ဒီနေ့
မြေးလေးတက်နေတဲ့ဖရန်တီယာကျောင်းမှာ ကျောင်းသူကျောင်းသားများ
လိုက်နာရတဲ့စည်းကမ်းများ၊ ဝတ်ဆင်မှအသွင်အပြင်အသေးစိတ်တို့ကို Food for
Thought 809 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
အထွေထွေအသွင်အပြင်နှင့် ကျောင်းဝတ်စုံ
•
ကျောင်းသူကျောင်းသားတိုင်းဟာ
သတ်မှတ်ထားတဲ့ကျောင်းတူညီဝတ်ဆံကိုသာဝတ်ဆင်ရပါမယ်။ ကျောင်းဝတ်စုံမှာ
ပြုပြင်ပြောင်းလဲခြင်းများမပြုလုပ်ရပါ။
•
အပြင်ပန်းအသွင်အပြင်အားဖြင့်ကျောင်းသူကျောင်းသားများဟာ သေသပ်မှုရှိရပါမယ်။
ကျောင်းသား များမှာ ဆံပင်မွေးညှင်းတို့ကိုပြောင်အောင်ရိတ်ထားရပါမည်။
အထွေထွေအပြုအမူ
ကျောင်းသူကျောင်းသားများတို့သည်
• ကျောင်းရဲ့ပင်မတန်ဖိုးထားမှုများကို လိုက်နာစောင့်ထိန်းရပါမည်။
• ကျောင်းသီချင်းကို ဂုဏ်ယူစွာသီဆိုရပါမည်။
• အချိန်တိုင်းမှာ လေးစားမှု၊ ယဥ်ကျေးသိမ်မွေ့မှု၊ ကောင်းစွာပြုမူမှုများရှိကြရပါမည်။
• ဆရာများ၊ ကျောင်းဝန်ထမ်းများနှင့် ဧည့်သည်များကိုတွေ့သည့်အခါတိုင်းယဥ်ကျေးစွာနှုတ် ဆက်ရ ပါမည်။
• အချိန်တိုင်းမှာအစီအစဥ်ကျနပြီးကိုယ်တိုင်စည်းကမ်းလိုက်နာရပါမည်။
• ကျောင်းတက်မှန်ပြီး ကျောင်းလုပ်ငန်းများမှာ ပါဝင်လုပ်ဆောင်ရပါမည်။
• ကျောင်းပိုင်ပစ္စည်းများကို လေးစားစွာကိုင်တွယ်အသုံးပြုရပါမည်။
• လုပ်ဆောင်ရန်အလုပ်တာဝန်များအားလုံးကို သတ်မှတ်ထားတဲ့အချိန်မှာ ပြီးအောင် ပြုလုပ်တင်ပြ ရပါ မည်။
• အချိန်တိုင်းမှာ အာရုံးစူးစိုက်လေ့လာသင်ယူရပါမည်။
•
ကျောင်းသို့ လက်နှက်ပစ္စည်းများယူဆောင်လာခွင့်မရှိပါ။
လူတွေကိုဘေးဖြစ်စေနိုင်သော၊ ဘေးဖြစ် အောင် သုံးနိုင်သော
လက်နှက်နှင့်တူသောပစ္စည်းများကိုလည်း ကျောင်းသို့ ယူဆောင်လာခွင့်မရှိပါ။
အတန်းတွင်းမှာ လိုက်နာရန်အပြုအမူများ
ကျောင်းသူကျောင်းသားတိုင်းသည်
• အတန်းတွင်းအဝင်အထွက်ပြုရန် ဆရာထံမှ ခွင့်ပြုချက်ရယူရပါမည်။
• ကျောင်းအတန်းဝန်းကျင် သန့်ရှင်းရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရပါမည်။
• မိမိတို့ပိုင်ပစ္စည်းများကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ရပါမည်။
• အပြောနှင့်အလုပ်တို့တွင် ဂုဏ်သိက္ခာရှိရပါမည်။
ကျောင်းသူကျောင်းသားများရဲ့အသွင်အပြင်ကိုစစ်ဆေးရန်
FASHION check ဆိုတာကိုလည်းကျင့်သုံးပါ သေး တယ်။ အဲဒီ FASHION check
ဆိုတာမှာ ပါတာတွေကတော့ အောက်ပါတို့ဖြစ်ပါတယ်။
FASHION check
ဖရန်တီယာကျောင်းသူကျောင်းသားတိုင်းသည်အစဥ်သဖြင့် သေသပ်သည့်အသွင်အပြင်ရှိရပါမည်။
F-
လက်သည်းများ (Finger nails)
ဖရန်တီယာကျောင်းသူကျောင်းသားများအားလုံးလက်သည်းများကို သန့်ရှင်း ပြီး
လက်သည်းများရှည်မနေအောင် ဖြတ်ထားရပါမည်။ မိန်းကလေးများအနေဖြင့်
လက်သည်းဆိုးဆေး၊ အ ရောင်တင်ဆေးသုံးခြင်းကိုခွင့်မပြုပါ။
A -Attire ဝပ်ဆင်မှု -ဖရန်တီယာကျောင်းသူကျောင်းသားများအားလုံးတိ့သည်
၁။
သတ်မှတ်ထားတဲ့ကျောင်းယူနီဖေါင်း။ အားကစားဝတန်စုံတို့ကိုသာဝတ်ဆင်ရပါမည်။
ကျောင်းဝတ်စုံတွင် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခွင့်မရှိပါ။
၂။ PE အားကစား တီရှပ်ကို သေသပ်စွာဝတ်ဆင်ရပါမည်။
၃။
SCCA သို့မဟုတ် CCA လုပ်ငန်းအစီအစဥ်ရှိတဲ့နေ့တွေမှာ CCA
ဝတ်စုံကိုနေ့လည်စာစားပြီးအနားပေးတဲ့ အချိန်မှာ လဲလည်ထားရပါမည်။ SCCA ဆိုတာ
(Singapore Cooperate Council Association) CCA ဆိုတာ Co-curricular
Activities (တွဲဖက်သင်ရိုးလုပ်ငန်းများ)
၄။ ကျောင်းသို
တက်ရောက်လာသည့်အခါတိုင်းနှင့် အခြားလုပ်ငန်းကိစ္စကြောင့် ကျောင်သို့
လာသည့်အခါ စနေနှင့် ကျောင်းပိတ်ရက်များမှာပင် ကင်းဘတ်ထိနပ်အမည်း နှင့်
ကျောင်းဝတ်စုံအပြည့်ကိုဝတ်ဆင်လာ ရပါမည်။
၅။ ကျောင်းဝတ်စုံနှင့်အတူ အလှဆင် ကျောက်မျက်ရတနာများ၊ အပြင်အဆင်များမဝတ်ဆင်ရပါ။
မိန်းကလေးများအတွက်
၁။ ရိုးရှင်းပြီး အမဲရောင် (သို့) ရွှေ (သို့) ငွေနာကပ်ကို ကျောင်းဝတ်ဆုံနှင့်အတူဝတ်ဆင်ခွင့်ရှိပါသည်။
၂။ နားပေါက်တစ်ခုမှာ နားကပ်တစ်ခုကိုသာဝတ်ဆင်ခွင့်ရှိပါသည်။
၃။ ကျောင်းဝတ်စုံနှင့်အတူ ဘယ်လို အလှဆင်မိတ်ကပ်ကိုမှသုံးခွင့် မပြုပါ။
ယောကျ်ားလေးများအတွက်
၁။ ဆံပင်မွှေးညှင်းများကို ပြောင်စင်အောင်ရိတ်ထားရပါမည်း။
၂။ နားတွင် မည်သည့်နားကပ်မျိုးကိုမှတဝ်ဆင်ခွင့်မပြုပါ။
S – Socks and Shows ခြေစွပ်နှင့်ဖိနပ်
• အမည်းရောင်ကင်းဘတ်ဖိနပ်နှင့်အမည်းရောင် ဖိနပ်ကြိုးကိုသာသုံးခွင့် ပြုပါသည်။
•
အဖြူရောင်ခြေစွပ်ကိုသာဝတ်ဆင်ရပါမည်။ အဖြူရောင်ခြေစွပ်မှာ
ခြေကျဥ်းဝတ်ကိုဖုံးနေရပါမည်။ ခြေစွပ်မှာ ခြေကျဥ်းဝဝ်အထက် (၃)စင်တီမီတာထက်
ကျော်မနေရပါ။
H Hair Length and Style ဆံပင်စတိုင်နှင့်အရှည်
ကျောင်းသူကျောင်းသားအားလုံးအတွက်
• ဆံပင်အရောင်မှာသဘာဝအမည်းရောင်ဖြစ်ရပါမည်။ အရောင်တင်ခြင်း၊ အရောင်ဆိုးခြင်းမပြုလုပ်ရပါ။
မိန်းကလေးများအတွက်
၁။ အမည်းရောင်ဆံပင်အတွက် လိုအပ်တဲ့ဆံညှပ်စတဲ့အသုံးအဆောင်ပစ္စည်းများကိုသာခွင့် ပြုပါသည်။
၂။ နဖူးပေါ်ဝဲချထားတဲ့ဆံပင်အဖျားက မျက်ခုန်းမွေးကိုထိမနေရပါ။ ဝဲကျသောဆံများကို ဆံညှပ်ဖြင့် ပင့်တင် ထားရပါမည်။
၃။ နောက်ဘက်မှကြည့်လိုက်ရင် ဆံပင်များတို့သည် ကော်လာထက်လွန်ပြီးကျနေသောဆံပင်များကို သေသပ် စွာဖြတ်ထားရပါမည်။
၄။ ဆံပင်ကတိုရပါမည်။ အလှအပပြုလုပ်ထားခြင်းမရှိရပါ။ လှပအောင် ဆံပင်ညှပ်ဖြတ်ထားခြင်းများမပြု လုပ်ရပါ။
၅။ နဖူးပေါ်ဝဲချထားတဲ့ဆံပင်အဖျားက မျက်ခုန်းမွေးအထက်နားအထိသာရှည်ရပါမည်။
၆။ ဘေးနှစ်ဘက်မှာချထားတဲ့ဆံပင်များမှာ နားတွေကိုထိဖုံးမနေရပါ။
၇။ နောက်ဘက်မှာ ဆံပင်အရှည်မှာ ကော်လာ အထက် (၃)စင်တာမီတာအကွာမှာရှိနေရပါမည်။
ယောကျ်ားလေးများအတွက်
၁။ ဆံပင်တိုရပါမည်။ အလှပုံဖော်ညှပ်ထားခြင်းမပြုရပါ။
၂။ နဖူးပေါ်ဝဲချထားတဲ့ဆံပင်အဖျားက မျက်ခုန်းမွေးအထက်နားအထိသာရှည်ရပါမည်။
၃။ ဘေးနှစ်ဘက်မှာချထားတဲ့ဆံပင်များမှာ နားတွေကိုထိဖုံးမနေရပါ။
၄။ နောက်ဘက်မှာ ဆံပင်အရှည်မှာ ကော်လာ အထက် (၃)စင်တာမီတာအကွာမှာရှိနေရပါမည်။
ION -အမည်တံဆိပ်
ကျောင်းသူကျောင်းသားအားလုံးအတွက်
၁။ ကျောင်းအမှတ်တံဆိပ်ကို ရှပ်အကျီဘယ်ဘက်ထိပ်နားမှာ သေသပ်စွာမီးပူတိုက်ထားရပါမည်။
• PE အားကစားဝတ်စုံဝတ်ဆင်ရာမှာ ကျောင်းတံဆိပ်အထက် (၁) စင်တီမီတာအကွာမှာရှိပါစေ။
• ကျောင်းဝတ်စုံဝတ်ဆင်ရာမှာ ကျောင်းအမှတ်တံဆိပ်အထက် (၂) စင်တီမီတာအကွာမှာရှိပါစေ။
ဖရန်တီယာကျောင်းသားများသည်ကိုယ်ပိုင်ပစ္စည်း၊ ကျောင်းပိုင်ပစ္စည်းတို့ကို ကောင်းစွာစောင့် ထိန်းရပါမည်။
ကျောင်းသူကျောင်းသားတိုင်းအတွက်
၁။
စာပွဲများ။ ကုလားထိုင်များ၊ အတန်းသုံးပရိဘောဂများ၊
ကျောင်းသုံးပစ္စည်းများကို ကောင်းစွာသုံးရပါမည်။
စောင့်ရှောက်ထိန်းသိမ်းရပါမည်။
၂။ကျောင်းပိုင်ပစ္စည်းတစ်ခုခု ပျက်စီးနေတာကိုတွေ့လျှင် သတင်းပေးပို့ ရပါမည်။
၃။ ကျောင်းပိုင်အသုံးအဆောင်ပစ္စည်းများကို မျက်နှာပြင်မှာ အသွင်ပျက်အောင် ပြုလုပ်ခြင်း။ ဖျက်စီးခြင်းများ မပြုလုပ်ရပါ။
၄။ အခြားလူများပိုင်သောပစ္စည်းများကိုမယူရပါ။
၅။ အမှိုက်များကို ကျောင်းဝင်းအတွင်းမပစ်ရပါ။ စားသောက်ဆိုင်းတွေအတွင်းမှာလည်းမပစ်ရပါ။
ဖရန်တီယာကျောင်းသူကျောင်းသားတိုင်မိမိနှင့်အခြားလူများ ဘေးကင်လုံခြုံရေးအသေအချာရှိအောင်လုပ်ရ မည်။
ကျောင်းသူကျောင်းသားအားလုံးအတွက်
၁။ မည်သည့် လက်နှက်ကိုမှ ပိုင်ဆိုင်ယူဆောင်လာခွင့်မပြုပါ။
၂။အခြားလူများကိုဘေးဖြစ်စေရန်ရည်ရွယ်ပြီးဖြစ်စေ။
သုံးရင်အခြားလူကိုဘေးဖြစ်စေနိုင်သောလက်နှက် ကိရိ ယာနှင့်
တူသောပစ္စည်းမျိုးကိုမှ ယူဆောင်ခွင့်မရှိပါ။
No comments:
Post a Comment