Wednesday, February 26, 2025

မိဘများအတွက် စကားလက်ဆောင်မွန် (၁၀၀) ခု Food for Thought 914 ‌‌ဒေါက်တာသိန်းလွင်

 May be an image of 2 people and child

ဒီနေ့ “မိဘများအတွက် စကားလက်ဆောင်မွန် (၁၀၀) ခု” ကို Food for Thought 914 အဖြစ်မျှဝေလိုက်ပါတယ်။
‌‌ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာနာ၊ ရန်ကန်ပညာရေးတက္ကသိုလ်။

မိဘများအတွက် စကားလက်ဆောင်မွန် (၁၀၀) ခု

အောက်ဘက်မှာမိဘများအတွက် တန်ဖိုးရှိလှ တဲ့စကားလက်ဆောင်များကိုဖော်ပြထားပါတယ်။ ထိုဖေါ်ပြချက် များမှာ မိဘများကိုယ်တိုင်ဘဝအတွေ့ အကြုံပေါ်အခြေခံလျက် မိဘများအတွက်ရေးခဲ့တဲ့ အကြံပြုချက်များ ဖြစ်ပါတယ်။ ကလေးတွေကို ဆူခြင်း၊ အော်ငေါက်ခြင်း၊ ချိုးနှိမ်တဲ့စကားတွေ မပြောရဘဲ၊ မိဘတွေ အနေနဲ့ လည်းမိမိကိုယ်မထိန်းမသိမ်းနိုင်တာမျိုးမဖြစ်စေဘဲ၊ မိဘပြောတာကိုကလေးတွေက လိုက်နာစေတဲ့အကြံပြုချက် များဖြစ်ပါတယ်။

ကလေးတွေကိုပြုစုပျိုးထောင်တဲ့အခါအဓိကကျတဲ့အချက်မှာကလေးတိုင်းဟာထူးခြားကိုယ်ပိုင်လက္ခဏာများဆောင်ပြီး ကလေးအားလုံးအတွက် အဆင်ပြေစွာသုံးနိုင်တဲ့ပြုစုပျိုထောင်တဲ့နည်းလမ်းတစ်ခုတည်ရှိနေခြင်း မဟုတ်တာ ကို သဘောပေါက်နားလည်ရန် လိုအပ်ပါတယ်။

ဒါကြောင့်အရေးအကြီးဆုံးမှာမိဘတိုင်း အနေဖြင့် မိမိသားသမီးကို ကောင်းစွာနားလည်အောင်လေ့လာပြီး သူတို့အတွက်အကောင်းဆုံးလေ့ကျင့် ပျိုးထောင်ပေးတဲ့ နည်းလမ်းကို ကျင့်သုံးရန် လိုအပ်ပါတယ်။ မိမိကလေးအကောင်းဆုံးလေ့လာသင်ယူနိုင်တဲ့နည်းလမ်းကိုသုံးရန် လိုအပ်ပါတယ်။

မိသားစုတစ်ခုတည်းမှာပင်ကလေးတစ်ယောက်အတွက်အဆင်ပြေတဲ့ လေ့ ကျင့် ပျိုးထောင် နည်းက နောက်ကလေးတစ်ယောက်ကို လေ့ကျင့်ပေးရန်မပြုမပြင်ဘဲတိုက်ရိုက်သုံးမရတာမျိုးတွေရှိပါတယ်။

အကြံပြုချက် (၁၀၀) ကိုအောက်ဘက်မှာဖေါ်ပြထားပါတယ်။

၁။ မပြောမှီ စဥ်းစားပါ။
၂။ အပြုသဘောဆောင်တဲ့စံနမူနာပြဖြစ်ပါ။ထောင်းစွာနားထောင်ပါ၊ ကောင်းတာကိုမိအောင်ဖမ်းပါ။ ပြီးတော့ ပြန်လည်ပြောဆိုပါ။
၄။ ဟန်ပြမဟုတ်၊ ပင်ကိုယ်သဘောဆောင်ပြီး ချစ်ခင်ကြောင်းပြပါ။
၅။ တိကျပြီး အပြုသဘောဆောင်တဲ့သဘောထားမှတ်ချက်ပေးပါ။
၆။ ဘေးကင်းပြီးချစ်ခင်တန်ဖိုးထားတဲ့ပတ်ဝန်းကျင်ကိုဖန်တီးတည်ဆောက်ပေးပါ။
၇။ အပြိုင်အဆိုင်သဘောထက် ပူးပေါင်လုပ်ဆောင်မှုကို အလေးထားဆောင်ရွက်ပါ။
၈။ ကလေးကိုအလေးထားလေ့လာပြီးသူတို့စိတ်ဝင်စားတာကိုအလေးပေးဆောင်ရွက်ပါ။
၉။ ကလေးရဲ့အပြုအမူကိုသာအလေးထားပြောပါ။ ကလေးကို ပြောတာမျိုးမလုပ်ပါနဲ့။
၁၀။ မိသားစုဝင်အချင်းချင်းဖြစ်စေ၊ အခြားကလေးများနှင့် ဖြစ်စေမနှိုင်းယှဥ်ပါနဲ့၊ ဘာကြောင့်လဲဆိုတော့ ကလေး တစ်ယောက်ချင်းဟာသီးသန့်ကိုယ်ပိုင်လက္ခဏာရှိတဲ့အတွက်ဖြစ်ပါတယ်။
၁၁။ မကြာမဏသူတို့ကို သိပ်ချစ်ကြောင်းပြောပေးပါ။
၁၂။ ကလေးတွေလုပ်ချင်တဲ့လုပ်ငန်းတွေကိုကလေးနှင့် အတူတူအချိန်ပေးလုပ်ပါ။
၁၃။ ကလေးတို့ရဲ့ရှုထောင့်အမြင်ကိုသိနားလည်အောင်နားထောင်ပြီး သူတို့မျှော်မှန်းဦးတည်ချက်ပေါက်အောင် ကူညီပါ။
၁၄။ ကလေးတို့အိမ်စာလုပ်ရာမှာ ကူညီပေးပါ။ ဒါပေမဲ့အိမ်စာတွေကို မိဘကလုပ်ပေးတာမျိုးမပြုလုပ်ပါနဲ့။
၁၅။ ကလေးတွေတက်နေတဲ့ကျောင်းလုပ်ငန်းတွေမှာမိဘများအနေဖြင့် ပါဝင်ဆောင်ရွက်ပါ။
၁၆။ ကလေးတွေကိုသူငယ်ချင်းမိတ်ဆွေဖွဲ့ရန်တိုက်တွန်းအားပေးပါ။ သူငယ်ချင်းများကို အိမ်ဖိတ်လာရင်ကြိုဆို ပါ။
၁၇။ ကလေးတွေမှာရှိတဲ့ဝါသနာများ သို့မဟုတ် စွမ်းဆောင်ရည်များကို သိလာအောင် ကူညီပေးပါ။
၁၈။ မနက်ဖန်ဆိုရင်မတူပြောင်းလဲမှုများဖြစ်လာမှာကို သဘောပေါက်နားလည်ပါ။ အခုကိစ္စကမနက်ဖန်မှာ အမှန်တကယ်အရေးပါနေမှာလားလို့မိမိကိုယ်မိမိမေးပါ။
၁၉။ ညှိုနှိုင်းလုပ်ဆောင်တတ်တဲ့နည်းပညာကို ပိုင်နိုင်အောင်လေ့ကျင့်ထားပါ။
၂၀။ ကလေးတွေကိုချစ်ခင်ကြောင်းပြောပါ။ ချစ်ခင်ကြောင်းပြောစရာမလိုအပ်ဘူးလို့မယူဆပါနှင့်။
၂၁။ နမူနာကောင်းပြပြီးလမ်းညွှန်ပေးပါ။ ပြောလည်းပြော။ ပြလည်းပြပါ။
၂၂။ စိတ်ရှည်သည်းခံပါ။ အရာရာတိုင်းအတွက် သက်ဆိုင်ရာအချိန်ဆိုတာ လိုအပ်ကြောင်းကလေးတွေကို ပြောပြပါ။
၂၃။ စိတ်ရှည်သည်းခံပါ။ ဘာကြောင့်စောင့်ဆိုင်းရန် လိုအပ်ကြောင်းကလေးတွေနားလည်အောင်ရှင်းပြပါ။
၂၄။ ကလေးတို့နှင့်အတူ ကလေးတို့အတွက်ဦးတည်ရည်မှန်းချက်များချမှတ်ပါ။
၂၅။ တိကျပြီးအကောင်အထည်ရှိတဲ့တုံ့ပြန်မှုများပေးပါ။
၂၆။ တိကျပြီးအကောင်အထည်ရှိတဲ့နောက်ဆက်တွဲအကျိုးဆက်များကိုပေးပါ။
၂၇။မိဘတွေအနေဖြင့်မိမိတို့ပြောတဲ့စကားနှင့် လုပ်ရပ်များအတိုင်း ဆက်လက်လုပ်ဆောင်ရန်လိုအပ်ပါတယ်။
၂၈။ ကလေးတွေကစိတ်ရှည်သည်းခံနိုင်မှုပြတဲ့အခါ အသိအမှတ်ပြုချီးကျူးပါ။
၂၉။ ကလေးတွေကောင်းစွာလုပ်ဆောင်ထားတာအပေါ် ချီးကျူးအသိ အမှတ်ပြုပါ။ သူတို့ကိုယ်တိုင်မျှော်မှန်း မထားတဲ့အချိန်မှာအသိအမှတ်ပြုပေးပါ။
၃၀။ စိတ်ရှည်သည်းခံစောင့်ဆိုင်းရန် လိုအပ်တဲ့ပျော်စရာလုပ်ငန်းများ ရှာဖွေဖန်တီးစီစဥ်ပေးပါ။
၃၁။ မတူကွဲပြားခြားနားမှုများအကြောင်းသင်ပေးပါ။ နေရာသစ်များနှင့်မိတ်ဆက်ပေးတဲ့ရုပ်ရှင်များကလေးတို့ နှင့်အတူတူကြည့်ပြီး မတူကွဲပြားခြားနားတဲ့ယဥ်ကျေးမှုဓလေ့များအကြောင်းရှင်းပြပါ။
၃၂။ မတူကွဲပြားခြားနားမှုများအကြောင်းသင်ပေးပါ။ မသိသေးသူများထံမိတ်ဆက်တဲ့စာမျိုးရေးဖြစ်အောင် တိုက်တွန်းအားပေးပါ။
၃၃။ မတူကွဲပြားခြားနားမှုများအကြောင်းသင်ပေးပါ။ မတူကွဲပြားခြားနားတဲ့ယဥ်ကျေးမှုများကိုလေ့လာသင်ယူ ရန်ကစားနည်းတစ်ခုကိုဖန်တီးပေးပါ။
၃၄။ ဘဝမှာ သင်ယူရတဲ့အချိန်များ အကြောင်း အလေးထားပြောပြပါ။
၃၅။ ကလေးအတွက် လုပ်ဆောင်ပေးနေတဲ့အချိန်မှာ နာရီကိုတကြည့်ကြည့်လုပ်မနေပါနှင့်။
၃၆။ ပူပေါင်းလုပ်ဆောင်ခြင်းကို အားပေးတိုက်တွန်းပါ။
၃၇။မိသားစုဝင်များပူးပေါင်းပါဝင်လုပ်ဆောင်မှုကို မြှင့်တင်ပေးပါ။
၃၈။ မိသားစုအလိုက်ဦးတည်ရည်မှန်းချက်များချမှတ်ပါ။
၃၉။ ကလေးများကို ကိုယ်ပိုင်စိတ်ထားကိုပြောရန်နှင့် သူတို့စိတ်မှာရှိတာကို ထုတ်ပြောရန်အားပေး တိုက် တွန်းပါ။
၄၀။ ကလေတွေကို ရှက်ကိုးရှက်ကန်း၊စိတ်မသက်မသာဖြစ်အောင် မလုပ်ပါနဲ့။
၄၁။ ပြုံးပြုံးရွှင်ရွှင်နေခြင်းကအရေးကြီးကြောင်းကလေးတွေကိုသင်ပေးပါ။ နမူနာပြသင်ပေးတာအကောင်း ဆုံးပါ။
၄၂။ စိတ်လှုပ်ရှားခံစားမှုကို ကောင်းစွာထုတ်ပြောတတ်အောင်အားပေးတိုးတက်တွန်းပါ။
၄၃။ ကောင်းတဲ့အပြုအမူကို ထောက်ပြပြီချီးကျူးအသိအမှတ်ပြုပါ။
၄၄။ မိမိတို့ပြောတာကိုသားသမီးများက ကောင်းစွာနားထောင်စေချင်သလို သာသမီးများပြောတာကိုလည်း အလားတူကောင်းစွာနားထောင်ပေးပါ။
၄၅။ ကူညီတတ်တဲ့လက်များရှိရန်အရေးကြီးကြောင်း ကလေးတွေကိုသင်ပေးပါ။
၄၆။ သင်တို့ငယ်စဥ်ကကလေးဘဝဆိုတာရှိခဲ့သလို သင်တို့ကလေးတွေမှာလည်း ကလေးဘဝရှိပါစေ။
၄၇။ မိမိကလေးတွေကိုနားလည်ပြီးသူတို့နှင့် စကားပြောဆိုပါ။
၄၈။ အတွင်းအပြင်ညီတဲ့စိတ်ထားရှိတဲ့မိဘဖြစ်ကြောင်းပြသပါ။
၄၉။ ကလေးတွေလုပ်ဆောင်နေတဲ့အွန်လိုင်းလုပ်ငန်းတွေကိုအနီးကပ်ကြီးကြပ်ပေးပါ။
၅၀။ ကလေးတွေသူတို့အတွက်သူတို့ကိုယ်တိုင်ရပ်တည်နိုင်အောင်လေ့ကျင့် သင်ပေးပါ။
၅၁။ ကလေးလုပ်ငန်းများလုပ်ဆောင်ရာတွင်မိဘများအနေဖြင့် ပါဝင်ပါ။
၅၂။ မိဘက သားသမီးများအပေါ်ဘယ်လိုမျှော်မှန်းချက်ထားကြောင်း ကလေးတွေသိအောင်ပြောပြထားပါ။
၅၃။ ကလေးတွေရဲ့သူငယ်ချင်းမိတ်ဆွေများကို သိအောင် ပြုလုပ်ပါ။
၅၄။ မူးယစ်ဆေးနှင့်အရက်သောက်သုံးခြင်းကိုမပြုလုပ်ရန် ကလေးများနှင့် ပြောဆိုဆွေးနွေးပါ။
၅၅။ ကလေးများသူတို့လက်ရှိအနေအထားအရ ဖြစ်နေမှုကို အသိအမှတ်ပြုပါ။
၅၆။ ကလေးတွေရဲ့စွမ်းဆောင်နိုင်မှုအပေါ် လျော့ပေါ့နှိမ်ချမြင်တာမျိုးမပြုလုပ်ပါနှင့်။
၅၇။ ကလေးရဲ့စွမ်းဆောင်ရည်များကို လွှဲမှားစွာခန့်မှန်းခြင်းမရှိပါစေနဲ့။
၅၈။ ကလေးမှာရှိလာတဲ့အတွေ့အကြုံသစ်များနှင့် အခြေအနေသစ်များတွေ့ကြုံတဲ့အခါ ကြောက်ရွံ့စိတ် ကိုကျော်ပြီး ရင်ဆိုင်နိုင်မှုကို အသိအမှတ်ပြုအားပေးပါ။
၅၉။ နေ့စဥ်ပုံမှန်လုပ်ဆောင်ရမဲ့လုပ်ငန်းများချမှတ်ပေးပြီးရှေ့နောက်ညီညွတ်စွာလုပ်ဆောင်ပါစေ။
၆၀။ ရှင်းပြပါ။ ပညာပေးလမ်းညွှန်ပါ။ ပြောဆိုပါ။ နားထောင်ပေးပါ။ အားပေးတိုက်တွန်းပါ။ ချီးကျူးပါ။ အထောက်အကူပေးပါ။ ဝမ်းသာအားရအသိအမှတ်ပြုအားပေးပါ။
၆၁။ မိမိအပေါ်ဆော်ကားလာမှုကို ကောင်းစွာပြန်လည်ပြောဆိုတတ်အောင်သင်ပေးပါ။
၆၂။ အိမ်မှာ ကလေးတို့စိတ်မှာဖြစ်နေတဲ့စိတ်ခံစားမှုများကို ထုတ်ပြောပြရန်အခွင့်ပေးပါ။
၆၃။ အိမ်မှာ မိမိတို့စိတ်မှာဖြစ်တာကိုပွင့်လင်းစွာပြောပြနိုင်တဲ့အနေအထားကိုဖန်တီးပေးထားပါ။ ထုတ်ပြော ဆိုချက်များအပေါ် ဝေဖန်ပြစ်တင်တာမျိုးမပြုလုပ်ပါနဲ့။
၆၄။ အခြားလူတွေကမိမိမှာမသက်မသာစိတ်ခံစားမှုမျိုးဖြစ်အောင် လုပ်တာကို ခေါင်းငုံ့မခံသင့်ကြောင်း သိအောင်ပြောပြထားပါ။ မိမိကလည်းအခြားလူများမှာစိတ်မသက်မသာခံစားမှုမျိုးဖြစ်အောင်မပြုလုပ်သင့် ကြောင်းပြောပြထားပါ။
၆၅။ လမ်းကိုသာပြပေးပါ။ အဖြေကို တိုက်ရိုက်မပေးပါနဲ့။
၆၆။ ကလေးတို့ကိုယ်တိုင် လုပ်နေတဲ့အလုပ်မှာ ဆက်လက် ကြိုးစားအားထုတ်မှုကို အားပေးတိုက်တွန်းပါ။
၆၇။ ကလေးများအတွက်စိန်ခေါ်မှုများဖြစ်လာစေရန်အခွင့်အလမ်းများဖန်တီးပေးပါ။
၆၈။ ကလေးတို့ရဲ့ စွမ်းဆောင်နိုင်မှုများအတွက် ချီးကျူးပြီးသူတို့အတွက်ဂုဏ်ယူဝမ်း‌မြောက်ကြောင်းပြောပါ။
၆၉။ အခြားလူများအပေါ်လေးစားစွာပြောဆိုဆက်ဆံတတ်ရန် နမူနာပြပြီးကလေးတွေကိုသင်ပေးပါ။
၇၀။ “ဝမ်းနည်းပါတယ်”ဆိုတာကို ယဥ်ကျေးသိမ်မွေ့စွာပြောတတ်အောင်သင်ပေးပါ။
၇၁။ တစ်ခုခုအပေါ်တုံ့ပြန်မှုမလုပ်ခင် အသက်ဝဝရှုတဲ့အလေ့အကျင့် ပြုလုပ်ပါ။ ကလေးတွေလည်းထိုသို့ပြု လုပ်တတ်အောင်လေ့ကျင့်သင်ပေးပါ။
၇၂။ အမှန်ပြောဆိုမှုကိုတိုက်တွန်းအားပေးပါ။
၇၃။ လိုအပ်တဲ့အခါ တောင်းပန်းတတ်အောင်နှင့် ဘယ်လိုတောင်းပန်ရကြောင်း ကလေးကိုသင်ပေးပါ။
၇၄။ အခြားလူနေရာမှဝင်ကြည့်မြင်ခံစားတတ်အောင်ကလေးတွေကိုသင်ပေးပါ။
၇၅။ စိတ်ရှည်သည်းခံနိုင်မှုကို နေ့စဥ်ဘဝမှာလက်တွေ့နမူနာပြသပါ။
၇၆။ ငွေကြေးအ‌ကြောင်းနှင့် ငွေကိုစုဆောင်းရန်လိုအပ်ခြင်းအကြောင်း ပြောပြပါ။
၇၇။ မိမိတို့လိုချင်တာတွေအားလုံးမရနိုင်ကြောင်းကလေးသိအောင်ပြောပြထားပါ။
၇၈။ အစာစားသောက်တဲ့အခါ ထမင်းစားပွဲမှာ ဘယ်လိုပြုမူရကြောင်းသင်ပေးပါ။
၇၉။ မိမိတို့တန်ဖိုးထားတာတွေကို အခြားသူများနှင့်ဘယ်လိုမျှဝေသုံးရကြောင်းသင်ပေးပါ။
၈၀။ ကျေးဇူးတင်ကြောင်း မှတ်စုတိုလေးတွေရေးတတ်အောင်ကလေးကိုသင်ပေးပါ။
၈၁။ ယူကျူကိုကြည့်နေတာမျိုးကိုလျော့စေပြီး အချိန်ကို ကလေးနှင့်အတူအသုံးချပါ။
၈၂။ မိဘက ကလေးတွေအပေါ်ယုံကြည်ကြောင်း ပြောပြပါ။
၈၃။ မိသားစုအလိုက်လိုက်နာရန်စည်းကမ်းများသတ်မှတ်ထားပါ။
၈၄။ သတ်မှတ်ထားတဲ့စည်းကမ်းများအကြောင်း ကလေးတွေကို ပြောပြထားပါ။
၈၅။ သတ်မှတ်စည်းကမ်းမလိုက်နာရင်ဖြစ်လာမဲ့နောက်ဆက်တွဲအကျိုးဆက်များကိုလည်းခိုင်ခိုင်မာမာ သတ်မှတ်ထားပါ။
၈၆။ သတ်မှတ်ထားတဲ့စည်းကမ်းများကို အားကောင်းအောင်အားဖြည့်မှုကိုတည်ငြိမ်စွာပြုလုပ်ပါ။
၈၇။ မိသားစုဝင်တိုင်းလိုက်နာရန်စည်းကမ်းသတ်မှတ်ရာတွင် ကလေးလည်းပါဝင်ပါစေ။
၈၈။ ဘယ်အချိန်မျိုးမှာ သတ်မှတ်စည်းကမ်းကို လျော့ပေါ့ပေးရမည်ကိုသိပါ။
၈၉။ ကလေးတွေဟာသင်တို့မဟုတ်တာကို သတိရှိပါ။
၉၀။ ကလေးတစ်ယောက်ချင်းကိုသူတို့ပင်ကိုယ်သဘာဝရှိမှုအတွက် အသိအမှတ်ပြုပါ။
၉၁။ ပြောနေတဲ့ကိစ္စကနောက် (၅)နှစ်ကြာတဲ့အခါမှာ အရေးပါနေဦးမှာလားလို့ မိမိကိုယ်မိမိမေးကြည့်ပါ။
၉၂။ ကလေးတွေကို မိမိကိုယ်မိမိလေးစားတတ်အောင်သင်ပေးပါ။
၉၃။ ကလေးကိုလည်း လေးစားစွာပြောဆိုဆက်ဆံပါ။
၉၄။ သူတို့ကိုစကားပြောတဲ့အခါ လူသားတစ်ယောက်ကိုပြောသလိုလေးစားစွာပြောပါ။ သက်မဲ့ပစ္စည်းတစ်ခုလို အမြင်နဲ့ပြောတာမျိုးလုံးဝမလုပ်ပါနဲ့။
၉၅။ ကလေးတွေပြောတာကို တက်ကြွစွာနားထောင်ပေးပါ။
၉၆။ ကလေးတွေသူတို့ပြောပြချင်တာကို ပြောြပခွင့် ပေးပါ။ မပြီးသေးခင် ကြားဖြတ်ပြောတာမျိုးမလုပ်ပါနဲ့။
၉၇။ မိဘတွေကိုယ်တိုင် ကြီးပြင်းလာစဥ်က လိုက်နာခဲ့တဲ့အကောာင်းဆုံးနမူနာများကို လိုက်နာပါ။
၉၈။ အခြားလူတွေကိုတွေ့တဲ့အခါ ဘယ်လိုနှုတ်ဆက်ရကြောင်းကလေးတွေကိုသင်ပေးပါ။
၉၉။ ကလေးတွေလက်တွေ့ လူတွေကို နှုတ်ဆက်တတ်အောင် တိုက်တွန်းအားပေးပါ။
၁၀၀။ မိသားစုအတူတူ ပျော်ရွှင်တဲ့အလုပ်တွေပြုလုပ်ပါ။ ဥပမာ စက်ဘီးအတူတူစီးခြင်း၊ တောင်တက်ခြင်း၊

ဒီအကြံပြုချက်များက မိဘတွေကိုယ်တိုင်း သူတို့ ဘဝအတွေ့အကြုံတွေပေါ်မူတည်ပြီးပေးခဲ့တဲ့အကြံကောင်း တွေဖြစ်ပါတယ်။ မိတ်ဆွေများအနေဖြင့် ဖော်ပြပါအကြံ ပြုချက်များကို လက်တွေ့အသုံးချနိုင်ပြီး လိမ္မာယဥ် ကျေးတဲ့ကလေးတွေ၊ ဆက်ဆံရေးပြေပြစ်တဲ့ကလေးတွေဖြစ် အောင် လေ့ကျင့် ပျိုးထောင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
‌‌ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာနာ၊ ရန်ကန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...