကို ပိုတွင်ကျယ်စွာသုံးမှုများပြန့်နှံတိုးတက်လာခဲ့ပါတယ်။ ဆန်းသစ်တဲ့နည်းလမ်းများကို လက်တွေ့ပြန်လည် အသုံပြုမှုများလည်း ကျယ်ပြန့်လာခဲ့ပါတယ်။ အဲဒီအလေ့အကျင့် ကောင်းကြောင့် ဆရာများနှင့် ကျောင်းများဟာ သူတို့ တတ်ကျွမ်းစွမ်းဆောင် နိုင်မှုများကို ပိုကျယ်ပြန့်စွာသုံးဖြစ်လာအောင် ဖြန့်ဝေမှုများပြုလုပ်လာကြပါတယ်။ သင်ကြားနည်းများကို ကျောင်းသားများရဲ့ လိုအပ်ချက်များပြည့်ဝ အောင် သုံးနိုင်ရေးအတွက်အလေး ထား ဖြန့်ဝေလာကြပါတယ်။ ကျောင်းသားများရဲ့ လိုအပ်ချက်များနှင့်အညီ သင်ကြား မှုကို ပြုပြင်လုပ်ဆောင်မှု များပိုများပြားလာပြီး ကျောင်းသားများအတွက် ပို အကျိုးများမှုများရှိလာ စေခဲ့ပါ တယ်။
ဖင်လန်လူမျိုးပညာရေးအရာရှိတစ်ဦးက ဖင်လန်ပညာရေးပြုပြင်ပြောင်းလဲမှုမှာ အဓိကအားဖြင့် သူသင်ယူ ရလိုက်တဲ့သင်ခန်းစာများအဖြစ် အောက်ပါအတိုင်းဖော်ပြခဲ့ပါတယ်။ သာမန်အဆင့် သာရှိတဲ့ပညာရေးအဆင့်သာ ရှိတဲ့ ဖင်လန်နိုင်ငံဟာ အပြည်ပြည်ဆိုင်ရာထိပ်အမြင့်ဆုံးအပိုင်းသို့တက်လှန်းနိုင်ခဲ့ခြင်းပင်ဖြစ်ပါတယ်လို့ သူရခဲ့ တဲ့သင်ခန်းစာကိုဖော်ပြခဲ့ပါတယ်။
သင်ကြားရေးလုပ်ငန်းမှာတာဝန်ယူနေကြတဲ့အတတ်ပညာရပ်ပိုင်းဆိုင်ရာလူတွေစွမ်းဆောင်နိုင်အားကို မြှင့် တင် ပေး မှုကြောင့် ရလဒ်ကောင်းတွေကို ရလာစေတာဖြစ်ပါတယ်။ တတ်ကျွမ်းမှုအပိုင်းမှာတာဝန်ယူနေတဲ့ ဆရာ တွေကို ဆန်းသစ်တဲ့တီထွင်လုပ်ဆောင်ခွင့်များပေးရန် လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုအခွင့် ပေးမှသာ သင်ကြားရေးတိုးတက်စေမဲ့နည်းလမ်းများကိုဖန်တီးဖေါ်ထုတ်နိုင်မှာဖြစ်ပါတယ်။ ဆရာတွေကို တိကျ စွာလိုက်နာရန်သတ်မှတ်ထားတဲ့သင်ရိုးမာတိကာအတိုင်းလိုက်လုပ်ရတဲ့နည်းပညာရှင်များလို မမြင်သင့်ပါ ဘူး။ သူတို့ကို အားလုံးအတွက်သင်ယူမှုတိုးတက်အောင်လုပ်နိုင်သူတတ်ကျွမ်းသူများအဖြစ်ရှုမြင် သဘောထား ရန် လိုအပ်ပါတယ်။ အဲဒီလိုသဘောထားပြီးဆန်းသစ်တာတွေကိုစူးစမ်းလေ့လာဖောါ်ထုတ်ခွင့်ပေးမှုက ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ အဲဒီစိန်ခေါ်မှူကို ဖန်တီးပေးလိုက်ခြင်းက ဖင်လန်ဆရာများလေ့ကျင့် ပျိုးထောင် ပေးရေးလုပ်ငန်းအစီအစဥ်မှာ အပြောင်းအလဲ ကောင်းများစွာဖြစ်လာစေခဲ့ပါတယ်။ ဆရာတွေဟာ အရေးကြီးမှု အပိုင်းမှာအဆင့် (၁) နေရာမှာရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ပညာရေးစနစ်ကောင်းစွာလည်ပတ်ဖို့ က သူတို့ အပေါ်မှာတည်နေတဲ့အတွက် ဖြစ်ပါတယ်။
ဖင်လန်က အပြောင်းအလဲတွေကိုစနစ်တကျလုပ်ဆောင်ခဲ့ပါတယ်။ အမေရိကားမှာလို ခေတ်မှီဆန်းသစ်တာ တွေကို လိုက်ယူပြီး နှစ်အနည်းငယ်အတွင်းမှာပင် ပြန်လည်ပြုပြင်တာမျိုးမပြုလုပ်ခဲ့ပါဘူး။ အမေရိကားမှာ ရှိတဲ့ကွန်မြူနတီအများစုမှာ ထိုကဲ့သို ပြုပြင်လိုက် ပြန်ပြောင်းလိုက် တွေဖြစ်နေခဲ့ပါတယ်။ အထူးသဖြင့် မြို့ကြီး များမှာ ထိုကဲ့သို့ အပြောင်းအလဲများဖြစ်နေခဲ့ပါတယ်။ အလားတူနည်းဗျူဟာများကို ငယ်တဲ့နိုင်ငံများ၊ သို့မဟုတ် အဆင့်မြင့်မားတဲ့သြစတြေလျားနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ကနေဒါနိုင်ငံ နှင့် တရုပ်ပြည်ရဲ့ ပြည်နယ်အဆင့်သာ ဖြစ်တဲ့ဟောင်ကောင်နှင့် မက်ကာအိုတို့မှာ ကျင့် သုံးတာ အပြုသ ဘောဆောင်တဲ့ရလဒ်များရခဲ့ကြပါတယ်။
အဲဒီအတွေ့အကြုံတွေက ဘာကိုပြသနေသလဲဆိုရင် ပညာရေးစနစ်တစ်ခုမှာ ကျောင်းသားတွေကို လေ့ကျင့် သင်ပေးတဲ့ဆရာတွေမှာကောင်းစွာလေ့ကျင့် သင်ပေးတဲ့ဆရာတွေဖြစ်ပြီး၊ သင်ရိုးညွှန်းတမ်းကိုလာည်းသေချာ စဥ်းစားဖေါ်ထုတ်ထားလျက်၊ လိုအပ်တဲ့သင်ကြားမှုဆိုင်ရာပစ္စည်းများနှင့် တတ်မြောက်မှု စစ်ဆေးအကဲဖြတ်တဲ့ နည်းစနစ်များကို ကျင့်သုံးမယ်ဆိုရင် ကျောင်းသားတွေ၊ ဆရာတွေနှင့် စာသင်ကျောင်တွေဟာအောင်မြင်တဲ့ ပညာရေးစနစ်ကိုဖော်ဆောင်နိုင်ကြမှာဖြစ်ကြောင်း ပြသနေပါတယ်။
မိတ်ဆွေများ မြန်မာပညာရေးကို ပိုကောင်းအောင် ပြုလုပ်တဲ့အခါမှာ ဖင်လန်နိုင်ငံမှာဆရာတွေအတွက် လေ့ကျင့်ပေးပုံတွေ၊ ရင်းနှိးမြှုပ်နှံမှုတွေ၊ ဆရာတွေအပေါ် ထားတဲ့သဘောထားတွေကိုနမူနာအဖြစ် အတု ယူနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်၊
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
No comments:
Post a Comment