
ဒီနေ့မှာ”
အကြမ်းမဖက်တဲ့ အပြန်အလှန်ပြောဆိုမှုမှာ ပါတဲ့ပင်မအခြေခံအချက် (၄)ခု”
အကြောင်းကို Food for Thought 889 အဖြစ်မျှဝေလိုက်ပါတယ်။ အကြမ်းမဖက်တဲ့
အပြန်အလှန်ပြောဆိုမှု အလေ့အကျင့် (၃) ခုဖြစ်တဲ့အပိုင်း (၁) ကိုတော့ Food
for Thought 887 အဖြစ်မျှဝေခဲ့ ပြီးဖြစ်ပါတယ်။
အကြမ်းမဖက်တဲ့ အပြန်အလှန်ပြောဆိုမှု (Non-violent Communication = NVC) မှာပါတဲ့ပင်မအခြေခံအချက် (၄)ခု
အကြမ်းမဖက်တဲ့ အပြန်အလှန်ပြောဆိုမှုမှာ ပါတဲ့ပင်မအခြေခံအချက် (၄)ခု တို့မှာ
• (၁) ကြည့်ရှုလေ့လာခြင်းများပြုလုပ်ခြင်း၊
• (၂)ခံစားမှုများကို ပြောပြခြင်း၊
• (၃)လိုအပ်ချက်များကိုသိအောင်ပြောြပခြင်းနှင့်
• (၄)မေတ္တာရပ်ခံခြင်းတို့ဖြစ်ပါတယ်။
ဖေါ်ပြပါပင်မလိုအပ်ချက်
(၄)ခု တို့မှာ အပြန်အလှန် ပြောဆိုဆက်သွယ်မှုကို အဓိပ္ပါယ်
ရှိစေပြီးရှင်းလင်းလျက် ဆက် သွယ်မှု ကောင်းစွာရှိအောင် လုပ်ဖို့အတွက်
ကောင်းတဲ့ လမ်းညွှန်မှုတစ်ရပ် ဖြစ်ပါတယ်။
၁။ ကြည့်ရှု့လေ့လာခြင်းများပြုလုပ်ခြင်း
ကြည့်ရှု့လေ့လာခြင်းများပြုလုပ်ခြင်းဆိုသည်မှာ
ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်းသိ အောင်အားထုတ်ခြင်းဖြစ်ပါတယ်။
မိမိကအထင်နှင့် အနက်ကောက်တာမျိုး၊ မိမိသ ဘောထားအမြင်ဖြင့် သုံးသပ်တာမျိုး၊
ဝေဖန်အကဲဖြတ်တာမျိုးတွေကင်းလျက် မြင်တွေ့ နေရတဲ့အတိုင်း ဘာမှမိမိသဘောဖြင့်
ဖြည့်တာမျိုးကင်းပြီး အရှိကိုအရှိအတိုင်းသိ နေအောင် လေ့လာခြင်းဖြစ်ပါတယ်။
ဥပမာအားဖြင့် ပြောလေ့ရှိတဲ့ “မင်းကရုံး ရောက် တာအစဥ် အမြဲ နောက်နေတာပဲ”
လို့ပြောမဲ့အစား “ ခင်ဗျားကတနင်္လာနေ့အစည်း အဝေးစလို့ (၁၅) မိနစ်ကြာမှ
ရုံးကိုရောက် လာတာကိုကျွန်တော် သတိထားမိပါတယ်” လို့ပြောနိုင်ပါတယ်။ အဲဒီလို
အကယ်အမှန် အချက်အလက်အပေါ်အခြေခံပြီးပြောခြင်း ဖြင့် တိကျတဲ့လုပ်
ဆောင်ချက်များ သို့မဟုတ် ပြောလိုက်တဲ့စကားများနှင့် ကြည့်ရှုလေ့ လာ
တွေ့ရှိချက်များတို့မှာတိကျ ခိုင်မာတဲ့ အခြေခံကိုပေးပြီး
ဖြစ်နေတာနဲ့ပတ်သက်လို့ သူရောကိုယ်ရော ဘုံလက်ခံနိုင်တဲ့ အမြင်ကို
ဖန်တီးနိုင်ပြီးလွဲမှားစွာနားလည်မှုများ ဖြစ် ပေါ်မှာကို
တားဆီးနိုင်စေပါတယ်။
(၂) ခံစားမှုများကို ပြောပြခြင်း၊
ခံစားချက်များဆိုတာ
ဖြစ်ခဲ့တဲ့ဖြစ်ရပ်အတွက် ဘယ်လိုစိတ်မှာခံစားမှုဖြစ်ရကြောင်းစိတ်
လှုပ်ရှားခံစားမှုဖော်ပြချက်များပင်ဖြစ်ပါတယ်။ ဥပမာအားဖြင့် “ခင်ဗျားဟာ
အခြား လုပ် ဖော်ကိုင်ဖက်များနှင့်ဆွေးနွေးတဲ့အခါ တက်ကြစွာဆွေးနွေးနေတာကို
တွေ့ရတဲ့အခါ (ကြည့်ရှုလေ့လာတွေ့ရှိချက်) ကျွန်တော့စိတ်ထဲမှာ
ခင်ဗျားအဖွဲ့အသစ်နဲ့ စတင်ပါဝင် လုပ်ဆောင်စဥ်ကထက် အပြုသဘောခံစားရပြီး
စိတ်ထဲမှာ သက်သောင့် သက်သာ ဖြစ်ရ ပါတယ်။ (ခံစားမှုကို ထုတ်ဖော်ပြောပြခြင်း)
သို့မဟုတ် အဖွဲ့အနေဖြင့် ဦးတည် ရည်မှန်းချက်များရောက်အောင် တိုးတက်မှု
မရှိတာအတွက် (လိုအပ်ချက်များ ထုတ် ပြောခြင်း) ကျွန်တော်မှာစိတ်ပူပန်ပြီး
စိတ်အားပျက်သလိုဖြစ်ပါတယ်။ (ခံစားမှုကို ထုတ်ဖော်ပြောပြခြင်း)
စိတ်လှုပ်ရှားခံစားမှုကိုပြတဲ့စကားများကို အစပိုင်းတွင်သုံးခြင်းမှာ
ထူးဆန်းသလိုတော့ဖြစ်နေနိုင်ပါတယ်။ သို့သော်လည်း
စိတ်လှုပ်ရှားခံစားမှုများကိုအခြေ ခံတဲ့
တုံ့ပြန်မှုများနှင့်ဖော်ပြချက်များဖြစ်လာရင်အခြေ အနေမှာ
ပိုပြင်းထန်လာစေနိုင် တယ်ဆိုတာကို စဥ်းစားပါ။
အဲဒီလိုဖော်ပြချက်တွေဟာကျွန်တော်တို့အားလုံးအတွက် နှင့်
ကျွန်တော်တို့အားလုံးဦးတည်လုပ်ဆောင်နေတဲ့ဦးတည်ချက်ဖြစ်မြောက်ရေးအတွက်စိတ်
ပူပန်တဲ့ဖြစ်စေကြောင်းစစ်မှန်တဲ့ဖေါ်ပြချက်များဖြစ်ကြပါတယ်။
(၃)လိုအပ်ချက်များ ကိုသိအောင် ပြောြပခြင်း
လိုအပ်ချက်များဆိုတာစိတ်လှုပ်ရှားခံစားမှုများနှင့်
လုပ်ဆောင်မှုများဖြစ်လာအောင် တွန်း
အားပေးနေတဲ့အခြေခံလှုံ့ဆော်မှုများပင်ဖြစ်ပါတယ်။ လိုအပ်ချက်များဆိုတာ
လူတိုင်းအ တွက် လိုအပ်ချက်များဖြစ်ပါတယ်။
လူတိုင်းနေရာတိုင်းအသက်အပိုင်းအခြားမရွေးလို အပ်ချက်များ ရှိကြပါတယ်။
လိုအပ်ချက်များဟာ မရှိလို့မဖြစ်ပါ။ ပထမဆုံးအနေဖြင့် ရှင်သန်
ရပ်တည်ရေးအတွက် (သန့်ရှင်းတဲ့လေ၊ ရေ၊ အာဟာရနှင့် ရုပ်ပိုင်းလိုအပ် ချက်
များနှင့် ထိတွေ့မှု) နှင့် ကျွန်ုပ်တို့ရဲ့ရုပ်ပိုင်းနှင့်
စိတ်ပိုင်းဆိုင်ရာနေထိုင်ကောင်းမွန်ရေးတို့ အတွက် (သက် သောင့် သက်သာရှိမှု၊
အစွမ်းထက်အကျိုးသက်ရောက်မှု၊ လေးစားတန်ဖိုး ထား ခံရမှု) တို့လိုအပ်ပါတယ်။
လိုအပ်ချက်များပြည့်ဝဖို့ဆိုတာ
အကြမ်းမဖက်တဲ့အပြန်အလှန်ဆက်သွယ်ရေးအတွက် အခြေခံကျပါတယ်။
စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များနှင့်ပတ်သက်လာရင် အောက်ဘက်
မှာဖော်ပြထားတဲ့ကျယ်ပြန့်တဲ့အုပ်စုတွေအဖြစ်စဥ်းစားဖော်ပြချင်ပါတယ်။ အဲဒီလို
ဖော် ပြတာကို
တစ်ချို့ခေတ်မှီစိတ်ပညာရှင်များလည်းပြုလုပ်သတ်မှတ်ခဲ့ကြပါတယ်။
•
ကိုယ်တိုင်ဆုံးဖြတ်လုပ်ဆောင်နိုင်မှု - လွတ်လပ်မှု၊
ကိုယ်တိုင်ရွေးချယ်နိုင်မှု၊ ကိုယ်တိုင်တာဝန်ယူလုပ်ဆောင်နိုင်မှု၊
မိမိရည်ရွယ်ချက်နှင့်အညီ လုပ်ဆောင်နိုင်မှု၊
ရိုးသားဖြောင့်မှန်စွာပွင့်ပွင့်လင်းလင်းပြောဆိုလုပ်ဆောင်နိုင်မှု၊
အဆင်ပြေတဲ့နေရာ မှာ လုပ်ဆောင် နိုင်မှုတို့ပါဝင်ပါတယ်။
•
ဆက်သွယ်မှု - ဆက်စပ်မှုရှိခြင်း၊ ပိုင်ဆိုင်ပတ်သက်နေခြင်း၊ အပြန်အလှန် ဆက်
သွယ်မှုရှိနေခြင်း၊ ထောက်ထားစာနာမှုရှိခြင်း၊
အပြန်အလှန်အားထားနိုင်တဲ့လူမှုအ သိုင်းအဝန်းရှိခြင်း၊ အပြန်အလှန်
အလေးထားခြင်း၊ ဂရုစိုက်စောင့်ရှောက်ခြင်း၊ အထောက် အကူများပေးခြင်း-----
• ကျွမ်းကျင်ပိုင်နိုင်မှု- သင်ယူခြင်း၊ လူတိုင်းတိုးတက်နေခြင်း၊ ကြီးထွားဖွံ့ဖြိုးခြင်း၊ အပြန်အလှန် နားလည်ခြင်း၊ရှင်းလင်းနေခြင်း၊
(၄)မေတ္တာရပ်ခံခြင်း
လိုအပ်ချက်များပြည့်ဝဖို့အတွက်
တိကျတဲ့လုပ်ဆောင်မှုများရှိရန် လိုအပ်ပါတယ်။လိုအပ်
ချက်များကိုဖော်ထုတ်ရုံဖြင့်မလုံလောက်ပါ။ လိုအပ်ချက်များပြည့်ဝဖို့
နည်းလမ်းများကို ဆန်းသစ်တီထွင်ကြံဆရန် လိုအပ်ပါတယ်။
မေတ္တာရပ်ခံတဲ့နည်းလမ်းကတော့
အခွင့် အလမ်းပေးရန် ပြောဆိုခြင်းဖြစ်ပါတယ်။
မိမိတို့လိုအပ်ချက်များပြည့်ဝရေးအတွက် နှစ် သက်တဲ့နည်းလမ်းကို
အသိပေးပြီးမှမေတ္တာရပ်ခံခြင်းမှာ တောင်းဆိုခြင်း၊ ဖိအားပေးခြင်း၊
အနိုင်ကျင့်ခြင်း၊ ကြိုးကိုင်ချယ်လှယ်ခြင်းများကင်းပါတယ်။ ထိရောက်တဲ့
မေတ္တာရပ်ခံ ခြင်းဆိုတာ ရှင်းလင်းပါတယ်။ တိကျပါတယ်။ လုပ်ဆောင်နိုင်ပါတယ်။
ပြောတဲ့အခါ မှာလည်းအပြုသဘောဆောင်တဲ့စကားဖြင့် ပြောပါတယ်။ ဥပမာအားဖြင့်
“ကျွန်တော် တင်ပြထားတဲ့အစီရင်ခံစာမှာပါတဲ့အပိုင်း (၂) နှင့် (၃) တို့ကို
ပြန်လည်သုံးသပ်တာကို ညနေ (၆)နာရီမတိုင်မှီမှာပြီးအောင်
သုံးသပ်ပြီးကျွန်တော်အစီရင်ခံစားပြီးအောင် ကူညီစေချင်ပါ တယ်ခင်ဗျာ “
လို့မေတ္တာရပ်ခံနိုင်ပါတယ်။ သို့မဟုတ် “ခင်ဗျားအနေနဲ့ကျွန်တော်ရှု့ ထောင့်
အမြင်ကို ကြားချင်ပါသလား” လို့မေးနိုင်ပါတယ်။
ဖော်ပြခဲ့တဲ့ချဥ်းကပ်နည်းအတိုင်းမေတ္တာရပ်ခံခြင်းဖြင့်ပါဝင်နေတဲ့အဖွဲ့များကြား
ပွင့်လင်း ပြီး ရိုးသားမှန်ကန်တဲ့အပြန်အလှန်ပြောဆိုမှုဖြစ်အောင်
ဖန်တီးရာရောက်ပါတယ်။ ဒီနေ ရာမှာ လျို့ဝှက်ချက်ကတော့
မေတ္တာရပ်ခံချက်အပေါ်မှာ ဟင့်အင်းလို့ ပြောလာရင်လည်း အဲဒီလို ပြောတာကိုပင်
ကြားလိုတဲ့ ဆန္ဒပြရင်း နှစ်ဦးနှစ်ဘက်သဘောတူနိုင်တဲ့ ဖြေရှင်းမှု ရလာအောင်
ဆက်လက် ဆွေးနွေးလာအောင်မေတ္တာရပ်ခံခြင်းပင်ဖြစ်ပါတယ်။
ဖော်ပြပါအချက်
(၄)ချက်ကိုအခြေခံလျက် မိမိတွေ့ကြုံနေရမှု၊ နားထောင်လို့ကြားနေရမှု၊
သို့မဟုတ် ပြောဆိုရန်အဆင်သင့်ဖြစ်မှု တို့တွင်
မိမိအတွက်နှင့်အခြားလူများအတွက် ဘာတွေကအရေးကြီးတယ်ဆိုတာကို
ရှင်းလင်းစွာသိနားလည်စေပါတယ်။ပြီးတော့ လူ
သားဆန်စွာတာဝန်ရှိရှိနှင့်ရှင်းလင်းစွာဘယ်လို ပြောဆိုဖော်ပြရမယ်ကို
ကောင်းစွာသိစေ ပါတယ်။
မိတ်ဆွေများ
ဖော်ပြပါ အဆင့်များကိုသုံးပြီး အကြမ်းမဖက်တဲ့ပြောဆိုဆက်ဆံမှုကို
ပြုလုပ်နိုင်ကြပြီးလူမှုအပြန်အလှန်ဆက်ဆံရေးမှာ အောင်မြင်အဆင်ပြေကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
No comments:
Post a Comment