Monday, February 3, 2025

သေခြင်းတရားကိုဆင်ခြင်ရန်အရေးကြီးပုံ Food for Thought 888 ဒေါက်တာသိန်းလွင်

May be an image of ‎map and ‎text that says '‎Number ל deaths by age. World, 2023 The estimated number of deaths in cach PR0 group, Estimates Tay be uncertain for countries with poor vital registration systems. Table Chart 100+ years 95-99 years 94 Workf inData 243,000 years 84 years 1.31 million years Change country or region 60-64 3.64 million 35 5.96 million 6.81 million 6.58 million 6.59 million 5.75 million 48 million 3.59 million 2.63 million B6 million 1.50 million 1.22 million 1.04 malion 927 927,000 000 864, 4,000 673,000 454 454.000 000 700,000 20-24 15- 19 10-14 years 5-9 5-9years 0-4years 0-4 1950 4.83milion 4.83 million 2023‎'‎‎ 

 

 ဒီနေ့” သေခြင်းတရားကိုဆင်ခြင်ရန်အရေးကြီးပုံ” အကြောင်းတရားနာထားတာကို မိတ်ဆွေများအတွက် Food for Thought 888 အဖြစ်မျှဝေလိုက်ပါတယ်။

သေခြင်းတရားကိုဆင်ခြင်ရန်အရေးကြီးပုံ

၁။ အသက်ဆိုတာ တိုတယ်၊ နည်းတယ်၊ လျင်မြန်တယ်။

မွေးလာတဲ့သက်ရှိတိုင်းသေရတယ်။ အချိန်မရွေးသေးနိုင်တယ်၊ နေ့မြင်ညပျောက်ဖြစ်နိုင်တယ်။ ဒါကြောင့်သေခြင်းသဘောကို အမြဲပြတ်ဆင်ခြင်သင်ပါတယ်။သေခြင်းတရားကိုဆင်ခြင်ရင်ရနိုင်တဲ့အကျိုး (၇)မျိုးရှိပါတယ်။ အကျိုး (၇)မျိုးတို့မှာအောက်ပါတို့ဖြစ်ကြပါတယ်။

1. သံသယာဝဋ်ဆင်းရဲကိုသိနားလည်ပြီးငြီးငွေ့တဲ့စိတ်ဖြစ်လာနိုင်ပါတယ်။
2. ကာမအပေါ်စွဲမက်တာတွေမှာကင်းကွာလာနိုင်ပါတယ်။
3. ဝဋ်ဒုက္ခအပေါင်းချုပ်ငြိမ်းနိုင်ပါတယ်။
4. ပူဆွေးမှုကင်းပြီးစိတ်နှလုံးငြိမ်းအေးနိုင်ပါတယ်။
5. ရုပ်နာမ်တို့ရဲ့အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောကို သိနားလည်လာနိုင်ပါတယ်။
6. သစ္စာ (၄) ပါးကိုသိတဲ့မဂ်ဥာဏ်ကိုရနိုင်ပါတယ်။
7. နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါတယ်။

ဘီလူးရန်မှကင်းအောင် ဘုရင်ကြီးကသားတော်ကိုသံလှောင်အိမ်ထဲမှာထည့်ထားပါတယ်။ အဲဒီလိုသံ လှောင်အိမ်ထဲမှာနေနေရတဲ့ မင်းသား (၁၆) နှစ်သားက ထီးနန်းစည်းစိမ်ကို မလိုချင်ကြောင်း၊ မြင့် မြတ်သော တရားအကျင့် ကို ကျင့်လိုကြောင်း၊ သေမင်း ဟာအရာရာကိုလွှမ်းမိုးနေကြောင်း နမူနာအမျိုးမျိုးဖြင့် ဘုရင်သားတော် သံလှောင်အိမ်ထဲမှာ နေနေရတဲ့ မင်းသားက ပြောပြမှုမှာစိတ်ဝင်စားစရာကောင်းလှပါတယ်။

• ပဋိသန္ဒေနေပြီးမွေးဖွားလာတဲ့သက်ရှိတိုင်း အိုနာသေဖို့တရွေ့ရွေ့သွားနေရကြောင်း၊ ကောင်းကင်မှာ ရွှေ့လျားနေတဲ့တိမ်တွေလိုဖြစ်ပါတယ်။ အခုမြင် ပြီးခဏကြာတော့ပျောက်သွားရပါတယ်။

• ကြံကြိတ်စက်ထဲထည့်ခံရတဲ့ကြံချောင်းတွေဟာ ကြံကြိတ်စက်ရဲ့ကြိတ်ခြေမှုကိုခံရသလို လူတွေဟာ အိုနာသေဘေးရဲ့အမျိုးမျိုးနှိပ်စက်မှုကိုခံကြရပါတယ်။

• အင်အားကြီးမားတဲ့ရန်သူစစ်အင်အားကို နိုင်အောင်တိုက်နိုင်တဲ့စစ်အင်အားဘုရင်ကြီးမှာရှိနိုင်ပေမဲ့ အဲဒီအင်အား ကြီးတဲ့စစ်အင်အားနဲ့ သေမင်းကိုတော့ နိုင်အောင်မတိုက်နိုင်ပါဘူး။

• ရန်သူလက်မှလွတ်အောင်အမျိုးမျိုးနည်းလမ်းသုံးပြီး ရုန်းထွက်နိုင်ပေမဲ့သေမင်းလက်မှလွတ်အောင် တော့ မရုန်း ထွက်နိုင်ပါဘူး။

• အမှုန်ယစ်နေတဲ့အင်အားကြီးမားတဲ့ဆင်ကြီးကရန်သူတွေကို‌ချေမှုန်းနိုင်ပေမဲ့သေမင်းကိုတော့ မချေ မှုန်းနိုင်ပါဘူး။

• ရန်သူပြစ်မှတ်ကို ထိမှန်အောင်ပြစ်ပြီးရန်သူကိုသတ်နိုင်တဲ့လေးသမာဟာ သေမင်းဆိုတဲ့ရန်သူကိုတော့ သေအောင်မပြစ်နိုင်ပါဘူး။

• စတင်ဖြစ်ပေါ်လာတဲ့ရေအိုင်ကြီးတွေ၊ တောတောင်တွေဟာတစ်နေ့ကျရင် ပျောက်ပျယ်သွားကြမှာ ဖြစ် သလို မွေးလာတဲ့သက်ရှိတွေအားလုံးဟာလည်းတစ်နေ့ကျရင်သေကုန်ကြရမှာဖြစ်ပါတယ်။

• အသက်ဆိုတာပျက်စီးလွယ်လှပါတယ်။ ဘာနဲ့တူသလဲဆိုရင်အရက်တွေအလွန်မူးနေတဲ့ အရက် သောက်ထားသူဝတ်ထားတဲ့ပုဆိုးလိုး မခိုင်မြဲပါဘူး။ ကျွတ်ကျဖို့ တလှုပ်လှုပ်ဖြစ်နေပါတယ်။

• သစ်ရွက်သစ်သီးတွေဟာ အချိန်မရွေးကျွေကျနိုင်သလို အသက်ဆိုတာလည်း အချိန်မရွေး ပျက်စီး သေဆုံးနိုင်ပါတယ်။

• သူရဲသဘက်ဘီလူးတွေကလူတွေကို အသေသပ်နိုင်ကြပေမဲ့သေမင်းကို တော့ အသေမသပ်နိုင်ကြ ပါဘူး။

• ဆေးအတတ်ပညာတတ်တွေက သူရဲသဘက်ဘီလူးဘေးမှာလွတ်အောင် ဆေးပညာဖြင့် လုပ်နိုင်ပေမဲ့ သေမင်းဆိုတဲ့ဘီလူဘေးကတော့ လွတ်အောင်မလုပ်နိုင်ကြပါဘူး။

• ခိုဆိုးလုယက်သူများကို သေဒါဏ်ချမှတ်နိုင်တဲ့ဘုရင်ကြီးဟာ သေမင်းဆိုတဲ့ရန်သူကိုတော့ သေဒါဏ် မချမှတ်နိုင်ပါဘူး။

• အဖမ်းအဆီးခံထားရသတွေက နည်းအမျိုးမျိုးသုံးပြီး (လက်ဆောင်ပေးပြီး) အဖမ်းခံရတာမှလွတ် အောင် လုပ်နိုင်ပေမဲ့သေမင်းဖမ်းတာကိုတော့ လွတ်အောင်မလုပ်နိုင်ကြပါဘူး။

• အားကြီးလှတဲ့ခြင်သေ့၊ ကျားဆိုတဲ့အကောင်တွေဟာ သတ္တဝါတွေကို ကိုက်သတ်စားနိုင်ကြသော်လည်း သေမင်းဆိုတဲ့သတ္တဝါကိုတော့ သေအောင် ကိုက်မစားနိုင်ကြပါဘူး။

• ပါးနပ်ကျွမ်းကျင်တဲ့မျက်လှည့်ဆရာဟာ ဝိုင်းအုံကြည့်နေတဲ့ပရိတ်သပ်ကို လှည့်စားပြီးမျက်လှည့် ပြသ နိုင် ပေမဲ့ သေမင်းကိုတော့ မျက်လှည့်မပြေနိုင်ပါဘူး။

• အဆိပ်ပြင်းတဲ့မွေးက လူတွေကိုသေအောင်ကိုက်သတ်နိုင်ပေမဲ့ သေမင်းကိုတော့ သေအောင်အကိုက် သတ်နိုင်ပါဘူး။

• အဆိပ်ပြင်းတဲ့မြွေကိုက်ခံရတာကို အဆိပ်ပြေအောင်ဆေးဆရာကကုသပေးနိုင်ပေမဲ့ သေမင်းဆိုတဲ့မြွေ ကိုက်ရင်တော့ မသေအောင်မကုသနိုင်ပါဘူး။

• လူတွေကို ဆေးအမျိုးမျိုးကုသပေးပြီးအသက်ရှင်အောင်လုပ်ပေးတဲ့ဆေးဆရာကြီးတွေက သေမင်းနဲ့ တွေ့ တဲ့အခါ သူတို့ဆေးက သူတို့ကို မကာကွယ်နိုင်ကြပါဘူး။ သူတို့သေကုန်ကြပါတယ်။

• လောကီပညာတတ်တဲ့ဝိဇ္ဇာထိုရ်ဆရာတွေက ရန်သူများလက်မှလွတ်အောင် စီစဥ်နိုင်ကြပေမဲ့ သေမင်း ရန်ကတော့ လွတ်အောင်မစွမ်းဆောင်နိုင်ကြပါဘူး။

• ဖော်ပြပါ သေခြင်းရန်မှကင်းအောင် ငယ်စဥ်ကတည်းက ကောင်းတဲ့အလုပ်၊ မြင့်မြတ်တဲ့တရားကို ကျင့်ပါတော့မယ်။ ထိးနန်းစည်းစိမ်တွေကို မလိုချင်ပါဘူး။

• သူတော်ကောင်းတရားကကျင့် ကြံအားထုတ်သူကို အသေအချာစောင့်ရှောက်ပါတယ်။

• သူတော်ကောင်းတရားကကျင့် ကြံအားထုတ်သူကို ချမ်းသာပေးမှာအသေအချာဖြစ်ပါတယ်။

• သူတော်ကောင်းတရားအားထုတ်သူအတွက်မကောင်းတဲ့လားရာဆိုတာမရှိပါဘူး။ မသေခင်လည်း လက်ရှိဘဝမှာကောင်းပြီးကွယ်လွန်တဲ့အခါမှာလည်း ကောင်းတဲ့ဘဝသို့သာရောက်စေပါတယ်။

• သူတော်ကောင့်အကျင့်နှင့် မကောင်းတဲ့အကျင့် ကျင့်သူတို့ဟာ မတူကြပါဘူး။

• မကောင်းတဲ့အကျင့်ရှိသူတွေကတော့ သေတဲ့အခါဆင်းရဲလွန်းတဲ့ငရဲကိုရောက်မှာဖြစ်ပါတယ်။

• သူတော်ကောင်းတရားပွားများအားထုတ်သူကတော့ နိဗ္ဇာန်တိုင်အောင် ရောက်ရှိတဲ့ကောင်းကျိုး ချမ်းသာကို ရရှိမှာဖြစ်ပါတယ်။

မိတ်ဆွေများသေခြင်းတရားကိုအစဥ်မပြတ်ဆင်ခြင်နိုင်ကြပါစေ။ ဆင်ခြင်ရာမှာအထောက်အကူပြုရန်၂၀၂၃ ခုနှစ်က အသက် ငယ်သေးတဲ့ကလေးငယ်လေးတွေမှစပြီး သက်ကြီးများသေဆုံးမှုနှုန်းကို တကမ္ဘာလုံးအတိုင်း အတာဖြင့် ဖော်ပြထားတဲ့ဂရတ်ကို ဖေါ်ပြလိုက်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရုန်ကုန်ပညာရေး၊ တက္ကသိုလ်၊

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...