ဒီနေ့
“စိတ်လှုပ်ရှားခံစားမှုကို ထိန်းသိမ်ခြင်း” အကြောင်း “ရပ်၊ စဥ်းစား၊
လုပ်ဆောင်၊ ပြန်လည်ထင်ဟပ် စဥ်းစား” (Stop, Think, Act, Reflect = STAR)
နည်းလမ်းကောင်းကို Food for Thought 913 အဖြစ်မျှဝေ လိုက်ပါတယ်။
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြိမ်း)၊
ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
ရပ်၊ စဥ်းစား၊ လုပ်ဆောင်၊ ပြန်လည်ထင်ဟပ်စဥ်းစား (Stop, Think, Act, Reflect = STAR)
စိတ်လှုပ်ရှားခံစားမှုကို ထိန်းသိမ်ခြင်း
စိတ်လှုပ်ရှားခံစားမှုကို
ထိန်းသိမ်ခြင်းဆိုတာ မိမိမှာဖြစ်နေတဲ့စိတ်လှုပ်ရှားခံစားနေရမှုကို
ပေါက်ကွဲမထွက်အောင်
ထိန်းသိမ်းခြင်းပင်ဖြစ်ပါတယ်။စိတ်အခပ်မသင့်ဖြစ်နေတဲ့အချိန်မှာမိမိစိတ်လှုပ်ရှားခံစားမှုများကိုမထိန်းသိမ်းမစောင့်ရောက်သူတွေဟာ
ဖြစ်လာတဲ့အခြေအနေကို စိတ်လိုက်မာန်ပါ တုံ့ပြန်တတ်ကြပါတယ်။ အဲဒီလိုစိတ်ကိုမ
ထိန်းသိမ်းဘဲတုံ့ပြန်တတ်တဲ့အတွက်
ပိုဆိုးတဲ့နောက်ဆက်တွဲအကျိုးဆက်များဆက်ဖြစ်လာစေပါတယ်။ စိတ်ကို
ထိန်းသိမ်းစောင့်ရှောက်နိုင်ရင်
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်အလွန်ကောင်းမွန်ပါတယ်။ စိတ်ကိုမထိန်း
သိမ်း မစောင့်ရှောက်တဲ့အတွက်
မလိုအပ်တဲ့ပိုဆိုးတဲ့နောက်ဆက်တွဲအကျိုးဆက်များလည်းကင်းစေပါတယ်။ ဒါကြောင့်
လူတိုင်းမိမိစိတ်ကိုထိန်းသိမ်းစောင့်ရှောက်တဲ့နည်းကို
လိုက်နာကျင့်သုံးသင့်ပါတယ်။
လူတိုင်းပင်စိတ်အခပ်မသင့်ဖြစ်တဲ့အခါ
စိတ်တို၊စိတ်ဆိုးတတ်ကြပါတယ်။ လူသားတွေဖြစ်တတ်တဲ့ သဘာဝ ဖြစ် ပါတယ်။
အရေးကြီးတဲ့အချက်ကတော့ အဲဒီလိုစိတ်မှာဖြစ်နေတဲ့ခံစားမှုစိတ်လှုပ်ရှားမှုကို
ဘယ်လိုတုံ့ ပြန်သလဲ ဆိုတာသာဖြစ်ပါတယ်။ တစ်ချို့လူတွေက
စိတ်မှာဖြစ်လာတဲ့အခပ်မသင့်မှုကို စိတ်လိုက်မာန်ပါတုံ့ပြန်လုပ်ဆောင်
တတ်ကြပါတယ်။ စိတ်ကမြန်ဆန်ရတဲ့သဘောရှိရာမှာမာန်ပါပါလိုက်တဲ့အတွက်
အလွန်ဆိုးတဲ့တုံ့ပြန်မှုများဖြစ် ကုန်ကြပါတယ်။ စိတ်လိုက်မာန်ပါ
လုပ်ဆောင်လိုက်မိမှုကြောင့် မသင့်တဲ့အကျိုးဆက်များဖြစ်လာပြီးအဲဒီအကျိုး
ဆက်များကိုလိုက်ဖြေရှင်းရတာပိုခက်ခဲလာစေပါတယ်။ ဒါကြောင့်
စိတ်အခပ်မသင့်ဖြစ်တဲ့အခါ၊ စိတ်ဖိစီးမှုများ ဖြစ်တဲ့အခါ
မိမိကိုယ်မိမိထိန်းသိမ်းနိုင်တဲ့စိတ်အလေ့အကျင့်ရှိအောင်
အောက်ဘက်မှာဖော်ပြထားတဲ့ (ရပ်၊ စဥ်း စား၊ လုပ်ဆောင်၊ ပြန်လည်ထင်ဟပ်စဥ်းစား
(Stop, Think, Act, Reflect = STAR) ဆိုတဲ့ နည်းလမ်းက ကျင့်သုံး မယ်ဆိုရင်
လူတိုင်းလိုက်နာရန်သင့်တဲ့နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။
စင်ကာပူကျောင်းတွေမှာဆိုရင် မူလ တန်းတက်နေတဲ့ကလေးတွေကို
ကျင့်သုံးရန်လေ့ကျင့်ပေးတဲ့စိတ်ကိုထိန်းသိမ်းတဲ့နည်းလမ်းကောင်း တစ်ခုဖြစ်
ပါတယ်။ လေ့ကျင့်မယ်ဆိုရင်ထိရောက်စွာအကျိုးပြုနိုင်ပါတယ်။
အဲဒီနည်းကတော့အောက်ပါအတိုင်းအဆင့် (၄)ဆင့်ပါပါတယ်။
၁။ ရပ်လိုက်ပါ။
• သင့်ရင်ထဲမှာ ပေါက်ကွဲထွက်တော့မဲ့မီးတောင်အရှိန်မြင့်နေတာမျိုးခံစားနေနိုင်ပါတယ်။
• ပေါက်ကွဲထွက်တာမျိုး မဖြစ်ခင်သတိဖြင့်နောက်တစ်လှမ်းဆုတ်လိုက်ပြီးအသက်ကိုဝဝရှုလိုက်ပါ။
• အဲဒီလိုမိမိကိုယ်မိမိထိန်းသိမ်း လိုက်ခြင်းကြောင့် ပေါက်ကွဲထွက်တာကို ရှောင်ရှားနိုင်စေပါတယ်။
•
ပေါက်ကွဲထွက်လိုက်ရင်အခြေအနေတွေမှာမိမိ အတွက်လည်းမကောင်းသလို ပတ်ဝန်းကျင်
ကလူတွေအတွက်လည်းမကောင်းတာတွေမဖြစ်အောင်တားဆီးကာ ကွယ်နိုင်စေပါတယ်။
၂။ သင့်ကိုယ်သင် အောက်ပါမေးခွန်းတို့ကိုမေးကြည့်ပါ။
• ငါဘာကြောင့် ဒီလောက်တောင်ဒေါသတွေထွက်နေရတာလဲ။
• ငါ့စိတ်အခြေအနေပိုကောင်းလာအောင် ငါဘာများလုပ်ဆောင်နိုင်ပါသလဲ။
• ငါသာ အခုငါဒေါသထွက်နေတဲ့လူဖြစ်မယ်ဆိုရင် ငါဘယ်လိုခံစားရမလဲ။
• ငါ့ကိုယ်ငါထိန်းသိမ်းနိုင်ပါသလား။
၃။ အသက်ကိုဝဝရှုလိုက်ပါ။
• ပြီးတော့ မိမိကိုယ်ခန္တာကို တည်ငြိမ်အောင်ထိန်းလိုက်ပါ။
• ကြုံနေရတဲ့အခြေအနေမှာ မိမိအတွက်နှင့် အခြားလူအတွက်အကောင်းဆုံးဖြစ်မှာ ကို ရွေးလုပ်လိုက်ပါ။
• အဲဒီရွေးချယ်လုပ်လိုက်တာက မိမိအနေဖြင့်အခြားတစ်နေရာရာသို့ ထွက်ခွါသွား တာမျိုး ဖြစ်ရင်တောင်အဲဒါကိုလုပ်ဆောင်ပါ။
၄။ ပြန်လည်ထင်ဟပ်စဥ်းစားပါ။
• ကြုံနေရတဲ့အခြေအနေကို မိမိတစ်ယောက်တည်း၊ သို့မဟုတ် မိမိယုံကြည်တဲ့လူတစ်ယောက် ယောက်နှင့်အတူတူ ပြန်လည်ထင်ဟပ်စဥ်းစားပါ။
• မိမိဒေါသထွက်အောင် ဘာများဖြစ်ခဲ့တာလဲ။
• မိမိအနေဖြင့် ကြုံနေတဲ့အခြေအနေကိုမတူတဲ့ပုံစံဖြင့် ဘယ်လိုကိုင်တွယ်နိုင်ပါသလဲ။
• နောက်ဆိုရင်ဒေါသထွက်လာရင် ဒေါသကိုထိန်းနိုင်အောင်သင်ဘာလုပ်မလဲ။
မိတ်ဆွေများ
မိမိကိုယ်တိုင်ဖြစ်စေ
မိသားစုဝင်များနှင့်သားသမီးများမိမိတို့စိတ်မှာအခပ်မသင့် စိတ်ဖိစီးမှု
များဖြစ်နေတဲ့အခါ စိတ်လိုက်မာန်ပါတုံ့ပြန်တာမျိုးမဖြစ်အောင် ဒီနည်းကို
ကျင့်သုံးနိုင်ပြီး ကောင်းမွန်တဲ့ ပြောဆိုဆက်ဆံမှုများပြုလုပ်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြိမ်း)၊
ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
No comments:
Post a Comment