ဒီနေ့
” Belleville Primary School ရဲ့ ကိုယ်ပိုင်လက္ခဏာအမှတ်အသားများ၊
တန်ဖိုးထားမှုများနှင့် ဦးတည် ရည်မှန်း ချက်များ”
အကြောင်ကိုမျှဝေလိုက်ပါတယ်။ ဒီကျောင်းက စင်ကာပူမှာရှိတဲ့ကျောင်းမဟုတ်ပါ။
လန်ဒန်မှာရှိတဲ့ကျောင်းကောင်းတစ်ခုအဖြစ် အင်တာနက်မှာလေ့လာတွေ့ရှိတာကို
Food for Thought 810 အဖြစ် ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
Belleville Primary School ရဲ့ ကိုယ်ပိုင်လက္ခဏာအမှတ်အသားများ၊ တန်ဖိုးထားမှုများနှင့် ဦးတည် ရည်မှန်း ချက်များ
ကိုယ်ပိုင်လက္ခဏာအမှတ်အသားများ၊ တန်ဖိုးထားမှုများ
Belleville
မူလတန်းကျောင်းမှာ ကျောင်းသားရောဆရာတွေပါ အစဥ်တိုးတက်နေအောင်၊
အကောင်းဆုံးစွမ်း ဆောင်နိုင်စေရန်နှင့် အရည်အသွေးမြင့်မားနေအောင်အားထုတ်ရန်
တိုက်တွန်းအားပေးပါသည်။ အရည်အ သွေးရှိတဲ့ပညာရေးကို ပထမဦးစားပေးရမည်ဟု
ယုံကြည်ပါသည်။ ကျောင်းသူကျောင်းသားတွေမှာ ပိုစွမ်း ဆောင်တိုးတက်ဖို့
လိုအပ်တာများရှိလာသောအခါ လိုအပ်သည်များကို အလေးထားဖြည့်ဆည်းပေးပါသည်။
ကျောင်းတစ်ကျောင်းရဲ့အရည်အသွေးမှာ
ထိုကျောင်းမှာ အလုပ်လုပ်နေကြသောဆရာများ၏အရည်အသွေး ပေါ်
တွင်မူတည်နေသည်ကိုယုံကြည်ပါသည်။ ဆရာများအရည်အသွေးထက် ကျောင်းအရည်အသွေးက
မကျော်လွန် နိုင်သည်ကို ယုံကြည်ပါသည်။ ထို့ကြောင့်
အရည်အသွေးမြင့်သောဆရာများ ရအောင်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ပါသည်။
ထိုကဲ့သို့ စုဆောင်းထားသောဆရာများကို ကျောင်းမှာ ဆက်လက်
ထိန်းထားနိုင်ရန်နှင့် သူတို့အစဥ် တိုးတက်နေအောင်လည်း
အလေးထားစီစဥ်ဆောင်ရွက်ပေးပါသည်။
ဦးတည်ရည်မှန်းချက်များ
ကျောင်းမှာအောက်ပါဦးတည်ရည်မှန်းချက်များထားရှိပါသည်။ ကျောင်းသူကျောင်းသားများနှင့် ဝန်ထမ်းများအား လုံး
• ဘေးကင်းလုံခြုံရေး၊
• အကောင်းဆုံးသင်ယူသူများဖြစ်ရေး၊
• အကောင်းဆုံး လူမှုဆက်ဆံရေးနှင့် စိတ်လှုပ်ရှားခံစားမှု ဆိုင်ရာကျွမ်း ကျင်မှုများရှိရေး၊
• အကောင်းဆုံးစွမ်းဆောင်နိုင်ပြီးအောင်မြင်မှုများရရှိရေး တို့ဖြစ်ပါသည်။
ကျောင်းသူကျောင်းသားများနှင့် ဝန်ထမ်းများနှင့်ပတ်သက်သည့် တန်ဖိုးထားမှုများ
ကျောင်းသူကျောင်းသားများနှင့် ဝန်ထမ်းများအားလုံးတို့သည် အောက်ပါ တန်ဖိုးထားမှုများရှိရပါမည်။
• အခြားလူများအပါ်ထောက်ထားစာနာမှု၊
• ဖြစ်နေသောအခြေအနေမှန်ကို ကောင်းစွာထုတ်ဖော်ပြောဆိုတတ်မှု၊
• တာဝန်သိသိ၊ တာဝန်ရှိရှိ ၊ တာဝန်ခံပြီးလုပ်ဆောင်တတ်မှု၊
• မျှော်မှန်းထားချက်ရအောင် ကြိုးစားအားထုတ်မှု၊
နေ့စဥ်အဓိဌာန်ရွတ်ဆိုချက် (ကျောင်းသားများနှင် ဝန်ထမ်းများအားလုံးအတွက်)
• မိမိလျောက်လှမ်းနေသောလမ်းကြောင်းကိုသိပါမည်။
• အကောင်းဆုံးလူများကို စုဆောင်းထိန်းသိမ်းထားပြီး အကောင်းဆုံးတိုးတက်အောင် စီစဥ်ပေးပါမည်။
• မိမိတို့ လုပ်ဆောင်နေမှုများကို အသေအချာသိအောင် လုပ်ပါမည်။
• လုပ်ဆောင်နေသောအလုပ်တွေကို ဘာကြောင့် လုပ်ဆောင်နေရကြောင်းသိအောင် လုပ်ပါမည်။
• လုပ်စရာများလုပ်ဆောင်ရန်အကောင်းဆုံးကျွမ်းကျင်မှုများရှိအောင်ပြုလုပ်ပါမည်။
• လုပ်စရာများလုပ်ဆောင်ရန်အကောင်းဆုံးရင်းမြစ်များရှိအောင်ပြုလုပ်ပါမည်။
• လုပ်စရာအလုပ်တိုင်းကိုအကောင်းဆုံး လုပ်ဆောင်ပါမည်။
• အခြေအနေကို အစဥ်ကြီးကြပ်အကဲဖြတ်၊ သုံးသပ်ပြီးအစဥ်တိုးတက်နေအောင် အသေအချာပြုလုပ် ပါမည်။
ဖော်ပြပါမူလတန်းကျောင်းမှာ
ကျောင်းသူကျောင်သူးများနှင်ဝန်ထမ်းများတွင် မိမိကိုယ်မိမိနှင့်
အခြားလူများကို ကောင်းစွာစောင့်ရှောက်တတ်အောင် လေ့ကျင့်ပေးရန် CARE
ဆိုတဲ့အသင်းဖွဲ့စည်းထားပါသည်။ ထိုအသင်းအ
ကြောင်းမှာစိတ်ဝင်စားစရာကောင်းသည့်အတွက် ထိုအသင်းအကြောင်းကို
မျှဝေပေးချင်ပါသည်။
CARE ဆိုတဲ့စကားလုံးမှာ အက္ခရာ လေးလုံးပါပြီး တစ်လုံးစီမှာ အောက်ပါ အဓိပ္ပါယ်သတ်မှတ်ချက်များရှိ ပါ သည်။
C -confident - ယုံကြည်မှုရှိခြင်း
A -adventurous -စွန့်စားလုပ်ဆောင်တတ်ခြင်း
R – respectful -လေးလေးစားစား ဆက်ဆံတတ်ခြင်း
E -encouraging - စိတ်အားတက်စရာအားပေးတိုက်တွန်းခြင်း တို့ဖြစ်ပါသည်။
CARE
တွင်ပါဝင်သော အက္ခရာ
လေးလုံးကိုအထက်ပါအတိုင်းအဓိပ္ပါယ်သတ်မှတ်ချက်များရှိသကဲ့သို့ပင် အောက်
ပါအတိုင်းလည်း အကျယ်အားဖြင့် သိတ်မှတ်အဓိပွါယ်ဖွင့် ဆိုချက်လည်းရှိပါသည်။
CARE တွင် အက္ခရာ လေးလုံးပါဝင်ရာ ထိုအက္ခရာလေးလုံးကိုအောက်ပါအတိုင်း အကျယ်အနက်ဖွင့် ထားပါသည်။
C = Considerate -ထောက်ထားစာနနာတတ်ခြင်း
• Caring -စောင့်ရှောက်ခြင်း၊
• Polite -ယဥ်ကျေးသိမ်မွေ့ခြင်း
• Community- လူမှုအသိုင်းအဝိုင်းစိတ်ဓာတ်ရှိခြင်း၊
• Understanding others -အခြားလူများကို နားလည်လက်ခံပေးနိုင်ခြင်း၊
• Encouraging others -အခြားလူများကို စိတ်အားတက်အောင် တိုက်တွန်းအားပေးခြင်း
A= Articulate -ထုတ်ဖော်ပြောဆိုခြင်း
• Communication skills - အခြားလူများနှင့်အပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်သောကျွမ်းကျင်မှု များရှိခြင်း
• Listening -နားထောင်တတ်ခြင်း
• Freedom of Expressions -မိမိစိတ်မှာဖြစ်နေသောပြောဆိုလိုမှုများကိုလွတ်လပ်စွာထုတ်ပြောဆိုခြင်း
• Expression of emotions and ideas -စိတ်ကူးများနှင့် စိတ်ခံစားမှုများကို ထုတ်ဖော်ပြောဆိုခြင်း
R-Responsible -တာဝန်ယူလုပ်ဆောင်တတ်ခြင်း
• Leadership -ခေါင်းဆောင်တတ်ခြင်း
• Responsibility for ourself -မိမိအတွက်တာဝန်ယူတတ်ခြင်း
• Responsibility for Others -အခြားလူများအတွက် တာဝန်ယူတတ်ခြင်း
• Team Work - ပူပေါင်းလျက်အသင်းအဖွဲ့အနေဖြင့် လုပ်ဆောင်တတ်ခြင်း၊
E -Effort -အားထုတ်လုပ်ကိုင်ခြင်း
• Participation -ပူပေါင်းပါဝင်ဆောင်ရွက်ခြင်း
• Perseverance=ဇွဲထက်သန်ခြင်း၊ မစုပ်မနစ်သည်းခံကြိုးစားခြင်း
• Resilience -ကြံ့ခိုင်မှုရှိခြင်း
• Wanting to improve - တိုးတက်အောင်ကြိုးစားအားထုတ်လိုစိတ်ရှိခြင်း၊
• Trying to improve- တိုးတက်အောင် ကြုးစားအားထုတ်ခြင်း
CARE
ဆိုတဲ့အသင်းအဖွဲ့ အမည်နှင့် လိုက်ဖက်စွာအထက်ပါ အရည်အသွေးများကို
ကျောင်းသူကျောင်းသား များနှင် ဝန်ထမ်းတွေမှာ
ကိုယ်ပိုင်လက္ခဏာများဖြစ်လာအောင် ဦးစားပေးလေ့ကျင့် ပေးမှုမှာ အတုယူစရာ
ကောင်း လှပါတယ်။
မိတ်ဆွေများအနေဖြင့်
မိမိတို့နှင့် ပတ်သက်တဲ့ ပညာရေးအပိုင်းတွေမှာ အထက်ပါ
ကျောင်းမှာလေ့ကျင့်ပေး တာတွေကို နမူနာကောင်း ယူပြီး ဝိုင်းဝန်း လေ့ကျင့်
ပေးသော လုပ်ငန်းမှာပါဝင်ဆောင်ရွက်ခြင်းဖြင့် ကျောင်း သူကျောင်းသားများနှင်
ပညာရေးဝန်ထမ်းများမှာ ကောင်းတဲ့အကျိုးကျေးဇူးများကို ခံစားနိုင်ကြမှာဖြစ်ပါ
သည်။ မိတ်ဆွေများအကောင်းဆုံးအကျိုးပြုနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
No comments:
Post a Comment