Monday, February 17, 2025

မိမိကိုယ်မိမိယုံကြည်မှုရှိတဲ့ကလေးတွေဖြစ်လာအောင်လေ့ကျင့်ပေးရန်အကြုံပြချက် (၁၂)ချက် Food for Thought 908

 May be an image of text that says 'NEGA NEGATIVIT TIVITY CRITICS DOUBT FE FEAR CONFIDENCE CONFIDENCE ICA I CAN'T T Do DOIT. IT.' 

 

ဒီနေ့ ” မိမိကိုယ်မိမိယုံကြည်မှုရှိတဲ့ကလေးတွေဖြစ်လာအောင်လေ့ကျင့်ပေးရန်အကြုံပြချက် (၁၂)ချက်” ကို Food for Thought 908 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။


မိမိကိုယ်မိမိယုံကြည်မှုရှိတဲ့ကလေးတွေဖြစ်လာအောင်လေ့ကျင့်ပေးရန်အကြုံပြချက် (၁၂)ချက်

ကလေးများအနေဖြင့်မိမိကိုယ်မိမိလေးစားတန်ဖိုးထားပြီးကြုံလာတဲ့အလုပ်တွေကို လုပ်နိုင်စွမ်းရှိတယ် ဆိုတဲ့ မိမိကိုယ်မိမိယုံကြည်မှုဖြင့် ပြုလုပ်လာနိုင်အောင်လေ့ကျင့်ပေးရာမှာ အောက်ပါအကြံပြုချက် (၁၂) ချက်ကို လိုက်နာသင့်ပါတယ်။
မွေးစကတည်းကကလေးတွေဟာကျွမ်းကျင်မှုအသစ်များကို တလှုပ်လှုပ်သင်ယူနေကြပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်မှုအသစ်များလေ့ကျင့် လုပ်ဆောင်မှုနှင့်အတူတူ အဲဒီကျွမ်းကျင်မှုတွေကို အသုံးပြုနိုင်တဲ့မိမိ ကိုယ်မိမိယုံကြည်မှုများလည်းတဖြည်းဖြည်းဖြစ်လာနေပါတယ်။

ကလေးတွေအသက်အရွယ်ရလာတဲ့အခါ အဲဒီမိမိကိုယ်မိမိယုံကြည့်မှုကပင် ကျွမ်းကျင်မှုများအရေးကြီးသလို အရေးကြီးလာကြပါတယ်။ ဆက်လက်တိုးတက်နေအောင်ကလေးတွေဟာသူတို့လုပ်ဆောင်နိုင်စွမ်း အပေါ်မှာ ယုံကြည်မှုရှိရန် လိုအပ်ပါတယ်။ လုပ်ရင်းကိုင်ရင်မအောင်မြင်တဲ့အခါ ထိုအခြေအနေကို ရင်ဆိုင်ကျော်လွှား နိုင်တဲ့စိတ်ဖြစ်လာဖို့လည်းလိုအပ်ပါတယ်။ မအောင်မြင်တဲ့အခါ၊ လဲကျတဲ့အခါ စိတ်မပျက်ဘဲ လဲကျရာမှ အမြန်ပြန်ထပြီး အောင်မြင်အောင် ကြိုးစားလုပ်ဆောင်ခြင်းဖြင့် ပိုမိုတတ်သိကျွမ်းကျင်လိမ္မာလာပြီးမိမိ ကိုယ်မိမိယုံကြည်မှုများဖြစ်လာကြပါတယ်။ လုပ်ဆောင်မိတဲ့အမှားကနေ သင်ယူနိုင်ရန်လည်းအရေးကြီး ပါတယ်။
ကလေးတွေမှာမိမိကိုယ်မိမိယုံကြည်မှုအားကောင်းလာအောင် လေ့ကျင့်ပေးရာမှာ အထောက်အကူပြုတဲ့ အကြံပြုချက် (၁၂)ချက်ကို အောက်ဘက်မှာဖော်ပြထားပါတယ်။

၁။ မိဘတွေကိုယ်တိုင်ကအလုပ်လိုင်ရာမှာ မိမိကိုယ်မိမိယုံကြည့်မှုရှိကြောင်းစံနမူနာကောင်းပြပါ။

မိမိကိုယ်တိုင်ယုံကြည်မှုရှိကြောင်းပြဖို့မှာ အလွန်အရေးကြီးလှပါတယ်။ တကယ်လို့ မိဘအနေဖြင့်အဲဒီလို မိမိကိုယ်မိမိယုံကြည့ကြောင်း ပြသဖို့ စိတ်မှာသက်သာတဲ့အနေအထားပြည့်ပြည့်ဝဝမရှိသေးဘူးဆိုရင် လုပ် စရာလုပ်ငန်းသစ် တွေကိုလုပ်ဖို့အတွက် သေချာကြိုတင်ပြင်ဆင်ပါ။ ပြီးတော့ ဘယ်လို ကျွမ်းကျင်မှုရှိရှိ လုပ် ကြောင်းကလေးတွေကို နမူနာ ကောင်းပြပါ။ အဲဒီလိုပြသခိုင်းတာက ပြီးပြည့်စုံမှုမရှိဘဲပြီးပြည့်စုံနေတဲ့ သ ဘော မျိုးဟန်ဆောင်ခိုင်းတာမဟုတ်ပါ။ အလုပ်အသစ်တစ်ခုကို လုပ်တဲ့အခါမှာ စိတ်ပူပန်မှုမိဘတွေမှာရှိကြောင်း ဝန်ခံ ပြောဆိုပါ။ ဒါပေမဲ့ အလုပ်လုပ်တဲ့အခါ အဲဒီစိတ်ပူပန်နေမှုအပေါ်မှာ အာရုံထားမနေပါနဲ့။ မိမိအကောင်းဆုံး ပြု လုပ်နိုင်တဲ့အပြုသဘောဆောင်တဲ့လုပ်ရပ်များအပေါ်မှာအလေးထားပါ။ အဲဒီလိုနမူနာကောင်းတွေပြပါ။

၂။ ပြုလုပ်မိတဲ့အမှားများအတွက် စိတ်ပျက်နေတာမျိုးမဖြစ်ပါနဲ့။

လူတိုင်းလုပ်ရင်းကိုင်ရင်းအမှားများပြုလုပ်မိတတ်ကြောင်း ကလေးများသိမြင်ပါစေ။ အရေးကြီးတာက မှားလုပ် မိတာမှ ဘာတွေသင်ယူရသလဲဆိုတဲ့အချက်ကအရေးကြီးပါတယ်။ အမှားလုပ်မိတာတွေအပေါ်မှာ စိတ်ရောက် နေ တာမျိုးလည်းမဖြစ်ပါစေနဲ့။ မိမိကိုယ်မိမိယုံကြည်မှုရှိသူတွေက ကျရှုံးမှာကြောက်နေတဲ့စိတ်က သူတို့ လုပ် ဆောင်အားထုတ်တဲ့နေရာမှာလွှမ်းမိုးမှုမခံပါဘူး။ အဲဒီလိုကျရှုံးမှာကြောက်နေတဲ့စိတ်နဲ့စိုးရိမ်မှုမရှိတာက သူတို့ ဟာမကျရှုံးဘူးဆိုတာ သေချာနေလို့မဟုတ်ပါ။ ဖြစ်လာတဲ့မအောင်မြင်မှုတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားရ မယ်ဆိုတာ ကို ကောင်းစွာသိနားလည်တဲ့အတွက် ဖြစ်ပါတယ်။ ကလေးတွေမှာလည်း မအောင်မြင်မှုတွေ အ တွက် စိတ်ပျက်နေတာမျိုးမဖြစ်အောင်လေ့ကျင့်ပေးရန်လိုအပ်ပါတယ်။

၃။ ကလေးတွေကိုအသစ်အဆန်းများပြုလုပ်ရန်တိုက်တွန်းအားပေးပါ။

ကလေးတွေအနေဖြင့်သူတို့အမှန်တကယ်တတ်ကျွမ်းနေတဲ့ကျွမ်းကျင်တဲ့လုပ်ငန်းတွေကိုသာအလေးထားလုပ်ဆောင်နေခြင်းမျိုးမပြုလုပ်ဘဲ ကျွမ်းကျင်မှုအသစ်များကိုလည်းရအောင်လေ့ကျင့်ပေးသင့်ပါတယ်။ သူတို့ အနေဖြင့် ကြုံလာတဲ့အခြေအနေတွေတိုင်းမှာရင်ဆိုင်ကျော်လွှားနိုင်တယ်ဆိုတဲ့ မိမိကိုယ်မိမိယုံကြည်မှုရှိလာ အောင် ကျွမ်းကျင်မှုအသစ်များကိုလည်းလေ့ကျင့် နေရန် လိုအပ်ပါတယ်။

၄။ ကလေးတွေကို လုပ်ကိုင်ရင်း ကျရှုံးခွင့်ပေးပါ။

မိဘတွေဆိုတာ မိမိတို့သားသမီးများကို မကျရှုံးအောင်ကာကွယ်ပေးချင်တာသဘာဝကျပါတယ်။ ဒါပေမဲ့ ကြိုးစားလုပ်ကိုင်ရင်းအမှားတွေပြုလုပ်ရာမှ မှန်ကန်စွာလုပ်ဆောင်တတ်လာခြင်းဟာ သဘာဝဖြစ်စဥ် အမှန် တရားဖြစ်စဥ် ဖြစ်ပါတယ်။ အဲဒီသဘောကိုကလေးတွေနားလည်အောင်ပြောပြထားပါ။ ရည်မှန်းချက်ချမှတ် လျက်လုပ်ဆောင်ကြီုးစားရင်း မအောင်မြင်တဲ့အခါ ပိုကြိုးစား အားထုတ်ရန် အားပေးတိုက်တွန်းပေးခြင်းက ကလေးတွေအနေဖြင့် အောင်မြင်အောင်ဆက်လက်ကြိုးစား လုပ်ချင်တဲ့ စိတ်တွေဖြစ်လာစေပါတယ်။ အဲဒီအ လေ့အကျင့်ဟာလူကြီးဘဝရောက်တဲ့အခါမှာလည်း ဆက်လက်အ ကျိုး ပြုနေမှာဖြစ်ပါတယ်။

၅။ ဇွဲထက်သန်စွာအားထုတ်မှုအတွက် အသိမှတ်ပြုပါ။

သင်ယူလေ့လာတဲ့အခါ တစ်ကြိမ်တစ်ခါမအောင်မြင်မှုကျရှုံးမှုရှိလာတာနဲ့အလျော့မပေးဘဲ ဆက်လက်ကြိုးစား အားထုတ်တဲ့ဇွဲရှိမှုကလည်းအရေးကြီးပါတယ်။ မိမိကိုယ်မိမိယုံကြည်မှုနဲ့မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှု ဆို တာ လုပ်တဲ့အရာရာတိုင်းမှာ အကျအရှုံးမရှိအောင်မြင်နေတာကို ပြောခြင်းမဟုတ်ပါ။ ဇွဲထက်သန်မှုဆိုတာ အခက်အခဲတွေတွေ့လာရင်လည်းလက်မြှောက်အရှုံးမပေးဘဲ ဇွဲထက်သန်စွာဖြင့် အောင်မြင်တဲ့အထိ ဆက်လက် ကြိုးစားအားထုတ်ခြင်းကို ခေါ်ပါတယ်။ မိမိကအများတကာတွေထက်အတော်ဆုံးမဟုတ်ပေမဲ့စိတ်မပျက်ဘဲ မိမိ အနေဖြင့်အကောင်းဆုံး၊အစွမ်းဆောင်နိုင်ဆုံးကြိုးစားအားထုတ်ခြင်းကိုဆိုလိုပါတယ်။ မိမိစွမ်းနိုင်သမျှအ ကောင်း ဆုံးဇွဲထက်သန်စွာအားထုတ်မှုကအရေးကြီးကြောင်းကလေးတွေကိုလေ့ကျင့် သင်ပေးဖို့လိုပါတယ်။

၆။ ကလေးတွေစိတ်ဝင်စားတာကို လုပ်ဆောင်နိုင်စေရန်အကူအညီပေးပါ။

ကလေးတွေအမှန်တကယ်စိတ်ဝင်စားတာကိုသိအောင်၊ တွေ့အောင် စူးစမ်းရှာဖွေလေ့လာရာတွင်လိုအပ်သလို ကူညီပေးခြင်းဖြင့် ကလေးတွေဟာကိုယ်အမှန်တကယ် ဝါသနားပါတာကို လုပ်နိုင်လာစေပြီးကိုယ်ပိုင်ဟန် လက္ခ ဏာကိုဖေါ်ဆောင်နိုင်လာစေပါတယ်။ အဲဒီအချက်ဟာမိမိကိုယ်မိမိယုံကြည့်မှုရှိလာဖို့အတွက်အရေးကြီးပါတယ်။ ကလေးတွေဟာမိမိဝါသနာပါတာကို အလေးထားလုပ်ကိုင်ရင်းစွမ်းဆောင်ရည်တွေတိုးတက်လာတဲ့အခါ မိမိ ကိုယ်မိမိပိုယုံကြည်မှုများဖြစ်လာအောင်အထောက်အကူရစေပါတယ်။

၇။ ထိုက်သင့်တဲ့ဦးတည်ရည်မှန်းချက်ချမှတ်လုပ်တတ်အောင် ကူညီပေးပါ။

ဦးတည်ချက်အသေးအကြီးများကိုချမှတ်တတ်အောင်သင်ပေးပြီး ချမှတ်ထားတဲ့ရည်မှန်းချက်ပန်းတိုင်များနှင့် အညီအောင်မြင်အောင်လုပ်ဆောင်နိုင် မှု များက ကလေးတွေမိမိကိုမိမိယုံကြည်မှုများဖြစ်လာစေပါတယ်။ ကလေး တွေမှာရှိနေတဲ့စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖေါ်နိုင်တဲ့ဦးတည်ချက်များဖြစ်အောင် ဖေါ်ထုတ်ချ မှတ်တဲ့နည်းသင်ပေးပါ။ ရေရှည် ဦးတည်ချက်များကို လုပ်နိုင်ကိုင်နိုင်တဲ့ဦးတည်ချက်အငယ်လေးများဖြစ်အောင် ပိုင်းပြီး တစ်ဆင့်ချင်းအောင် မြင်အောင်လုပ်ဆောင်မှုကိုအားပေးပါ။ အဲဒီလိုလေ့ကျင့်သင်ပေးမယ်ဆိုရင် ကလေး တွေဟာ သူတို့စိတ်ဝင်းစား တာတွေကို အကောင်အထည်ဖော်နိုင်ရန် လိုအပ်တဲ့ကျွမ်းကျင်မှုများ ကိုလေ့လာ သင်ယူနိုင်ပြီး မိမိမျှော်မှန်းထားတဲ့ ပန်းတိုင်ရောက်အောင်မိမိကိုယ်မိ ယုံကြည်စွာလုပ်ဆောင်နိုင်သူများ ဖြစ်လာ ကြမှာဖြစ်ပါတယ်။

၈။ ကြိုးစားအားထုတ်လုပ်ဆောင်မှုအတွက်အသိအမှတ်ပြုပေးပါ။

ကလေးများစွမ်းဆောင်အောင်မြင်မှုများအတွက် ချီးကျူးအသိအမှတ်ပြုခြင်းမှာကောင်းတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုကိုအသိအမှတ်ပြုခြင်းက ပိုအရေးကြီးပါတယ်။ ထွက်ပေါ်လာတဲ့ရ လဒ်က ဘယ်လိုပင်ဖြစ်နေနေ ကြိုးစားအားထုတ်မှုကိုအသိအမှတ်ပြုရန်ပိုအရေးကြီးလှပါတယ်။ ကျွမ်းကျင်မှု အ သစ်တစ်ခုတတ်ကျွမ်းလာအောင်လေ့လာရတာများစွာအားထုတ်လုပ်ကိုင်ရပါတယ်။ ရလဒ်ကောင်းတွေဆိုတာ ချက်ခြင်းထွက်လာတာမဟုတ်ကြပါဘူး။ သူတို့ကြိုးစားအားထုတ်လေ့ကျင့်နေမှုကိုမိဘက တန်ဖိုးထားကြောင်း ကလေးတွေသိပါစေ။ တတောက်တောက်ပြေးနေတဲ့ကလေးအရွယ်က သစ်သားတုံးတွေနဲ့တည်ဆောက် ကစား တာ ပင်ဖြစ်စေ။ ဆယ်ကျော်သက်က ဂီတတီးတတ်အောင်ကြိုးစားသင်နေတာပင်ဖြစ်စေ အသိအမှတ်ပြုပါ။

၉။ ဆက်လက်ကြိုးစားလုပ်ဆောင်တတ်ဖို့မျှော်မှန်းမှန်းချက်ထားပါ။

ကလေးတွေဟာကျွမ်းကျင်မှုများကိုလေ့လာသင်ယူရင်း ခက်ခဲမှုများဖြစ်လာတဲ့အခါ ခက်လိုက်တာပင်ပန်း လိုက် တာလို့ ပြောလာနိုင်ပါတယ်။ မိပိုစိတ်ဝင်စားပါတယ်။ ကလေးအသက်အရွယ် လုပ် ကိုင်နိုင်စွမ်းနှင့် ကိုက်ညီတဲ့ အလုပ်တွေကို လုပ်တတ်အောင်သင်ပေးရင်ကလေးတွေက သူတို့ လုပ်နိုင်တဲ့အတွက် ပိုစိတ်ဝင်တစား လုပ် ဆောင်တတ်ပါတယ်။ ဥပမာ ကစားပြီးတဲ့ကစားစရာတွေကိုပြန်သိမ်းတဲ့အလုပ်၊ စားပြီးတဲ့ပုဂံ များ ဆေးတဲ့နေရာ သွားထားစေတဲ့အလုပ်စတာမျိုးတွေက ငယ်သေးတဲ့ကလေးတွေလုပ်နိုင်တဲ့အလုပ်များဖြစ်ပါ တယ်။ ကျောင်းက ပေးလိုက်တဲ့အိမ်စာတွေမှန်မှန်လုပ်စေခြင်းနှင့် ကျောင်းမှအိမ်ပြန်ရောက်တဲ့အခါ ကလေးနိုင် တဲ့အိမ်မှုအလုပ် တွေလုပ်ကိုင်ခိုင်းခြင်းမှာ ကောင်းတဲ့အလေ့အကျင့်ဖြစ်ပါတယ်။

၁၀။ မပြည့်စုံသေးမှုကို လက်ခံနိုင်ပြီးဆက်လက်ကြိုးစားအောင်အားပေးပါ။

ပြီးပြည့်စုံမှုဆိုတာ သဘာဝမကျတဲ့မျှော်မှန်းချက်ဖြစ်ကြောင်း လူကြီးတွေအနေဖြင့် သိနားလည်ကြပါတယ်။ ကလေးတွေကိုလည်းပြီးပြည့်စုံမှုကိုမျှော်မှန်းနေခြင်းကလည်းသဘာဝမကျကြောင်းသိနားလည်အောင် ပြောပြ ထားရန် လိုအပ်ပါတယ်။ ရုပ်မြင်သံကြားအစီအစဥ်မှာဖြစ်စေ၊ မဂ္ဂဇင်းတွေမှာဖြစ်စေ၊ လူမှုကွန်ယက်တွေမှာဖြစ် စေ လူတွေက ကောင်းစွာဝတ်ဆင်ပျော်ရွှင်အောင်မြင်နေတာကို မြင်တွေ့နေကျဖြစ်ပါတယ်။ အဲဒီလို အမြင်မျိုး ဖြစ်နေတာ အရာရာကိုပြီးပြည့်စုံဖို့ကို မျှော်မှန်းတာမျိုးဖြစ်စေနိုင်တဲ့အတွက် သဘာဝမကျတာကို မြင် အောင်ပြ နေတာမျိုးဖြစ်ပါတယ်။ ပြီးပြည့်စုံခြင်းထက်လျော့နည်းနေတာက လူသဘာဝနှင့် ကိုက်ညီပြီးအဲဒီလို အခြေ အနေဖြစ်တာကအိုကေကြောင်းကလေးတွေနားလည်အောင်ပြောပြထားရန် လိုအပ်ပါတယ်။

၁၁။အောင်မြင်မှုအတွက်အသိအမှတ်ပြုပါ။

စိန်ခေါ်မှုများဆိုတာ ကလေးတွေတိုးတက်ဖို့အတွက်ကောင်းပါတယ်။ ဒါပေမဲ့ကလေးတွေဆိုတာ ကြိုးစား လုပ် ဆောင်ရင်အောင်မြင်နိုင်တဲ့အခွင့်အလမ်းများလည်းရှိရန်ဖန်တီးပေးဖို့လိုအပ်ပါတယ်။ ကလေးတွေအနေဖြင့် စိတ်ဝင်စားတဲ့လုပ်ငန်းတွေမှာ အောင်မြင်မှုလည်းရရှိစေပြီး ကြိုးစားလုပ်ဆောင်မှုလည်းဖြစ်စေရန် စိန်ခေါ်တဲ့ အလုပ်များဖန်တီးပေးပါ။ အဲဒီလိုဖန်တီးပေးပြီးအောင်မြင်မှုများအတွက်အသိအမှတ်ပြုပေးရင်ကလေးတွေမှာ မိမိ ကိုယ်မိမိယုကြည်မှုများတိုးတက်လာစေပါတယ်။

၁၂။ ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာဆက်ဆံပါ။

ဘယ်လိုအခြေအနေမှာပင်ဖြစ်ဖြစ်မိဘကသူတို့အပေါ်ချစ်ခင်တန်ဖိုးထားကြောင်းကလေးတွေသိရှိခံစား နားလည် ပါစေ။ အလုပ်မှာအောင်မြင်သည်ဖြစ်စေမအောင်မြင်သည်ဖြစ်စေ၊ ရမှတ်အဆင့်ကောင်းသည်ဖြစ်စေ မကောင်း သည်ဖြစ်စေ ချစ်ခင်တန်ဖိုးထားကြောင်းသိအောင်ပြပါ။ ဘယ်လိုပင်ဖြစ်နေနေ ကလေးဟာမိဘတို့အတွက် တန်ဖိုးထားချစ်ခင်စရာဖြစ်ကြောင်းကလေးသိနားလည်ခံစားပါစေ။ အဲဒီလိုသိနေတဲ့အခါ သူတို့စိတ်မှာ သူတို့ အကြောင်းနှင့်ပတ်သက်လို့ စိတ်မကောင်းစရာဖြစ်တဲ့အခါ မိဘတို့ရဲ့ချစ်ခင်ကြင်နာမှုကိုသိနားလည်မှုက မိမိကိုယ်မိမိတန်ဖိုးထားတဲ့စိတ်ကိုမြှင့်တင်ပေးပါလိမ့်မယ်။

မိတ်ဆွေများသားသမီးများမှာမိမိကိုယ်မိမိယုံကြည်သူများဖြစ်အောင်လေ့ကျင့်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...