ဒီနေ့စိတ်ဓာတ်ခွန်းအားကောင်းဖို့အရေးကြီးကြောင်း
“စိတ်ဓာတ်နှင့်ပြေးနှုန်း”ဆိုတာအကြောင်းကို Food for Thought 907
အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
စိတ်ဓာတ်နှင့်ပြေးနှုန်း
စိတ်ဓာတ်မှာအရေးကြီးလှပါတယ်။
စိတ်ဓာတ်အားကောင်းရင် မူလစွမ်းအားထက် ပိုစွမ်းဆောင်လာစေ နိုင် ပါတယ်။
စိတ်ဓာတ်မကောင်းဘူး။ ပြောညံ့နေမယ်ဆိုရင်တော့
မူလရှိတဲ့စိမ်းအားတောင်မရှိတော့ပါဘူး။ ဒါ ကြောင့်
ခိုင်မာတဲ့စိတ်ဓာတ်ရှိဖို့ အရေးကြီးလှပါတယ်။ စိတ်ဓာတ်အားကောင်းရင်
ပင်ကိုယ်ပြေးနှုန်းထက်
သာအောင်ပြေးနိုင်စေပြီးစိတ်ဓာတ်အားမကောင်းရင်ပင်ကိုယ်ရှိတဲ့ပြေးနှုန်းပင်မပြေးနိုင်ကြောင်း
အောက်ပါ ဖြစ်ရပ်လေးကသက်သေပြနေပါတယ်။
သမင်ရဲ့ပြေးနိုင်တဲ့အမြန်နူန်းက ၁ နာရီမှာ (၉၀) ကီလိုမီတာရှိတယ်။
ကျားရဲ့ပြေးနိုင်တဲ့အမြန်နှုန်းက ၁ နာရီမှာ (၅၉) ကီလိုမီတာပဲ ရှိတယ်။
ဒါပေမယ့်လေ များသောအားဖြင့်ကျားက သမင်ကိုလိုက်ရင် သမင်လေးခမျာကျားရဲ့အာခံတွင်း ထဲ ရောက်ရောက်သွားရတယ်။
ဘာကြောင့်လဲ။ အဖြေကတော့………သမင်က ကျားလိုက်လို့ပြေးရပြီဆိုရင် စိတ်အားငယ်သွားလေ့ရှိတယ်။
ကျားကအင်အားကြီးတယ်။
ငါ့ လွှတ်မှာမဟုတ်ဘူးဆိုပြီးပြေးရင်းနဲ့ .. သူ နဲ့ ငါ နဲ့ .. အကွာအဝေး
..ဘယ် လောက် ပဲကျန်တော့တယ်ဆိုတာ တွေးတောစဉ်းစားလေ့ရှိတယ် ဆိုပါတယ်။
ကျားကတော့``ဒီကောင်ကို
ငါ့ ရကိုရနိုင်ရမယ်"
ဆိုတဲ့စိတ်ဓါတ်နဲ့လိုက်တော့များသောအားဖြင့်ရသွားလေ့ရှိတယ်။
(ဒါပေမဲ့မဖမ်းနိုင်တဲ့အခါလည်းရှိတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ကျားကို
အခြားအကောင်းတွေက ဘာကြောင့် သမင်ကို မိအောင်မဖမ်းနိုင်တာလဲလို့ပြောတဲ့အခါ
ကျားကအောက်ပါအတိုင်းပြန်ဖြေတတ်ပါတယ်။ “သူက သူ့ အသက်အတွက် ပြေးနေတာတွေ။ ငါက
တစ်နပ်စာအတွက်အပြေးလိုက်နေတာ။ အကြောင်းရင်းကမတူကြဘူးလေလို့ပြန်ပြေပါတယ်။)
အကြောင်းရင်းမတူရင်အကျိုးကလည်းမတူနိုင်ပါဘူး။ အားကောင်းတဲ့အကြောင်းဖြစ်ရန် လိုအပ်ပါတယ်။
သူတို့ရဲ့စိတ်ဓါတ်ဟာသူတို့ရဲ့ပြေးနှုန်းကို လျှော့စေ/မြန်စေလိုက်တယ်။
ပေးချင်တဲ့ သတင်းစကား ကတော့
ဘဝရဲ့ခြေလှမ်းတိုင်းမှာ အဓိကက စိတ်ဓါတ်ပါပဲ။အင်အားတစ်ခုတည်းနဲ့မဖြစ်ထွန်းဘူး။
သမင်လို စိတ်အားမငယ်ဖို့ ကျားလို စိတ်ဓာတ်ကြံ့ခိုင်ဖို့အရေးကြီးပါတယ်.....
မိတ်ဆွေများ
ဘဝမှအလုပ်လုပ်တဲ့အခါ စိတ်ဓာတ်ခွန်အားကောင်းဖို့အလွန်အရေးကြီးပါတယ်။
စိတ်ဓာတ် ခွန်အားကောင်းအောင် ကိုယ်တိုင်လေ့ကျင့်ပျိုးထောင်ယူရမှာဖြစ်ပါတယ်။
အကောင်းဆုံးစိတ်ဓာတ်ခွန်အား ရှီနေအောင်လေ့ကျင့် ပျိုးထောင်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Tuesday, February 18, 2025
စိတ်ဓာတ်နှင့်ပြေးနှုန်း Food for Thought 907 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment