Thursday, February 6, 2025

ချင့်ချင့်ချိန်ချိန်ထင်ဟပ်သုံးသပ်ပြီးကလေးများကိုလေ့ကျင့်ပေးခြင်း Food for Thought 900 ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း)။ ပညာရးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

 May be an image of text that says 'Enhancing Attachment and Reflective Parenting in Clinical Practice A Minding the Baby Approach reflection relationship safety regulation'
ဒီနေ့” ချင့်ချင့်ချိန်ချိန်ထင်ဟပ်သုံးသပ်ပြီးကလေးများကိုလေ့ကျင့်ပေးခြင်း”အကြောင်း ကို Food for Thought 900 အဖြစ်မျှဝေလိုက်ပါတယ်။

ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)။ ပညာရးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရေးတက္ကသိုလ်။


ချင့်ချင့်ချိန်ချိန်ထင်ဟပ်သုံးသပ်ပြီးကလေးများကိုလေ့ကျင့်ပေးခြင်း

ချင့်ချင့်ချိန်ချိန်ထင်ဟပ်သုံးသပ်ပြီးကလေးများကိုလေ့ကျင့်ပေးမှုကမိဘနှင့်ကလေးများကြားတွင်ရင်းနှီးချစ်ခင်တဲ့ဆက်သွယ်မှုကိုအားပေးတဲ့လေ့ကျင့်နည်းဖြစ်ပါတယ်။ မိဘ များအနေဖြင့်ကလေးတွေကို ကြည့်ရှုလေ့လာပြီး တွေ့ရှိချက်ပေါ်မူတည်လျက်ပြန်လည် ထင်ဟပ်စဥ်းစားခါ ကလေးရဲ့ခံစားမှုများနှင့်အပြုအမူများအပေါ် လေးစားစွာတုံ့ပြန်ခြင်း ကိုအားပေးတဲ့အလေ့အကျင့်ဖြစ်ပါတယ်။

လေ့လာမှုသုတေသနများကထောက်ပြနေတဲ့အချက်မှာ ကလေးရဲ့အပြုအမူများနှင့်ခံစား မှုများကိုနားလည်ပြီးကလေးနှင့်ဆက်သွယ်မှုပြုလုပ်တဲ့မိဘတွေအနေဖြင့်လည်း ကလေး နှင့် ကောင်းမွန်တဲ့ဆက် သွယ်မှုကိုရရှိစေကြောင်းဖေါ်ပြထားပါတယ်။ ကလေးတွေဆိုတာ သူတို့ကိုမိဘတွေက နားလည်တဲ့အခါ ပိုကောင်းစွာပြုလုပ်တတ် ကြ ပါတယ်။

ကလေးတွေစိတ်မှာမိဘလူကြီးတွေကသူတို့ကိုပိုနားလည်တဲ့အခါ သူတို့နှင့်မိဘကြားပို အား ကောင်းတဲ့ အပြန်အလှန်ဆက်သွယ်ရေးဖြစ်စေကြောင်း သိနားလည်ထားကြပါ တယ်။ ထိုအ‌ခြေအနေမှာမိဘများနှင့်သာမက သူငယ်ချင်းများ၊ အခြားလူများနှင့် ဆက် သွယ်ရေးမှာလည်း အတူတူပင်ဖြစ်ပါတယ်။ အဲဒီလိုကလေးတွေဟာကျောင်းတက်တဲ့ အခါ မှာလည်းကျောင်းမှာပိုကောင်းစွာလုပ်ဆောင်နိုင်ကြပြီး ကျန်းမာရေးနှင့် နေထိုင် ကောင်းမွန်ရေးလည်း ပိုကောင်းကြပါတယ်။

ချင့်ချင့်ချိန်ချိန် ကြည့်ရှုလေ့လာပြီးကလေးတွေအပေါ်တုံ့ပြန်တတ်တဲ့မိဘတွေအနေ ဖြင့်လည်း စိတ်ဖိစီးမှုနည်းပါးကြပါတယ်။ အပြုအမူပိုင်းဆိုင်ရာအခက်ခဲလည်းနည်း တတ် ကြပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့အပြန်အလှန်ဆက်သွယ်ရေးရှိအောင်မိဘ များ အနေဖြင့် ချင့်ချင့်ချိန်ချိန်ကြည့်ရှုလေ့လာပြီး ချင့်ချင့်ချိန်ချိန်ထင်ဟပ်သုံးသပ်လျက် ကလေးများကိုလေ့ကျင့်ပေးခြင်းပြုလုပ်ရန်လိုအပ်ပါတယ်။

အပြန်အလှန်ဆက်သွယ်မှုကောင်းအောင်တည်ဆောက်ခြင်း

မိဘများအနေဖြင့် မိမိတို့သားသမီးများနှင့်ချစ်ခင်စွာထိတွေ့မှုမရှိတဲ့အခါ ကလေးများ စိတ်မှာ မကောင်းတဲ့စိတ်ခံစားမှုမျာဖြစ်လာပါတယ်။ မိဘများနှင့်ချစ်ခင်တဲ့အပြန်အလှန်ဆက်သွယ်မှုရှိနေကြောင်းသိတဲ့အခါ ကလေးတွေဟာ ဘယ်လိုအခက်အခဲအ‌ခြေအနေမဆိုကျော်လွန်အောင် ဖြတ်သန်းနိုင်ကြပါတယ်။ကလေး တို့စိတ်မှာ သူတို့ကိုမိဘတွေက ချစ်ခင်ပြီးနားလည်တယ်လို့ သိရှိခံစားနေရဖို့လိုအပ်ပါ တယ်။

ကလေးနှင့်အပြန်လှန်ဆက်သွယ်မှုအားကောင်းအောင်ဘယ်လိုလုပ်ဆောင်နိုင်ပါသလဲ။

၁။ ကလေးနှင့်ဆက်သွယ်ပြောဆိုတဲ့အခါ ကလေးသက်သောင့်သက်သာရှိတဲ့အနေ အ ထားရှိအောင်လူကြီးက ကလေးနှင့်မျက်လုံးချင်းတစ်တန်းတည်းဖြစ်အောင်အထိမိမိ ကိုယ် ကိုနှိမ့်ပြီးဆက်သွယ်ပြောဆိုပါ။

ဖေါ်ပြပါအတိုင်းလူကြီးကကလေးနှင့်မျက်လုံးချင်းတတန်းတည်းကျအောင်မိမိကိုယ်မိမိနှမ့်ပြီးကလေးကိုချစ်ခင်စွာပွေ့ဖက်လိုက်ခြင်း၊ လူကြီးက ကလေးလုပ်ရပ်ကိုနှစ်သက်သ ဘောကျတဲ့အတွက် ခေါင်းကလေးငြိမ့်ပြလျက်ပြုံးပြခြင်းများပြုလုပ်ပါ။ (အနားမှကပ် ပြီးပြောတဲ့အခါ ကလေးကမိဘကိုကြည့်ဖို့ ခေါင်းကိုအတင်းမော့ထားရတာမျိုးကို သတိ ပြုမိကြပါသလား။ အဲဒီအနေအထားဆိုရင် ကလေးမှာမိဘကိုမြင်အောင်ကြည့်ရတာက ပင် မသက်မသာဖြစ်လာစေပါတယ်။)

၂။ ကလေးခံစားနေရတာကို နားလည်ကြောင်းပြပါ။

အပြုအမူကိုမနှစ်သက်ရင်တောင်မှ ကလေးမှာဖြစ်နေတဲ့စိတ်ခံစားမှုကို နားလည် အသိအမှတ်ပြုကြောင်း ပြပါ။

၃။ မိဘကပြောနေတာကိုရပ်ပြီးကလေးပြောတာကိုကောင်းစွာနားထောင်ပေးပါ။

ကလေးကိုဘယ်လိုပြုမူ ဘယ်လို နေထိုင်ပါဆိုတာတွေကိုရှည်ရှည်ဝေးဝေးပြော နေ တာမျိုးတွေကိုရပ်လိုက်ပါ။ ကလေးမှာဖြစ်နေတဲ့စိတ်ခံစားမှုများနှင့် ဖေါ်ပြနေတဲ့စိတ် လှုပ်ရှားခံစားမှုများကို နားလည်အောင် ကောင်းစွာနားထောင်ပေးပါ။

၄။ ကြားနေမြင်နေရတာအပေါ်မှာ ချင်ချင့်ချိန်ချိန်ပြန်လည်ထင်ဟပ်သုံးသပ်ပါ။

အခုလိုကောင်းစွာနားထောင်ပေးခြင်းရဲ့ရည်ရွယ်ချက်များ ကလေးပြောနေတာကိုကောင်း စွာနားလည်ကြောင်း ကလေးကို ပြန်လည်ပြောပြဖို့ပင်ဖြစ်ပါတယ်။ ဘာဖြစ်တာလဲ၊ ဘာ ကြောင့်ဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ ဆိုတဲ့မေးခွန်းများမေးပြီး နားလည် အောင်ပြု လုပ်ပါ။ ၊

ဘာဖြစ်တာလဲ၊ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ ဆိုတဲ့မေးခွန်းများမေးပြီး နားလည် အောင်ပြုလုပ်ခြင်းမှာ မြင်နေကြားနေရတာအ‌ပေါ်မှာ ချင့်ချင့်ချိန်ချိန်ထင် ဟပ်စဥ်းစားတဲ့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

အထူးသဖြင့် စည်းကမ်းပိုင်းနှင့် ပတ်သက်လာလို့ လေ့ကျင့်ပေးတဲ့အခါ မဆင်မချင်ဘဲ စိန်ခေါ်တဲ့အပြုအမူအပေါ် ချက် ခြင်းတုံ့ပြန်ခြင်းထက် အခုဖေါ်ပြတဲ့ နည်းက ပိုထိရောက်စေပါတယ်။

ချင့်ချိန်စဥ်းစားတဲ့အခါ

(၁) ငါကလေးကဘာကြောင့်အခုလိုပြုမူနေတာလဲလို့မိမိကိုယ်မိမိမေးကြည့်ပါ။

အပြုအမူဖြစ်စေတဲ့အကြောင်းရင်းကိုသိအောင်စူးစမ်းလေ့လာပါ။ လုပ်နေကျ စိတ်ထင်နဲ့ဒေါသအလျောက် ကောက်ချက်ချတာမျိုးမပြုလုပ်ပါနဲ့။

၂။ အခုဖြစ်ရပ်ကနေ ဘာသင်ခန်းစာရလိုက်ပါသလဲလို့မိမိကိုယ်မိမိမေးကြည့်ပါ။

စည်းကမ်းပြခြင်းဆိုတာ ကလေးကိုအပြစ်ပေးဖို့၊ သို့မဟုတ် ကလေးလုပ်ရပ်ကြောင့် ဖြစ်လာမဲ့နောက်ဆက်တွဲအကျိုးဆက်ကိုခံစေဖို့ မဟုတ်ပါ။ ကလေးဘဝမှာ နောက်ပိုင်း လမ်းကြောင်းမှန်စွာပြုမူနိုင်ဖို့ မှန်ကန်တဲ့လမ်းကို ပြသပေးဖို့ဖြစ်ပါတယ်။ ဥပမာ မိမိ ကိုယ် မိမိထိန်းသိမ်းနိုင်မှု၊ မျှဝေတတ်ဖို့၊ တာဝန်သိသိလုပ်ဆောင်တတ်ဖို့ စတာတွေအ တွက်သင်ခန်းစာရစေရန် ဖြစ်ပါတယ်။

၃။ ငါဒီသင်ခန်းစာကိုအကောင်းဆုံးဘယ်လိုသင်ပေးနိုင်ပါသလဲ။

ဒီနေရာမှာကလေးအသက်အရွယ်နှင့် ဖြစ်နေတဲ့အခြေအနေတို့ကိုထည့်စဥ်းစားပါ။ ကလေးကိုပြုပြင်ကူညီပေးရန် ကလေးစိတ်အေးသွားအောင်စောင့် ဆိုင်းရတာမျိုး လိုအပ်ပါတယ်။ စောင့်ဆိုင်းပြီးမှာ ဘာဖြစ်ကြောင်း ကလေးနှင့် ပြောဆိုမေးမြန်းပါ။ ဘယ်သူဖြစ်ဖြစ် စိတ်လှုပ်ရှားမှုတွေပြင်းပြနေတဲ့အချိန်မှာ ဘာဖြစ်နေကြောင်းရှင်း လင်းစွာမစဥ်းစားနိုင်ကြပါဘူး။

မိတ်ဆွေများ အလျင်စလိုဒေါသအလျောက်တုံ့ပြန်တာမျိုးအစား အထက်ပါနည်းအတိုင်း ချင့်ချင့်ချိန်ချိန်စဥ်းစားတုံ့ပြန်တဲ့နည်းလမ်းကိုကျင့် သုံးခြင်းဖြင့် မိဘနှင့်ကလေးအပြန်အ လှန်ဆက်ဆံရေးပိုကောင်းမွန်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)။ ပညာရးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...