
ဒီနေ့” နှလုံးသားမှ ကြင်ကြင်နာနာ ထောက်ထားစာနာမှုပြနည်း (၇)မျိုး”အကြောင်းကို Food for Thought 906 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
နှလုံးသားမှ ကြင်ကြင်နာနာ ထောက်ထားစာနာမှုပြနည်း (၇)မျိုး
ဗုဒ္ဓအဆုံးအမမှာကြင်နာစွာထောက်ထားစာနာမှုရဲ့စွမ်းအားကြီးမားပုံကို
အလေးထားပါ တယ်။ ကြင်နာစွာထောက်ထားစာနာမှုဆိုတာ
အခြားလူများအပေါ်ချမ်းသာစေလိုတဲ့ စိတ် ခံစားမှုတစ်မျိုးဖြစ်ကြောင်း
တိဘက်ဘုန်းတော်ကြီး Dalai Lama ကညွှန်ပြခဲ့ပါ တယ်။ ကြင်နာသနားခြင်းဆိုတာ
သနားခြင်းသက်သက်မဟုတ်ပါ။ အခြားလူအပေါ် နှိမ်ချတဲ့ အ
မြင်နဲ့ကြည့်မြင်မှုကင်းပါတယ်။ အခြားလူများအပေါ် ချမ်းသာစေလိုတဲ့ ကောင်း
မြတ်တဲ့ စိတ်ထားဖြစ်ပါတယ်။ အခြားလူတွေကမိမိလောက်အဆင်မပြေတဲ့အတွက် သ နားတာ
မျိုးမဟုတ်ပါ။ သက်ရှိတို့အပါ်မှာ မိတ်ဆွေဖြစ်စေ၊ သို့မဟုတ် ရန်သူပင်ဖြစ်စေ
ခွဲခြားမှု
မရှိဘဲကောင်းစေလိုတဲ့တူညီတဲ့ကောင်းမြတ်တဲ့စိတ်နေစိတ်ထားထားခြင်းဖြစ်ပါတယ်။
မိတ်ဆွေဖြစ်စေ၊ရန်သူဖြစ်စေ
တန်းတူ တူညီတဲ့စိတ်ကောင်းထားပြီးမေတ္တာ ထား နိုင်ရန် မှာ သာမာန်လူတွေအတွက်
အစပိုင်းမှာမလွယ်ကူနိုင်ပါ။ ဒါပေမဲ့ကြင်နာတဲ့နှလုံးသား ဖြင့်
မေတ္တာပွားမှုကို အခက်အခဲမရှိလူတိုင်းပြုလုပ်နိုင်တဲ့နည်းလမ်းရှိပါတယ်။
အဲဒီ မေတ္တာ ပွား တဲ့နည်းကတော့ ပစ္စည်းတွေပေးကမ်းခြင်းမဟုတ်ပါဘူး။
နှလုံးသားမှ ကောင်း မြတ်
တဲ့စိတ်၊အခြားလူတွေစိတ်အေးချမ်းသာစေလိုတဲ့စိတ်ထားတားခြင်းပင်ဖြစ်ပါတယ်။
အဲဒီ လို ထောက်ထားစာနာတဲ့မေတ္တာထားမှု တို့မှာအောက်ပါအတိုင်း
(၇)မျိုးရှိပါတယ်။
1. ထောက်ထားစာနာတဲ့စိတ်ဖြင့်အခြားလူများကိုကြည့်မြင်ခြင်း၊
2. ဖော်ရွေချိုသာစွာပြုံးပြခြင်း၊
3. ရက်ရောတဲ့နှလုံးသားဖြင့်အခြားလူများအတွက်စဥ်းစားခြင်း၊
4. ကြင်နာတဲ့စကားများပြောခြင်း၊
5. ကြင်နာတဲ့အပြုအမူဖြင့်အခြားလူများကိုကူညီခြင်း၊
6. အခြားလူအတွက်ထိုင်စရာနေရာပေးခြင်းနှင့်၊
7. အခြားလူအပန်းဖြေနိုင်ရန်နေရာပေးခြင်းတို့ပင်ဖြစ်ပါတယ်။
ဖော်ပြပါ
ရိုးရှင်းပြီးမိမိကိုယ်မိမိနှိမ်ချတဲ့လမ်းညွှန်သင်ပြမှုကို တစ်လောကလုံးမှာ
ကျင့် သုံးမယ်ဆိုရင် ကမ္ဘာလောကက အခုထက် ပိုကောင်းတဲ့နေရာတစ်ခုဖြစ်လာ
မှာဖြစ်ပါ တယ်။
မိတ်ဆွေများကောင်းမြတ်တဲ့စိတ်ထားတွေမွေးကြရအောင်။ လောကကိုပိုကောင်းတဲ့ နေရာဖြစ်အောင် လူတိုင်းဝိုင်းလုပ်ဆောင်ကြရအောင်ပါ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Tuesday, February 18, 2025
နှလုံးသားမှ ကြင်ကြင်နာနာ ထောက်ထားစာနာမှုပြနည်း (၇)မျိုး Food for Thought 906 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment