Tuesday, February 18, 2025

ပိုတော်တဲ့သူ ဖြစ်စေမယ့်အလေ့အကျင့်ကောင်း (၇) ချက် Food for Thought 905 ဒေါက်တာသိန်းလွင်၊

 May be an image of textဒီနေ့ “" သင့်ကို ပိုတော်တဲ့သူ ဖြစ်စေမယ့်အလေ့အကျင့်ကောင်း (၇) ချက်" အကြောင်းကို Food for Thought 905 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ၊ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။


မနေ့ကကျွန်တော့ (၈၁)နှစ်မြောက်မွေနေ့မှာဆုမွန် ကောင်းတောင်းပေးကြတဲ့မိတ်ဆွေတွေ၊ တပည့်တွေအားလုံးကိုအထူးကျေးဇူးတင်ကြောင်းပြောရင်း မိတ်ဆွေတို့အားလုံးပိုကောင်းသူတွေပိုတော်သူတွေဖြစ်အောင်အထောက်အကူပြုမဲ့အလေ့အကျင့် (၇) ခုကိုမျှဝေလိုက်ပါတယ်။

" သင့်ကို ပိုတော်တဲ့သူ ဖြစ်စေမယ့်အလေ့အကျင့်ကောင်း (၇) ချက်"

သင့်ဟာ တစ်ရက်ထက်တစ်ရက် ပိုပြီး တော်အောင်ကြိုးစားနေတဲ့သူ တစ်ယောက်လား? တကယ်လို့ သင်က ပိုတော်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးမှာ ပြောပြပေးမယ့် အလေ့အ ကျင့်ကောင်းတွေက သင့်အတွက်ပါပဲ။

(၁) အမြော်အမြင်ရှိစွာ ကြိုတင်ပြင်ဆင်ပါ။

သင့်ဘဝအတွက် တာဝန်ရှိသူဟာ သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ အမြော်အမြင်ကြီး စွာ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ကြိုတင်ပြင်ဆင်မှု ရှိတဲ့သူများဟာ မိမိကိုယ်ကိုယ် တာဝန်ယူနိုင် သူ များလည်း ဖြစ်ပါတယ်။ သူတို့ဟာ ဖြစ်ပျက်လာတဲ့အခြေအနေ၊ ဖြစ်ရပ်နဲ့အပြုအမူတွေအပေါ်ကို ဘယ် တော့မှ အပြစ်တင်လေ့မရှိကြပါဘူး။ သူတို့ဟာ သူတို့လုပ်သင့်တဲ့ အပြုအမူတွေကို ကောင်းကောင်းနား လည် ကြပါတယ်။ အမြဲတမ်း ငါလုပ်နိုင်တယ်။ ငါလုပ်မယ်။ ငါသဘောကျတယ်ဆိုတာမျိုးကိုပဲ သုံးနှုန်း လေ့ ရှိကြပါတယ်။ ဒီလိုမဟုတ်ဘဲ ကြိုတင်ပြင်ဆင်လေ့မရှိသူတွေဟာ ပြင်ပအခြေအနေများရဲ့ လွှမ်းမိုး မှုကို ခံရလေ့ရှိပါတယ်။ ဥပမာ ရာသီဥတု သာယာတဲ့အချိန်မှာ သူတို့ရဲ့ စိတ်ခံစားမှုဟာအဆင်ပြေတယ်။ ရာသီဥတု မသာယာတဲ့အခါ သူတို့ရဲ့ စိတ်နေ သဘောထားနဲ့ လုပ်ငန်းစွမ်းဆောင်ရည်အပေါ်မှာ ထိခိုက်မှု ရှိစေနိုင်ပါတယ်။ အဲ့ဒီအခါမှာ သူတို့ဟာ ရာသီဥတုကို အပြစ်တင်လေ့ ရှိကြပါတယ်။ သူတို့ဟာ အော် လုပ်ရဦးမှာပါလား စသဖြင့် ငြီးငြူလေ့ရှိကြပါတယ်။

(၂) အဆုံးသတ်ရလဒ်ကို အရင်တွေးခေါ် ပြီး အစပြုပါ။

ဒီအလေ့အကျင့်ကတော့ စိတ်ကူးစိတ်သန်း (imagination) နဲ့ဆိုင်ပါတယ်။ လက်ရှိပစ္စုပ္ပန်ကာလမှာ မျက်လုံးနဲ့မမြင်နိုင်တဲ့ အရာတွေကို ကြိုတင်မျှော်မှန်းထားပါ။ စိတ်ကူးနဲ့အရင်ပုံဖော်ပါ၊ ပြီးရင် အ ကောင် အထည်ဖော်ပါဆိုတဲ့ ဥပဒေသကို ဆိုလိုတာပါ။ ဒီအလေ့အကျင့် နံပါတ် (၂)ကို အကောင်အ ထည်ဖော်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သင့်ရဲ့ဘဝနဲ့ပတ်သက်ပြီး ကိုယ်ပိုင်ရည်မှန်းချက်ကို အရင်ဆုံးသတ်မှတ် ထားဖို့ပဲ ဖြစ်ပါတယ်။ သင်ဟာ ဘဝမှာ ဖြစ်ချင်တာတွေ လုပ်သင့်တာတွေကိုသာ ဦးစားပေးပြီး အာရုံစိုက် ထားမယ်ဆိုရင် ဒါဟာ အောင်မြင်ဖို့အတွက် လမ်းစတစ်ခုပဲ ဖြစ်ပါတယ်။

(၃) အရေးကြီးတာ အရင်လုပ်ပါ။

ဒီအလေ့အကျင့်ဟာ အချိန်ကို စီမံနိုင်ရုံသာမက ဘဝနဲ့ ပတ်သက်ပြီးလည်း ကောင်းကောင်းစီမံခန့်ခွဲနိုင် စေမှာ ဖြစ်ပါတယ်။ ဒါဆို ဘဝမှာ ဘယ်အရာတွေက အရေးကြီးဆုံးလဲ ?

(၄) အပြန်အလှန်အကျိုးရှိစေဖို့ စဥ်းစားပါ။

ဘဝမှာ တခြားသူတွေနဲ့ နှိုင်းယှဥ်စဥ်းစားပြီး ပြိုင်ဆိုင်ဖို့ပဲ သင်ကြားခဲ့ရတာ များပါတယ်။ လူတွေ စဥ်းစားကြတာက တခြားသူတွေ ရှုံးနိမ့်တဲ့အချိန်မှာ ကိုယ်ကနိုင်တယ်လို့ စဥ်းစားလေ့ရှိကြပါတယ်။ မင်းရှုံးတဲ့ အချိန် ငါနိုင်တယ်။ ငါရှုံးတဲ့အချိန် မင်းနိုင်တယ် စသဖြင့်ပေါ့နော်။ အခု အလေ့အကျင့် ကတော့ win-win အခြေအနေကို စဥ်းစားဖို့ပါ။ ဒီလို win-win ဆိုတာက ဘဝကို ပူးပေါင်းဆောင် ရွက်ခြင်းပါ။ ပြိုင်ဆိုင်ခြင်း မဟုတ်ပါဘူး။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အားလုံးနိုင်တဲ့နည်းပါ။

(၅) တခြားသူတွေကို နားလည်နိုင်ဖို့အရင်ကြိုးစားပါ၊ ပြီးရင် နားလည်ပေးပါ။

ဒီအလေ့အကျင့်ကတော့ ကိုယ်ချင်းစာစိတ် မွေးမြူဖို့ပဲ ဖြစ်ပါတယ်။ နားလည်ပေးနိုင်ဖို့အတွက် အရင် နား ထောင်ရပါမယ်။ နားထောင်တဲ့အခါ မိမိတို့ လိုချင်တဲ့အချက်လေးတွေကို စစ်ထုတ်ပြီးနားထောင် တာထက် တကယ်နားလည်ပေးဖို့ နားထောင်သင့်ပါတယ်။

(၆) စုပေါင်းပြီး ညှိနှိုင်းဆောင်ရွက်ပါ။

တစ်နည်းအားဖြင့်ပြောရရင် Synergy လို့ ဆိုပါတယ်။ ဆိုလိုတဲ့သဘောကတော့ တစ်ဦးတစ်ယောက် တည်း စဥ်းစားပြီးလုပ်တာထက် နှစ်ယောက်အတူတကွ လုပ်ဆောင်တာက ရလဒ်ကို ပိုကောင်းစေ ပါ တယ်။ အရှင်းဆုံးပြောရရင်တော့ တစ်နဲ့တစ်ပေါင်းတဲ့အခါ သုံး (သို့) ခြောက် (သို့) ခြောက်ဆယ်အထိ ဖြစ်အောင် ကြိုးစားခြင်းပါပဲ။ စုပေါင်းညှိနှိုင်းဆောင်ရွက်တဲ့အတွက် ရလာတဲ့အကျိုးရလဒ်ဖြစ်ပါတယ်။

(၇) လွှကိုသွေးပါ။

သစ်ပင်တစ်ပင်ကိုခုတ်ဖို့အတွက် အသွားထက်တဲ့လွှလိုသလို ဘဝမှာနေထိုင်တဲ့အခါ မိမိကိုယ်ကိုယ် အမြဲ သစ်လွင်လန်းဆန်းနေဖို့ လိုပါတယ်။ ဒါကို ကိုယ့်ဘဝအတွက် လွှကို ဘယ်လိုသွေးဖို့လိုသလဲ? သင်တို့ ဘဝအတွက် ဒီအစိတ်အပိုင်းလေးခုကို မျှတအောင် ဆောင်ရွက်ဖို့လိုပါတယ်။ မိမိခန္ဓာကိုယ် ကျန်းမာရေး၊ ဦးနှောက်အာဟာရ၊ နှလုံးသားအာဟာရ၊ စိတ်ပိုင်းဆိုင်ရာ သန်မာမှု စတဲ့ အစိတ်အပိုင်း တွေကို ပိုမိုသန်မာအောင် နေ့စဥ်လုပ်ဖို့ လိုအပ်ပါတယ်။ ဥပမာ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့ နေ့စဥ်လေ့ ကျင့်ခန်းလုပ်ပေးတာ၊ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အစားအစာ စားတာမျိုးကိုလုပ်သင့်ပါတယ်။ ဦးနှောက် အာဟာရအတွက်ဆိုရင် စာဖတ်တာ၊ အသစ်သစ်သော skills တွေကို လေ့လာတာမျိုး လုပ်သင့်ပါ တယ်။ နှလုံးသားအာဟာရအတွက်ဆိုရင် ဟာသတွေကြည့်ပြီး စိတ်လွတ်ကိုယ်လွတ်ရယ်တာမျိုးအပြင် စိတ်ပိုင်းဆိုင်ရာ သန်မာမှုရှိအောင် မိမိတို့ယုံကြည်ရာ အလိုက် ဝတ်ပြုဆုတောင်းခြင်း၊ တရားထိုင်ခြင်း တို့ကို ပြုလုပ်သင့်ပါတယ်။ ဒီအစိတ်အပိုင်းတွေကိုသာ သန်မာအောင်လုပ်ပေးရင် ဖော်ပြခဲ့တဲ့ တခြား အလေ့အ ကျင့် (၆) ခုကို လေ့ကျင့်မွေးမြူတဲ့နေရာမှာလည်း အထောက် အကူပြုပါလိမ့်မယ်။

သင့်အတွက် ဒီ အလေ့အကျင့် ကောင်းတွေကအထောက်အကူပြုမှာဖြစ်ပါတယ်။

ဒီဆောင်းပါးကို Stephen Covey ရေးသားတဲ့ “The 7 Habits of Highly Effective People” စာအုပ်မှ ကောက်နုတ်ပြီး ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်။ ဒီစာအုပ်ကို ပညာရေးပရောဂျက်မှာ အ တူတူအလုပ်လုပ်ခဲ့တဲ့ ကျွန်တော့မိတ်ဆွေ အင်ဂျ လာကြီးက လက်ဆောင်အဖြစ်ပေးခဲ့တာဖြစ်ပါတယ်။

မိတ်ဆွေများ ဖော်ပြပါအလေ့အကျင့်ကောင်းများကို လေ့ကျင့်ပြီးအောင်မြင်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ၊ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...