ဒီနေ့ “တန်ဖိုးထားလေ့ကျင့်သင့်တဲ့အလေ့အကျင့်လေးများ” အကြောင်းကို Food for Thought 894 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
တန်ဖိုးထားလေ့ကျင့်သင့်တဲ့အလေ့အကျင့်လေးများ
အောက်ပါအလေ့အကျင့်လေးများမှာ
လေ့ကျင့်သူတွေအတွက်ထိတွေ့ဆက်ဆံသူများကလေးစားတန်ဖိုးထားမှု ကိုဖြစ်စေပါတယ်။
လူတိုင်းလေ့ကျင့် လို့လည်းရပါတယ်။
၁။
သဘောတူယုံသက်သက်သဘောတူတာမဖြစ်ပါစေနဲ့။
ကိုယ်တိုင်အသေအချာခိုင်ခိုင်မာမာလက်ခံယုံကြည် တဲ့အတွက်သဘောတူကြောင်းပြသပါ။
အဲဒီလိုပြသရင်ပြောနေသူကမိမိအပေါ် ပိုလေးစားတန်ဖိုးထားမှာဖြစ် ပါတယ်။
(တစ်ချို့က အပေါ်ယံသဘောယုံကြည်ကြောင်း ပြတတ်ကြပါတယ်။
လေးနက်တဲ့သဘောမရှိကြပါ။ အဲဒီတော့ ပြောနေသူပြောတာက
အရေးပါမှုကျဆင်းသွားစေနိုင်ပါတယ်။ မိမိကို တန်ဖိုးထားလို့ပြောနေမှုအပေါ်
အလေးထားမှုပေါ့သွားစေနိုင်ပါတယ်။)
၂။
စကားပြောတဲ့အခါမှာခပ်မှန်မှန်နှေးနှေးပြောပါ။
ပြောနေတဲ့အကြောင်းအရာနှင့်ပတ်သက်ပြီးမိမိကိုယ်မိမိယုံ ကြည်မှု အပြည့်ဖြင့်
ပြောပါ။ ပြောတဲ့အခါ စကားကိုရှင်းလင်းစွာပြောဆိုပါ။ (တချို့ကစကားပြောတဲ့အခါ
အရင် စလို မြန်မြန်ပြောတတ်ကြတဲ့အတွက် ပြောတာကို နားထောင်သူက
ကောင်းစွာရှင်းရှင်းလင်းလင်း နားမလည် တာမျိုးတွေဖြစ်တတ်ပါတယ်။
မန္တလေးလေဆိပ်မှာကြုံရတဲ့ဖြစ်ရပ်တစ်ခုကိုမျှဝေချင်ပါတယ်။ လေယာဥ်နောက် ကျ
မှာဖြစ်တဲ့အတွက် ခရီးသည်များ နားနားနေနေစောင့်ရန်
အသိပေးပြောစဥ်ကဖြေးဖြေးမှန်မှန်ပြောတဲ့အတွက်
ခရီးသည်တွေအားလုံးနားလည်ပြီးထိုင်စောင့်ကြပါတယ်။ ညနေဘက်လေယာဥ်
(၂)စီးကရှေ့စဥ်နောက်စဥ် ရောက်လာတော့ ခရီးသည်တွေကို လေယာဥ်ပေါ်တက်ရန်
သတိပေးတဲ့အမျိုးသမီးက အမြန်လောပြီး ပြောတဲ့ အခါ ခရီးသည်တွေကနားမလည်တဲ့အတွက်
ထိုင်နေတဲ့နေရာကမထကြပါ။ ဒီတော့ မြေပြင်အမှုထမ်းတွေက ခရီးသည်တွေကို
လာရောက်သတိပေးပြောရတာမျိုးကြုံဘူးပါတယ်။ )
၃။
မိမိနှင့်ဆက်သွယ်ပြောဆိုသူပြောနေတာကိုအမှန်တကယ်စိတ်ဝင်စားကြောင်းပြပါ။
နားထောင်နေစဥ်စိတ်ကို လက်ရှိနားထောင်နေတဲ့အလုပ်မှာသာ ထားပြီးနားထောင်ပါ။
(တစ်ချို့ကစကားပြောနေစဥ်လက်ထဲမှာကိုင် ထား
တဲ့ဖုန်းကိုကြည့်နေတာမျိုးတွေပြုလုပ်တတ်ကြပါတယ်။လက်ထဲမှာကိုင်ထားတဲ့ဖုန်းကိုကြည့်နေခြင်းက
ပြောနေ တဲ့ စကားကို အသေအချာအပြည့်အဝနားမထောင်ဘူးဆိုတာ
ကိုပြသနေတာဖြစ်ပါတယ်။ )
၄။
တည်တည်ငြိမ်ငြိမ်ရှိအောင် မိမိစိတ်ကိုထိန်းထားပါ။
မိမိကိုယ်မိမိယုံကြည်မှုရှိရှိ ထိန်းသိမ်းထားပါ။ (တချို့မှာ
ပြောနေတဲ့အခါမှာဖြစ်စေ၊ နားထောင်နေတဲ့အခါမှာဖြစ်စေ
ပြနေတဲ့အမူအရာတွေကမိမိကိုယ်မိမိ ယုံကြည်မှု နည်း နေတာမျိုး၊
ယုံကြည်မှုမရှိတဲ့အမူအရာမျိုးတွေပြနေတတ်ကြပါတယ်။ ဥပမာ ခေါင်းကိုခဏခဏ ကုတ်နေ
ခြင်း၊ ဆံပင်ကိုခဏခဏလက်ဖြင့် သပ်နေခြင်း၊ မျက်လုံးကပြောနေသူကိုမကြည့်ဘဲ
အခြားတနေရာရာကိုကြည့် နေခြင်းမျိုးတွေပြုလုပ်တတ်ကြပါ တယ်။
အာရုံကအခြားတနေရာရာရောက်နေတာမျိုးတွေပြတတ်ကြပါတယ်၊)
၅။
မျက်နှာကိုကြည်ကြည်လင်ရွှင်ရွှင်ပြပြထားပြီ
ပြောဆိုနေရတာနဲ့ပြောနေတဲ့အချိန်ကို နှစ်သက်သဘောကျ ကြောင်းပြပါ။
အဲဒီလိုပြသခြင်းက မိမိနှင့်ပြောဆိုနေသူအပေါ်
လေးစားတန်ဖိုးထားရာလည်းရောက်စေပြီး ပြော ဆိုတဲ့လုပ်ငန်းကနှစ်ဦးနှစ်ဘက်
ပိုစိတ်ဝင်စားစရာ၊ စိတ်ကိုကြည့်နူးစရာဖြစ်စေပါတယ်။ (တချို့ကပြောနေတဲ့
အချိန်မှာ မျက်နှာသေဖြင့် နေတတ်ကြပါတယ်။
ပြောတဲ့အကြောင်းအရာကိုလည်းစိတ်မဝင်စားသလို၊ စိတ်မပါ သလို၊ မတတ်သာလို့
နားထောင်နေရတဲ့သဘောမျက်နှာအမူအရာ၊ ကိုယ်အမူအရာတွေပြတတ်ကြပါတယ်။ )
၆။
အပြန်အလှန်ပြောဆိုတဲ့အခါမှာ မိမိကိုယ်မိမိယုံကြည်ကြောင်းပြနိုင်အောင်
ရပ်တည်ပြီးပြောဆိုပါ။ မိမိ ကိုယ်မိမိယုံကြည်မှုရှိရှိနားထောင်ခြင်းဆိုတာ
မျက်လုံး၊ နား၊ ကိုယ်အမူအရာများအားလုံးကပြောနေသူနှင့် ပြော
နေတဲ့အကြောင်းအရာအပေါ်မှာ အပြည့်ဝအာရုံထားနားထောင်ကြောင်းပြသရန်
လိုအပ်ပါတယ်။ (ဥပမာအားဖြင့် ပြောနေတဲ့အကြောင်းအရာကို
နားလည်လက်ခံတဲ့အတွက်ခေါင်းညိမ့်ပြခြင်း၊ မျက်နှာက သဘောတူကြောင်း ပြသခြင်း၊
အလေးအနက်နားထောင်နေကြောင်းပြတဲ့အနေနဲ့
ကိုယ်ကိုပြောနေသူဘက်အနည်းငယ်ကိုင်းပြီး နား ထောင် ခြင်း စတာမျိုတွေပြရန်
လိုအပ်ပါတယ်။)
၇။
စိန်ခေါ်တဲ့အကြောင်းအရာများအကြောင်းကိုဆွေးနွးပါ။
အဲဒီအကြောင်းတွေကိုဆွေးနွေးတဲ့အခါမှာ မိမိ အမှန်တကယ်
ယုံကြည်တဲ့အတိုင်းပွင့်လင်းစွာပြောဆိုဆွေးနွေးပါ။
(တချို့ကအမှန်တကယ်မယုံကြည့်ပါဘဲလျက် လေလိုက်သင့်ငါးလိုက်သင့်
အကြိုက်လိုက်ပြီး သဘောတူသလိုလို ပြတတ်ကြပါတယ်။ )
၈။
မိမိနှင့် ပြောဆိုနေသူပြောနေတဲ့အချိန်မှာ ကြားဖြတ်ပြောတာမျိုးမပြုလုပ်ဘဲ
ကောင်းစွာလေးလေး စားစား နား ထောင်ပါ၊ နား၊မျက်စိနှင့်
ကိုယ်ဟန်အမူအရာအားလုံးသုံးပြီး နားထောင်ပါ။ (တချို့က အခြားပြောနေတဲ့
အချိန်မှာ ကြားဖြတ်ပြီးစကားပြောတတ်ကြပါတယ်။ တကယ်လို့
အရေးတကြီးမေးစရာရှိလာရင် အခွင့် တောင်း ပြီးမှ မေးတာမျိုးပြုလုပ်သင့်ပါတယ်။
ပြောနေသူပြောနေတဲ့အချိန်မှာ ကြားဖြတ်ပြောခြင်းက ပြောနေသူကိုမ လေး
စားကြောင်းပြသလိုဖြစ်စေပါတယ်။ ပြောနေတဲ့အကြောင်းအရာကို
တန်ဖိုးထားမှုမရှိကြောင်းပြသလို လည်း ဖြစ်စေနိုင်ပါတယ်။)
၉။
မိမိကိုယ်စိတ်နှစ်ခုလုံးက ပြောနေတဲ့အကြောင်းအရာ၊
ပြောနေတဲ့အချိန်မှာရှိနေအောင် ထိန်းသိမ်းပါ။ အတွေး
လွန်နေတာမျိုးတွေမဖြစ်အောင်မိမိကိုယ်မိမီန်းသိမ်းပါ။ (တချို့က
ပြောတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးအတွေး လွန်နေတဲ့အတွက်
ပြောနေတဲ့အကြောင်းအရာကို အပြည့်အဝထိတွေ့ကြားနိုင်ခြင်းမရှိတော့ပါ။
အဲဒီအခါမျိုးမှာ အပြန်အလှန်ပြောနေမှုက
မညီညွတ်တာမျိုးတွေဖြစ်လာစေနိုင်ပါတယ်။စိတ်က ပြောခဲံတာတစ်ခုခုအပေါ်မှာ အ
တွေးလွန်းပြီးနစ်မြောနေလို့ နားကတော့ ပြောနေတာတွေကို ကြားနေပေမဲ့
ကြားတော့ကြားပါလျက် အပြည့်အဝ နားမလည်တာမျိုးတွေဖြစ်လာစေနိုင်ပါတယ်။ )
၁၀။
ဝေဖန်ပြောဆိုမှုများဖြစ်လာတဲ့အခါ ချက်ခြင်းစိတ်လိုက်မာန်ပါ
မတုံ့ပြန်ပါနဲ့။ စိတ်ကို တည်ငြိမ်စွာထားပြီး အကျိုးအကြောင်းညီစွာပြောဆိုပါ။
မဟုတ်မှန်ရင်မဟုတ်မှန်ကြောင်းအကျိုးသင့် ကြောင်းသင့် ရှင်းပြပါ။ ဟုတ်
မှတ်နေရင်ဝန်ခံပြီး လိုအပ်သလို ပြုပြင်ပါ။ ဟုတ်မှတ်နေပါက မှန်တာကို
ဝေဖန်တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုပြီးလိုအပ်သလို ပြုပြင်ပါ။)
၁၁။
ဖြစ်စဥ်အပေါ်မှာသာအလေးထားပါ၊ ရလဒ်ပေါ်မှာသာအလေးထားနေတာမျိုးမဖြစ်ပါစေနဲ့။
တကယ် တော့ ရည်ရွယ်ချက်၊ လုပ်ဆောင်တဲ့ဖြစ်စဥ်နဲ့ရလဒ်တို့ဆိုတာ
ဆက်စပ်နေတာဖြစ်ပါတယ်။ ရလဒ်အပေါ်ကိုသာအလေး ထားနေရင်
လုပ်ဆောင်ချက်ကလွဲနေတာမျိုးတွေဖြစ်လာနိုင်ပါတယ်။
ဒီနေရာမှာဖြစ်ရပ်မှန်လေးတစ်ခုကိုမျှဝေ ချင်ပါတယ်။ ကလေးတွေကို
ကိုယ်စိတ်မနာအောင် ပြုပြင်ရန်အရေးကြီးကြောင်းဆွေးနွေးပွဲတစ်ခုမှာ တက် ရောက်
လာတဲ့ဆရာမတစ်ယောက်က သူကျောင်းသူတစ်ယောက်ကို ကိုယ်လက်နာကျင်အောင်မလုပ်တဲ့အ
ကြောင်း ပြောလာပါတယ်။ သူက ကျောင်းသူကို စာကိုပိုအလေးထားစေချင်ပါတယ်။
ဒါကကောင်းတဲ့ရည်ရွယ် ချက် ဖြစ်ပါတယ်။ ရည် ရွယ် ချက်ကောင်းပေမဲ့
လုပ်တဲ့လုပ်ရပ်ကတော့ “ကျွန်မကအပျဥ်းကြီးသူပါ။ စာကို
ကောင်းကောင်းမလုပ်တဲ့အတွက် စာမေးပွဲကျပါတယ်” ဆိုတဲ့စာရေးထားတဲ့စာရွက်ကို
ကိုင်ပြီးအတန်းတွေမှာ လှည့်ပြစေပါတယ်။ ကျောင်းသူလေးက အဲဒီလို လုပ် ခံရတော့
အလွန်စိတ်ထိခိုက်ပြီးရှက်ပါတယ်။ အိမ်ပြန် ရောက်တော့ သူ့မိခင်ကို
ပြန်ပြောပြပါတယ်။ ဒီ တော့
မိခင်ကသူ့သမီးကိုအများရှေ့မှာအရှက်ခွဲရမလားဆိုပြီး ဆရာမကို
လာရန်တွေ့ပြီးကျောင်းသူကို အဲဒီဆရာမကျောင်းမှာမထားတော့ဘူးဆိုပြီး
ကျောင်းထုတ် သွားပါ တယ်။ ဒီတော့ ရည်ရွယ်ချက် ဘယ်လိုပင်ကောင်းပေမဲ့
လုပ်ဆောင်မှုမကောင်းတဲ့အခါ ရလဒ်ကလည်း မကောင်း ဖြစ်လာပါတော့တယ်။ ဆရာမကို
ကျောင်းသူမိခင်က လာရန်တွေ့တာခံရပါတယ်။ ကျောင်းသူကို လည်းကျောင်း
မှထုတ်သွားပါတယ်။
မိတ်ဆွေများ မျှတေထားတဲ့အလေ့အကျင့်များကို လေ့ကျင့် ပြီး အပြန်အလှန်ထိတွေ့ဆက်ဆံရေးမှာ အပြန် အလှန်လေးစားမှုကိုမြှင့်တင်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Tuesday, February 18, 2025
တန်ဖိုးထားလေ့ကျင့်သင့်တဲ့အလေ့အကျင့်လေးများ Food for Thought 894
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment