
ဒီနေ့” ကလေးတွေရဲ့မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုကို ပျက်စီးအောင်မိဘတွေလုပ်မိမှု (၄)မျိုး” အကြောင်းကို Food for Thought 915 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
ကလေးတွေရဲ့မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုကို ပျက်စီးအောင်မိဘတွေလုပ်မိမှု (၄)မျိုး
မိဘတွေအနေနဲ့သားသမီးကလေးတွေကိုပြောတဲ့စကားပြောတဲ့ပုံစံတွေက ကလေးတွေမှာမိမိကိုယ်မိမိယုံကြည် မှု ဖြစ်စေနိုင်သလို၊ဆန့်ကျင်တဲ့သဘောအနေဖြင့် သံသယမျိုးစေ့ကို စိုက်ပျိုးပေးသလိုလည်း ဖြစ်စေနိုင်ပါတယ်။
အဓိကအချက်များ
• အားကောင်းတဲ့မိမိကိုယ်မိမိယုံကြည်လေးစားတန်ဖိုးထားစိတ်များရှိခြင်းက စိန်ခေါ်မှုကိုရင်ဆိုင် ကျော်လွှားနိုင်စေပါတယ်။ သစ်ဆန်းတာတွေကို ကြိုးစားလုပ်ဆောင်ရဲပါတယ်။ မိမိကိုယ်မိမိယုံ ကြည်မှုရှိစေပါတယ်။
• သားသမီးတွေကိုချစ်တဲ့မိဘတွေလည်းတစ်ခါတစ်ရံ မရည်ရွယ်ပါဘဲလျက် သားသမီးများရဲ့ မိမိကိုယ် မိမိယုံကြည်လေးစားတန်ဖိုးထားမှုကို နာကျင်အောင် လုပ်မိတတ်ကြပါတယ်။
• မိဘတွေအနေဖြင့် သားသမီးများနှင့် အပြုသဘောကောင်းတဲ့ဆက်သွယ်ပြောဆိုမှုများပြုလာလေလေ သားသမီးတွေမှာမိမိကိုယ်မိမိယုံကြည်လေးစားတန်ဖိုးထားမှုများအားကောင်းလာအောင် ကူညီပံ့ပိုးပေး နေရာရောက်ပါတယ်။
• ကျန်းမာရေးနှင့်ညီညွတ်ပြီးအားကောင်းခိုင်မာတဲ့မိမိကိုယ်မိမိယုံကြည်လေးစားတန်ဖိုးထားမှုဟာကလေးများအတွက်အလွန်အရေးကြီးလှပါတယ်။ မိမိကိုယ်မိမိအားကောင်းတဲ့ယုံကြည်မှု၊ လေးစားတန်ဖိုးထား မှုရှိတဲ့အခါ ဘဝမှာကြုံလာတဲ့ စိန်ခေါ်မှုကိုရင်ဆိုင် ကျော်လွှားနိုင်စေပါတယ်။ သစ်ဆန်းတာတွေကို ကြိုး စားလုပ်ဆောင်ရဲပါတယ်။ မိမိကိုယ်မိမိယုံကြည်မှုရှိစေပါတယ်။ မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုဟာ မိမိကိုယ်မိမိရှုမြင်မှုအပေါ်များစွာလွှမ်းမိုးသက်ရောက်စေပြီး အဲဒီမိမိကိုယ်မိမိရှုမြင်မှုက မိမိတို့ရဲ့အပြု အမူများနှင့် ဆုံးဖြတ်ချက်များကို ပုံဖော်ပေးပါတယ်။
• သားသမီးများကိုချစ်ခင်တဲ့မိဘများသည်ပင် မရည်ရွယ်ဘဲလျက် သားသမီးများရဲ့မိမိကိုယ်မိမိ လေးစား တန်ဖိုးထားမှုကို ထိခိုက်နာကျင်စေအောင်လုပ်မိတတ်ကြပါတယ်။ မိဘတွေဆိုတာလည်း လူသားတွေ သာဖြစ်ကြပါတယ်။ မရည်ရွယ်ပေမဲ့မသင့်တာတွေအမှတ်မထင်ပြုလုပ်မိတတ်ကြပါတယ်။ ကျွန်ုပ်တို့ ဟာ လူသားတွေသာဖြစ်ကြတဲ့အားလျော်စွာတစ်ခါတစ်ရံမှာ အမှားတွေပြုလုပ်မိတတ်ကြပါတယ်။ မ သင့် တဲ့စကားတွေပြောမိဆိုမိတာတွေ၊ မသင့်တဲ့အပြုအမူတွေပြုလုပ်မိတာတွေရှိကြပါတယ်။
မိဘတွေအနေဖြင့် လွဲမှားတဲ့အပြန်အလှန်ဆက်ဆံရေးမျိုးပြုလုပ်မိတာက မိဘတွေရဲ့လွဲမှားတဲ့သုံးသပ်အကဲဖြတ် မှုများကြောင့် ဖြစ်တတ်ကြပါတယ်။ အဲဒီလို အပျက်သဘောဆောင်တဲ့အပြန်အလှန်ဆက်သွယ်ပြောဆို လုပ်ကိုင် မှုက ကလေးများမိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုအပေါ် အနှုတ်သဘောဆောင်တဲ့အကျိုးပျက်မှုများဖြစ်စေ ပါ တယ်။ မိဘတွေအနေဖြင့် ထိုသို့ ဖြစ်စေရန်ဦးတည်ချက် မရှိပေမဲ့ အပျက်သဘောဆောင်တဲ့အကျိုးသက်ရောက် မှုများဖြစ်လာစေတတ်ပါတယ်။ အဲဒီလိုအမှားမျိုးတွေကိုရှောင်ရှားနိုင်ရန် အရင်ဆုံးအနေဖြင့် မိဘတွေ ပြုမိတဲ့ အမှားတွေကဘာတွေဆိုတာ သိရန် လိုအပ်ပါတယ်။ ပြီးတော့ အဲဒီအမှားတွေက ကလေးတွေအပေါ် ဘယ်လို အပျက်သဘောအကျိုးသက်ရောက်စေကြောင်းသိရန် လိုအပ်ပါတယ်။
ကလေးတွေမိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုကိုပျက်စေတဲ့မိဘတွေရဲ့အပြုအမူ (၄)မျိုး
၁။ နာနာကျင်ကျင်ပြင်းပြင်းထန်ထန်ဝေဖန်ပြစ်တင်ခြင်း
မိဘကဝေဖန်ပြစ်တင်ခံရတဲ့အခါ ကလေးတွေမှာစိတ်လှုပ်ရှားခံစားမှုအပိုင်းမှာ စိန်ခေါ်မှုများစွာဖြစ်စေပါတယ်။ အထူးသဖြင့် ဝေဖန်မှုက နာနာကျင်ကျင်ပြင်းပြင်းထန်ထန် တောင်းဆိုတဲ့အမူအရာနဲ့ပြလုပ်တဲ့အခါ မှာဖြစ်တတ် ပါတယ်။ မိဘတွေဆိုတာကလည်း သူတို့အပူတွေ၊ စိတ်သောကရောက်မှုတွေနဲ့ရုန်းကန်နေကြရသူများဖြစ်ကြ ပါတယ်။ သူတို့ခံစားနေရတဲ့စိတ်ဖိစီးမှုများကသူတို့ကလေးတွေအပေါ် လွှမ်းမိုးကျရောက်မှုများရှိစေပါတယ်။ ကလေးတစ်ယောက်ကို မာမာထန်ထန်ပြစ်တင်ပြောဆိုလိုက်မှုကကလေးရဲ့မိမိကိုယ်မိမိ လေးစားတန်ဖိုးထားမှု ကို ထိခိုက်ပျက်စီးစေပါတယ်။ တန်ဖိုးမရှိသူလို့မိမိကိုယ်မိမိ မြင်စေပြီးဝမ်းနည်းစေပါတယ်။ စိတ်ထဲမှာဒေါသ စိတ်လည်းဖြစ်လာပြီး မကျေမချမ်းနိုင်ဖြစ်ကာဆောက်တည်ရာမဲ့တာမျိုးဖြစ်သွားစေတတ်ပါတယ်။ အဲဒီလို မာမာထန်ထန် ပြစ်တင်ပြောဆိုမှုတွေက ကလေးတွေမှာမိမိကိုယ်မိမိယုံကြည်မှုတွေပျက်ပျယ်စေပြီး ကောင်း အောင် လုပ်ချင်ကိုင်ချင်စိတ်များလည်း ပျက်ပြယ်ကုန်စေတတ်ပါတယ်။ မိမိစွမ်းဆောင်ရည်အပါ်မှာလည်း သံသယစိတ်တွေဝင်ကုန်စေပါတယ်။
မိဘများကသားသမီးများကိုပြင်းပြင်းထန်ထန်နာကျင်အောင်ဝေဖန်တတ်တဲ့နမူနာတစ်ချို့ကို အောက်ဘက်မှာ ဖေါ်ပြထားပါတယ်။ နင်ကလေအမြဲရှုပ်ပွနေအောင်လုပ်တတ်တယ်။ နင်ဟာနင့်ညီလေးလို သေသေသပ်သပ် ဘာကြောင့်မနေနိုင်တာလဲ။ နင်ဟာသိပ်အပျင်းထူပြီးဘယ်နေရာမှာမှ သုံးကိုမရဘူး။ နင့်အပြုအမူတွေကို ငါ တော့သိပ်စိတ်ပျက်လှပြီ။ နင်ဟာသိပ်မိုက်မဲတာပဲ၊ ဒါမျိုးမလုပ်ရဘူးဆိုတာတောင်နင်နားမလည်နိုင်ဘူးလား။ နင်ဟာလေငါ့အတွက်တော့ သိပ်စိတ်ပျက်စရာကောင်း နေပြီစသဖြင့် ချိုးနှိမ်ပြောဆိုခြင်းများပြုလုပ်ရင် ကလေးတွေမိမိကိုယ်မိမိလေးစားတန်ဖိုး ထားမှုကို များစွာထိခိုက်စေပါတယ်။
၂။ လိုတာထက်ပိုပြီးအကာအကွယ်တွေပေးနေခြင်း
ကလေးတွေကိုစိန်ခေါ်မှုများနှင့်အခက်အခဲများမကြုံရအောင် လိုအပ်တာထက် လွန်ကဲစွာအကာအကွယ်တွေ ပေးနေခြင်းကလည်း သားသမီးကိုချစ်လို့ လုပ်ဆောင်ပေးတာဖြစ်ပေမဲ့ ကလေးတွေမှာမိမိကိုမိမိယုံကြည်မှု၊ မိမိကိုယ်တိုင်လုပ်ဆောင်နိုင်တယ်ဆိုတဲ့စိတ်ခံစားမှုများတိုးတက်အောင်မဖြစ်စေဘဲ ထိုစိတ်များမဖြစ်နိုင်အောင် အဟန့်အတားများဖြစ်နေတတ်ပါတယ်။ ကလေးတွေအခက်အခဲမရှိအောင်မိဘတွေကကလေးအတွက်အားလုံး လိုက်လုပ်ပေးနေခြင်းဖြင့် ကလေးအနေဖြင့် သူတို့ကိုယ်တိုင်လုပ်နိုင်ခွင့်မရအောင် လိုက်ထိန်းချုပ်နေသလို လည်း ဖြစ်စေပါတယ်။ လိုအပ်တာထက် အကာ အကွယ်ပေးနေခြင်းကြောင့် ကလေးတွေမှာ သူတို့ကိုယ်တိုင် စူး စမ်းရှာဖွေနိုင်ခွင့်၊ သင်ယူလေ့လာနိုင်ခွင့်၊ လုပ်ရင်းကိုင်ရင်းအမှားလုပ်မိခွင့်များမရအောင် ပိတ်ပင်တားဆီးထား သလိုဖြစ်စေပါတယ်။ အဲဒီလို ကိုယ်တိုင်စူးစမ်းသင်ယူလုပ်ကိုင်ခြင်းတို့မှာ ကလေးတို့ဖွံ့ဖြိုးတိုးတက်ရေး အ တွက်အလွန်အရေးကြီးတာတွေဖြစ်ပါတယ်။ လုပ်ကိုင်ရင်းမှား၊မှားရာမှဆက်လက်ကြိုးစားရင်းမှန်လာတာ သင်ယူ မှာသဘာဝဖြစ်ပါတယ်။
လိုအပ်တာထက်လွန်ကဲစွာအကာအကွယ်ပေးနေခြင်းကြောင့် ကလေးတွေဟာလောကကိုသူတို့ကိုယ်တိုင် ရင်ဆိုင်ရတဲ့ အခါ မဝံ့မရဲဖြစ်ပြီးစိတ်ပူပန်မှု၊ စိုးရိမ်မှု၊ စိတ်သောကရောက်မှုများဖြစ်လာစေပါတယ်။ ကလေး ကကိုယ်တိုင်မလုပ်နိုင်တဲ့အတွက် အခြားတစ်ယောက်ယောက်အပေါ်မှာမှီခိုနေတဲ့စိတ်မျိုးလည်းဖြစ်လာစေတတ် ပါတယ်။ အဲဒီစိတ်မျိုးဖြစ်လာတာ ကလေးဘဝမှ လူကြီးဘဝကူပြောင်းလာတဲ့အခါ ပြဿနာက ပိုကြီးမားလာပါ တယ်။
မိဘတွေအနေဖြင့် ကလေးများကိုဘေးမဖြစ်အောင်ကာကွယ်ပေးခြင်းနှင့် ကလေးတို့ကိုယ်တိုင် စိန်ခေါ်မှု ရှိတာ တွေကို လုပ်တတ်အောင်၊ မိမိကိုယ်မိမိယုံကြည်မှုရှိလာအောင်၊ မိမိကိုယ်တိုင်လုပ်တတ်တဲ့လူတွေဖြစ် အောင် လေ့ကျင့် ပေးမှုကို ဟန်ချက်ညီလေ့ကျင့်ပေးရန် လိုအပ်ပါတယ်။ ကလေးတွေကိုယ့်အားကိုကိုးလုပ်တတ် အောင်တိုက်တွန်းအားပေးခြင်း၊ မိမိကိုယ်မိမိလေးစားတန်ဖိုးထားအောင်အားပေးခြင်းနှင့် ပြဿနာဖြေရှင်းနိုင် တဲ့ကျွမ်းကျင်မှုများကလေးတွေမှာတိုးတက်လာအောင် လေ့ကျင့်ပေးခြင်းဖြင့် လိုအပ်တာထက် အကာအကွယ် ပေးနေမှုကြောင့် ဖြစ်လာနိုင်တဲ့အပျက်သဘောဆောင်တာတွေကိုကျော်လွန်နိုင်မှာဖြစ်ပါတယ်။
မိဘတွေကကလေးတွေအတွက်လိုတာထက်အကာအကွယ်ပေးနေတဲ့နမူနာတစ်ချို့ကိုအောက်ဘက်မှာဖေါ်ပြထားပါတယ်။ ကလေးကသူငယ်ချင်းတွေနှင့်အတူရှိနေတာကိုလည်းအမြဲလိုက်စစ်ဆေးနေခြင်း၊ ကလေးအိမ်စာ တွေကို အမှတ်ကောင်းရအောင်မိဘက လိုက်လုပ်ပေးခြင်း၊ အပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးအသေးစိတ် လိုက် ပြောနေခြင်း၊ အသက်အရွယ်နဲ့ကိုက်ညီတဲ့အလုပ်များကိုပင်မလုပ်ခိုင်းခြင်း၊ အိမ်မှုလုပ်ငန်းများကိုမ လုပ် ခိုင်းခြင်း၊ တစ်နေ့တာလုပ်ဆောင်စရာများကို မိဘကအသေးစိတ် လိုက်ပြောပြနေခြင်း၊ ကလေးအတွက် အလွန် အမင်းစိတ်ပူပင်နေခြင်းစသည်တို့ဖြစ်လာတဲ့အခါ ကလေးတွေဟာ သူတို့မှာ ဘာမှမစွမ်းတော့ဘူးလို့ခံ စားပါ တယ်။ မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုလည်းကျဆင်းလာပါတယ်။
၃။ အပြစ်ရှိတယ်လို့ခံစားရအောင်ဖန်တီးလုပ်ဆောင်ခြင်း
ကလေးတွေကိုတစ်ခါတစ်ရံမိဘတွေက သူတို့ရဲ့အတွေးများ၊ ခံစားမှုများနှင့် လုပ်ရပ်များကြောင့် အပြစ်ရှိတယ် လို့ သတ်မှတ်ပြစ်တင်တတ်ကြပါတယ်။ အဲဒီလို ပြောဆိုတာကိုမိဘတွေက အရေးကြီးတဲ့ဘဝသင်ခန်းစာသင် ပေး နေတာလို့ အကြောင်းကောင်းပြတတ်ကြပါတယ်။ ဒါပေမဲ့ကလေးမှာအပြစ်ရှိတယ်လို့အပြစ်တင်ခံလိုက်ရ တဲ့အခါမှာ ကလေးတွေစိတ်ထဲမှာ ဝမ်းနည်းကြရပါတယ်။ တစ်နည်းအားဖြင့် ထိန်းချုပ်လိုက်လိုက်တာကိုခံလိုက် ရခြင်းသာဖြစ်ပါတယ်။ ကလေးမှာ အပြစ်ရှိတယ်လို့ပြောပြီးထိန်းချုပ်တတ်တဲ့မိဘတွေဟာ ကလေးတွေနှင့်အနေ ဝေးပြီး ကင်းကွာလာစေပါတယ်။ ကလေးတွေကိုကိုယ်နားမကပ်အောင်တွန်းထုတ်နေသလိုဖြစ်စေပါတယ်။
ကလေးမှာအပြစ်ရှိတယ်လို့ခံစားရအောင်မိဘတွေပြောတတ်တဲ့နမူနာတစ်ချို့ကိုအောက်ဘက်မှာဖေါ်ပြထားပါတယ်။ ငါကနင့်အတွက်အစစအရာရာ လုပ်ပေးတာနှစ်ပေါင်းကြာလှပြီ၊ နင်က ဒါလေးတောင်ငါ့ အတွက် လုပ်မ ပေးနိုင်ဘူးလား။ ပုဂံလေးတောင်ဆေးမပေးနိုင်ဘူးလား။ နေလှမ်းထားတဲ့ဝတ်တွေတောင်ရုပ်သိမ်းမပေးနိုင်ဘူး လား။ မီးဖိုချောင်ကအမှိုက်တွေကိုတောင် ပြစ်မပေးနိုင်ဘူးလား။
၄။ အရှက်ရအောင်ကလေးကိုအမည်ဆိုးတပ်ခေါ်ခြင်း
မိမိကဖြစ်စေလိုတဲ့စိတ်ဆန္ဒမရှိပေမဲ့ကလေးကိုအရှက်ရစေနိုင်တဲ့အမည်ဆိုးတပ်ခေါ်ခြင်း ပြောတဲ့လေသံကို လိုက်ပြီး အကျိုးပျက်စေနိုင်ပါတယ်။ အမည်ဆိုးတပ်ခေါ်ခြင်းကကလေးတွေစိတ်မှာ အရှက်ရစေပြီးနာကျင် စေပါတယ်။ စိတ်ပျက်မှု၊စိတ်မထိန်းနိုင်မှုများကြုံလာတဲ့အခါမိဘတွေက ကလေးစိတ်မှာအရှက်ရစေတဲ့နာကျင် စေတဲ့ စကားတွေဖြင့် အမည်ဆိုးတပ်ခေါ်တာမျိုးတွေပြုလုပ်တတ်ကြပါတယ်။ အမည်ဆိုးတပ်ခေါ်လိုက်တဲ့ အတွက်ထိရောက်စွာမပြောဆိုနိုင်တော့ပါဘူး။ အခြေအနေက ပိုဆိုးလာစေပါတယ်။ မိမိကိုယ်မိမိလေးစား တန်ဖိုးထားမှုကျဆင်းလာတဲ့အခါ မနာခံတာမျိုး၊ ဆန့်ကျင်တာမျိုးတွေပို ဖြစ်လာစေတတ်ပါတယ်။
မိဘတွေကမိမိတို့သားသမီးတွေနှင့် အပြန်အလှန်ဆက်သွယ်ပြောဆိုပုံကကလေးတွေမှာမိမိကိုယ်မိမိလေးစား တန်ဖိုးထားဖြစ်လာစေဖိုများစွာလွှမ်းမိုးမှုရှိစေပါတယ်။ အပြုသဘောဆောင်တဲ့ပြောဆိုဆက်သွယ်မှုတွေပြုလုပ်လေလေ ကလေးတွေမှာလည်းအပြုသဘောဆောင်တဲ့ ပြောဆို ဆက်သွယ်မှုများရျိလာမှာဖြစ်ပါတယ်။ မိဘတွေက စ့နမူနားပြနေတဲ့အတွက် ဖြစ်ပါတယ်။ ကလေးတွေ မှာအားကောင်းတဲ့မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုများဖြစ်လာအောင် အားပေးပံ့ပိုးပေးပါ။ အားပေးတဲ့ပတ် ဝန်းကျင်ကို ထူထောင်ပေးပါ။ အခြေအနေတိုင်းမှာ ကလေးကိုချစ်ကြောင်းပြပါ။ ချစ်ခင်မှု၊ အားပေးတိုက်တွန်း မှုနှင့်အပြုသဘောဆောင်တဲ့အပြန်အလှန်ဆက်သွယ်ပြောဆိုမှုများကို အစဥ်ပြုလုပ်ပါ။
အောက်ဘက်မှာမိဘကကလေးတွေကို အရှက်ရအောင်အမည်ဆိုးတပ်ခေါ်တဲ့နမူနာတစ်ချို့ကိုဖေါ်ပြ ထားပါ တယ်။ ဘာကြောင့်တစ်ချိန်လုံးအိမ်မှာမနေဘဲအပြင်ဘက်မှာသူငယ်ချင်းတွေနဲ့လျောက်လည်နေတာလဲ။ နင့်အ မည်ကို မောင်လမ်းပျော်လို့ပြောင်းလိုက်ရင်ကောင်းမယ်ထင်တယ်။ နင့်ညီမလေးလို့ အမှတ်တွေဘာကြောင့် မကောင်းတာလဲ။ ညံ့လိုက်တာလွန်ပါရော စသဖြင့် ပြောတတ်ကြတာ ကလေးတွေမှာအရှက်ရစေပါတယ်။
မိတ်ဆွေများကလေးများမိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုပျက်စေမှာတွေကိုရှောင်ရှားနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
No comments:
Post a Comment