Monday, February 17, 2025

စိတ်ဖိစီးရခြင်းရဲ့ကောင်းကျိုးများ Food for Thought 909

May be an image of text that says 'Positive Stress' 

 

 ဒီနေ့ "စိတ်ဖိစီးရခြင်းရဲ့ကောင်းကျိုးများ "အကြောင်းကို Food for Thought 909 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

"စိတ်ဖိစီးရခြင်းရဲ့ကောင်းကျိုးများ "


စိတ်ဖိစီးမှုလို့ကြားလိုက်ရင်မကောင်းဘူးလို့သာလူအများကမြင်တတ်ကြပါတယ်။ လူတိုင်းစိတ်ဖိစီးမှုဖြစ်ဘူးကြ ပါတယ်။ မျက်မှောက်ခေတ်မှာစိတ်ဖီစီးမှုတွေကပိုတောင်များပါသေးတယ်။ လိုချင်တာတွေများတော့စိတ်ဖိစီး မှု တွေပိုဖြစ်စေပါတယ်။ စိတ်ဖိစီးမှုသိပ်များလွန်းပြီးတာရှည်ဖြစ်နေရင်တော့မကောင်းပါဘူး။ ဒါပေမဲ့ စိတ်ဖိစီးမှုက ထိုက်သင့်တဲ့အတိုင်းအတာရှိရင် ကောင်းတဲ့အကျိုးပြုမှုတွေဖြစ်စေပါတယ်။

စိတ်ဖိစီးမှုက အလုပ်ကိုပိုအလေးထားလုပ်ဆောင်စေရန်လှုံ့ဆော်ပေးတဲ့အတွက် အလုပ်ကိုသွက်သွက်လုပ်ဖြစ် စေပါတယ်။ စိတ်ဖိစီးမှုကြောင့် လူတွေဟာ ကြံ့ခိုင်မှုပိုကောင်းလာစေပြီး ပြဿနာကိုဖြေရှင်နိုင်တဲ့ ကျွမ်းကျင် မှုများတိုးတက်လာစေပါတယ်။ စိတ်ဖီစီးမှုကြောင့် ပိုတိုးတက်အောင်လုပ်ဆောင်လာစေပါတယ်။ စိတ်ဖိစီးမှု ကြောင့် သိမှုဆိုင်ရာစွမ်း ဆောင်နိုင်မှုများလည်းတိုးတက်လာစေပါတယ်။ ဒါကတော့ ဖန်ခွက်တစ်ခွက်ထဲမှာ ရေတစ်ဝက်ထည့်ထားတာကို ရေတစ်ဝက်သာရှိတယ်လို့မမြင်ဘဲ ရေတစ်ဝက်တောင်ရှိနေတယ်လို့မြင်တဲ့ရှု ထောင့်မှ မြင်ခြင်းပင်ဖြစ်ပါတယ်။ ဓားကိုဓားသွေးကျောက်မှာတင်ပြီးဖိပွတ်နေတာဟာ ဂားအတွက် ဖိစီးမှုနဲ့တူ ပါတယ်။ အဲဒီဖိစီးမှုကြောင့် ဓားဟာ အသွားထက်ပြီး လှီးဖြတ်တဲ့အခါ ထိရောက်ပြီးခရီးပေါက်စေပါတယ်။

ယခုခေတ်လို အပြိုင်အဆိုင်များတဲ့လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေသူတော်တော်များများဟာ အလုပ်များပြီး ရှုပ်ထွေးတဲ့ ဘဝနေထိုင်မှုပုံစံတွေကို ဖြည်းဖြည်းချင်း လက်ခံလာကြတယ်။ အကြောင်းက တကယ့် အောင် မြင်သူတွေရဲ့ နေ့စဉ်ဘဝတွေမှာကို မလွှဲမရှောင်သာ ကြုံနေရတာပဲလေ။ အလုပ်လုပ်တဲ့လူတိုင်းကတော့ မတူ ညီတဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေရယ်၊ အလုပ်နဲ့ပတ်သက်တဲ့ ဖိစီးမှုတွေရယ်ကြုံရပြီး တချို့ဆို ရာထူးအဆင့် တွေမတူတော့ တခြားသူတွေထက်တောင် ပိုစိတ်ဖိစီး ရတာရှိသေးတယ်။ စိတ်ဖိစီးမှု များ လွန်းတာက စိတ်ပိုင်း ဆိုင်ရာရောဂါ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပြီး ကိုယ် လက်ရှိ လုပ်နေတဲ့လုပ်ငန်းနဲ့ အလုပ်ကို တောင် အနှောင့် အယှက် ဖြစ်စေနိုင် ပါသေးတယ်။ ဒါပေမဲ့ တချို့ စိတ် ဖိစီးမှု တွေကတော့ အပြုသဘော၊ အ ကောင်းသဘောဆောင်တဲ့ အာရုံစူးစိုက်မှု အားကောင်းစေတာမျိုး ဖြစ်ပေါ်လာ တတ်ပြီး ကိုယ်ဖြစ်ချင်တာရဖို့ ရည်မှန်းချက်တွေပြည့်ဖို့လှုံ့ဆော်ပေးနိုင်တယ်ဆိုတာကိုတော့သိထားသင့်တယ်။

ဒီတော့ စိတ်ဖိစီးမှုက ဘယ်လိုမျိုး ကိုယ့်ရဲ့အလုပ်နဲ့ ရလဒ်တွေကို ပိုကောင်းစေသလဲဆိုတာ ပြောပြ ချင်ပါတယ်။

၁။စိတ်ဖိစီးမှုဆိုတာလှုံ့ဆော်အားတစ်မျိုးဖြစ်ပါတယ်။ (Stress is a Motivator.)

Stress က လူတွေကို လှုံ့ဆော်နိုင်တယ်၊ စိတ်ခွန်အားတွေ ပေးနိုင်တယ်လို့ပြောရင် တော်တော် များများက သိပ် မယုံချင်ကြဘူးပေါ့ဗျာ။ ဒါပေမဲ့ စဉ်းစားကြည့်ရင် တစ်ခုခုကြောင့် Stress ရလိုက်ပြီဆို တာနဲ့ ဘယ်လို လုပ်ရမ လဲ၊ ဖြေရှင်းရမလဲဆိုတဲ့ အပြုသဘောဆောင်ပြီး အကျိုးရှိတဲ့ တုံ့ပြန်မှုတွေကို စဉ်းစားတတ်ကြပြီး အရေးကြီးတဲ့ အလုပ်တို့၊ ရည်မှန်းချက်တို့ကို ပိုမိုဦးတည်စေပါတယ်။ ဥပမာ၊ ကျွန်တော်တို့ အန္တရာယ်ရှိတဲ့၊ Risk များတဲ့၊ စိန် ခေါ် မှု ကြီးကြီးမားမားရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က adrenalin လို့ခေါ်တဲ့ တုံ့ပြန်မှုကို ပိုမြန်စေတဲ့ ဓာတ်တစ်မျိုးဖြစ်စေတာမို့ လူကိုပိုမိုနိုးကြားလာစေပြီး မြန်မြန်တုံ့ပြန်တတ်ဖို့ အားတစ်ခု ဖြစ်လာစေ ပါတယ်။ လုပ်ငန်းခွင်မှာ Deadline နီးတဲ့အလုပ်တွေကြောင့် Stress ရတဲ့အခါ အဲဒီအလုပ်ကို ပြီး မြောက် ဖို့အတွက် စိတ်ဖိစီးမှုက အားတစ်ခုအဖြစ် လှုံဆော်ပေးတတ်ပါတယ်။ အရမ်းကြီး လေးလွန်းတဲ့ စိတ်ဖိ စီး မှုမျိုးတွေတော့ မစဉ်းစားစေချင်ပါ။ ဘာလို့လဲဆိုတော့ စိတ်ရော၊ လူရော ပိုပင်ပန်းစေလို့ပါ။ အချုပ်ပြောရရင် ပေးသင့်တဲ့ Stress မျိုးတွေကိုပေးပြီး စွမ်းဆောင်ရည် Performance တို့ ထုတ်လုပ်အား Productivity တို့ တိုး တက်အောင် လုပ်လို့ရပါတယ်။

၂။ စိတ်ဖိစီးမှုက အလုပ်စွမ်းဆောင်ရည်ကို တိုးတက်စေတယ် (Stress improves Efficiency.)

Stress စိတ်ဖိစီးမှုက အလုပ်စွမ်းဆောင်ရည်ကို တိုးတက်စေတယ်လို့ပြောရင် သိပ်လက်ခံချင် ကြမဲ့ပုံတော့ မပေါ်ဘူးပေါ့။ စဉ်းစားကြည့်ရင် တကယ့်ကိုအောင်မြင်ချင်သူတွေက အပြောင်းအလဲ တွေနဲ့ အောင်မြင်စွာ လှုပ် ရှားမှုတွေကို လိုချင်တဲ့အခါ စိတ်ဖိစီးမှုတွေကိုလက်ခံပြီး အပြုသဘောဆောင်စွာ ကိုယ့်ကိုယ်ကိုယ် တွန်းအား ပေးလေ့ရှိတယ်။ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ စွမ်းအင်လေးတစ်ခုဟာ စွမ်းဆောင်ရည်တွေ ကြိုးစား အား ထုတ်မှုတွေကို မြှင့်တင်ပေးသလို၊ အရှိန်ကိုလည်း ပိုကောင်းစေ ပါတယ်။ ပြောရရင် စိတ်ဖိစီးမှုမရှိဘဲ လုပ်တတ် တဲ့လူတွေက လွယ်ကူတဲ့နည်းလမ်းတွေကို သုံးတတ်ကြပြီး နောက်ဆုံးမိနစ်အထိတောင် အလုပ်ကို အချိန်ဆွဲကြ လို့ပါ။ ဆိုတော့ ဒါဟာ သင့်တင့်တဲ့ Stress ရှိခြင်းက ကိုယ့်ကိုယ်ကိုယ် ပိုထိန်းနိုင်ပြီး ပိုကောင်းတဲ့ ရလဒ်တွေရဖို့ တွန်းအားဖြစ်စေလို့ပါ။ ဥပမာ အားရုံစိုက်မှု ပိုကောင်းလာတယ်၊ အတွေးတွေ ပိုမြန်လာတယ်၊ နည်းလမ်းတွေ ပို ရှင်းလာတယ်။ တစ်ခါတလေ တစ်ပတ်လုံးလုပ်ရမယ့်အရာကို တစ်ရက်/နှစ်ရက် (သို့) ရက်တိုတိုနဲ့ပြီးသွားနိုင်တဲ့ အထိပိုကောင်းလာစေပါလိမ့်မယ်။

၃။ စိတ်ဖိစီးမှုက အောင်မြင်မှုကို ဖြစ်စေတယ် (Stress breeds Success.)

Stress စိတ်ဖိစီးမှုက အောင်မြင်မှုကို ဖြစ်စေတယ်လို့ ပြောရင်ကော လက်ခံမှာလား။ အပြိုင်အဆိုင်များတဲ့ အလုပ်ပတ်ဝန်းကျင်တွေမှာ တကယ့်ကိုကောင်းမွန်ပြီး သင့်တင့်တဲ့ ဖိစီးပူပန်မှုမျိုး တချို့ရှိဖို့ လိုအပ်ပါတယ်။ လူတချို့က သူတို့ရဲ့အနာဂတ်အတွက် တွေးပူတတ်ကြပါသေးတယ်။ ဆိုတော့ ဒီလူတွေက သူတို့ဆုံးရှုံး ရနိုင် တယ်လို့တွေးကာ စိတ်ဖိစီးကြပြီး သူတို့ဖြစ်ချင်တဲ့အရာတွေကို ပြီးမြောက်ဖို့ တစ်နေ့တစ်နေ့ သူတို့မှာ အချိန် နာရီတွေ မလုံလောက်တော့မှာကို စိုးရိမ်ကြသေးတယ်။ ဒါကပဲ အောင်မြင်မှုလမ်းစတွေကိုရှာဖို့ စတင်စေ တာ လေ။ တကယ့်လက်တွေ့လုပ်ငန်းခွင် တော်တော်များများမှာလည်း ဒီလိုလူမျိုးတွေက တခြားသူတွေ၊ လုပ် ဖော် ကိုင်ဖက်တွေနဲ့ယှဉ်ရင် စွမ်းဆောင်ရည်ပိုင်းတွေမှာ ပိုထူးချွန်တတ်ကြပါတယ်၊ အကြောင်းကလည်း Stress to Strength ဖိစီးမှုကအားကောင်းလာအောင်မိမိကိုယ်မိမိပြုပြင်ပုံဖော်ပြောင်းလဲနိုင်ကြလို့ပါ။

၄။ စိတ်ဖိစီးမှုက ကျန်းမာစေတယ် (Stress is Healthy.)

Stress စိတ်ဖိစီးမှုက ကျန်းမာစေတယ်လို့ပြောရင် ရယ်ချင်စရာများဖြစ်နေမလား။ ဆေးဘက် ဆိုင်ရာ လေ့လာ မှုတွေအရ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ဟာ Small Stress တွေမှ ကောင်းကျိုး ဖြစ်စေတယ်ဆိုတဲ့ လေ့လာ မှုတွေ ရှိပါတယ်။ စိတ်ဖိစီးနေချိန်မှာ ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ ဓာတုပစ္စည်းတွေက ကိုယ်ခံအား စနစ်ကို အား ကောင်းစေပြီးဦးနှောက်ဆဲလ်တွေရဲ့ စွမ်းဆောင်ရည်ကို အထွတ်အထိပ်ရောက်အောင်ပိုမို အားကောင်းစေ အောင် ပြုလုပ်ကာ ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ စိတ်ဖိစီးမှုအပေါ် အပြု သဘောဆောင်တဲ့ အမြင် မျိုးကို မွေးမြူခြင်း၊ အလေ့အကျင့် လုပ်ခြင်းက စိတ်ဖိစီးမှုမှ ထွက်ပေါ်လာတဲ့ အဆိုးမြင်စိတ်တွေကို ဖယ်ရှားဖို့နဲ့ ပြဿနာအပေါ်အလေးထားစိတ်ပူနေခြင်းထက် ဖြေရှင်းချက်အပေါ် အာရုံစိုက်နိုင်ဖို့ ကျွန်တော်တို့ အတွက် တွန်း အားအဖြစ်အသုံးဝင်စေပါတယ်။

အချုပ်ဆိုရရင် စိတ်ဖိစီးမှုဆိုတာ ဘဝရဲ့ ပုံမှန်ကျန်းမာရေးနဲ့ဆိုင်တဲ့ အစိတ် အပိုင်းတစ်ခုပါ။ ကျွန်တော်တို့ရရှိတဲ့ နေ့စဉ်စိတ်ဖိစီးမှုပမာဏတချို့ဟာ ဘဝရဲ့အောင်မြင်မှုတွေနဲ့ အလုပ်တွေကို အရှိန်မြှင့်ပြီး တိကျသေချာစေ ပါ တယ်။ အရေးကြီးဆုံးအချက်က Stress ကိုရှောင်ဖယ်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နေမယ့်အစား လက်ခံပြီး အကျိုးရှိအောင်အလုပ်ဖြစ်အောင်လုပ်ဖို့ဖြစ်ပါတယ်။

မိတ်ဆွေများ ဖိစီးမှုများကို ကောင်းစွာထိန်းနိုင်ပြီး ဖိစီးမှုများကို မိမိသူတစ်ပါးကောင်းကျိုးအတွက်အသုံးချနိုင်ကြ ပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...