ဒီနေ့”
ကြင်နာတတ်ပြီးအများနှင့်သင့်မြတ်စွာနေတတ်တဲ့ကလေးဖြစ်အောင်လေ့ကျင့်နည်း
(၁၀)နည်း”ကို Food for Thought (912) အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
ကြင်နာတတ်ပြီးအများနှင့်သင့်မြတ်စွာနေတတ်တဲ့ကလေးဖြစ်အောင်လေ့ကျင့်နည်း (၁၀)နည်း
ကြင်နာတတ်ပြီးအများနှင့်သင့်မြတ်စွာနေတတ်တဲ့ကလေးဖြစ်အောင်လေ့ကျင့်ပေးရေးမှာမိဘအများအတွက်ဦးစားပေးလုပ်ချင်တဲ့လုပ်ငန်းဖြစ်ပါတယ်။
ကလေးတစ်ယောက်ရဲ့ကိုယ်ကျင့်အပိုင်းမှာငယ်စဥ်ကတည်းကလေ့ကျင့်
ပျိုးထောင်ပေးတဲ့
အလေ့အကျင့်များနှင့်တန်ဖိုးထားမှူများအပေါ်မှာအခြေခံတည်နေပါတယ်။
အောက်ဘက်မှာ
ကြင်နာတတ်ပြီးအများနှင့်သင့်မြတ်စွာနေနိုင်တဲ့ကလေးများဖြစ်အောင်လေ့ကျင့်ပေးနိုင်တဲ့နည်းလမ်း
(၁၀)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အခြားများရဲ့ ခံစားမှုများကိုနားလည်အောင်လေ့ကျင့်အားပေးပါ။
အခြားများရဲ့
ခံစားမှုများကိုနားလည်ခြင်းမှာ ကြင်နာတတ်ပြီး
စိတ်လှုပ်ရှားခံစားမှုအားကောင်းဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။
အခြားလူများရဲ့စိတ်ခံစားမှုများကို နားလည်ရန်လေ့လာသင်ယူထားတဲ့ကလေးတွေ
ဟာအခြား သူများအပေါ်မှာ ပိုထောက်ထားစာနာတတ်ပါတယ်။
အခြားလူများအပေါ်ပိုကူညီတတ်ကြပါတယ်။ လူအများနှင့်
ပေါင်းသင်းဆက်သွယ်လုပ်ဆောင်ရာမှာပိုအဆင်ပြေကြပါတယ်။
အခြားလူများခံစားမှုကိုနားလည်အောင်ဘယ်လို လေ့ကျင့်အားပေးမလဲ။
•
အခြားလူများရဲ့ခံစားမှုကိုနားလည်မှုကိုနမူနာပြပါ။
မိမိတို့နှင့်ထိတွေ့ဆက်ဆံနေသူများအပေါ် သူတို့ရဲ
စိတ်ခံစားမှုများကိုနားလည်ကြောင်းပြသပါ။ မိဘတွေက အခြားထိတွေ့သူများအပေါ်
နားလည်ခြင်း၊ ထောက်ထားစာနာခြင်းပြသတာကိုကလေးတွေတွေ့မြင်လာတဲ့အခါ
အဲဒီအပြုအမူများကို မိဘတွေ ထံမှအတုယူပြီး
ကလေးတွေကလိုက်လုပ်ဆောင်လာပါလိမ့်မယ်။ အဲဒီလိုအတုယူပြီးလိုက်လုပ် ဆောင်
မှုပြတာကိုတွေ့မြင်တိုင်းမိဘများက ထိုသို့အခြားလူများခံစားမှုကို
ထောက်ထားနားလည်ပေးခြင်းက ကောင်းကြောင်းအသိအမှတ်ပြုပေးပါ။
•
ခံစားမှုများအကြောင်းကလေးနှင့်ဆွေးနွေးပြောဆိုပါ။
စိတ်ခံစားမှုများအကြောင်းကလေးတွေနားလည်လာအောင်ပုံမှန်ဆွေးနွေးပြောဆိုပေးပါ။
မတူတဲ့အခြေအနေတွေမှာအခြားလူတွေစိတ်မှာ ဘယ်လိုခံစားမှုများရှိမယ်ထင်သလဲလို့
ကလေးတွေကို မေးကြည့်ပါ။ ဆွေးနွေးရှင်းပြပါ။
•
ကလေးနှင့်အတူတကွစာဖတ်ပါ။ အခြားသူများအကြောင်းထောက်ထားစာနမှုကိုအလေးထားတဲ့
စာအုပ်ကိုကလေးနှင့်အတူဖတ်ပါ။ ဖတ်ရင်း သရုပ်
ဆောင်များရဲ့စိတ်ခံစားမှုများနှင့် လုပ်ရပ်များအ ကြောင်း
ကလေးနှင့်ဆွေးနွေးပါ။
လက်တွေ့လုပ်ဆောင်ရန်အဆင့်များ
1.
သရုပ်ဆောင်ပြပါ။ သင်တို့ကလေးအနေဖြင့် အခြားလူတွေရဲ့စိတ်ခံစားမှုကို
လက်တွေ့သရုပ်ဆောင် ပြနိုင်တဲ့အခြေအနေမျိုးဖန်တီးပေးပါ။ ဥပမာ ကလေးနှင့်
အကူအညီလိုအပ်နေသူများနေရာမှာ သရုပ် ဆောင်တမ်းကစားပါ။
2.
အများအကျိုးပြုလုပ်ငန်းမှာပါဝင်လုပ်ဆောင်ပါ။မိသားစုအလိုက်၊မိမိတို့နေထိုင်ရာရပ်ကွက်တွင်အများ
အကျိုးပြုလုပ်ငန်းများလုပ်ဆောင်ရာမှာပါဝင်လုပ်အားပေးပါ။ အဲဒီလို
ပါဝင်လုပ်ဆောင်ခြင်းဖြင့်ကလေး တွေဟာမတူတဲ့အတွေ့အကြုံများရစေပြီး
အခြားလူများအပေါ်ထောက်ထားစာနာတတ်တဲ့စိတ်များ တိုး တက် လာစေမှာဖြစ်ပါတယ်။
3.
အခြားလူများစိတ်ခံစားချက်ကို
ထောက်ထားစာနာနားလည်ပေးတဲ့အပြုအမူများကိုအသိအမှတ်ပြုပါ။
ကလေးတွေကအခြားလူများခံစားချက်များကို နားလည်ပြီး
ထောက်ထားစာနာတဲ့အပြုအမူများပြတဲ့ အခါ မိဘများက ထိုအပြုအမူများကို
အသိအမှတ်ပြုပေးပါ။
၂။ ကျေးဇူးတရားသိတတ်အောင်မြှင့်တင်လေ့ကျင့်ပေးပါ။
ကျေးဇူးတရားသိတတ်မှုကကလေးတွေအနေဖြင့်
သူတို့မှာရှိလာတာတွေအတွက် တန်ဖိုးထားလာကြပါတယ်။ အဲဒီအခါ
ငါတို့သာအရာရာရချင်တယ်ဆိုတဲ့လောဘကြီးတဲ့စိတ်တွေလျော့နည်းလာစေပါတယ်။
အဲဒီလိုမိမိမှာ ရှိတာကိုကျေးဇူးသိတတ်တဲ့စိတ်ကြောင့်
ကလေးတွေပိုပျော်ရွှင်ပြီး စိတ်အေးချမ်းသာပိုရှိလာကြပါတယ်။
ကျေးဇူးတရားသိတတ်အောင် ဘယ်လို လေ့ကျင့်ပေးမလဲ
•
ကျေးဇူးတရားသိကြောင်းဖေါ်ပြတဲ့ဂျာနယ်တစ်ခုရေးတဲ့အလေ့အကျင့် ပြုလုပ်ပေးပါ။
နေ့စဥ်နေ့တိုင်း ကလေးတွေအနေဖြင့် သူတို့ရရှိလာမှုများအတွက်
ကျေးဇူးတင်ကြောင်းဂျာနယ်မှာမှတ်တမ်းရေးတဲ့ အ လေ့အကျင့်ကိုလေ့ကျင့်ပေးပါ။
•
ကျေးဇူးတင်ကြောင်း မှတ်စုတိုလေးတွေရေးတာလေ့ကျင့်ပေးပါ။
လက်ဆောင်လေးတွေနှင့် ကြင်နာစွာ ဆက်ဆံခံရမှုများအတွက် ကျေးဇူးတင်ကြောင်း
မှတ်စုတိုလေးတွေရေးပြီးအသိအမှတ်ပြုတဲ့အလေ့ အ ကျင့်ကိုလေ့ကျင့်ပေးပါ။
•
နေ့စဥ်ကျေးဇူးတင်ကြောင်းပြတဲ့အလေ့အကျင့် ပြုလုပ်ပေးပါ။ ကျေးဇူးသိတတ်မှုကို
နေ့စဥ်ဘဝရဲ့အ စိတ်အပိုင်းဖြစ်လာအောင်လေ့ကျင့်ပေးပါ။
အထူးသဖြင့်ထမင်းစားရန်ပြင်ဆင်နေတဲ့အချိန် ထမင်းဝိုင်း မှာဖြစ်စေ၊ သို့မဟုတ်
အိပ်ယာမဝင်ခင်မိသားစုစုပြီး ကျေးဇူးတရားကို ထုတ်ဖော်အသိအမှတ်ပြုတဲ့
အလေ့အကျင့် ကိုပြုလုပ်ပေးပါ။
လက်တွေ့လုပ်ဆောင်ရန်အဆင့်များ
1.
မိသားစုအလိုက်ဆွေးနွေးပွဲပြုလုပ်ပေးပါ။
မိသားစုအလိုက်ကျေးဇူးတင်ထိုက်တာတွေအပါ် ကျေးဇူး
တင်ကြောင်းပြောတဲ့ပြောဆိုဆွေးနွေးပွဲကိုပုံမှန်ပြုလုပ်ပါ။ အဲဒီအလေ့အကျင့်
ပြုလုပ်ရင် ကလေးတွေ ဟာ သူတို့အပေါ်ကျေးဇူးပြုတာတွေ၊
သူတို့ဘဝမှာကြုံခဲ့တဲ့အပြုသဘောဆောင်တာတွေကို
ထင်ဟပ်ပြီးကျေဇူးသိတတတ်သူများဖြစ်လာအောင် လေ့ကျင့် ပေးရာမှာ
အထောက်အကူပြုမှာဖြစ်ပါတယ်။
2.
ကြင်နာတဲ့လုပ်ရပ်များ ပြုလုပ်ပေးပါ-
မိသားစုလိုက်ကြင်နာတဲ့ကောင်းတဲ့လုပ်ရပ်များအတူတူပြု လုပ်ပါ။ ဥပမာ
စားစရာများမိသားစုအလိုက်အတူတူပြုလုပ်ပြီးအိမ်န်နီးနားချင်းများထံဝေငှခြင်းမျိုးပြု
လုပ်နိုင်ပါတယ်။ သို့မဟုတ် လိုအပ်နေတဲ့ကလေးများအတွက် ကလေးကစားစရာများ
ပေးလှုတာမျိုး လည်းပြုလုပ်နိုင်ပါတယ်။
3.
သတိဖြင့်နေထိုင်တတ်အောင်လေ့ကျင့်ပေးပါ။ ကလေးတို့ဘဝမှာ
အပြုသဘောဆောင်တဲ့အရာများကို သတိရှိနေဖို့ကလေးတွေကို ပြောဆိုလေ့ကျင့်ပေးပါ။
ထိုအပြုသဘောဆောင်တဲ့အရာများအတွက် တန် ဖိုးထားကြောင်း ကျေးဇူးတင်ကြောင်း၊
အသိအမှတ်ပြုပြောဆိုရန် လေ့ကျင့် သင်ကြားပေးပါ။
၃။
တာဝန်သိတတ်မှုနှင့်တာဝန်ယူလုပ်ဆောင်တတ်အောင်လေ့ကျင့် သင်ပေးပါ။
တာဝန်သိတတ်မှုနှင့်တာဝန်ယူ လုပ်ဆောင်တတ်မှုဆိုတာ မိမိလုပ်ဆောင်မှုအတွက်
မိမိလုပ်ရပ်က အခြားလူများအပေါ်မှာ အကျိုးသက်ရောက် မှုရှိတာကို
သိနားလည်ပြီး တာဝန်သိသိဖြင့် လုပ်ဆောင်တတ်မှုရှိရန်လိုအပ်ပါတယ်။
အဲဒီလိုလေ့ကျင့်ပေးမယ်ဆိုရင် ကလေးတွေဟာတာဝန်သိတတ်စွာပြုလုပ်တတ်ပြီး
အားထားနိုင်သူများဖြစ်လာကြမှာဖြစ်ပါတယ်။
တာဝန်သိတတ်မှုနှင်တာဝန်ယူလုပ်ဆောင်တတ်အောင်ဘယ်လိုလေ့ကျင့်ပေးမလဲ။
•
နေ့စဥ်လုပ်ဆောင်ရန်လုပ်ငန်းများတာဝန်ပေးပါ။ နေ့စဥ်ပုံမှန်ပြုလုပ်ရန်
ကလေးအသက်အရွယ်ဖွံ့ဖြိုး မှုနှင့်ဆီ
လျော်တဲ့အိမ်မှုအလုပ်များပြုလုပ်ရန်တာဝန်ပေးပါ။
•
မျှော်မှန်းချက်များချမှတ်ထားပေးပါ။ မိဘအနေဖြင့်
ကလေးလုပ်ဆောင်ရမဲ့လုပ်ငန်းများနှင့် ပတ်သက်
ပြီးဘယ်လိုမျှော်မှန်းချက်များထားရှိကြောင်းကလေးသိအောင်ပြောပြထားပါ။
တကယ်လို့သတ်မှတ် ထားတဲ့အလုပ်များပြီးအောင်မလုပ်နိုင်ရင် ဘယ်လို
နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်လာမှာကိုလည်း ကလေး
သေချာသိနေအောင်ရှင်းလင်းစွာပြောထားပါ။
• နမူနာကောင်းပြပြီးဦးဆောင်မှုပေးပါ။ မိဘများအနေဖြင့်နေ့စဥ်ဘဝမှာ တာဝန်ရှိရှိ နမူနာကောင်းများ ပြသပါ။
လက်တွေ့လုပ်ဆောင်ရန်အဆင့်များ
1.
နေ့စဥ်လုပ်ငန်းပြဇယားဖန်တီးထားပေးပါ။ သတ်မှတ်ထားတဲ့အလုပ်များအနက်
ပြီးသွားတဲ့လုပ်ငန်း များကို
ဖော်ပြနိုင်တဲ့လုပ်ငန်းပြဇယားဖန်တီးပြီးမြင်သာအောင်ကပ်ပြထားပါ။ အဲဒီဇယားက
ကလေး တွေသူတို့ လုပ်ဆောင်ရမဲ့လုပ်ငန်းများကို
နားလည်လာစေရန်အထောက်အကူပြုပါတယ်။
2.
ဦးတည်ရည်မှန်းချက်ချမှတ်ထားပေးပါ။ ကလေးတွေအနေဖြင့်
သူတို့ဖြစ်ချင်တဲ့ဦးတည်ရည်မှန်းချက် နှင့်
အညီဖြစ်လာနိုင်စရန်ဦးတည်ရည်မှန်းချက်ချမှတ်တတ်အောင်ကူညီပေးပါ။ အခုလို
ဦးတည်ရည်မှန်း ချက်ချတတ်အောင်သင်ပေးခြင်းက ကြိုတင်ပြင်ဆင်ခြင်း၊
ပြင်ဆင်ထားတဲ့အတိုင်းဇွဲရှိရှိလုပ်ဆောင်အကောင်အထည်ဖေါ်ခြင်းနှင့်
တာဝန်ခံမှုတာဝန်ယူမှုရှိအောင် ကလေးတွေကိုသင်ပေးပါတယ်။
3.
သဘာဝအလျောက်နောက်ဆက်တွဲအကျိုးဆက်ရှိပါစေ။
လုပ်ဆောင်ရန်လုပ်ငန်းများကိုသတ်မှတ်ထားတဲ့အတိုင်း ပြီးအောင်မလုပ်ရင်
သူ့သဘာဝအလျောက်နောက်ဆက်တွဲအကျိုးဆက်များကို ရင် ဆိုင်ရ
မှာဖြစ်ကြောင်းကလေးတွေသိနေပါစေ။ ဥပမာ
အခွင့်အရေးများဆုံးရှုံးခံရခြင်းစတာမျိုးတွေ ရှိကြောင်း သိပါစေ။
၄။
လွတ်လပ်စွာကိုယ့်အားကိုယ်ကိုလုပ်ဆောင်တတ်အောင်လေ့ကျင့်ပေးပါ။
ကိုယ်အားကိုယ်ကိုးလုပ်ဆောင် တတ်မှုက
ကလေးများတွင်မိမိကိုယ်မိမိယုံကြည်မှုနှင့် ကြုံလာတဲ့အခက်အခဲပြဿနာများကို
ကိုယ်တိုင်စဥ်းစား ဖြေရှင်းနိုင်တဲ့ကျွမ်းကျင်မှုများတိုးတက်လာစေပါတယ်။
ကိုယ်တိုင်ချင့်ချင့်ချိန်ချိန် ဝေဖန်စဥ်းစားတတ်ပြီး အ
ခြေအနေအပေါ်မူတည်လျက်အကောင်းဆုံးဆုံးဖြတ်ချက်များကိုချမှတ်နိုင်စေပါတယ်။
လွတ်လပ်စွာကိုယ့်အားကိုယ်ကိုးလုပ်ဆောင်တတ်အောင် ဘယ်လိုလေ့ကျင့်ပေးမလဲ။
• ရွေးချယ်စရာများပေးပါ။ အခြေအနေတိုင်းတွင် ကလေးအားသူတို့စဥ်းစားပြီးရွေးချယ်စရာများ ဖန်တီး ပေးပါ။
•
ပြဿနာဖြေရှင်းတတ်အောင်အားပေးပါ။ ကလေးတို့အနေဖြင့်
သူတို့ကြုံလာတဲ့အခက်အခဲပြဿနာ
များကိုသူတို့ကိုယ်တိုင်ဖြေရှင်းလာနိုင်အောင်အားပေးပါ။
သူတို့ကြုံလာတဲ့အခက်အခဲပြဿနာမျာကို မိဘက
လိုက်ဖြေရှင်းပေးခြင်းမပြုလုပ်ပါနဲ့။ လိုအပ်တဲ့အကြံတော့ပေးပါ။
•
မိမိကိုယ်မိမိ စောင့်ရှောက်တတ်အောင်သင်ပေးပါ။ ကလေးများအနေဖြင့်
မိမိကိုယ်မိမိ ဘယ်လိုစောင့် ရှောက်ရကြောင်း ပြသပေးပါ။
တစ်ကိုယ်ရည်သန့်ရှင်းရေးမှစပြီးအချိန်ကိုစနစ်တကျသုံးတတ်အောင် လေ့ကျင့်
သင်ပေးပါ။
လက်တွေ့လုပ်ဆောင်ရန် လုပ်ငန်းအဆင့်ဆင့်
1.
ဆုံးဖြတ်ချက်ချနိုင်တဲ့အခွင်အလမ်းများဖန်တီးပေးပါ။
ကလေးတွေကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်နိုင်တဲ့ အခွင့် အလမ်းများဖန်တီးပေးပါ။
ဘာအဝတ်ကိုဝတ်မယ်။ ဘာလုပ်ငန်းကိုအရင်လုပ်မယ်စတာတွေနဲ့ ပတ်သက်လာရင်
ကလေးကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်နိုင်ခွင့်များဖန်တီးပေးပါ။
2.
လမ်းပြပါ။ လမ်းညွှန်ပြသမှုကိုသာပေးပါ။
ကလေးအနေဖြင့်စိန်ခေါ်မှုတစ်ရပ်ရပ်နှင့်ကြုံလာတဲ့အခါ
ဘယ်လိုလုပ်ဆိုပြီးတိုက်ရိုက်အဖြေမပေးပါနဲ့။
အဲဒီလိုလေ့ကျင့်ပေးရင်ကလေးဟာသူအားသူအားကိုးပြီး
ဆုံးဖြတ်လုပ်ဆောင်တတ်လာပါလိမ့်မယ်။
3.
အားထုတ်ကြိုးစားမှုကိုချီးကျူးအသိအမှတ်ပြပါပါ။ ကလေးအနေဖြင့်
သူ့အားသူကိုးပြီး ကြိုးစားလုပ် ဆောင်မှုနှင့်အောင်မြင်မှုများအတွက်
ချီးကျူးအသိအမှတ်ပြပါ။ အဲဒီလိုလေ့ကျင့်ပေးရင် ကလေးတွေ ဟာ
မိမိကိုယ်မိမိအားကိုးလုပ်ဆောင်နိုင်တဲ့မိမိကိုယ်မိမိယုံကြည်မှုနှင့်
စိတ်အားထက်သန်စွာ ကိုယ်အား ကိုယ်ကိုးလုပ်ချင်စိတ်များတိုးတက်လာပါလိမ့်မယ်။
၅။
သင်ယူမှုကိုချစ်မြတ်နိုးလာအောင်လေ့ကျင့်ပေးပါ။
သင်ယူမှုကိုချစ်မြတ်နိုးခြင်းမှာ ဘဝတစ်သက်တာလုံး အောင်မြင်ဖို့အ တွက်
လိုအပ်ချက်တစ်ရပ်ဖြစ်ပါတယ်။ သင်ယူမှုကိုချစ်မြတ်နိုးလာတဲ့အခါ
စူးစမ်းရှာဖွေလေ့ လာလိုမှု၊ ချင့်ချိန်ဝေဖန် စဥ်းစားတတ်မှု၊
အသိအမြင်ဗဟုသုတရှာမှီးလိုစိတ်များပွားများတိုးတက်လာစေပါတယ်။
သင်ယူမှုကိုချစ်မြတ်နိုးလာအောင်ဘယ်လိုလေ့ကျင့်ပေးမလဲ။
•
သင်ယူမှုကိုအားပေးတဲ့ပတ်ဝန်းကျင်ဖန်တီးပေးပါ။ စာအုပ်များ၊
ပညာပေးကစားစရာများ၊ နှင့် အခြား သောပညာပေးပစ္စည်းများကို
လက်လှမ်းမှီအောင်စီစဥ်ပေးပါ။
•
စူစမ်းလေ့လာမှုကိုတိုက်တွန်းအားပေးပါ။
ကလေးကစူးစမ်းသိလိုလို့မေးတဲ့မေးခွန်းများကို ဖြေပေးပါ။
ကလေးစိတ်ဝင်စားတဲ့အကြောင်းအရာခေါင်းစဥ်များ ကိုစူးစမ်းရှာဖွေလေ့လာရန်
အားပေးတိုက်တွန်းပါ။
• သင်ယူမှုမှာစိတ်ပါဝင်စားမှုကိုစံနမူနာကောင်းပြပါ။ မိဘများအနေဖြင့်သင်ယူတဲ့လုပ်ငန်းမှာစိတ်အား ထက်သန်မှုရှိကြောင်းနမူနာပြပါ။
လက်တွေ့လုပ်ဆောင်ရန်အဆင့်များ
1.
ကလေးနှင့်အတူတူစာဖတ်ပါ။ နေ့စဥ်လုပ်ငန်းများတွင်
ကလေးနှင့်အတူတူစာဖတ်တဲ့အလေ့အကျင့် ကိုဖန်တီးယူပါ။
အကြောင်းအရာအမျိုးမျိုးနှင့် ကလေးထိတွေ့ရင်းနှီးလာစေရန်
စာအုပ်အမျိုးမျိုးရွေးပြီး ကလေးနှင့်အတူတူစာဖတ်ပြပါ။
2.
ပညာပေးလုပ်ငန်းများတွင်ပါဝင်လုပ်ဆောင်ပါ။
သင်ယူမှုကိုအားပေးစေတဲ့လုပ်ငန်းများ၊ ဥပမာ ပြတိုက်
သို့သွားရောက်လေ့လာခြင်း၊ သိပ္ပံဌာနသို့သွားရောက်လေ့လာခြင်း၊
သဘာဝကိုထိန်းသိမ်းပြသထားတဲ့နေ ရာ
များသို့သွားရောက်လ့လာခြင်းများပြုလုပ်ပေးပါ။
3.
စူးစမ်းလေ့လာမှုကိုချီးကျူးအသိအမှတ်ပြုပါ။ အသစ်အဆန်းတွေကိုသိလိုတဲ့စိတ်၊
အသစ်အဆန်းများ အတွက်သိလိုတဲ့စိတ်ထားစတာတွေအတွက်
ကလေးကိုချီးကျူးအသိအမှတ်ပြပါ။
၆။
ကြံ့ခိုင်ပြီးဇွဲထက်သန်မှုကိုလေ့ကျင့်သင်ပေးပါ။ ကြံ့ခိုင်ပြီးဇွဲထက်သန်မှု
ဆိုတာ စိန်ခေါ်မှုများကိုရင်ဆိုင် ကျော်လွှားရင်း
ဖြစ်လာတဲ့ကျရှုံးမှုများကို
ကောင်းစွာရင်ဆိုင်ပြီးလဲကျရင်ချက်ခြင်းပြန်ထနိုင်တဲ့စိတ်ထား
ထားခြင်းဖြစ်ပါတယ်။ အဲဒီကျွမ်းကျင်မှုဟာ ဘဝမှာအတက်အကျများကြုံလာတဲ့အခါ
ဦးတည်ချက်နှင့်အညီ ဆက်လက်ချီတက်
လုပ်ဆောင်နိုင်ဖို့အရေးကြီးတဲ့ကျွမ်းကျင်မှုဖြစ်ပါတယ်။
ကြံ့ခိုင်ပြီးဇွဲထက်သန်မှုကိုဘယ်လိုလေ့ကျင့်ပေးမလဲ။
•
ဖွံ့ဖြိုးတိုးတက်မှုကိုဦးတည်တဲ့စိတ်ထားဖြစ်လာအောင်တိုက်တွန်းအားပေးပါ။
အလုပ်ကိုကြိုးစားလုပ်
ကိုင်ရင်းစွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများတိုးတက်လာအောင်လေ့ကျင့်နိုင်ကြောင်းကလေးကိုပြောပြပါ။
• စိတ်ဓာတ်ကြံ့ခိုင်ပြီးဇွဲထက်သန်မှုရှိကြောင်းစံနမူနာပြပါ။ နေ့စဥ်ဘဝမှာဇွဲရှိပြီးစိတ်အားထက်သန်စွာ လုပ် ဆောင်မှုကို စံနမူ နာပြပါ။
• အားပေးကူညီပေးပါ။ ခက်ခဲတဲ့အချိန်များတွင်စိတ်လှုပ်ရှားခံစားမှုကောင်းလာအောင် အားပေးခြင်း၊ အထောက်အကူပေးခြင်းများပြုလုပ်ပါ။
လက်တွေ့လုပ်ဆောင်ရန် အဆင့်များ
1.
ပြဿနာဖြေရှင်းနိုင်မှုဆိုင်ရာကျွမ်းကျင်မှုများသင်ပေးပါ။
ကြီးမားတဲ့စိန်ခေါ်မှုများကို
နိုင်နိုင်နင်းနင်း၊လုပ်ဆောင်နိုင်တဲ့လုပ်ငန်းငယ်လေးများ ဖြစ်
အောင်ပြုလုပ်တဲ့နည်းလမ်းကိုသင်ပေးပါ။
2.
မိမိကိုယ်မိမိအပြုသဘောပြောတတ်တဲ့အကျင့် လေ့ကျင့်ပေးပါ။
“ငါကောင်းကောင်းလုပ်နိုင်ပါတယ်။” “ငါအကောင်းဆုံးဖြစ်အောင်လုပ်မယ်”
စတဲ့အသုံးအနှုန်းများကိုသုံးတဲ့အလေ့အကျင့် ဖြစ်အောင် မိမိ
ကိုယ်မိမိပြောတဲ့အကျင့် ဖြစ်အောင်သင်ပေးပါ။
3.
မိမိအတွေ့အကြုံကို ပြန်လည်ထင်ဟပ်စဥ်းစားတတ်အောင်သင်ပေးပါ။
အတိတ်ကကြုံခဲ့တဲ့စိန်ခေါ်မှုများအကြောင်း ပြန်လည်ဆွေးနွေးပါ။ ဘယ်လို
ကျော်လွန်အောင် ကြိုးစားလုပ်ဆောင်ခဲ့ကြောင်း ပြန် လည်ဆွေးနွေးပါ။
အဲဒီလိုလေ့ကျင့်ပေးရင်အခက်အခဲဆိုတာ ယာယီသဘောသာဖြစ်ပြီးအားထုတ် ကြိုး
စားရင်အောင်မြင်ကြောင်းကလေးကသဘောပေါက်နားလည်လာစေပါတယ်။
၇။
စိတ်ရှည်သည်းခံနိုင်စွမ်းအားကောင်းအောင် လေ့ကျင့် ပေးပါ။
စိတ်ရှည်သည်းခံနိုင်စွမ်းဆိုတာ အခက်အခဲ များကြုံရတဲ့အခါ
စိတ်ပျက်စရာများဖြစ်လာပြီး ကျေနပ်မှုမရနိုင်ဘဲဖြစ်နေတာကိုစောင့်
ဆိုင်းသည်းခံပြီး နောက် ကျမှကျေနပ်မှုရလာတာကို စောင့်
ဆိုင်းသည်းခံနိုင်စွမ်းပင်ဖြစ်ပါတယ်။ အဲဒီအလေ့အကျင့်ရလာတဲ့အခါ ကလေး တွေဟာ
သူတို့စိတ်လှုပ်ရှားခံစားမှုများကိုထိန်းသိမ်းနိုင်စွမ်းများတိုးတက်လာစေပါတယ်။
ဇွဲထက်သန်လာ စေပါ တယ်။
စိတ်ရှည်သည်းခံနိုင်စွမ်းအားကောင်းအောင် ဘယ်လိုလေ့ကျင့်ပေးမလဲ။
•
စိတ်ရှည်သည်းခံနိုင်မှုကိုမိဘကစံနမူနာပြပါ။
သင်တို့နှင့်အပြန်အလှန်ဆက်ဆံမှုများတွင်စိတ်ရှည်သည်း ခံ
နိုင်စွမ်းအားကောင်းကြောင်းပြသပါ။ စျေးဝယ်ရာမှာ လူတွေများနေသဖြင့်
တန်းစီရန်စောင့် ဆိုင်းခြင်း၊ လုပ်ငန်းစဥ်နှေးကွေးတာကို လုပ်ဆောင်တဲ့အခါ
စိတ်ရှည်စွာစောင့် ဆိုင်နိုင်မှုရှိခြင်းမျိုးဖြစ်ပါတယ်။
•
စောင့်ဆိုင်းရခြင်းကိုလေ့ကျင့်ပေးပါ။ ကစားတဲ့အခါမိမိအလှည့်ရောက်အောင်
သည်းခံစောင့် ဆိုင်းခြင်း၊
တစ်ခုခုရဖို့အတွက်အလှည့်ကျတဲ့တိုင်အောင်စိတ်ရှည်စွာသည်းခံစောင့်
ဆိုင်းတတ်အောင်လေ့ကျင့် သင်ပေးပါ။
•
သက်သောင့် သက်သာနေတတ်တဲ့နည်းများကိုသင်ပေးပါ။
စိတ်မရှည်တဲ့အခါမျိုးမှာစိတ်ကိုတည်ငြိမ် အောင်ထိန်းသိမ်းတဲ့နည်းလမ်းများကို
ကလေးအားသင်ပေးပါ။
လက်တွေ့လုပ်ဆောင်ရန်အဆင့်များ
1.
ကစားခြင်းနှင့် လုပ်ငန်းများလုပ်ဆောင်ခြင်း - မိမိအလှည့်ရောက်အောင်စောင့်
ဆိုင်းကစားရတဲ့ကစား
နည်းများနှင့်လုပ်ငန်းများတွင်ကလေးပါဝင်နိုင်အောင်စီစဥ်ပေးပါ။
အဲဒီလိုလေ့ကျင့် ပေးရင်မိမိအလှည့် ရောက်အောင်စောင့်ဆိုင်းတာကို
ပျော်ရွှင်စရာအဖြစ် ကလေးတွေသင်ယူနိုင်လာမှာဖြစ်ပါတယ်။
2.
စောင့်ဆိုင်းရတဲ့အချိန်ကိုဘယ်လောက်ကြာကြောင်းသိအောင်ရေတွက်ခိုင်းပါ။
လုပ်ဆောင်ရတဲ့လုပ်ငန်း၊ အဖြစ်အပျက်များကိုရေတွက်ခိုင်းပါ။
အဲဒီလိုရေတွက်စောင့် ဆိုင်းရင်း စောင့် ဆိုင်းရခြင်း အကြောင်း
ကလေးနားလည်လာစေပါတယ်။
3.
စိတ်ဖြင့် ဖြစ်ပျက်နေတာကို သတိထားမှတ်တတ်အောင်သင်ပေးပါ။ စိတ်ဖြင့်
ဖြစ်ပျက်နေမှုများကို မှတ်သားတဲ့အလေ့အကျင့်က စိတ်မရှည်မှုနှင့်
စိတ်ပျက်စရာများကိုထိန်းသိမ်းစောင့်ဆိုင်းနိုင်လာစေပါ တယ်။
၈။ ကောင်းမွန်ထိရောက်စွာအပြန်အလှန်ပြောဆိုတတ်အောင်လေ့ကျင့်ပေးပါ။
ကောင်းမွန်ထိရောက်စွာအပြန်အလှန်ပြောဆိုဆက်သွယ်တတ်ခြင်းဟာ
လူအများနှင့် ဆက်ဆံရေးကောင်း အောင်တည်ဆောက်ရာနှင့်
ကြုံလာတဲ့ပဋိပက္ခများကိုဖြေရှင်းတဲ့နေရာမှာ
မရှိမဖြစ်လိုအပ်တဲ့ကျွမ်းကျင်မှု ဖြစ်ပါတယ်။ အဲဒီမှာ
မိမိရဲ့စဥ်းစားထားတဲ့စိတ်ကူးအတွေးများကို
သူများနားလည်အောင်ရှင်းလင်းစွာထုတ် ပြောတတ်ခြင်းနှင့် သူများပြောနေတာကို
ကောင်းစွာနားလည်အောင် နားထောင်ခြင်းတို့ပါဝင်ပါတယ်။
ကောင်းမွန်ထိရောက်စွာအပြန်အလှန်ပြောဆိုဆက်သွယ်တတ်အောင်ဘယ်လိုလေ့ကျင့်ပေးမလဲ။
•
ကောင်းမွန်ထိရောက်စွာအပြန်အလှန်ပြောဆိုဆက်သွယ်တတ်မှုကိုစံနမူနာပြပါ။
ကောင်းစွာ အပြန် အလှန်ဆက်သွယ်ပြောဆိုမှုကိုစံနမူနာပြပါ။ ဥပမာပြောနေတာကို
ကောင်းစွာနားထောင်ခြင်းနှင့် မိမိ
ပြောလိုတာကိုအခြားလူနားလည်အောင်ရှင်းလင်းစွာပြောဆိုမှုများတို့ကို
စံနမူနာပြပါ။
•
ကောင်းမွန်တက်ကြွစွာနားထာင်တတ်အောင်လေ့ကျင့်ပေးပါ။
ကြားဖြတ်ပြောတာမျိုးမပြုလုပ်ဘဲ
ပြောနေတာကိုကောင်းမွန်တက်ကြွစွာနားထောင်မှုကို စံနမူနာအဖြစ်ပြပါ။
•
အပြန်အလှန်ပွင့်လင်းစွာပြောဆိုနိုင်မှုကိုတိုက်တွန်းအားပေးပါ။
ကလေးအနေဖြင့် သူ့မှာဖြစ်နေတဲ့ စိတ်ကူးနှင့် အတွေးခံစားမှုများကိူ သက်သောင့်
သက်သာပြောထုတ်နိုင်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးပါ။
လက်တွေ့လုပ်ဆောင်ရန်အဆင့်များ
1.
မိသားစုတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ပါ။ ပုံမှန်မိသားစု
တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ပါ။ အဲဒီတွေ့ဆုံပွဲမှာဆို ရင် မိသားစုဝင်တိုင်းက
သူတို့ရဲ့အတွေးစိတ်ကူးများ၊နှင့် ဆွေနွေးလိုတဲ့အကြောင်းအရာများကိုဆွေးနွေး
နိုင်ကြပါတယ်။
2.
သရုပ်ဆောင်စေခြင်း - မတူတဲ့အခြေအနေများမှာ ဘယ်လို
အပြန်အလှန်ပြောဆိုဆက်သွယ်မယ်ဆိုတာ လိုအပ်တဲ့ကျွမ်းကျင်မှုများကို
လက်တွေ့သရုပ်ဆောင်ပြောဆိုမှုကိုလေ့ကျင့်ပေးပါ။
3.
အပြန်အလှန်ပြောဆိုဆက်သွယ်မှုထိရောက်အောင်အားထုတ်မှုကို
ချီးကျူးအသိအမှတ်ပြုပါ။ ကလေး အနေဖြင့်
သူပြောလိုတာကိုရှင်းလင်းထိရောက်စွာပြောဆိုလာတဲ့အခါ ချီးကျူးအသိအမှတ်ပြုပါ။
၉။လေးစားစွာဆက်ဆံတတ်အောင်လေ့ကျင့်ပေးပါ။
လေးစားစွာဆက်ဆံခြင်းဆိုတာ အခြားလူများရဲ့စိတ်ခံစား မှုများ၊
အခွင့်အရေးများ၊ ရပိုင်ခွင့်များ၊ အစဥ်အလာများကို
အလေးထားထိန်းသိမ်းစောင့်ရှောက်ခြင်းပင်ဖြစ် ပါ တယ်။ညီ ညွတ် ပြီး
အားလုံးပါဝင်တဲ့ ပတ်ဝန်းကျင်ကိုဖန်တီးပေးရာမှာလေးစားစွာဆက်ဆံတတ်မှုမှာ
အရေးကြီး ပါတယ်။
လေးစားတတ်မှုရှိအောင် ဘယ်လိုလေ့ကျင့်ပေးနိုင်ပါသလဲ။
• လေးစားစွာဆက်ဆံမှုကိုစံနမူနာပြပါ။ အခြားလူများနှင့်အပြန်အလှန်ဆက်ဆံရာမှာ လေးလေးစားစား ဆက်ဆံမှုကိုစံနမူနာပြပါ။
•
လေးစားစွာပြုမူတဲ့အမူအကျင့်များသင်ပေးပါ။ “ကျေးဇူးပြုလို့”
“ကျေးဇူးတင်ပါတယ်” ဆိုတဲ့ယဥ် ကျေး သိမ်မွေ့စွာပြောဆိုတတ်အောင်လေ့ကျင့်
သင်ပေးပါ။
•
မတူကွဲပြားခြားနားမှုများကို ဆွေးနွေးပါ။ ယဥ်ကျေးမှုအကြောင်း၊
အစဥ်အလာအကြောင်း၊ နှင့် မတူတဲ့ ရှု့ထောင့်အမြင်များအကြောင်းဆွေးနွေးပါ။
လက်တွေ့လုပ်ဆောင်ရန်အဆင့်များ
1.
လေးစားထိုက်တဲ့အပြုအမူများကိုသင်ပေးပါ။ မိသားစုနှင့် ရပ်ရွာထဲမှ
လူတွေနှင့် ထိတွေ့ဆက်ဆံတဲ့ အခါ လေးလေးစားစား ပြောဆိုဆက်ဆံမှုကို
ပြုလုပ်တတ်အောင် အားပေးသင်ပြပေးပါ။
2.
ယဥ်ကျေးမှု အတွေ့အကြုံများရှိအောင်ဖန်တီးပေးပါ။ စာအုပ်များ၊
အစားအစာများနှင့် လုပ်ငန်းများ အပေါ်အခြေခံပြီး မတူတဲ့ယဥ်ကျေးမှုများနှင့်
အစဥ်အလာများနှင့် ထိတွေ့ခွင့်ရအောင်ဖန်တီးပေးပါ။
3.
ဆွေးနွေးတင်ပြချက်များကိုလေးစားတတ်အောင်သင်ပေးပါ။
လေးစားမှုအရေးကြီးကြောင်းပုံမှန် ဆွေးနွေးပါ။ မတူတဲ့အခြေအနေအမျိုးမျိုးမှာ
လေးစားစွာပြုမူပြောဆိုခြင်းဆိုတာ ဘာကို ဆိုလို
ကြောင်းနားလည်လာအောင်ဆွေးနွေးသင်ပေးပါ။
၁၀။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုကိုအားပေးပါ။
ကိုယ်လက်လှုပ်ရှားမှုဟာ
ကျန်းမာရေးနှင့် နေထိုင်ကောင်းမွန်ရေးတို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်။
ကိုယ် လက်လှုပ်ရှားမှုကြောင့် ကိုယ်ခန္တာဖွံ့ဖြိုးတိုးတက်လာစေပါတယ်။
စိတ်ဖိစီးမှုများကိုလျော့ကျစေပါတယ်။ အပြုသဘောစိတ်ထားတွေတိုးပွားလာစေပါတယ်။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုကိုဘယ်လိုအားပေးလေ့ကျင့်နိုင်ပါသလဲ။
•
ကလေးနှင့်အတူ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။ မိသားစုအလိုက်
ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပါ၊ ဥပမာ တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း၊
အားကစားတစ်ခုခုအတူတူကစားခြင်း။
•
မှန်သာပြင်ကိုကြည့်တဲ့အချိန်ကန့်သတ်ပါ။ (ရုပ်မြင်သံကြားစက်၊ လက်ကိုင်ဖုန်း၊
အိုင်ပက်စတာတွေ) ကိုယ်လက်လှုပ်ရှားမှုပို လုပ်ဆောင်နိုင်စေရန်
မှန်သားပြင်ကို ကြည့်တဲ့အချိန်ကို ကန့်သတ်ထားပါ။
•
ပျော်စရာကောင်းပါစေ။
ကလေးတွေနှစ်သက်သဘောကျတဲ့ကိုယ်လက်လှုပ်ရှားမှုများကိုရွေးချယ်လုပ်
ဆောင်ပါ။ကိုယ်လက်လှုပ်ရှားတဲ့အလုပ်က ကလေးတွေပျော်တဲ့အလုပ်မျိုးဖြစ်ပါစေ။
လက်တွေ့လုပ်ဆောင်ရန်အဆင့်များ
1.
မိသားစုအလိုက်ပုံမှန်လုပ်တဲ့အလုပ်ဖြစ်ပါစေ။
လုပ်ငန်းအမျိုးမျိုးပါဝင်တဲ့မိသားစုအလိုက်ပုံမှန်
လုပ်ဆောင်တဲ့ကိုယ်လက်လှုပ်ရှားမှုဖြစ်ပါစေ။
2.
တက်ကြွစွာလုပ်ဆောင်ရတဲ့ကစားခြင်းဖြစ်ပါစေ။ သူငယ်ချင်းများ
သို့မဟုတ်မိသားစုများနှင့်
အတူတူတက်ကြွစွာလှုပ်ရှားကစားနိုင်တဲ့လုပ်ငန်းများဖြစ်ပါစေ။
3.
အပြင်ပတွင်စူးစမ်းစွန့်စားလုပ်ဆောင်ရမှုများဖြစ်ပါစေ။ ဥပမာ ပြင်ပမှာ
ပျော်ပွဲစားထွက်ခြင်း၊ သဘာဝသစ်တောတွင် လမ်းလျောက်ခြင်း၊ ပန်းခြံသို့
သွားရာက်လည်ပတ်ခြင်းစတာမျိုးတွေ ပြုလုပ်ပေးပါ။
နိဂုံးချုပ်
ကြင်နာတတ်ပြီး
အများနှင့် သင့်တင့်စွာနေထိုင်တတ်တဲ့ကလေးတွေဖြစ်အောင်လေ့ကျင့်
ပျိုးထောင်ပေးဖို့ဆိုတာ အခြားလူများစိတ်ခံစားမှုများကို နားလည်တတ်ခြင်း၊
ကျေးဇူးတရားသိတတ်ခြင်း၊ တာဝန်ရှိမှုနှင့် တာဝန်သိသိ လုပ် ဆောင်တတ်ခြင်း၊
မိမိအားကိုးဖြင့် လုပ်ဆောင်တတ်ခြင်း၊ သင်ယူမှုကိုချစ်မြတ်နိုးခြင်း၊
ကြံ့ခိုင်ပြီးဇွဲထက် သန်ခြင်း၊ စိတ်ရှည်သည်းခံတတ်ခြင်း၊ အပြန် အလှန်
ထိရောက်စွာဆက်သွယ်ပြောဆိုတတ်ခြင်း၊ လေးစားစွာ ပြုမူပြောဆိုတတ်ခြင်း၊ နှင့်
ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ကိုယ်ရောစိတ်ပါ ကျန်းမာအောင်နေတတ်ရန် လေ့ကျင့်
ပေးမှုများဟန်ချက်မိမိစုပေါင်းပါဝင်နေပါတယ်။ဖော်ပြပါအလေ့အကျင့် များကို
နေ့စဥ်လုပ်ငန်းများတွင် အဆင် ပြေစွာပေါင်းထည့်ပေးခြင်းဖြင့်
မိဘများအနေဖြင့် ကြင်နာတတ်ပြီး အများနှင့်အဆင်ပြေစွာနေထိုင်တတ်တဲ့ ကလေး
တွေဖြစ်လာအောင် လေ့ကျင့် ပျိုးထောင်ပေးနိုင်မှာဖြစ်ပါတယ်။
အဲဒီလိုပျိုးထောင်လေ့ကျင့်ပေးတဲ့အခါ မိဘ များရဲ့စိတ်နေ
သဘောထားနှင့်လုပ်ရပ်များက ကလေးတို့အတွက်အလွန်အားကောင်းတဲ့စံပြနမူနာများ
ဖြစ်ပါ တယ်။ မိဘများအနေဖြင့်မိမိတို့သားသမီးများကို လေ့ကျင့်
ပေးလိုတဲ့တန်ဖိုးထားမှုများနှင့် အလေ့အကျင့်များကို သူ့
သက်ဆိုင်ရာနယ်ပယ်အလိုက် အလေးထားလေ့ကျင့်
ပေးနိုင်ရန်လိုအပ်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးကြရန် လိုအပ်ပါတယ်။
မိတ်ဆွေများကြင်နာတတ်တဲ့ကလေးများနှင့်အများနှင့်ပေါင်းသင်းဆက်ဆံရာမှာအဆင်ပြေတဲ့ကလေးတွေဖြစ် အောင်လေ့ကျင့်ပျိုးထောင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်။
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Wednesday, February 26, 2025
ကြင်နာတတ်ပြီးအများနှင့်သင့်မြတ်စွာနေတတ်တဲ့ကလေးဖြစ်အောင်လေ့ကျင့်နည်း (၁၀)နည်း Food for Thought (912) ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment